အွန်လိုင်းအသုံးပြုလိမ်လည်မှုများ၏ အရင်းအမြစ်နှင့် အကျိုးအမြတ်ရရှိနေခြင်းမရှိကြောင်း မြန်မာပြော

99

ပီယ (NP News) - ဒီဇင်ဘာ ၂ဝ
မြန်မာနိုင်ငံသည် အွန်လိုင်းအသုံးပြု လိမ်လည်မှုများ၏ အရင်းအမြစ်နှင့် အကျိုးအမြတ်ရရှိနေခြင်းမရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်က အွန်လိုင်းအသုံးပြုလိမ်လည်မှု တိုက်ဖျက်ရေး ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအပြည်ပြည်ဆိုင်ရာညီလာခံတွင် ဆွေးနွေးပြောကြားစဉ် ထည့်သွင်း ပြောကြားခဲ့သည်။
အဆိုပါ ညီလာခံကို ဒီဇင်ဘာ ၁၇ ရက်မှ ၁၈ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Intercontinental Bangkok ဟိုတယ်၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တက်ရောက်ကာ ရဝမ်ဒါ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ လာအို၊ တောင်ဆူဒန်၊ သီရိလင်္ကာ၊ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့မှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ နိုင်ငံပေါင်း ၅၈ နိုင်ငံနှင့် UNODC အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ် စုစုပေါင်း ၃၀၀ ကျော်ခန့် တက်ရောက်ကြသည်။
အစည်းအဝေးတွင် ရဝမ်ဒါ၊ ထိုင်း၊ မြန်မာ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ အိန္ဒိယ၊ တရုတ်၊ မွန်ဂိုလီးယား၊ အီတလီ၊ ကနေဒါ၊ အီဂျစ်၊ သီရိ လင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ ဥရောပသမဂ္ဂ၊ ဆွီဒင်၊ ဂျာမနီ၊ မော်ရိုကို၊ ဩစတြေးလျ၊ ကိုရီးယား၊ ပိုလန်၊ ဖိလစ်ပိုင်၊ ဗြိတိန်၊ စင်ကာပူ၊ ကင်ညာ နှင့် ဂျပန်နိုင်ငံတို့မှ ကိုယ်စားလှယ်များက Online Scam နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
မိမိတို့နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းအသုံးပြုလိမ်လည်မှုကို နိုင်ငံတော်အကြီးအကဲ၏ မူဝါဒနှင့်အညီ ထိထိရောက်ရောက် အမြစ်ပြတ်နှိမ်နင်းရန် “အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများတိုက်ဖျက်ရေး ကြီးကြပ်မှုဗဟိုကော်မတီ” ကို ဒီဇင်ဘာ ၁၀ ရက်တွင် ဖွဲ့စည်းခဲ့ပါကြောင်း၊ မြန်မာနိုင်ငံသည် အွန်လိုင်းအသုံးပြု လိမ်လည်မှုများ၏ အရင်းအမြစ်နှင့် အကျိုးအမြတ်ရရှိနေခြင်းမရှိပါကြောင်း၊ လိမ်လည်မှုမှရရှိသော ငွေကြေး အားလုံးသည် မြန်မာနိုင်ငံ၏ ဘဏ်စနစ်အတွင်း ရောက်ရှိလာခြင်း မရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးခံရသူများကို ရှာဖွေကယ်တင်နိုင်ခဲ့ပြီး ၎င်းတို့အား လုံခြုံစိတ်ချစွာ ဇာတိနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရေး အတွက် သက်ဆိုင်ရာသံရုံးများ၊ အဖွဲ့အစည်းများနှင့်တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်က ပြောကြားသည်။
