အလုပ်အကိုင်အခွင့်အလမ်းများ နစ်နာဆုံးရှုံးမှုမရှိရန် Cl သက်တမ်းတိုးခြင်းကို ယခုလကုန်အထိ တိုးမြှင့်ဆောင်ရွက်ပေးမည်

82

Pearl (NP News) - ဒီဇင်ဘာ ၁၉
အလုပ်အကိုင်အခွင့်အလမ်းများ နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် Cl သက်တမ်းတိုးခြင်းကို ယခုလကုန်အထိ တိုးမြှင့်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ အချက်အလက်များရ သိရသည်။
ထိုင်းနိုင်ငံတွင် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity CI) ထုတ်ပေးရေးစခန်း ၄ ခုကို စမုစခွန်၊ စမုပရာကန်၊ ချင်းမိုင်၊ ဆူရတ်ဌာနီမြို့များ နှင့် Mobile Unit ၁ ခုကို ကရာဘီမြို့တွင် ဖွင့်လှစ်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ C၊ သက်တမ်းတိုး ထုတ်ပေးခြင်းလုပ်ငန်းစဉ်များသည် ဒီဇင်ဘာလ(၂၁)ရက်တွင် ပြီးစီးမည်ဖြစ်ပါ၍ CI သက်တမ်းတိုးဆောင်ရွက်ရန် ကျန်ရှိသူများအနေဖြင့် ဒီဇင်ဘာ(၂၁)ရက်မတိုင်မီ အချိန်မီ CI သက်တမ်း တိုးဆောင်ရွက်ရန် အသိပေး ထုတ်ပြန်ထားပြီးဖြစ်သည်။
လက်ရှိတွင် Cl သက်တမ်းတိုးပြုလုပ်ရန် 7-Eleven ဆိုင်များတွင် ငွေပေးသွင်းပြီးသူများ ကျန်ရှိနေသည့်အတွက် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများ အလုပ်အကိုင်အခွင့်အလမ်းများ နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် လုပ်ငန်းဆောင်ရွက်မှုကာလကို ဒီဇင်ဘာလ ၃၁ ရက်အထိ တိုးမြှင့်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် အလုပ်သမားများအနေဖြင့် သတ်မှတ်ကာလအမီ CI သက်တမ်းတိုး အမြန်ဆုံးသွားရောက်လျှောက်ထားနိုင်ရေး အသိပေးကြေညာထားသည်။

Zawgyi Version:
အလုပ္အကိုင္အခြင့္အလမ္းမ်ား နစ္နာဆုံးရႈံးမႈမရွိရန္ Cl သက္တမ္းတိုးျခင္းကို ယခုလကုန္အထိ တိုးျမႇင့္ေဆာင္႐ြက္ေပးမည္
Pearl (NP News) - ဒီဇင္ဘာ ၁၉
အလုပ္အကိုင္အခြင့္အလမ္းမ်ား နစ္နာဆုံးရႈံးမႈမရွိေစေရးအတြက္ Cl သက္တမ္းတိုးျခင္းကို ယခုလကုန္အထိ တိုးျမႇင့္ေဆာင္႐ြက္ေပးမည္ျဖစ္ေၾကာင္း အလုပ္သမားၫႊန္ၾကားေရးဦးစီးဌာန၏ အခ်က္အလက္မ်ားရ သိရသည္။
ထိုင္းႏိုင္ငံတြင္ မည္သူမည္ဝါျဖစ္ေၾကာင္း သက္ေသခံလက္မွတ္ (Certificate of Identity CI) ထုတ္ေပးေရးစခန္း ၄ ခုကို စမုစခြန္၊ စမုပရာကန္၊ ခ်င္းမိုင္၊ ဆူရတ္ဌာနီၿမိဳ႕မ်ား ႏွင့္ Mobile Unit ၁ ခုကို ကရာဘီၿမိဳ႕တြင္ ဖြင့္လွစ္၍ ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သိရသည္။
ထိုသို႔ေဆာင္႐ြက္ေပးလ်က္ရွိရာ C၊ သက္တမ္းတိုး ထုတ္ေပးျခင္းလုပ္ငန္းစဥ္မ်ားသည္ ဒီဇင္ဘာလ(၂၁)ရက္တြင္ ၿပီးစီးမည္ျဖစ္ပါ၍ CI သက္တမ္းတိုးေဆာင္႐ြက္ရန္ က်န္ရွိသူမ်ားအေနျဖင့္ ဒီဇင္ဘာ(၂၁)ရက္မတိုင္မီ အခ်ိန္မီ CI သက္တမ္း တိုးေဆာင္႐ြက္ရန္ အသိေပး ထုတ္ျပန္ထားၿပီးျဖစ္သည္။
လက္ရွိတြင္ Cl သက္တမ္းတိုးျပဳလုပ္ရန္ 7-Eleven ဆိုင္မ်ားတြင္ ေငြေပးသြင္းၿပီးသူမ်ား က်န္ရွိေနသည့္အတြက္ ထိုင္းႏိုင္ငံတြင္ အလုပ္လုပ္ကိုင္ေနသည့္ ျမန္မာအလုပ္သမားမ်ား အလုပ္အကိုင္အခြင့္အလမ္းမ်ား နစ္နာဆုံးရႈံးမႈမရွိေစေရးအတြက္ လုပ္ငန္းေဆာင္႐ြက္မႈကာလကို ဒီဇင္ဘာလ ၃၁ ရက္အထိ တိုးျမႇင့္ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ အလုပ္သမားမ်ားအေနျဖင့္ သတ္မွတ္ကာလအမီ CI သက္တမ္းတိုး အျမန္ဆုံးသြားေရာက္ေလွ်ာက္ထားႏိုင္ေရး အသိေပးေၾကညာထားသည္။