YPS ကတ် သုံးမရသည့် YBS ယာဉ်များ ပိုများပြားလာ

1900

ပြည့်ဖြိုး (NP News) - ဒီဇင်ဘာ ၂ဝ
လက်တလောတွင် YPS စက်တပ်ဆင်မှုကို ရန်ကုန်မြို့ရှိ YBS ယာဉ်လိုင်းများကြားတွင် တိုးချဲ့လုပ်ဆောင်နေသော် လည်း ကတ်သုံးမရသည့် ယာဉ်များလည်း ယခင်ကထက်ပိုများလာကြောင်း ကိုယ်တိုင်ကြုံရသော ခရီးသွားများထံမှ သိရသည်။
“ဂိတ်ကစထွက်တော့ စက်ပျက်နေတယ်ပြောပြီး လမ်းတစ်ဝက်ရောက်မှ စက်ကိုဖွင့်တာမျိုးတွေ့ရပါတယ်” ဟု လည်း ခရီးသည်တစ်ဦးက ပြောသည်။
လက်ရှိတွင် YPS စက်များကို ယာဉ်လိုင်းပေါင်း ၁ဝဝ ကျော်ရှိ ယာဉ်များတွင် တပ်ဆင်ထားပြီး အသုံး ပြုနိုင်ရန် စီစဉ်လာသော်လည်း ရန်ကုန်မြို့အတွင်း ခရုပတ်ပြေးဆွဲနေသော ယာဉ်လိုင်းသုံးလိုင်းအနက်တွင် YBS ယာဉ်လိုင်း တစ်လိုင်းမှာ ငါးနှစ်ဝန်းကျင်လောက်ကြာမြင့်သည်အထိ ကတ်တပ်ဆင်မှုမရှိသေးကြောင်း ခရီးသည်များက ဆိုထားကြသည်။
ထို့အပြင် YBS (99) ယာဉ်လိုင်းမှာလည်း ငါးနှစ်ကျော်ကြာသည်အထိ ကတ်တပ်ဆင်ထားခြင်းမရှိကြောင်း သိရသည်။
“အခုက ကတ်တွေကိုသာ ပုံစံအမျိုးမျိုးနဲ့လုပ်ပြီးရောင်းပေမယ့် မြေပြင်မှာတကယ်ပဲ ထိထိရောက်ရောက် ရှိရဲ့လား ဆိုတာ ကွင်းဆင်းကြည့်သင့်ပါတယ်။ စက်ပျက်နေတယ်ပြောပြီး လမ်းတစ်ဝက်ရောက်မှ စက်ဖွင့်တဲ့ ကားမျိုးနဲ့ ဂိတ်ဆုံးရောက်ခါနီးမှ စက်ဖွင့်တဲ့ကားမျိုးတွေ တွေ့လာတော့ အဆင်မပြေဘူး။ တချို့လိုင်းမှာဆိုရင် ကတ်နဲ့ ဘယ်လောက်၊ ငွေသားနဲ့ဘယ်လောက် ကျတယ်ဆိုပြီး ရေးထားတာတွေ့တာ တစ်နှစ်လောက်ရှိပြီ ခုထိ တစ်စီးမှာမှ စက်တပ်ဆင်ထားတာ မတွေ့သေးဘူး။ အဲဒီလိုပဲ နှစ်နဲ့ချီပြီ စက်မတပ်ထားတဲ့လိုင်းတွေ၊ စက်တပ်ထားပေမယ့် ပျက်နေတယ်ပြောပြီး ကြွပ်ကြွပ်အိတ်နဲ့အုပ်ထားတာမျိုးတွေက မကြာခဏတွေ့နေရတယ်” ဟု ကိုယ်တိုင်ကြုံသူ တစ်ဦးက ပြောသည်။
အချို့သော ယာဉ်လိုင်းများတွင် ကား ကြပ်သည့်အချိန်မျိုးတွင် စက်ပျက်သည်ဟုဆိုခြင်းကြောင့် ကတ်လည်း သုံးမရဘဲ ကားပေါ်တွင် ကြပ်ညပ်နေသည့်ကြားမှ ငွေအကြွေလဲလှယ်ရနေသောအဖြစ်မျိုးကြုံရပြီး အခက်အခဲကြုံ ခြင်းများလည်း ရှိခဲ့ကြသည်။
“တချို့ကားသမားတွေက ကတ်နဲ့စီးတာကို မကြိုက်ချင်ကြဘူး၊ ကျွန်မတို့ကလည်း အကြွေလဲရတာခက်လို့ ဒီကတ် ကို ငွေတစ်သောင်းပေးပြီး ဝယ်ထားရတာ” ဟု ခရီးသည်တစ်ဦးက ပြောသည်။
ထိုယာဉ်စီးခကတ်မှာ ယခင်က ကတ်တန်ဖိုး ၂ဝဝဝ ကျပ်သာကျသင့်သော်လည်း နောက်ပိုင်း ၄ဝဝဝ ကျပ်၊ အထိမ်း အမှတ်ဒီဇိုင်းများဖြင့် ပုံဖော်ထားသည့်ကတ်မှာ ၅ဝဝဝ ကျပ်ဖြင့် ရောင်းချလာပြီး ယခုအခါ ကတ်တန်ဖိုးကို ၁၀၀၀၀ ကျပ်အဖြစ် ရောင်းချလျက်ရှိကြောင်း သိရသည်။

