လာမည့် ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းအတွင်း အီးယူဈေးကွက်သို့ မြန်မာ့ဆန်များ တင်ပို့သွားမည်

87

NP News - ဒီဇင်ဘာ ၁၉
လာမည့် ၂၀၂၆ ခုနှစ် ဆန်းပိုင်းအတွင်း အီးယူဈေးကွက်သို့ မြန်မာ့ဆန်များ တင်ပို့သွားရန်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရသည်။
" အီးယူနိုင်ငံတွေကို မြန်မာ့ဆန်တွေ တင်ပို့ရောင်းချဖို့ စာချုပ်တွေ ချုပ်ဆိုထားပြီးဖြစ်ပါတယ်။ လာမယ့်နှစ် ဇန်နဝါရီမှာတော့ အီးယူဈေးကွက်ကို 6.22 mm အရွယ်အစား ပေါင်းဆန်အသွယ်နဲ့ ၅ မှတ် ဆန်ဖြူတွေကိုတင်ပို့သွားဖို့ရှိပါတယ်" လို့ မြန်မာနိုင်ငံဆန်စပါး စိုက်ပျိုးထုတ်လုပ်သူများအသင်းက ပြောကြားသည်။
ထို့ကြောင့် အထွက်နှုန်းကောင်း အသွယ်ဧည့်မထများကို နွေစပါးအတွက် စိုက်ပျိုးကြရန် တိုက်တွန်းပြောကြားထားသည်။
လက်ရှိအချိန်၌ နွေစပါးအဖြစ် ထွက်ရှိလာမည့် ဧည့်မထအသွယ် စပါးများ ရောင်းချမည့် တောင်သူကြီး များအတွက် ဈေးကွက်များ ရရှိလာခြင်းဖြစ်ကြောင်း သိရသည်။
ယခင် နိုဝင်ဘာလအတွင်း ၅ မှတ် နှင့် ၁ဝ မှတ်ဆန်များကို တန်ချိန် (၈၁,၄၄၁) တန်နှင့် ပေါင်းဆန် (၃,၄၀၃) တန် တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) မှ ထုတ်ပြန်သည့် အချက်အလက်တွေအရ သိရသည်။
့အပြင် ဆန်အဝယ် တစ်နှစ်ပိတ်ထားသည့် ဖိလစ်ပိုင်နိုင်ငံက လာမည့် ဇန်နဝါရီ က စတင်ပြီး ဆန်တင်သွင်းမှုအခွန် ၂၀ ရာခိုင်နှုန်း ပေးသွင်းကာ ဆန်တင်ပို့သည့် နိုင်ငံတွေများထံမှ တန်ချိန် ၃ သန်း ဝယ်ယူသွားမည်ဟု အတည်ပြုသတင်းများထွက်ပေါ်နေသည်။

Zawgyi Version:
လာမည့္ ၂၀၂၆ ခုႏွစ္ ႏွစ္ဆန္းပိုင္းအတြင္း အီးယူေဈးကြက္သို႔ ျမန္မာ့ဆန္မ်ား တင္ပို႔သြားမည္
NP News - ဒီဇင္ဘာ ၁၉
လာမည့္ ၂၀၂၆ ခုႏွစ္ ဆန္းပိုင္းအတြင္း အီးယူေဈးကြက္သို႔ ျမန္မာ့ဆန္မ်ား တင္ပို႔သြားရန္ရွိေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးစိုက္ပ်ိဳးထုတ္လုပ္သူမ်ားအသင္းမွ သိရသည္။
" အီးယူႏိုင္ငံေတြကို ျမန္မာ့ဆန္ေတြ တင္ပို႔ေရာင္းခ်ဖို႔ စာခ်ဳပ္ေတြ ခ်ဳပ္ဆိုထားၿပီးျဖစ္ပါတယ္။ လာမယ့္ႏွစ္ ဇန္နဝါရီမွာေတာ့ အီးယူေဈးကြက္ကို 6.22 mm အ႐ြယ္အစား ေပါင္းဆန္အသြယ္နဲ႔ ၅ မွတ္ ဆန္ျဖဴေတြကိုတင္ပို႔သြားဖို႔ရွိပါတယ္" လို႔ ျမန္မာႏိုင္ငံဆန္စပါး စိုက္ပ်ိဳးထုတ္လုပ္သူမ်ားအသင္းက ေျပာၾကားသည္။
ထို႔ေၾကာင့္ အထြက္ႏႈန္းေကာင္း အသြယ္ဧည့္မထမ်ားကို ေႏြစပါးအတြက္ စိုက္ပ်ိဳးၾကရန္ တိုက္တြန္းေျပာၾကားထားသည္။
လက္ရွိအခ်ိန္၌ ေႏြစပါးအျဖစ္ ထြက္ရွိလာမည့္ ဧည့္မထအသြယ္ စပါးမ်ား ေရာင္းခ်မည့္ ေတာင္သူႀကီး မ်ားအတြက္ ေဈးကြက္မ်ား ရရွိလာျခင္းျဖစ္ေၾကာင္း သိရသည္။
ယခင္ ႏိုဝင္ဘာလအတြင္း ၅ မွတ္ ႏွင့္ ၁ဝ မွတ္ဆန္မ်ားကို တန္ခ်ိန္ (၈၁,၄၄၁) တန္ႏွင့္ ေပါင္းဆန္ (၃,၄၀၃) တန္ တင္ပို႔ႏိုင္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္ (MRF) မွ ထုတ္ျပန္သည့္ အခ်က္အလက္ေတြအရ သိရသည္။
့အျပင္ ဆန္အဝယ္ တစ္ႏွစ္ပိတ္ထားသည့္ ဖိလစ္ပိုင္ႏိုင္ငံက လာမည့္ ဇန္နဝါရီ က စတင္ၿပီး ဆန္တင္သြင္းမႈအခြန္ ၂၀ ရာခိုင္ႏႈန္း ေပးသြင္းကာ ဆန္တင္ပို႔သည့္ ႏိုင္ငံေတြမ်ားထံမွ တန္ခ်ိန္ ၃ သန္း ဝယ္ယူသြားမည္ဟု အတည္ျပဳသတင္းမ်ားထြက္ေပၚေနသည္။