တရုတ်နိုင်ငံမှာ အမျိုးသားတစ်ဦး အိမ်သာခဏခဏသွားလို့ အလုပ်ထုတ်ခံရ

 269

ရောင်နီ (NP News) - ဒီဇင်ဘာ ၁၉

တရုတ်နိုင်ငံမှာ ရုံးဝန်ထမ်းအမျိုးသားတစ်ဦးဟာ အလုပ်ခွင်အတွင်း တစ်နာရီထက်ပို အိမ်သာသွားလေ့ရှိတာ ကြောင့် အလုပ်မှထုတ်ပယ်ခံခဲ့ရပါတယ်။
တရုတ်နိုင်ငံ၊ ကျန်းစုပြည်နယ်မှ မျိုးရိုးနာမည် လီ အမည်ရှိ အမျိုးသားဟာ အင်ဂျင်နီယာတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့ပြီး လိပ်ခေါင်းရောဂါခံစားနေရတာကြောင့် အိမ်သာခဏခဏ သွားရလေ့ရှိတယ်လို့ ရှင်းလင်းပြောကြားခဲ့ ပေမယ့် သူ့ရဲ့အိမ်သာသွားချိန်ကြာမြင့်မှုကြောင့် ကုမ္ပဏီက သူ့ကို ရာထူးမှထုတ်ပယ်ခဲ့ပါတယ်။ ဒီအကြောင်းကို South China Morning Post သတင်းစာက ဖော်ပြခဲ့တာဖြစ်ပါတယ်။ မစ္စတာလီ ဟာ ၂ဝ ၂၄ ခုနှစ် ဧပြီလမှ မေလ အတွင်း အိမ်သာသွားချိန် ၁၄ ကြိမ်ရှိခဲ့ပြီး အများဆုံးလေးနာရီကြာခဲ့တယ်လို့ ဆိုပါတယ်။ မစ္စတာလီရဲ့ အိမ်သာတက်နေရင်း ကုန်နေတဲ့အချိန်ဟာ သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်ထက် အလွန် ကျော်လွန်ခဲ့တယ်လို့ တရားရုံးက တွေ့ရှိခဲ့ပါတယ်။ ဒါအပြင် မစ္စတာလီဟာ သူ့ရဲ့ကျန်းမာရေးအခြေအနေကို ကုမ္ပဏီကို အသိပေးဖို့ သို့မဟုတ် သူ့ရဲ့အလုပ်စာချုပ်မှာ လိုအပ်တဲ့အတိုင်း ကြိုတင်ဖျားနာခွင့်ယူဖို့လည်း ပျက်ကွက်ခဲ့တယ်လို့ သိရပါတယ်။ မစ္စတာလီရဲ့အလုပ်ခန့်စာချုပ်မှာ ခွင့်ပြုချက်မရှိဘဲ ရာထူးကနေ အချိန်အတော်ကြာ ထွက်ခွာသွားတာ မျိုးကို အလုပ်ပျက်ကွက်မှုအဖြစ် သတ်မှတ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါကြောင့် သူ့ရဲ့အလုပ်တက်တဲ့ ၁၈ဝ ရက်အတွင်း အိမ်သာတက်နေတဲ့အလုပ်ပျက်ကွက်ချိန်ဟာ ၃ ရက်နဲ့ ညီမျှနေ တာကြောင့် စာချုပ်အရလည်း အဆိုပါပျက်ကွက်မှုအတွက် အလုပ်ခန့်စာချုပ်ကို ချက်ချင်းရပ်စဲနိုင်တယ်လို့ သိရပါတယ်။ ကုမ္ပဏီက မစ္စတာလီကို အလုပ်မထုတ်ခင် အလုပ်သမားသမဂ္ဂနဲ့ စစ်ဆေးခဲ့ပြီး တရားရုံးက နှစ်ဖက် ကြား ကြားဝင်ညှိနှိုင်းပေးမှုကြောင့် မစ္စတာလီဟာ ကုမ္ပဏီက ယွမ် ၃ဝဝဝဝ ကို ထောက်ပံ့ကြေးအနေနဲ့ ရရှိခဲ့ပါ တယ်။
ဒီအမှုဟာ တရုတ်နိုင်ငံမှာ အလုပ်ခွင်အခွင့်အရေး၊ ဆေးဘက်ဆိုင်ရာ နေရာထိုင်ခင်းနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။ ၂ဝ၂၃ ခုနှစ်ကလည်း ကျန်းစုပြည်နယ်မှာ အလုပ်သမားတစ်ယောက်ဟာ ၆ နာရီထိ ကြာမြင့်စွာ အိမ်သာခဏခဏသွားလို့ အလုပ်ထုတ်ခံရဖူးပါတယ်။

