သဘာဝမြေဩဇာရွက်ဖျန်းအားဆေးရည်ကို ပြည်တွင်းတွင် ထုတ်လုပ်နိုင်မည့် ရုရှား - မြန်မာ သဘာဝရွက်ဖျန်းမြေဩဇာစက်ရုံ စတင်တည်ဆောက်

 113

သုတကျော် (NP News) - ဒီဇင်ဘာ ၂၀

သဘာဝမြေဩဇာရွက်ဖျန်းအားဆေးရည်ကို ပြည်တွင်းတွင် ထုတ်လုပ်နိုင်မည့် ရုရှား-မြန်မာ သဘာဝရွက်ဖျန်း မြေဩဇာစက်ရုံ စတင်တည်ဆောက်ရန်အတွက် ပန္နက်တင်အခမ်းအနားကို ဒီဇင်ဘာလ ၁၉ ရက်က ပြုလုပ်ခဲ့ ကြောင်း သိရသည်။
ပန္နက်တင်မင်္ဂလာနှင့်အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းအခမ်းအနားကို နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိ မြို့နယ် အလျင်လိုကျေးရွာအုပ်စု အကွက်အမှတ်(၁၆၆၂)၌ ကျင်းပခြင်းဖြစ်ပြီး ယင်းစက်ရုံသည် နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး နှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးအထောက်အပံ့အဖြစ် ရုရှား နိုင်ငံ RUMA Organic ကုမ္ပဏီ နှင့် အောင်သန်းထိုက် Agriculture Development ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက် ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် ရေးကို ရေရှည်အထောက်အကူပြုမည့်အရေးပါသည့်စီမံကိန်းတစ်ခု၏ ကနဦးခြေလှမ်းဖြစ်ပါကြောင်း၊ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ (FUND RC-Investments) ၏ RUMA Organic ကုမ္ပဏီအနေဖြင့် ပျဉ်းမနားခရိုင်၊ နေပြည်တော်ကောင်စီနယ်မြေတွင် သဘာဝရွက်ဖျန်းမြေဩဇာများ တင်သွင်း ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြု ပေးခဲ့ကြောင်း သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး က အဆိုပါ အခမ်း အနားတွင် ပြောသည်။
ဤစီမံကိန်းအပေါ် မိမိတို့ ယာယီသမ္မတက အထူးအလေးထားပြီး မြန်မာ-ရုရှားနှစ်နိုင်ငံ ခိုင်မာသည့် ချစ်ကြည် ရင်းနှီးမှုနင့် ပူးပေါင်းဆောင်ရွက်မှုကိုပြသရန် အခွင့်အရေးတစ်ရပ်ဖြစ်သည့်အတွက် စက်ရုံကို သတ်မှတ်ထားသည့် အချိန်ကာလအတွင်း အမြန်ဆုံးဆောက်လုပ်နိုင်ရေး အထူးအလေးထား ဆောင်ရွက်စေလိုပါကြောင်း၊ သဘာဝ မြေဩဇာ ရွက်ဖျန်းအားဆေးရည်ကို ပြည်တွင်းတွင် ထုတ်လုပ်နိုင်မှုကြောင့် စိုက်ပျိုးရေးလုပ်ငန်းရှင်များနှင့် တောင်သူလယ်သမားများ ကုန်ကျစရိတ်လျော့နည်းစေမည်ဖြစ်ပြီး နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချစေနိုင်မည်ဖြစ် ကြောင်း ပြည်ထောင်စု ဝန်ကြီးက ပြောကြားသည်။
ထို့နောက် FUND RC-Investments မှ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Mr. Artemi Alimov က မြန်မာ စိုက်ပျိုးရေးကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာများကိုလည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံးမှ Embassy Counsellor ဖြစ်သူ Mr. Andrei Lunak က နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း၊ RUMA Organic ကုမ္ပဏီနှင့်အောင်သန်းထိုက်ကုမ္ပဏီတို့မှ တာဝန်ရှိသူများက စက်ရုံတည်ဆောက်၍ သဘာဝရွက်ဖျန်း မြေဩဇာများ ထုတ်လုပ်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။

