BC လုပ်ရန် အွန်လိုင်းတွင် နှိုးဆော်ခြင်းများသည် အချိန်ကြာလာသည်နှင့်အမျှ ပတ်ရမ်းလိုသည့်သဘောဖြစ်လာ ဟု NUG ထောက်ခံသူ ဖွင့်ဟ

 289

သုတကျော် (NP News) - ဒီဇင်ဘာ ၂ဝ

Boycott (BC) လုပ်ရန် အွန်လိုင်းထက်တွင် နှိုးဆော်ခြင်းများသည် အချိန်ကြာလာသည်နှင့်အမျှ ပတ်ရမ်းလိုသည့် သဘောဖြစ်လာကြောင်း NUG ထောက်ခံသူတစ်ဦးက NP News ကတဆင့် ဖွင့်ဟပြောကြားသည်။

ပြီးခဲ့သည့်ကာလများတွင် NUG နှင့် လက်နက်ကိုင် ပုန်ကန်သူများကို ထောက်ခံသူများက ၎င်းတို့နှင့်အမြင်မတူသူ များကို BC လုပ်ရန် လှုံ့ဆော်ခြင်းများ ရှိခဲ့ပြီး ယခုနောက်ဆုံးအဖြစ် ဆီးဂိမ်းအားကစားပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်သူများကိုပါ BC လှုံ့ရန် လှုံ့ဆော်ခြင်းများ ရှိလာသည်။

ထိုသို့ အားကစားသမားများကို BC လှုံ့ရန် နှိုးဆော်ရာတွင် အကြမ်းဖျင်း နှစ်မျိုးတွေ့ရပြီး တစ်မျိုးမှာ နိုင်ငံ ကိုယ်စား ပြုကစားသောကြောင့်ဖြစ်ပြီး ကျန်တစ်မျိုးမှာ တပ်မတော်သား မိသားစုဝင်ဖြစ်သောကြောင့် ဟု ဆိုကြသည်။

ယင်းအပြင် အဆိုပါ ကစားသမားများကို ထောက်ခံလျှင်လည်း BC စာရင်းတွင် သွင်းလိုက်ကြပြီး ဥပမာအားဖြင့် ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော One Chanpiomship တွင် ယှဉ်ပြိုင်နေသော တိုက်ခိုက်ရေး အားကစားသမား ဗရော်နီကာ က မြန်မာကိုယ်စားပြု ကစားသမားများနှင့် ဓာတ်ပုံတွဲတင်ကာ အားပေးသောကြောင့် ဆိုပြီး BC လုပ် ရန် လှုံ့ဆော်ခြင်းများ ရှိသည်။

ကျန် လူပုဂ္ဂိုလ်များ၊ ထင်ရှားသူများကို BC လုပ်ခြင်းမှာမူ နိုင်ငံတော်အစိုးရနှင့်ပတ်သက်သည် (သို့) ထောက်ခံသည် စသည်ဖြင့် ၎င်းတို့ နှင့် အမြင်မတူသောကြောင့်ဖြစ်ပြီး ၂၀၂၁ ခုနှစ် ပဋိပက္ခကာလ အစပိုင်းမှ စတင်ကာ ယင်းအပြုအမူများကို ဆောင်ရွက်လာခဲ့ကြသော်လည်း ကောင်းစွာ အောင်မြင်ခြင်း မရှိခဲ့ပေ။

“အခုက ဘယ်လိုဖြစ်လာလဲ ဆိုတော့ မြေပြင်မှာ က မအောင်မြင်တော့ ပတ်ရမ်းတဲ့ သဘောပဲ။ ဗရော် (ဗရော်နီကာ) ဆို ဘာမှလည်း မဆိုင်ပဲ BC တယ်။ အမြင်မတူရင် BC တယ် ဆိုတာလည်း မဟုတ်သေးဘူး။ လက်လွန်ခြေလွန် ဖြစ်လာတယ်လို့ ပြောရမယ်။ လူငယ်တွေ ချချ ဆိုပြီး လူကြီးတွေက မသိချင်ယောင် ဆောင်နေတာက ဘာကောင်းကျိုးမှ မဖြစ်ပဲ ဆိုးကျိုးပဲဖြစ်မယ်။ ကျွန်တော်တို့လည်း BC လုပ်ခဲ့တာပဲ ဒါပေမယ့် အခုလိုမျိုး ပတ်ရမ်း နေတာတော့ မဟုတ်ဘူး။ အခုက တွေ့ရာ မြင်ရာ BC ဆိုတော့ ဒါက ရှင်းရှင်း ပြောရရင် ရမ်းနေတာလို့ ပြောနိုင် တယ်။ လူငယ်တွေကို ရှေ့က မထိန်းမှတော့ ဖြစ်ချင်တိုင်း ဖြစ်တာပေါ့။ မထိန်းတတ်တာလား၊ မထိန်းချင်တာလား၊ နိုင်ငံရေး အာသာဖြေကြပါစေလို့ လွှတ်ပေးထားတာလား မှ မသိတာ” ဟု ၎င်းက ဆိုသည်။
မြန်မာအမျိုးသမီးဘောလုံးအသင်းမှ ကစားသမား မေထက်လူကိုလည်း အွန်လိုင်းထက်တွင် BC လုပ်ရန် ဆော်ဩ ခဲ့ကြပြီး အကြောင်းပြချက်မှာ ၎င်း၏ ဖခင်ဖြစ်သူသည် တပ်မတော်သားတစ်ဦးဖြစ်ခဲ့ဖူးသော်ကြောင့် ဟု ဖော်ပြကြ သည်။
သို့သော် အကြောင်းသိသူများကမူ မေထက်လူ ၏ ဖခင်မှာ လွန်ခဲ့သော နှစ် ၂ဝ ခန့်ကပင် တပ်မတော်မှ အငြိမ်းစား ယူခဲ့သူဖြစ်ကြောင်း စသည်ဖြင့် ပြန်လည် ရှင်းလင်းရေးသားထားသည်ကို အွန်လိုင်းထက်တွင် တွေ့မြင်ရသည်။

