ဒေါ်လာ ၁.၇ သန်းတန် ဂျက်ပေါ့ထီကို ၂ ကြိမ်တိုင်တိုင်ပေါက်ခဲ့တဲ့ ဗြိတိန်စုံတွဲ

52

ရောင်နီ (NP News) - ဒီဇင်ဘာ ၁၉
မိုးကြိုးဟာ ဘယ်တော့မှ နှစ်ခါမပစ်ဘူးလို့ ပြောကြပေမယ့် ကံကောင်းတဲ့ဗြိတိန်စုံတွဲအတွက်တော့ အဲဒီလို မဟုတ်ပါဘူး။ ဗြိတိန်ဂျက်ပေါ့ထီ ပေါင် ၁ သန်း (စင်ကာပူဒေါ်လာ ၁.၇၃ သန်း) ကို နှစ်ကြိမ်တိုင်တိုင် ပေါက်ခဲ့ ပါတယ်။
အသက် ၄၉ နှစ်အရွယ် မစ္စတာရစ်ချက်ဒေးဗစ်စ်နဲ့ ဇနီးဖြစ်သူ မစ္စစ် ဖေး စတီဗင်ဆန်-ဒေးဗစ်စ်တို့ဟာ နိုဝင်ဘာ ၂၆ ရက်က လော့တိုထီဖွင့်ပွဲမှာ ၂၄ ထရီလီယံကျော်ထီစောင်တွေထဲက ပေါင် ၁ သန်းတန် ဂျက်ပေါ့ထီကို ဒုတိယအကြိမ် ပေါက်ခဲ့ပြန်ပါတယ်။ သူတို့စုံတွဲ ဟာ ၂၀၁၈ ခုနှစ် ဇွန်လကလည်း ပေါင် ၁ သန်းတန် ဂျက်ပေါ့ဆုကြီး ရရှိခဲ့ဖူးပါတယ်။ ဒီတခေါက်မှာတော့ လော့တိုထီမှာ အဓိကနံပါတ်ငါးလုံးနဲ့ ဘောနပ်စ်ဘောလုံးတို့ ကိုက်ညီပြီး ဆုကြီးပေါက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီဆုကြီးက သူတို့ရဲ့လူနေမှုပုံစံကို ပြောင်းလဲစေမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ မစ္စတာ ဒေးဗစ်စ်ဟာ delivery rider အဖြစ် လုပ်ကိုင်နေဆဲဖြစ်ပြီး ကာဒစ်ဖ်မြို့က အိုးမဲ့အိမ်မဲ့ ဂေဟာတစ်ခုမှာ စေတနာ့ဝန်ထမ်းအဖြစ်လည်း ဆက်လက်လုပ်ကိုင်နေဦးမှာဖြစ်သလို ဇနီးဖြစ်သူဟာလည်း ဒေသခံ အဖွဲ့အစည်းတွေအတွက် စိတ်ကျန်းမာရေး အကြံပေးလုပ်ငန်း ဆက်လက်လုပ်ကိုင်သွားမယ်လို့ ဆိုပါတယ်။ “လူတိုင်းက ကျွန်မတို့အနာဂတ်မှာ ဘာလုပ်ကြမလဲလို့ မေးနေကြတယ်၊ အခုချိန်မှာတော့ ကျွန်မတို့ ဘာလုပ်ဖြစ် မယ် မသိပါဘူး” လို့ သူမက အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့ပါတယ်။
သူတို့စုံတွဲဟာ ပထမတစ်ခါ ပေါင်တစ်သန်းဆု ပေါက်တဲ့အချိန်က လိုအပ်နေသူတွေကို ကားတွေ လှူဒါန်းခဲ့ ကြပြီး ဒေသခံ ရပ်ဘီအသင်းကို မီနီဘတ်စ် လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။

