မြန်မာ့မုန့်ဟင်းခါးသည် ကမ္ဘာအကောင်းဆုံး စွပ်ပြုတ်စာရင်း (၂၀)တွင် ပါဝင်နေ

 532

စော(NP News)- ဒီဇင်ဘာ ၁၉
မြန်မာ့မုန့်ဟင်းခါးသည် ကမ္ဘာအကောင်းဆုံး စွပ်ပြုတ် စာရင်း (၂၀)တွင် ပါဝင်နေကြောင်း CNN သတင်းဌာန၏ ကမ္ဘာလုံးဆိုင်ရာ ခရီးသွားကဏ္ဍကို ဖော်ပြပေးနေသော CNN Travel က ဒီဇင်ဘာ ၁၅ရက် ဖော်ပြချက်အရ သိရသည်။
အဆိုပါ CNN Travel ၏ ဖော်ပြထားချက်အရ ကမ္ဘာအကောင်းဆုံးစွပ်ပြုတ် စာရင်း (၂၀)တွင် မြန်မာနိုင်ငံမှ မုန့်ဟင်းခါးသည် အဆင့် (၁၄)နေရာတွင် ပါဝင်ခဲ့ပြီး မုန့်ဟင်းခါးကို နေရာအနှံအပြားတွင် မနက်စာအဖြစ် စားသုံးလေ့ရှိကြောင်းနှင့် လမ်းဘေးဈေးသည်များ၊ လက်ဖက်ရည်ဆိုင်များတွင်လည်း မုန့်ဟင်းခါးကို ကြီးမားသောအိုးကြီးထဲမှ အငွေ့တထောင်းထောင်းဖြင့် ရောင်းချကြောင်း သိရသည်။
မုန့်ဟင်းခါးသည် အနံ့အရသာမွှေးကြိုင်သော ဟင်းရည်ဖြစ်ပြီး အမျိုးမျိုးသော ဟင်းခတ်အမွှေးအကြိုင်များဖြင့် ချက်ပြုတ်ထားသည့်အပြင် ဆန်လှော်မှုန့်ကို ပြစ်အောင် ချက်ထားကြောင်း CNN Travel ဆိုသည်။
ထို့ပြင် ငါးကို ထည့်သွင်းထားခြင်းကြောင့် အရသာပိုရှိစေပြီး ပါးလွှာသော ဆန်ခေါက်ဆွဲ(မုန့်ဖက်)ကလည်း စားသုံး ရန် သင့်တော်ကြောင်း ဖော်ပြချက်အရ သိရသည်။
မု့န်ဟင်းခါးကို မနက်စာတွင်သာမက အချိန်မ‌ရွေးစားသုံးလေ့ရှိသောကြောင့် လူကြိုက်များပြီး နေရာဒေသပေါ်မူတည်ကာ ပြင်ဆင်ချက်ပြုတ်နည်း ကွာခြားမှုများရှိနိုင်ကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံမှ မုန့်ဟင်းခါး သာမက Nigeria ,Vietnam, Ukraine, Ukraine, Portugal, Algeria, Libya and Tunisia, Peru Spain, West Africa, United States, Morocco, Georgia, China, Mexico ,Brazil ,Indonesia,Thailand ,Japanနှင့် Turkeyနိုင်ငံများမှ စွပ်ပြုတ်ကဲ့သို့ အစားအသောက်များလည်း ပါဝင်နေကြောင်း သိရသည်။

Zawgyi Version:
ျမန္မာ့မုန႔္ဟင္းခါးသည္ ကမာၻအေကာင္းဆုံး စြပ္ျပဳတ္စာရင္း (၂၀)တြင္ ပါဝင္ေန
ေစာ(NP News)- ဒီဇင္ဘာ ၁၉
ျမန္မာ့မုန႔္ဟင္းခါးသည္ ကမာၻအေကာင္းဆုံး စြပ္ျပဳတ္ စာရင္း (၂၀)တြင္ ပါဝင္ေနေၾကာင္း CNN သတင္းဌာန၏ ကမာၻလုံးဆိုင္ရာ ခရီးသြားက႑ကို ေဖာ္ျပေပးေနေသာ CNN Travel က ဒီဇင္ဘာ ၁၅ရက္ ေဖာ္ျပခ်က္အရ သိရသည္။
အဆိုပါ CNN Travel ၏ ေဖာ္ျပထားခ်က္အရ ကမာၻအေကာင္းဆုံးစြပ္ျပဳတ္ စာရင္း (၂၀)တြင္ ျမန္မာႏိုင္ငံမွ မုန႔္ဟင္းခါးသည္ အဆင့္ (၁၄)ေနရာတြင္ ပါဝင္ခဲ့ၿပီး မုန႔္ဟင္းခါးကို ေနရာအႏွံအျပားတြင္ မနက္စာအျဖစ္ စားသုံးေလ့ရွိေၾကာင္းႏွင့္ လမ္းေဘးေဈးသည္မ်ား၊ လက္ဖက္ရည္ဆိုင္မ်ားတြင္လည္း မုန႔္ဟင္းခါးကို ႀကီးမားေသာအိုးႀကီးထဲမွ အေငြ႕တေထာင္းေထာင္းျဖင့္ ေရာင္းခ်ေၾကာင္း သိရသည္။
မုန႔္ဟင္းခါးသည္ အနံ႔အရသာေမႊးႀကိဳင္ေသာ ဟင္းရည္ျဖစ္ၿပီး အမ်ိဳးမ်ိဳးေသာ ဟင္းခတ္အေမႊးအႀကိဳင္မ်ားျဖင့္ ခ်က္ျပဳတ္ထားသည့္အျပင္ ဆန္ေလွာ္မႈန႔္ကို ျပစ္ေအာင္ ခ်က္ထားေၾကာင္း CNN Travel ဆိုသည္။
ထို႔ျပင္ ငါးကို ထည့္သြင္းထားျခင္းေၾကာင့္ အရသာပိုရွိေစၿပီး ပါးလႊာေသာ ဆန္ေခါက္ဆြဲ(မုန႔္ဖက္)ကလည္း စားသုံး ရန္ သင့္ေတာ္ေၾကာင္း ေဖာ္ျပခ်က္အရ သိရသည္။
မု႔န္ဟင္းခါးကို မနက္စာတြင္သာမက အခ်ိန္မ‌ေ႐ြးစားသုံးေလ့ရွိေသာေၾကာင့္ လူႀကိဳက္မ်ားၿပီး ေနရာေဒသေပၚမူတည္ကာ ျပင္ဆင္ခ်က္ျပဳတ္နည္း ကြာျခားမႈမ်ားရွိႏိုင္ေၾကာင္း သိရသည္။
ထို႔ျပင္ ျမန္မာႏိုင္ငံမွ မုန႔္ဟင္းခါး သာမက Nigeria ,Vietnam, Ukraine, Ukraine, Portugal, Algeria, Libya and Tunisia, Peru Spain, West Africa, United States, Morocco, Georgia, China, Mexico ,Brazil ,Indonesia,Thailand ,Japanႏွင့္ Turkeyႏိုင္ငံမ်ားမွ စြပ္ျပဳတ္ကဲ့သို႔ အစားအေသာက္မ်ားလည္း ပါဝင္ေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.