“BC မယ်ဆိုရင် အကုန်သာ BC လိုက်တော့လေ။ စက်သုံးဆီလည်း အစိုးရဘက်က ဟာတွေကိုပဲ သုံးနေတာ မဟုတ်လား။ အစိုးရ နဲ့ ပတ်သက်လို့ BC မယ်ဆိုရင် ဒီကောင်တွေ ဘာမှမစား၊ မသောက်ပဲ နေကြည့်ပါလား” ဟု လက်နက်ကိုင်များအရေးနှင့်ပတ်သက်၍ သိရှိသူတစ်ဦးက ဆိုသည်။

Zawgyi Version:
BC လုပ္ရန္ အြန္လိုင္းတြင္ ႏႈိးေဆာ္ျခင္းမ်ားသည္ အခ်ိန္ၾကာလာသည္ႏွင့္အမွ် ပတ္ရမ္းလိုသည့္သေဘာျဖစ္လာ ဟု NUG ေထာက္ခံသူ ဖြင့္ဟ
သုတေက်ာ္ (NP News) - ဒီဇင္ဘာ ၂ဝ

Boycott (BC) လုပ္ရန္ အြန္လိုင္းထက္တြင္ ႏႈိးေဆာ္ျခင္းမ်ားသည္ အခ်ိန္ၾကာလာသည္ႏွင့္အမွ် ပတ္ရမ္းလိုသည့္ သေဘာျဖစ္လာေၾကာင္း NUG ေထာက္ခံသူတစ္ဦးက NP News ကတဆင့္ ဖြင့္ဟေျပာၾကားသည္။

ၿပီးခဲ့သည့္ကာလမ်ားတြင္ NUG ႏွင့္ လက္နက္ကိုင္ ပုန္ကန္သူမ်ားကို ေထာက္ခံသူမ်ားက ၎တို႔ႏွင့္အျမင္မတူသူ မ်ားကို BC လုပ္ရန္ လႈံ႕ေဆာ္ျခင္းမ်ား ရွိခဲ့ၿပီး ယခုေနာက္ဆုံးအျဖစ္ ဆီးဂိမ္းအားကစားၿပိဳင္ပြဲတြင္ ဝင္ေရာက္ ယွဥ္ၿပိဳင္သူမ်ားကိုပါ BC လႈံ႕ရန္ လႈံ႕ေဆာ္ျခင္းမ်ား ရွိလာသည္။

ထိုသို႔ အားကစားသမားမ်ားကို BC လႈံ႕ရန္ ႏႈိးေဆာ္ရာတြင္ အၾကမ္းဖ်င္း ႏွစ္မ်ိဳးေတြ႕ရၿပီး တစ္မ်ိဳးမွာ ႏိုင္ငံ ကိုယ္စား ျပဳကစားေသာေၾကာင့္ျဖစ္ၿပီး က်န္တစ္မ်ိဳးမွာ တပ္မေတာ္သား မိသားစုဝင္ျဖစ္ေသာေၾကာင့္ ဟု ဆိုၾကသည္။

ယင္းအျပင္ အဆိုပါ ကစားသမားမ်ားကို ေထာက္ခံလွ်င္လည္း BC စာရင္းတြင္ သြင္းလိုက္ၾကၿပီး ဥပမာအားျဖင့္ ထိုင္းႏိုင္ငံတြင္ ေရာက္ရွိေနေသာ One Chanpiomship တြင္ ယွဥ္ၿပိဳင္ေနေသာ တိုက္ခိုက္ေရး အားကစားသမား ဗေရာ္နီကာ က ျမန္မာကိုယ္စားျပဳ ကစားသမားမ်ားႏွင့္ ဓာတ္ပုံတြဲတင္ကာ အားေပးေသာေၾကာင့္ ဆိုၿပီး BC လုပ္ ရန္ လႈံ႕ေဆာ္ျခင္းမ်ား ရွိသည္။