Zawgyi Version:
ေဒၚလာ ၁.၇ သန္းတန္ ဂ်က္ေပါ့ထီကို ၂ ႀကိမ္တိုင္တိုင္ေပါက္ခဲ့တဲ့ ၿဗိတိန္စုံတြဲ
ေရာင္နီ (NP News) - ဒီဇင္ဘာ ၁၉
မိုးႀကိဳးဟာ ဘယ္ေတာ့မွ ႏွစ္ခါမပစ္ဘူးလို႔ ေျပာၾကေပမယ့္ ကံေကာင္းတဲ့ၿဗိတိန္စုံတြဲအတြက္ေတာ့ အဲဒီလို မဟုတ္ပါဘူး။ ၿဗိတိန္ဂ်က္ေပါ့ထီ ေပါင္ ၁ သန္း (စင္ကာပူေဒၚလာ ၁.၇၃ သန္း) ကို ႏွစ္ႀကိမ္တိုင္တိုင္ ေပါက္ခဲ့ ပါတယ္။
အသက္ ၄၉ ႏွစ္အ႐ြယ္ မစၥတာရစ္ခ်က္ေဒးဗစ္စ္နဲ႔ ဇနီးျဖစ္သူ မစၥစ္ ေဖး စတီဗင္ဆန္-ေဒးဗစ္စ္တို႔ဟာ ႏိုဝင္ဘာ ၂၆ ရက္က ေလာ့တိုထီဖြင့္ပြဲမွာ ၂၄ ထရီလီယံေက်ာ္ထီေစာင္ေတြထဲက ေပါင္ ၁ သန္းတန္ ဂ်က္ေပါ့ထီကို ဒုတိယအႀကိမ္ ေပါက္ခဲ့ျပန္ပါတယ္။ သူတို႔စုံတြဲ ဟာ ၂၀၁၈ ခုႏွစ္ ဇြန္လကလည္း ေပါင္ ၁ သန္းတန္ ဂ်က္ေပါ့ဆုႀကီး ရရွိခဲ့ဖူးပါတယ္။ ဒီတေခါက္မွာေတာ့ ေလာ့တိုထီမွာ အဓိကနံပါတ္ငါးလုံးနဲ႔ ေဘာနပ္စ္ေဘာလုံးတို႔ ကိုက္ညီၿပီး ဆုႀကီးေပါက္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဒီဆုႀကီးက သူတို႔ရဲ႕လူေနမႈပုံစံကို ေျပာင္းလဲေစမွာ မဟုတ္ဘူးလို႔ ဆိုပါတယ္။ မစၥတာ ေဒးဗစ္စ္ဟာ delivery rider အျဖစ္ လုပ္ကိုင္ေနဆဲျဖစ္ၿပီး ကာဒစ္ဖ္ၿမိဳ႕က အိုးမဲ့အိမ္မဲ့ ေဂဟာတစ္ခုမွာ ေစတနာ့ဝန္ထမ္းအျဖစ္လည္း ဆက္လက္လုပ္ကိုင္ေနဦးမွာျဖစ္သလို ဇနီးျဖစ္သူဟာလည္း ေဒသခံ အဖြဲ႕အစည္းေတြအတြက္ စိတ္က်န္းမာေရး အႀကံေပးလုပ္ငန္း ဆက္လက္လုပ္ကိုင္သြားမယ္လို႔ ဆိုပါတယ္။ “လူတိုင္းက ကြၽန္မတို႔အနာဂတ္မွာ ဘာလုပ္ၾကမလဲလို႔ ေမးေနၾကတယ္၊ အခုခ်ိန္မွာေတာ့ ကြၽန္မတို႔ ဘာလုပ္ျဖစ္ မယ္ မသိပါဘူး” လို႔ သူမက အင္တာဗ်ဴးတစ္ခုမွာ ေျဖၾကားခဲ့ပါတယ္။
သူတို႔စုံတြဲဟာ ပထမတစ္ခါ ေပါင္တစ္သန္းဆု ေပါက္တဲ့အခ်ိန္က လိုအပ္ေနသူေတြကို ကားေတြ လႉဒါန္းခဲ့ ၾကၿပီး ေဒသခံ ရပ္ဘီအသင္းကို မီနီဘတ္စ္ လႉဒါန္းခဲ့ၾကတယ္လို႔ သိရပါတယ္။