အမေရိကန်မှာ ဂျက်လေယာဉ်တစ်စီးပျက်ကျခဲ့ပြီး လူအများအပြားသေဆုံးနိုင်ဖွယ်ရှိနေ

 384

Pika (NP News) - ဒီဇင်ဘာ ၂ဝ

Cessna C550 ဂျက်လေယာဉ်တစ်စင်းဟာ အမေရိကန်နိုင်ငံ မြောက်ကာရိုလိုင်းနားပြည်နယ် စတိတ်ဗီလီမြို့က လေဆိပ်တစ်ခုမှာ ဆင်းသက်စဉ်အချိန်အတွင်း ပျက်ကျသွားခဲ့ပြီး လူအများအပြားသေဆုံးခဲ့တယ်လို့ ဖက်ဒရယ် လေကြောင်းစီမံခန့်ခွဲရေးဌာနက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ဒါပေမယ့်လည်း လေယာဉ်ပေါ်မှာ လူဘယ်နှစ်ဦးလိုက်ပါလာတယ်ဆိုတဲ့အချက်နဲ့ပျက်ကျမှုအတွင်း လူဘယ်နှစ်ဦး သေဆုံးခဲ့တယ်ဆိုတဲ့အချက်တွေကို တာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုတာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။ Cessna C550 ဂျက်လေယာဉ်ကို အမေရိကန်ကားမောင်းပြိုင်ပွဲကုမ္ပဏီ NASCAR ရဲ့ ယာဉ်မောင်း တစ်ဦးဖြစ်သူ ဂရက်ဘီဘယ်ပိုင်ဆိုင်တာဖြစ်တဲ့အကြောင်း မီဒီယာအချို့က ရေးသားဖော်ပြခဲ့ပါတယ်။
ဒါ့ပြင် လေယာဉ်ပျက်ကျမှုအတွင်း ဂရက်ဘီဘယ်နဲ့ ၎င်းရဲ့မိသားစုဝင်တွေအားလုံး သေဆုံးခဲ့တယ်လို့ မီဒီယာတွေ က ရေးသားဖော်ပြခဲ့ပေမယ့်လည်း အာဏာပိုင်တွေဘက်က တရားဝင်အတည်ပြုပေးတာမျိုးတော့ မရှိသေးဘူးလို့ လည်း သိရပါတယ်။ ဆိုရှယ်မီဒီယာမှာ တင်ထားတဲ့ဓါတ်ပုံတွေမှာ စတိတ်ဗီလီမြို့လေဆိပ်ရဲ့ လေယာဉ်ပြေးလမ်း တစ်ခုမှာ လေယာဉ်တစ်စီးရဲ့အပျက်အစီးတွေနဲ့အတူ ကြီးမားတဲ့မီးလောင်ကျွမ်းမှုတွေဖြစ်ပေါ်နေတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း နဲ့ စုံစမ်းစစ်ဆေးမှုတွေကို အမျိုးသားသယ်ယူပို့ဆောင်ရေးဘေးကင်းရေးဘုတ်အဖွဲ့က ဦးစီးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
အေမရိကန္မွာ ဂ်က္ေလယာဥ္တစ္စီးပ်က္က်ခဲ့ၿပီး လူအမ်ားအျပားေသဆုံးႏိုင္ဖြယ္ရွိေန
Pika (NP News) - ဒီဇင္ဘာ ၂ဝ
Cessna C550 ဂ်က္ေလယာဥ္တစ္စင္းဟာ အေမရိကန္ႏိုင္ငံ ေျမာက္ကာ႐ိုလိုင္းနားျပည္နယ္ စတိတ္ဗီလီၿမိဳ႕က ေလဆိပ္တစ္ခုမွာ ဆင္းသက္စဥ္အခ်ိန္အတြင္း ပ်က္က်သြားခဲ့ၿပီး လူအမ်ားအျပားေသဆုံးခဲ့တယ္လို႔ ဖက္ဒရယ္ ေလေၾကာင္းစီမံခန႔္ခြဲေရးဌာနက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ဒါေပမယ့္လည္း ေလယာဥ္ေပၚမွာ လူဘယ္ႏွစ္ဦးလိုက္ပါလာတယ္ဆိုတဲ့အခ်က္နဲ႔ပ်က္က်မႈအတြင္း လူဘယ္ႏွစ္ဦး ေသဆုံးခဲ့တယ္ဆိုတဲ့အခ်က္ေတြကို တာဝန္ရွိသူေတြက ထုတ္ေဖာ္ေျပာဆိုတာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။ Cessna C550 ဂ်က္ေလယာဥ္ကို အေမရိကန္ကားေမာင္းၿပိဳင္ပြဲကုမၸဏီ NASCAR ရဲ႕ ယာဥ္ေမာင္း တစ္ဦးျဖစ္သူ ဂရက္ဘီဘယ္ပိုင္ဆိုင္တာျဖစ္တဲ့အေၾကာင္း မီဒီယာအခ်ိဳ႕က ေရးသားေဖာ္ျပခဲ့ပါတယ္။
ဒါ့ျပင္ ေလယာဥ္ပ်က္က်မႈအတြင္း ဂရက္ဘီဘယ္နဲ႔ ၎ရဲ႕မိသားစုဝင္ေတြအားလုံး ေသဆုံးခဲ့တယ္လို႔ မီဒီယာေတြ က ေရးသားေဖာ္ျပခဲ့ေပမယ့္လည္း အာဏာပိုင္ေတြဘက္က တရားဝင္အတည္ျပဳေပးတာမ်ိဳးေတာ့ မရွိေသးဘူးလို႔ လည္း သိရပါတယ္။ ဆိုရွယ္မီဒီယာမွာ တင္ထားတဲ့ဓါတ္ပုံေတြမွာ စတိတ္ဗီလီၿမိဳ႕ေလဆိပ္ရဲ႕ ေလယာဥ္ေျပးလမ္း တစ္ခုမွာ ေလယာဥ္တစ္စီးရဲ႕အပ်က္အစီးေတြနဲ႔အတူ ႀကီးမားတဲ့မီးေလာင္ကြၽမ္းမႈေတြျဖစ္ေပၚေနတာကိုလည္း ေတြ႕ျမင္ခဲ့ရပါတယ္။ အဲဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး စုံစမ္းစစ္ေဆးမႈေတြ ဆက္လက္လုပ္ေဆာင္သြားမွာျဖစ္ေၾကာင္း နဲ႔ စုံစမ္းစစ္ေဆးမႈေတြကို အမ်ိဳးသားသယ္ယူပို႔ေဆာင္ေရးေဘးကင္းေရးဘုတ္အဖြဲ႕က ဦးစီးသြားမွာျဖစ္တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.