နယ်စပ်ဒေသသို့ ရောက်ရှိလာသူများ၏ (ဝ ဒသမ ၄) ရာခိုင်နှုန်းသာ တရားဝင် ဝင်ရောက်လာသူများဖြစ်ပြီး ကျန်သူ များသည် နယ်စပ်ဖြတ်ကျော်၍ တရားမဝင် ဝင်ရောက်လာသူများဖြစ်ကြောင်း၊ နိုင်ငံတကာအနေဖြင့် စေတနာ အမှန်ဖြင့် ပံ့ပိုးကူညီခြင်းဖြင့်သာ အွန်လိုင်းအသုံးပြုလိမ်လည်သည့်ကွန်ရက်များကို ထိထိရောက်ရောက် ဖြိုခွင်းနိုင် မည်ဖြစ်ကြောင်း၊ ဇာတိနိုင်ငံများအနေဖြင့် ၎င်းတို့နိုင်ငံသားများအတွက် ကြိုတင်တားဆီးကာကွယ်ရေး အစီအမံ များကို ထိထိရောက်ရောက်အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုအပ်ပါကြောင်းနှင့် ဖြတ်သန်းနိုင်ငံများ အနေ ဖြင့်လည်း လူနှင့်ငွေကြေးစီးဆင်းမှုလမ်းကြောင်းများ ဖြတ်တောက်ပိတ်ဆို့နိုင်ရန် နယ်စပ်ဒေသထိန်းချုပ်ရေး အစီအမံများ တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ဆွေးနွေးပြောကြားသည်။
ညီလာခံဒုတိယနေ့ဖြစ်သည့် ဒီဇင်ဘာ ၁၈ ရက် ၉ နာရီတွင် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Vijavat isarabhakdi နှင့် UNODC ၏ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ကိုယ်စားလှယ် Ms. Delphine Schantz တို့က ရှေ့လုပ်ငန်းစဉ်များ (Ways Forward) ကို အကြံပြုဆွေးနွေးခဲ့ကြပြီး ပူးတွဲကြေညာချက်အား ပီရူး၊ ဘင်္ဂလားဒေ့ရှ်၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ နီပေါ နှင့် Tik Tok ကုမ္ပဏီ စသည့် ပူးတွဲအဆိုရှင်များဖြင့် အတည်ပြုခဲ့ကြသည်။

Zawgyi Version:
အြန္လိုင္းအသုံးျပဳလိမ္လည္မႈမ်ား၏ အရင္းအျမစ္ႏွင့္ အက်ိဳးအျမတ္ရရွိေနျခင္းမရွိေၾကာင္း ျမန္မာေျပာ
ပီယ (NP News) - ဒီဇင္ဘာ ၂ဝ
ျမန္မာႏိုင္ငံသည္ အြန္လိုင္းအသုံးျပဳ လိမ္လည္မႈမ်ား၏ အရင္းအျမစ္ႏွင့္ အက်ိဳးအျမတ္ရရွိေနျခင္းမရွိေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ေက်ာ္ေက်ာ္က အြန္လိုင္းအသုံးျပဳလိမ္လည္မႈ တိုက္ဖ်က္ေရး ကမာၻလုံးဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈအျပည္ျပည္ဆိုင္ရာညီလာခံတြင္ ေဆြးေႏြးေျပာၾကားစဥ္ ထည့္သြင္း ေျပာၾကားခဲ့သည္။
အဆိုပါ ညီလာခံကို ဒီဇင္ဘာ ၁၇ ရက္မွ ၁၈ ရက္အထိ ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ရွိ Intercontinental Bangkok ဟိုတယ္၌ က်င္းပခဲ့ျခင္းျဖစ္ၿပီး ျပည္ထဲေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ေက်ာ္ေက်ာ္ ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕တက္ေရာက္ကာ ရဝမ္ဒါ၊ အင္ဒိုနီးရွား၊ ဗီယက္နမ္၊ လာအို၊ ေတာင္ဆူဒန္၊ သီရိလကၤာ၊ အိႏၵိယႏွင့္ တ႐ုတ္ႏိုင္ငံတို႔မွ ဝန္ႀကီးမ်ား၊ ဒုတိယဝန္ႀကီးမ်ား၊ ႏိုင္ငံေပါင္း ၅၈ ႏိုင္ငံႏွင့္ UNODC အပါအဝင္ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားမွ ကိုယ္စားလွယ္ စုစုေပါင္း ၃၀၀ ေက်ာ္ခန႔္ တက္ေရာက္ၾကသည္။