က်န္ လူပုဂၢိဳလ္မ်ား၊ ထင္ရွားသူမ်ားကို BC လုပ္ျခင္းမွာမူ ႏိုင္ငံေတာ္အစိုးရႏွင့္ပတ္သက္သည္ (သို႔) ေထာက္ခံသည္ စသည္ျဖင့္ ၎တို႔ ႏွင့္ အျမင္မတူေသာေၾကာင့္ျဖစ္ၿပီး ၂၀၂၁ ခုႏွစ္ ပဋိပကၡကာလ အစပိုင္းမွ စတင္ကာ ယင္းအျပဳအမူမ်ားကို ေဆာင္႐ြက္လာခဲ့ၾကေသာ္လည္း ေကာင္းစြာ ေအာင္ျမင္ျခင္း မရွိခဲ့ေပ။

“အခုက ဘယ္လိုျဖစ္လာလဲ ဆိုေတာ့ ေျမျပင္မွာ က မေအာင္ျမင္ေတာ့ ပတ္ရမ္းတဲ့ သေဘာပဲ။ ဗေရာ္ (ဗေရာ္နီကာ) ဆို ဘာမွလည္း မဆိုင္ပဲ BC တယ္။ အျမင္မတူရင္ BC တယ္ ဆိုတာလည္း မဟုတ္ေသးဘူး။ လက္လြန္ေျခလြန္ ျဖစ္လာတယ္လို႔ ေျပာရမယ္။ လူငယ္ေတြ ခ်ခ် ဆိုၿပီး လူႀကီးေတြက မသိခ်င္ေယာင္ ေဆာင္ေနတာက ဘာေကာင္းက်ိဳးမွ မျဖစ္ပဲ ဆိုးက်ိဳးပဲျဖစ္မယ္။ ကြၽန္ေတာ္တို႔လည္း BC လုပ္ခဲ့တာပဲ ဒါေပမယ့္ အခုလိုမ်ိဳး ပတ္ရမ္း ေနတာေတာ့ မဟုတ္ဘူး။ အခုက ေတြ႕ရာ ျမင္ရာ BC ဆိုေတာ့ ဒါက ရွင္းရွင္း ေျပာရရင္ ရမ္းေနတာလို႔ ေျပာႏိုင္ တယ္။ လူငယ္ေတြကို ေရွ႕က မထိန္းမွေတာ့ ျဖစ္ခ်င္တိုင္း ျဖစ္တာေပါ့။ မထိန္းတတ္တာလား၊ မထိန္းခ်င္တာလား၊ ႏိုင္ငံေရး အာသာေျဖၾကပါေစလို႔ လႊတ္ေပးထားတာလား မွ မသိတာ” ဟု ၎က ဆိုသည္။
ျမန္မာအမ်ိဳးသမီးေဘာလုံးအသင္းမွ ကစားသမား ေမထက္လူကိုလည္း အြန္လိုင္းထက္တြင္ BC လုပ္ရန္ ေဆာ္ဩ ခဲ့ၾကၿပီး အေၾကာင္းျပခ်က္မွာ ၎၏ ဖခင္ျဖစ္သူသည္ တပ္မေတာ္သားတစ္ဦးျဖစ္ခဲ့ဖူးေသာ္ေၾကာင့္ ဟု ေဖာ္ျပၾက သည္။
သို႔ေသာ္ အေၾကာင္းသိသူမ်ားကမူ ေမထက္လူ ၏ ဖခင္မွာ လြန္ခဲ့ေသာ ႏွစ္ ၂ဝ ခန႔္ကပင္ တပ္မေတာ္မွ အၿငိမ္းစား ယူခဲ့သူျဖစ္ေၾကာင္း စသည္ျဖင့္ ျပန္လည္ ရွင္းလင္းေရးသားထားသည္ကို အြန္လိုင္းထက္တြင္ ေတြ႕ျမင္ရသည္။

“BC မယ္ဆိုရင္ အကုန္သာ BC လိုက္ေတာ့ေလ။ စက္သုံးဆီလည္း အစိုးရဘက္က ဟာေတြကိုပဲ သုံးေနတာ မဟုတ္လား။ အစိုးရ နဲ႔ ပတ္သက္လို႔ BC မယ္ဆိုရင္ ဒီေကာင္ေတြ ဘာမွမစား၊ မေသာက္ပဲ ေနၾကည့္ပါလား” ဟု လက္နက္ကိုင္မ်ားအေရးႏွင့္ပတ္သက္၍ သိရွိသူတစ္ဦးက ဆိုသည္။

Related news

© 2021. All rights reserved.