Zawgyi Version:
YPS ကတ္ သုံးမရသည့္ YBS ယာဥ္မ်ား ပိုမ်ားျပားလာ
ျပည့္ၿဖိဳး (NP News) - ဒီဇင္ဘာ ၂ဝ
လက္တေလာတြင္ YPS စက္တပ္ဆင္မႈကို ရန္ကုန္ၿမိဳ႕ရွိ YBS ယာဥ္လိုင္းမ်ားၾကားတြင္ တိုးခ်ဲ႕လုပ္ေဆာင္ေနေသာ္ လည္း ကတ္သုံးမရသည့္ ယာဥ္မ်ားလည္း ယခင္ကထက္ပိုမ်ားလာေၾကာင္း ကိုယ္တိုင္ႀကဳံရေသာ ခရီးသြားမ်ားထံမွ သိရသည္။
“ဂိတ္ကစထြက္ေတာ့ စက္ပ်က္ေနတယ္ေျပာၿပီး လမ္းတစ္ဝက္ေရာက္မွ စက္ကိုဖြင့္တာမ်ိဳးေတြ႕ရပါတယ္” ဟု လည္း ခရီးသည္တစ္ဦးက ေျပာသည္။
လက္ရွိတြင္ YPS စက္မ်ားကို ယာဥ္လိုင္းေပါင္း ၁ဝဝ ေက်ာ္ရွိ ယာဥ္မ်ားတြင္ တပ္ဆင္ထားၿပီး အသုံး ျပဳႏိုင္ရန္ စီစဥ္လာေသာ္လည္း ရန္ကုန္ၿမိဳ႕အတြင္း ခ႐ုပတ္ေျပးဆြဲေနေသာ ယာဥ္လိုင္းသုံးလိုင္းအနက္တြင္ YBS ယာဥ္လိုင္း တစ္လိုင္းမွာ ငါးႏွစ္ဝန္းက်င္ေလာက္ၾကာျမင့္သည္အထိ ကတ္တပ္ဆင္မႈမရွိေသးေၾကာင္း ခရီးသည္မ်ားက ဆိုထားၾကသည္။
ထို႔အျပင္ YBS (99) ယာဥ္လိုင္းမွာလည္း ငါးႏွစ္ေက်ာ္ၾကာသည္အထိ ကတ္တပ္ဆင္ထားျခင္းမရွိေၾကာင္း သိရသည္။
“အခုက ကတ္ေတြကိုသာ ပုံစံအမ်ိဳးမ်ိဳးနဲ႔လုပ္ၿပီးေရာင္းေပမယ့္ ေျမျပင္မွာတကယ္ပဲ ထိထိေရာက္ေရာက္ ရွိရဲ႕လား ဆိုတာ ကြင္းဆင္းၾကည့္သင့္ပါတယ္။ စက္ပ်က္ေနတယ္ေျပာၿပီး လမ္းတစ္ဝက္ေရာက္မွ စက္ဖြင့္တဲ့ ကားမ်ိဳးနဲ႔ ဂိတ္ဆုံးေရာက္ခါနီးမွ စက္ဖြင့္တဲ့ကားမ်ိဳးေတြ ေတြ႕လာေတာ့ အဆင္မေျပဘူး။ တခ်ိဳ႕လိုင္းမွာဆိုရင္ ကတ္နဲ႔ ဘယ္ေလာက္၊ ေငြသားနဲ႔ဘယ္ေလာက္ က်တယ္ဆိုၿပီး ေရးထားတာေတြ႕တာ တစ္ႏွစ္ေလာက္ရွိၿပီ ခုထိ တစ္စီးမွာမွ စက္တပ္ဆင္ထားတာ မေတြ႕ေသးဘူး။ အဲဒီလိုပဲ ႏွစ္နဲ႔ခ်ီၿပီ စက္မတပ္ထားတဲ့လိုင္းေတြ၊ စက္တပ္ထားေပမယ့္ ပ်က္ေနတယ္ေျပာၿပီး ႂကြပ္ႂကြပ္အိတ္နဲ႔အုပ္ထားတာမ်ိဳးေတြက မၾကာခဏေတြ႕ေနရတယ္” ဟု ကိုယ္တိုင္ႀကဳံသူ တစ္ဦးက ေျပာသည္။
အခ်ိဳ႕ေသာ ယာဥ္လိုင္းမ်ားတြင္ ကား ၾကပ္သည့္အခ်ိန္မ်ိဳးတြင္ စက္ပ်က္သည္ဟုဆိုျခင္းေၾကာင့္ ကတ္လည္း သုံးမရဘဲ ကားေပၚတြင္ ၾကပ္ညပ္ေနသည့္ၾကားမွ ေငြအေႂကြလဲလွယ္ရေနေသာအျဖစ္မ်ိဳးႀကဳံရၿပီး အခက္အခဲႀကဳံ ျခင္းမ်ားလည္း ရွိခဲ့ၾကသည္။
“တခ်ိဳ႕ကားသမားေတြက ကတ္နဲ႔စီးတာကို မႀကိဳက္ခ်င္ၾကဘူး၊ ကြၽန္မတို႔ကလည္း အေႂကြလဲရတာခက္လို႔ ဒီကတ္ ကို ေငြတစ္ေသာင္းေပးၿပီး ဝယ္ထားရတာ” ဟု ခရီးသည္တစ္ဦးက ေျပာသည္။
ထိုယာဥ္စီးခကတ္မွာ ယခင္က ကတ္တန္ဖိုး ၂ဝဝဝ က်ပ္သာက်သင့္ေသာ္လည္း ေနာက္ပိုင္း ၄ဝဝဝ က်ပ္၊ အထိမ္း အမွတ္ဒီဇိုင္းမ်ားျဖင့္ ပုံေဖာ္ထားသည့္ကတ္မွာ ၅ဝဝဝ က်ပ္ျဖင့္ ေရာင္းခ်လာၿပီး ယခုအခါ ကတ္တန္ဖိုးကို ၁၀၀၀၀ က်ပ္အျဖစ္ ေရာင္းခ်လ်က္ရွိေၾကာင္း သိရသည္။