အစည္းအေဝးတြင္ ရဝမ္ဒါ၊ ထိုင္း၊ ျမန္မာ၊ အင္ဒိုနီးရွား၊ ဗီယက္နမ္၊ အိႏၵိယ၊ တ႐ုတ္၊ မြန္ဂိုလီးယား၊ အီတလီ၊ ကေနဒါ၊ အီဂ်စ္၊ သီရိ လကၤာ၊ ဘဂၤလားေဒ့ရွ္၊ ဥေရာပသမဂၢ၊ ဆြီဒင္၊ ဂ်ာမနီ၊ ေမာ္႐ိုကို၊ ဩစေၾတးလ်၊ ကိုရီးယား၊ ပိုလန္၊ ဖိလစ္ပိုင္၊ ၿဗိတိန္၊ စင္ကာပူ၊ ကင္ညာ ႏွင့္ ဂ်ပန္ႏိုင္ငံတို႔မွ ကိုယ္စားလွယ္မ်ားက Online Scam ႏွင့္စပ္လ်ဥ္း၍ ရွင္းလင္းတင္ျပျခင္းတို႔ကို ေဆာင္႐ြက္ခဲ့ၾကျခင္းျဖစ္သည္။
မိမိတို႔ႏိုင္ငံေတာ္အစိုးရအေနျဖင့္ အြန္လိုင္းအသုံးျပဳလိမ္လည္မႈကို ႏိုင္ငံေတာ္အႀကီးအကဲ၏ မူဝါဒႏွင့္အညီ ထိထိေရာက္ေရာက္ အျမစ္ျပတ္ႏွိမ္နင္းရန္ “အြန္လိုင္းလိမ္လည္မႈႏွင့္ အြန္လိုင္းေလာင္းကစားမႈမ်ားတိုက္ဖ်က္ေရး ႀကီးၾကပ္မႈဗဟိုေကာ္မတီ” ကို ဒီဇင္ဘာ ၁၀ ရက္တြင္ ဖြဲ႕စည္းခဲ့ပါေၾကာင္း၊ ျမန္မာႏိုင္ငံသည္ အြန္လိုင္းအသုံးျပဳ လိမ္လည္မႈမ်ား၏ အရင္းအျမစ္ႏွင့္ အက်ိဳးအျမတ္ရရွိေနျခင္းမရွိပါေၾကာင္း၊ လိမ္လည္မႈမွရရွိေသာ ေငြေၾကး အားလုံးသည္ ျမန္မာႏိုင္ငံ၏ ဘဏ္စနစ္အတြင္း ေရာက္ရွိလာျခင္း မရွိေၾကာင္း၊ ျမန္မာႏိုင္ငံအေနျဖင့္ လူကုန္ကူးခံရသူမ်ားကို ရွာေဖြကယ္တင္ႏိုင္ခဲ့ၿပီး ၎တို႔အား လုံၿခဳံစိတ္ခ်စြာ ဇာတိႏိုင္ငံသို႔ ျပန္လည္ပို႔ေဆာင္ေရး အတြက္ သက္ဆိုင္ရာသံ႐ုံးမ်ား၊ အဖြဲ႕အစည္းမ်ားႏွင့္တက္ႂကြစြာ ပူးေပါင္းေဆာင္႐ြက္လ်က္ရွိေၾကာင္း ဒုတိယ ဝန္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ေက်ာ္ေက်ာ္က ေျပာၾကားသည္။
နယ္စပ္ေဒသသို႔ ေရာက္ရွိလာသူမ်ား၏ (ဝ ဒသမ ၄) ရာခိုင္ႏႈန္းသာ တရားဝင္ ဝင္ေရာက္လာသူမ်ားျဖစ္ၿပီး က်န္သူ မ်ားသည္ နယ္စပ္ျဖတ္ေက်ာ္၍ တရားမဝင္ ဝင္ေရာက္လာသူမ်ားျဖစ္ေၾကာင္း၊ ႏိုင္ငံတကာအေနျဖင့္ ေစတနာ အမွန္ျဖင့္ ပံ့ပိုးကူညီျခင္းျဖင့္သာ အြန္လိုင္းအသုံးျပဳလိမ္လည္သည့္ကြန္ရက္မ်ားကို ထိထိေရာက္ေရာက္ ၿဖိဳခြင္းႏိုင္ မည္ျဖစ္ေၾကာင္း၊ ဇာတိႏိုင္ငံမ်ားအေနျဖင့္ ၎တို႔ႏိုင္ငံသားမ်ားအတြက္ ႀကိဳတင္တားဆီးကာကြယ္ေရး အစီအမံ မ်ားကို ထိထိေရာက္ေရာက္အေကာင္အထည္ေဖာ္ေဆာင္႐ြက္ရန္လိုအပ္ပါေၾကာင္းႏွင့္ ျဖတ္သန္းႏိုင္ငံမ်ား အေန ျဖင့္လည္း လူႏွင့္ေငြေၾကးစီးဆင္းမႈလမ္းေၾကာင္းမ်ား ျဖတ္ေတာက္ပိတ္ဆို႔ႏိုင္ရန္ နယ္စပ္ေဒသထိန္းခ်ဳပ္ေရး အစီအမံမ်ား တိုးျမႇင့္ေဆာင္႐ြက္ရန္ လိုအပ္ေၾကာင္းလည္း ေဆြးေႏြးေျပာၾကားသည္။
ညီလာခံဒုတိယေန႔ျဖစ္သည့္ ဒီဇင္ဘာ ၁၈ ရက္ ၉ နာရီတြင္ ထိုင္းႏိုင္ငံ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး Mr. Vijavat isarabhakdi ႏွင့္ UNODC ၏ အေရွ႕ေတာင္အာရွႏွင့္ ပစိဖိတ္ေဒသဆိုင္ရာ ကိုယ္စားလွယ္ Ms. Delphine Schantz တို႔က ေရွ႕လုပ္ငန္းစဥ္မ်ား (Ways Forward) ကို အႀကံျပဳေဆြးေႏြးခဲ့ၾကၿပီး ပူးတြဲေၾကညာခ်က္အား ပီ႐ူး၊ ဘဂၤလားေဒ့ရွ္၊ အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စု၊ နီေပါ ႏွင့္ Tik Tok ကုမၸဏီ စသည့္ ပူးတြဲအဆိုရွင္မ်ားျဖင့္ အတည္ျပဳခဲ့ၾကသည္။