'Nevertheless" "My Demon" သရုပ်ဆောင်မင်းသားဆုန်းကန် အမေရိကန် ဒေါ်လာ ၄.၅ သိန်းတန် ဇိမ်ခံတိုက်ခန်း ဝယ်ယူ

69

ရောင်နီ (NP News) - ဒီဇင်ဘာ ၁၉
'Nevertheless' 'My Demon' ဒရာမာတွေနဲ့လူကြိုက်များခဲ့တဲ့ တောင်ကိုရီးယားသရုပ်ဆောင် ဆုန်းကန် ဟာ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၊ ဆောင်စုဒုန်မှာ တည်ရှိတဲ့ ဇိမ်ခံတိုက်ခန်းတစ်ခုကို ကိုရီးယားဝမ် ၆.၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄.၅ သန်း)နဲ့ ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။
အိမ်ခြံမြေလုပ်ငန်းနဲ့ တရားရုံးချုပ်မှတ်ပုံတင်ရုံးရဲ့ ဒီဇင်ဘာလ ၁၇ ရက် ထုတ်ပြန်ချက်အရ ဆုန်းကန်ဟာ ပြီးခဲ့တဲ့ ဇွန်လကုန်က ဆိုးလ်၊ ဆောင်ဒုန် ခရိုင်ရှိ ဆိုးလ် ဖောရက်စ် ဟေးလ်စတိတ် မှာရှိတဲ့ အကျယ် ၂၂၇ စတုရန်းမီတာရှိ ဇိမ်ခံအခန်းတစ်ခန်းကို ဝယ်ယူခဲ့ပြီး ပြီးခဲ့တဲ့လက ပိုင်ဆိုင်မှုမှတ်ပုံတင်ကာ ဝယ်ယူမှု အပြီးသတ် ခဲ့တယ်လို့ ဆိုပါတယ်။ ဆိုးလ် ဖောရက်စ် ဟေးလ်စတိတ်ဟာ ဆောင်စုဒေသကို အဆင့်မြင့်လူနေရပ်ကွက်အဖြစ် ပြောင်းလဲပေးခဲ့တဲ့ ဇိမ်ခံတိုက်ခန်းတွေထဲက တစ်ခုဖြစ်ပါတယ်။ အဲဒီရပ်ကွက်မှာ သရုပ်ဆောင် နမ်ဂွန်းမင်း၊ လီဆန်ယွန်းအပြင် အဲရစ်၊ ယုခ်ဆွန်ဂျေးနဲ့ ဘေ့စ်ဘောကစားသမားဟောင်း ပါ့ခ်ချန်ဟို အပါအဝင် နာမည်ကြီးများ စွာလည်း နေထိုင်ကြတယ်လို့ သိရပါတယ်။
ဆုန်းကန်ဟာ ပြီးခဲ့တဲ့နှစ် ဧပြီက မဖြစ်မနေ စစ်မှုထမ်းဖို့ စာရင်းပေးသွင်းခဲ့ပြီး ၂၀၂၅ ခုနှစ် အောက်တိုဘာမှာ တာဝန်ပြီးဆုံးခဲ့ပါတယ်။ ဆုန်းကန်ကို Sweet Home၊ Nevertheless၊ My Demon ဒရာမာတွေနဲ့ မြန်မာပရိသတ် တွေကြားမှာ လူသိများပါတယ်။

Zawgyi Version:
'Nevertheless" "My Demon" သ႐ုပ္ေဆာင္မင္းသားဆုန္းကန္ အေမရိကန္ ေဒၚလာ ၄.၅ သိန္းတန္ ဇိမ္ခံတိုက္ခန္း ဝယ္ယူ
ေရာင္နီ (NP News) - ဒီဇင္ဘာ ၁၉
'Nevertheless' 'My Demon' ဒရာမာေတြနဲ႔လူႀကိဳက္မ်ားခဲ့တဲ့ ေတာင္ကိုရီးယားသ႐ုပ္ေဆာင္ ဆုန္းကန္ ဟာ ေတာင္ကိုရီးယားႏိုင္ငံ၊ ဆိုးလ္ၿမိဳ႕၊ ေဆာင္စုဒုန္မွာ တည္ရွိတဲ့ ဇိမ္ခံတိုက္ခန္းတစ္ခုကို ကိုရီးယားဝမ္ ၆.၇ ဘီလီယံ (အေမရိကန္ေဒၚလာ ၄.၅ သန္း)နဲ႔ ဝယ္ယူခဲ့တယ္လို႔ သိရပါတယ္။
အိမ္ၿခံေျမလုပ္ငန္းနဲ႔ တရား႐ုံးခ်ဳပ္မွတ္ပုံတင္႐ုံးရဲ႕ ဒီဇင္ဘာလ ၁၇ ရက္ ထုတ္ျပန္ခ်က္အရ ဆုန္းကန္ဟာ ၿပီးခဲ့တဲ့ ဇြန္လကုန္က ဆိုးလ္၊ ေဆာင္ဒုန္ ခ႐ိုင္ရွိ ဆိုးလ္ ေဖာရက္စ္ ေဟးလ္စတိတ္ မွာရွိတဲ့ အက်ယ္ ၂၂၇ စတုရန္းမီတာရွိ ဇိမ္ခံအခန္းတစ္ခန္းကို ဝယ္ယူခဲ့ၿပီး ၿပီးခဲ့တဲ့လက ပိုင္ဆိုင္မႈမွတ္ပုံတင္ကာ ဝယ္ယူမႈ အၿပီးသတ္ ခဲ့တယ္လို႔ ဆိုပါတယ္။ ဆိုးလ္ ေဖာရက္စ္ ေဟးလ္စတိတ္ဟာ ေဆာင္စုေဒသကို အဆင့္ျမင့္လူေနရပ္ကြက္အျဖစ္ ေျပာင္းလဲေပးခဲ့တဲ့ ဇိမ္ခံတိုက္ခန္းေတြထဲက တစ္ခုျဖစ္ပါတယ္။ အဲဒီရပ္ကြက္မွာ သ႐ုပ္ေဆာင္ နမ္ဂြန္းမင္း၊ လီဆန္ယြန္းအျပင္ အဲရစ္၊ ယုခ္ဆြန္ေဂ်းနဲ႔ ေဘ့စ္ေဘာကစားသမားေဟာင္း ပါ့ခ္ခ်န္ဟို အပါအဝင္ နာမည္ႀကီးမ်ား စြာလည္း ေနထိုင္ၾကတယ္လို႔ သိရပါတယ္။
ဆုန္းကန္ဟာ ၿပီးခဲ့တဲ့ႏွစ္ ဧၿပီက မျဖစ္မေန စစ္မႈထမ္းဖို႔ စာရင္းေပးသြင္းခဲ့ၿပီး ၂၀၂၅ ခုႏွစ္ ေအာက္တိုဘာမွာ တာဝန္ၿပီးဆုံးခဲ့ပါတယ္။ ဆုန္းကန္ကို Sweet Home၊ Nevertheless၊ My Demon ဒရာမာေတြနဲ႔ ျမန္မာပရိသတ္ ေတြၾကားမွာ လူသိမ်ားပါတယ္။