Zawgyi Version:
တ႐ုတ္ႏိုင္ငံမွာ အမ်ိဳးသားတစ္ဦး အိမ္သာခဏခဏသြားလို႔ အလုပ္ထုတ္ခံရ
ေရာင္နီ (NP News) - ဒီဇင္ဘာ ၁၉
တ႐ုတ္ႏိုင္ငံမွာ ႐ုံးဝန္ထမ္းအမ်ိဳးသားတစ္ဦးဟာ အလုပ္ခြင္အတြင္း တစ္နာရီထက္ပို အိမ္သာသြားေလ့ရွိတာ ေၾကာင့္ အလုပ္မွထုတ္ပယ္ခံခဲ့ရပါတယ္။
တ႐ုတ္ႏိုင္ငံ၊ က်န္းစုျပည္နယ္မွ မ်ိဳး႐ိုးနာမည္ လီ အမည္ရွိ အမ်ိဳးသားဟာ အင္ဂ်င္နီယာတစ္ဦးအျဖစ္ လုပ္ကိုင္ခဲ့ၿပီး လိပ္ေခါင္းေရာဂါခံစားေနရတာေၾကာင့္ အိမ္သာခဏခဏ သြားရေလ့ရွိတယ္လို႔ ရွင္းလင္းေျပာၾကားခဲ့ ေပမယ့္ သူ႔ရဲ႕အိမ္သာသြားခ်ိန္ၾကာျမင့္မႈေၾကာင့္ ကုမၸဏီက သူ႔ကို ရာထူးမွထုတ္ပယ္ခဲ့ပါတယ္။ ဒီအေၾကာင္းကို South China Morning Post သတင္းစာက ေဖာ္ျပခဲ့တာျဖစ္ပါတယ္။ မစၥတာလီ ဟာ ၂ဝ ၂၄ ခုႏွစ္ ဧၿပီလမွ ေမလ အတြင္း အိမ္သာသြားခ်ိန္ ၁၄ ႀကိမ္ရွိခဲ့ၿပီး အမ်ားဆုံးေလးနာရီၾကာခဲ့တယ္လို႔ ဆိုပါတယ္။ မစၥတာလီရဲ႕ အိမ္သာတက္ေနရင္း ကုန္ေနတဲ့အခ်ိန္ဟာ သူ႔ရဲ႕႐ုပ္ပိုင္းဆိုင္ရာ လိုအပ္ခ်က္ထက္ အလြန္ ေက်ာ္လြန္ခဲ့တယ္လို႔ တရား႐ုံးက ေတြ႕ရွိခဲ့ပါတယ္။ ဒါအျပင္ မစၥတာလီဟာ သူ႔ရဲ႕က်န္းမာေရးအေျခအေနကို ကုမၸဏီကို အသိေပးဖို႔ သို႔မဟုတ္ သူ႔ရဲ႕အလုပ္စာခ်ဳပ္မွာ လိုအပ္တဲ့အတိုင္း ႀကိဳတင္ဖ်ားနာခြင့္ယူဖို႔လည္း ပ်က္ကြက္ခဲ့တယ္လို႔ သိရပါတယ္။ မစၥတာလီရဲ႕အလုပ္ခန႔္စာခ်ဳပ္မွာ ခြင့္ျပဳခ်က္မရွိဘဲ ရာထူးကေန အခ်ိန္အေတာ္ၾကာ ထြက္ခြာသြားတာ မ်ိဳးကို အလုပ္ပ်က္ကြက္မႈအျဖစ္ သတ္မွတ္တယ္လို႔ ေဖာ္ျပထားပါတယ္။
ဒါေၾကာင့္ သူ႔ရဲ႕အလုပ္တက္တဲ့ ၁၈ဝ ရက္အတြင္း အိမ္သာတက္ေနတဲ့အလုပ္ပ်က္ကြက္ခ်ိန္ဟာ ၃ ရက္နဲ႔ ညီမွ်ေန တာေၾကာင့္ စာခ်ဳပ္အရလည္း အဆိုပါပ်က္ကြက္မႈအတြက္ အလုပ္ခန႔္စာခ်ဳပ္ကို ခ်က္ခ်င္းရပ္စဲႏိုင္တယ္လို႔ သိရပါတယ္။ ကုမၸဏီက မစၥတာလီကို အလုပ္မထုတ္ခင္ အလုပ္သမားသမဂၢနဲ႔ စစ္ေဆးခဲ့ၿပီး တရား႐ုံးက ႏွစ္ဖက္ ၾကား ၾကားဝင္ညႇိႏႈိင္းေပးမႈေၾကာင့္ မစၥတာလီဟာ ကုမၸဏီက ယြမ္ ၃ဝဝဝဝ ကို ေထာက္ပံ့ေၾကးအေနနဲ႔ ရရွိခဲ့ပါ တယ္။
ဒီအမႈဟာ တ႐ုတ္ႏိုင္ငံမွာ အလုပ္ခြင္အခြင့္အေရး၊ ေဆးဘက္ဆိုင္ရာ ေနရာထိုင္ခင္းနဲ႔ပတ္သက္ၿပီး အျငင္းပြားမႈေတြျဖစ္ေပၚေစခဲ့ပါတယ္။ ၂ဝ၂၃ ခုႏွစ္ကလည္း က်န္းစုျပည္နယ္မွာ အလုပ္သမားတစ္ေယာက္ဟာ ၆ နာရီထိ ၾကာျမင့္စြာ အိမ္သာခဏခဏသြားလို႔ အလုပ္ထုတ္ခံရဖူးပါတယ္။

Related news

© 2021. All rights reserved.