Zawgyi Version:
သဘာဝေျမဩဇာ႐ြက္ဖ်န္းအားေဆးရည္ကို ျပည္တြင္းတြင္ ထုတ္လုပ္ႏိုင္မည့္ ႐ုရွား - ျမန္မာ သဘာဝ႐ြက္ဖ်န္း ေျမဩဇာစက္႐ုံ စတင္တည္ေဆာက္
သုတေက်ာ္ (NP News) - ဒီဇင္ဘာ ၂၀
သဘာဝေျမဩဇာ႐ြက္ဖ်န္းအားေဆးရည္ကို ျပည္တြင္းတြင္ ထုတ္လုပ္ႏိုင္မည့္ ႐ုရွား-ျမန္မာ သဘာဝ႐ြက္ဖ်န္း ေျမဩဇာစက္႐ုံ စတင္တည္ေဆာက္ရန္အတြက္ ပႏၷက္တင္အခမ္းအနားကို ဒီဇင္ဘာလ ၁၉ ရက္က ျပဳလုပ္ခဲ့ ေၾကာင္း သိရသည္။
ပႏၷက္တင္မဂၤလာႏွင့္အက်ိဳးတူပူးေပါင္းေဆာင္႐ြက္ျခင္းအခမ္းအနားကို ေနျပည္ေတာ္ေကာင္စီနယ္ေျမ ဇမၺဴသီရိ ၿမိဳ႕နယ္ အလ်င္လိုေက်း႐ြာအုပ္စု အကြက္အမွတ္(၁၆၆၂)၌ က်င္းပျခင္းျဖစ္ၿပီး ယင္းစက္႐ုံသည္ ႏိုင္ငံေတာ္၏ စိုက္ပ်ိဳးေရးက႑ဖြံ႕ၿဖိဳးတိုးတက္ေရး ႏွင့္ ႏိုင္ငံတကာပူးေပါင္းေဆာင္႐ြက္မႈျမႇင့္တင္ေရးအေထာက္အပံ့အျဖစ္ ႐ုရွား ႏိုင္ငံ RUMA Organic ကုမၸဏီ ႏွင့္ ေအာင္သန္းထိုက္ Agriculture Development ကုမၸဏီတို႔ ပူးေပါင္းေဆာင္႐ြက္ ျခင္းျဖစ္သည္။
ျမန္မာႏိုင္ငံ၏ စိုက္ပ်ိဳးေရးက႑ဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ ေတာင္သူလယ္သမားမ်ား၏ လူမႈစီးပြားဘဝဖြံ႕ၿဖိဳးတိုးတက္ ေရးကို ေရရွည္အေထာက္အကူျပဳမည့္အေရးပါသည့္စီမံကိန္းတစ္ခု၏ ကနဦးေျခလွမ္းျဖစ္ပါေၾကာင္း၊ ႐ုရွား ဖက္ဒေရးရွင္းႏိုင္ငံ၊ ေရာ့စ္ကြန္ဂရက္ရင္းႏွီးျမႇဳပ္ႏွံမႈရန္ပုံေငြအဖြဲ႕ (FUND RC-Investments) ၏ RUMA Organic ကုမၸဏီအေနျဖင့္ ပ်ဥ္းမနားခ႐ိုင္၊ ေနျပည္ေတာ္ေကာင္စီနယ္ေျမတြင္ သဘာဝ႐ြက္ဖ်န္းေျမဩဇာမ်ား တင္သြင္း ထုတ္လုပ္ျဖန႔္ျဖဴးေရာင္းခ်ျခင္းလုပ္ငန္းေဆာင္႐ြက္ႏိုင္ရန္အတြက္ ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္က ခြင့္ျပဳ ေပးခဲ့ေၾကာင္း သမဝါယမႏွင့္ေက်းလက္ဖြံ႕ၿဖိဳးေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးလွမိုး က အဆိုပါ အခမ္း အနားတြင္ ေျပာသည္။
ဤစီမံကိန္းအေပၚ မိမိတို႔ ယာယီသမၼတက အထူးအေလးထားၿပီး ျမန္မာ-႐ုရွားႏွစ္ႏိုင္ငံ ခိုင္မာသည့္ ခ်စ္ၾကည္ ရင္းႏွီးမႈနင့္ ပူးေပါင္းေဆာင္႐ြက္မႈကိုျပသရန္ အခြင့္အေရးတစ္ရပ္ျဖစ္သည့္အတြက္ စက္႐ုံကို သတ္မွတ္ထားသည့္ အခ်ိန္ကာလအတြင္း အျမန္ဆုံးေဆာက္လုပ္ႏိုင္ေရး အထူးအေလးထား ေဆာင္႐ြက္ေစလိုပါေၾကာင္း၊ သဘာဝ ေျမဩဇာ ႐ြက္ဖ်န္းအားေဆးရည္ကို ျပည္တြင္းတြင္ ထုတ္လုပ္ႏိုင္မႈေၾကာင့္ စိုက္ပ်ိဳးေရးလုပ္ငန္းရွင္မ်ားႏွင့္ ေတာင္သူလယ္သမားမ်ား ကုန္က်စရိတ္ေလ်ာ့နည္းေစမည္ျဖစ္ၿပီး ႏိုင္ငံျခားေငြသုံးစြဲမႈ ေလွ်ာ့ခ်ေစႏိုင္မည္ျဖစ္ ေၾကာင္း ျပည္ေထာင္စု ဝန္ႀကီးက ေျပာၾကားသည္။
ထို႔ေနာက္ FUND RC-Investments မွ ျမန္မာႏိုင္ငံဆိုင္ရာ ကိုယ္စားလွယ္ Mr. Artemi Alimov က ျမန္မာ စိုက္ပ်ိဳးေရးက႑အတြက္ ရင္းႏွီးျမႇဳပ္ႏွံမႈဆိုင္ရာမ်ားကိုလည္းေကာင္း၊ ျမန္မာႏိုင္ငံဆိုင္ရာ ႐ုရွားသံ႐ုံးမွ Embassy Counsellor ျဖစ္သူ Mr. Andrei Lunak က ႏွစ္ႏိုင္ငံပူးေပါင္းေဆာင္႐ြက္မႈ အေျခအေနမ်ားကိုလည္းေကာင္း၊ RUMA Organic ကုမၸဏီႏွင့္ေအာင္သန္းထိုက္ကုမၸဏီတို႔မွ တာဝန္ရွိသူမ်ားက စက္႐ုံတည္ေဆာက္၍ သဘာဝ႐ြက္ဖ်န္း ေျမဩဇာမ်ား ထုတ္လုပ္ေဆာင္႐ြက္မည့္ လုပ္ငန္းစဥ္မ်ားကိုလည္းေကာင္း ရွင္းလင္းေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.