ပဒါန်းဒေသရှိ ဂုတ်ကြီးရွာအနီးရှိ AA စခန်းများကို (၃) ရက်နီးပါးအကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် တပ်မတော်ပြန်ထိန်းချုပ်

522
(NP News)-ဒီဇင်ဘာ ၁၉
မကွေးတိုင်းဒေသကြီး၊ ပဒါန်းဒေသရှိ ဂုတ်ကြီးရွာအနီးရှိ AA စခန်းများကို (၃) ရက်နီးပါးအကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ဒီဇင်ဘာ (၁၅) ရက်ကစတင်ကာ AA လက်နက်ကိုင်အဖွဲ့ အခိုင်အမာနေရာယူထားသည့် ဂုတ်ကြီးရွာရှိ တာဝါတိုင်စခန်း၊ ရဲစခန်း၊ ဘုရားကုန်း၊ စာသင်ကျောင်းနှင့် ရွာအတွင်းအား တပ်မတော်က ထိုးစစ်ဆင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဒီဇင်ဘာ (၁၇) ရက်၊ ညနေ (၄) နာရီခွဲတွင် ဂုတ်ကြီးရဲစခန်းနှင့် စာသင်ကျောင်းအား လည်းကောင်း၊ ညနေ (၅) နာရီတွင် တာတိုင်စခန်းအား လည်းကောင်း၊ (၅) နာရီ ၁၀ မိနစ်တွင် ဘုရားကုန်းအားလည်းကောင်း တိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း AA အဖွဲ့ဝင် (၇) ဦးသေဆုံးခဲ့ပြီး လက်နက်မျိုးစုံ (၇) လက် (RPG အပါ)၊ ကျည်မျိုးစုံ (၅၀၀) ခန့်၊ ကျည်အိမ် (၁၀) ခု၊ လက်ပစ်ဗုံး (၁၀) လုံး၊ ဗုံးသီး (၅) လုံး၊ ပစ်ကျင်း၊ ဘန်ကာ အမြောက်အမြား သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

Zawgyi Version:
ပဒါန္းေဒသရွိ ဂုတ္ႀကီး႐ြာအနီးရွိ AA စခန္းမ်ားကို (၃) ရက္နီးပါးအၾကာ ထိုးစစ္ဆင္တိုက္ခိုက္ၿပီးေနာက္ တပ္မေတာ္ျပန္ထိန္းခ်ဳပ္
(NP News)-ဒီဇင္ဘာ ၁၉
မေကြးတိုင္းေဒသႀကီး၊ ပဒါန္းေဒသရွိ ဂုတ္ႀကီး႐ြာအနီးရွိ AA စခန္းမ်ားကို (၃) ရက္နီးပါးအၾကာ ထိုးစစ္ဆင္တိုက္ခိုက္ၿပီးေနာက္ တပ္မေတာ္က ျပန္လည္ထိန္းခ်ဳပ္ႏိုင္ခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။
ဒီဇင္ဘာ (၁၅) ရက္ကစတင္ကာ AA လက္နက္ကိုင္အဖြဲ႕ အခိုင္အမာေနရာယူထားသည့္ ဂုတ္ႀကီး႐ြာရွိ တာဝါတိုင္စခန္း၊ ရဲစခန္း၊ ဘုရားကုန္း၊ စာသင္ေက်ာင္းႏွင့္ ႐ြာအတြင္းအား တပ္မေတာ္က ထိုးစစ္ဆင္တိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထိုသို႔ ထိုးစစ္ဆင္တိုက္ခိုက္ခဲ့ရာ ဒီဇင္ဘာ (၁၇) ရက္၊ ညေန (၄) နာရီခြဲတြင္ ဂုတ္ႀကီးရဲစခန္းႏွင့္ စာသင္ေက်ာင္းအား လည္းေကာင္း၊ ညေန (၅) နာရီတြင္ တာတိုင္စခန္းအား လည္းေကာင္း၊ (၅) နာရီ ၁၀ မိနစ္တြင္ ဘုရားကုန္းအားလည္းေကာင္း တိုက္ခိုက္သိမ္း ပိုက္ႏိုင္ခဲ့ေၾကာင္း သိရသည္။
တိုက္ပြဲအတြင္း AA အဖြဲ႕ဝင္ (၇) ဦးေသဆုံးခဲ့ၿပီး လက္နက္မ်ိဳးစုံ (၇) လက္ (RPG အပါ)၊ က်ည္မ်ိဳးစုံ (၅၀၀) ခန႔္၊ က်ည္အိမ္ (၁၀) ခု၊ လက္ပစ္ဗုံး (၁၀) လုံး၊ ဗုံးသီး (၅) လုံး၊ ပစ္က်င္း၊ ဘန္ကာ အေျမာက္အျမား သိမ္းပိုက္ရရွိခဲ့ေၾကာင္း သိရသည္။