မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည့် ကန့်ဘလူ - စံပယ်နံ့သာကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားအား ပြန်လည်ပြုပြင်ပြီးစီး

 100

ပီယ (NP News) - ဒီဇင်ဘာ ၂ဝ

PDF အမည်ခံ အကြမ်းဖက်သမားများ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည့် ကန့်ဘလူမြို့နယ် ကန့်ဘလူ - စံပယ် နံ့သာကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားအား လုံခြုံရေးတပ်ဖွဲ့များပါဝင်သောပူးပေါင်းအဖွဲ့က ပြန်လည် ပြုပြင်ပြီးစီးကြောင်း သိရသည်။
PDF အမည်ခံ အကြမ်းဖက်သမားများနှင့်ပူးပေါင်းအဖွဲ့များသည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်၊ ဒေသတွင်းကုန်စည်စီးဆင်းမှုများ ပျက်ပြားစေရန်နှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ ချွတ်ခြုံကျဆင်း စေရန် ရည်ရွယ်၍ အများပြည်သူသွားလာအသုံးပြုလျက်ရှိသည့် လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်းများကို ဆင်ခြင်တုံတရားမဲ့စွာ ကျူးလွန်လုပ်ဆောင်လျက်ရှိကြကြောင်း သိရသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ဒီဇင်ဘာ ၁၇ ရက် နံနက် ၃ နာရီခွဲ ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ကန့်ဘလူ- စံပယ်နံ့သာကားလမ်း မိုင်တိုင်အမှတ် ၇ မိုင် ၄ ဖာလုံနှင့် ၅ ဖာလုံကြားရှိ တံတားအရှည် ပေ (၃ဝ)၊ အကျယ်(၂၇)ပေခန့်ရှိ သံကူကွန်ကရစ်တံတားအား PDF အမည်ခံ အကြမ်းဖက်အဖွဲ့က မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးသွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ ပေါက်ကွဲမှုကြောင့် တံတားကြမ်းခင်း နှစ်ပေပတ်လည် ခန့်ပျက်စီးဆုံးရှုံးခဲ့ပြီး လူနှင့်ယာဉ်များ ဖြတ်သန်းသွားလာမှုမရရှိစေရန် တံတားအား သစ်ကိုင်းများဖြင့် ပိတ်ဆို့ထားကြောင်း သိရှိရသည်။ ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က တံတားပျက်စီးမှုအား ပြုပြင်ကြပြီး ပိတ်ဆို့ထားသည့် သစ်ကိုင်းများကို ဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ (၁၈) ရက် ညနေ (၄) နာရီတွင် တံတားပြုပြင်ခြင်းလုပ်ငန်းများပြီးစီးခဲ့ပြီး လူနှင့်ယာဉ်များ ပုံမှန် ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ အများပြည်သူသွားလာ အသုံးပြုလျက်ရှိသည့် တံတားအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Zawgyi Version:
မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီးခံခဲ့ရသည့္ ကန႔္ဘလူ - စံပယ္နံ႔သာကားလမ္းေပၚရွိ သံကူကြန္ကရစ္တံတားအား ျပန္လည္ျပဳျပင္ၿပီးစီး
ပီယ (NP News) - ဒီဇင္ဘာ ၂ဝ
PDF အမည္ခံ အၾကမ္းဖက္သမားမ်ား မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီးခဲ့သည့္ ကန႔္ဘလူၿမိဳ႕နယ္ ကန႔္ဘလူ - စံပယ္ နံ႔သာကားလမ္းေပၚရွိ သံကူကြန္ကရစ္တံတားအား လုံၿခဳံေရးတပ္ဖြဲ႕မ်ားပါဝင္ေသာပူးေပါင္းအဖြဲ႕က ျပန္လည္ ျပဳျပင္ၿပီးစီးေၾကာင္း သိရသည္။
PDF အမည္ခံ အၾကမ္းဖက္သမားမ်ားႏွင့္ပူးေပါင္းအဖြဲ႕မ်ားသည္ တိုင္းျပည္တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေစရန္၊ ေဒသတြင္းကုန္စည္စီးဆင္းမႈမ်ား ပ်က္ျပားေစရန္ႏွင့္ ေဒသခံျပည္သူမ်ား၏ လူမႈစီးပြားဘဝမ်ား ခြၽတ္ၿခဳံက်ဆင္း ေစရန္ ရည္႐ြယ္၍ အမ်ားျပည္သူသြားလာအသုံးျပဳလ်က္ရွိသည့္ လမ္း၊ တံတားမ်ားအား မိုင္းေထာင္ေဖာက္ခြဲ ဖ်က္ဆီးျခင္းမ်ားကို ဆင္ျခင္တုံတရားမဲ့စြာ က်ဴးလြန္လုပ္ေဆာင္လ်က္ရွိၾကေၾကာင္း သိရသည္။
ထိုသို႔လုပ္ေဆာင္လ်က္ရွိရာ ဒီဇင္ဘာ ၁၇ ရက္ နံနက္ ၃ နာရီခြဲ ခန႔္တြင္ စစ္ကိုင္းတိုင္းေဒသႀကီး ကန႔္ဘလူၿမိဳ႕နယ္ ကန႔္ဘလူ- စံပယ္နံ႔သာကားလမ္း မိုင္တိုင္အမွတ္ ၇ မိုင္ ၄ ဖာလုံႏွင့္ ၅ ဖာလုံၾကားရွိ တံတားအရွည္ ေပ (၃ဝ)၊ အက်ယ္(၂၇)ေပခန႔္ရွိ သံကူကြန္ကရစ္တံတားအား PDF အမည္ခံ အၾကမ္းဖက္အဖြဲ႕က မိုင္းေထာင္ေဖာက္ခြဲ ဖ်က္ဆီးသြားခဲ့ေၾကာင္း သတင္းအရ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက သြားေရာက္စစ္ေဆးရာ ေပါက္ကြဲမႈေၾကာင့္ တံတားၾကမ္းခင္း ႏွစ္ေပပတ္လည္ ခန႔္ပ်က္စီးဆုံးရႈံးခဲ့ၿပီး လူႏွင့္ယာဥ္မ်ား ျဖတ္သန္းသြားလာမႈမရရွိေစရန္ တံတားအား သစ္ကိုင္းမ်ားျဖင့္ ပိတ္ဆို႔ထားေၾကာင္း သိရွိရသည္။ ထို႔ေၾကာင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕က တံတားပ်က္စီးမႈအား ျပဳျပင္ၾကၿပီး ပိတ္ဆို႔ထားသည့္ သစ္ကိုင္းမ်ားကို ဖယ္ရွားရွင္းလင္းျခင္းမ်ား ေဆာင္႐ြက္ခဲ့ရာ ဒီဇင္ဘာ (၁၈) ရက္ ညေန (၄) နာရီတြင္ တံတားျပဳျပင္ျခင္းလုပ္ငန္းမ်ားၿပီးစီးခဲ့ၿပီး လူႏွင့္ယာဥ္မ်ား ပုံမွန္ ျဖတ္သန္းသြားလာႏိုင္ၿပီျဖစ္ေၾကာင္း သိရွိရသည္။
ထိုသို႔ အမ်ားျပည္သူသြားလာ အသုံးျပဳလ်က္ရွိသည့္ တံတားအား မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီးခဲ့သည့္ အၾကမ္းဖက္သမားမ်ားအား ေဖာ္ထုတ္ဖမ္းဆီးအေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက လိုအပ္သည့္လုံၿခဳံေရးလုပ္ငန္းစဥ္မ်ားႏွင့္အညီ ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။

Related news

© 2021. All rights reserved.