မြို့ပြထွန်းကား၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်သော ဒေသများရှိ မြန်မာအမျိုးသမီးများသည် အိမ်ထောင်ပြုခြင်း နှင့် ကလေးမွေးဖွားခြင်း နောက်ကျနေ

181

စော (NP News) - ဒီဇင်ဘာ ၂ဝ
မြို့ပြထွန်းကား၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်သော ဒေသများရှိ မြန်မာအမျိုးသမီးများသည် အိမ်ထောင်ပြုခြင်းနှင့် ကလေးမွေးဖွားခြင်း နောက်ကျမှ ပြုလုပ်လေ့ရှိကြောင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင် စာရင်းအစီရင်ခံစာအရ သိရသည်။
အဆိုပါအစီရင်ခံစာအရ မြို့ပြရှိ အမျိုးသမီးများသည် အသက်အလယ်ကိန်း (၂၂ ဒဿမ ၄)နှစ်တွင် ပထမဆုံး အိမ်ထောင်ပြု၍ ပထမဆုံးကလေးကို အသက်အလယ်ကိန်း (၂၄ ဒဿမ ၇) နှစ်တွင် မွေးဖွားပြီး ကျေးလက်ရှိ အမျိုးသမီးများသည် အသက်အလယ်ကိန်း (၂ဝ ဒဿမ ၈) တွင် ပထမဆုံးအိမ်ထောင် စတင်ပြုကာ အသက်အလယ်ကိန်း (၂၃ဒသမ၂)နှစ်တွင် ပထမဆုံး ကလေးမွေးဖွားကြောင်း သိရသည်။
မြို့ပြနှင့်ကျေးလက်နှိုင်းယှဉ်ရာတွင် မြို့ပြရှိ အမျိုးသမီးများသည် ကျေးလက်ရှိ အမျိုးသမီးများထက် အိမ်ထောင်ပြု နောက်ကျသည့်အပြင် ကလေးမွေးဖွားရာတွင်လည်း နောက်ကျသည်ကို တွေ့ရှိရသည့်အတွက် မြို့ပြတွင် ပညာရေး၊ အလုပ်အကိုင် နှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပိုမိုကောင်းမွန်စွာရရှိခြင်း စသည့်အချက်များကို ထင်ဟပ်စေကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးတွင် ပထမဆုံး အိမ်ထောင်ပြုသည့် အသက်အလယ်ကိန်းသည် (၂၂ ဒဿမ ၂) နှစ် နှင့် ကလေးမွေးသည့်အသက် အလယ်ကိန်းသည် (၂၄ ဒဿမ ၆) နှစ်ဖြစ်ပြီး နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင်လည်း အိမ်ထောင်ပြုသည့်အရွယ်သည် (၂၁ နှစ်မှ ၂၂) နှစ်ကြား ဖြစ်၍ ကလေးမွေးဖွားသည့်အရွယ်သည် (၂၃ ဒဿမ ၆) နှစ်မှ (၂၄ ဒဿမ ၁) နှစ်ကြားဖြစ်သည့်အတွက် နောက်ကျ သည်ကိုတွေ့ရှိရ၍ မြို့ပြထွန်းကားမှု၊ စီးပွားရေးအခွင့်အလမ်းများနှင့် လူမှုရေးဝန်ဆောင်မှုများအား လက်လှမ်းမီမှု များကြောင့် ဖြစ်နိုင်ကြောင်း သိရသည်။
ထို့ပြင် ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် ပထမဆုံးအိမ်ထောင်ပြုသည့်အသက်သည် (၂၁)နှစ်ဝန်းကျင်ဖြစ်ပြီး ကလေးမွေးဖွားသည့်အသက် သည် (၂၁ နှစ်မှ ၂၂ နှစ်) ကြားဖြစ်ရာ အဆိုပါဒေသများရှိ ယဉ်ကျေးမှုစံနှုန်းများ (သို့) လူမှုစီးပွားဆိုင်ရာဖိအားများက စောစီးစွာအိမ်ထောင်ပြုမှုကို ဖြစ်ပေါ်စေနိုင်သည်ကို ညွှန်ပြနေကြောင်း သိရသည်။
သန်းခေါင်စာရင်း၏အချက်အလက်များအရ အမျိုးသမီးများသည် မြို့ပြထွန်းကား၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်သည့် ဒေသများတွင် အိမ်ထောင်ပြုခြင်းနှင့် ကလေးမွေးဖွားခြင်းတို့ကို နောက်ကျမှပြုလုပ်လေ့ရှိသော်လည်း ကျေးလက် နှင့်ဖွံ့ဖြိုးမှုနည်းသောဒေသများတွင် ပထမဆုံးအိမ်ထောင်ပြုသည့်အရွယ်နှင့် ပထမဆုံးကလေးမွေးဖွားသည့်အရွယ် သည် ငယ်ရွယ်လေ့ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ စုစုပေါင်းကလေးမွေးနှုန်းသည် Replacement Level အောက်သို့ကျရောက်နေပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မွေးနှုန်းကျဆင်းနေသည်ကို တွေ့ရသော်လည်း အချို့ပြည်နယ်များတွင် မွေးနှုန်းမြင့်မားနေဆဲ ဖြစ်ပြီး မြို့ပြနှင့်ကျေးလက် ကွာဟမှုများလည်း ရှိနေကြောင်း သိရသည်။

Zawgyi Version:
ၿမိဳ႕ျပထြန္းကား၍ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ေသာ ေဒသမ်ားရွိ ျမန္မာအမ်ိဳးသမီးမ်ားသည္ အိမ္ေထာင္ျပဳျခင္း ႏွင့္ ကေလးေမြးဖြားျခင္း ေနာက္က်ေန
ေစာ (NP News) - ဒီဇင္ဘာ ၂ဝ
ၿမိဳ႕ျပထြန္းကား၍ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ေသာ ေဒသမ်ားရွိ ျမန္မာအမ်ိဳးသမီးမ်ားသည္ အိမ္ေထာင္ျပဳျခင္းႏွင့္ ကေလးေမြးဖြားျခင္း ေနာက္က်မွ ျပဳလုပ္ေလ့ရွိေၾကာင္း ၂၀၂၄ ခုႏွစ္ လူဦးေရႏွင့္အိမ္အေၾကာင္းအရာ သန္းေခါင္ စာရင္းအစီရင္ခံစာအရ သိရသည္။
အဆိုပါအစီရင္ခံစာအရ ၿမိဳ႕ျပရွိ အမ်ိဳးသမီးမ်ားသည္ အသက္အလယ္ကိန္း (၂၂ ဒႆမ ၄)ႏွစ္တြင္ ပထမဆုံး အိမ္ေထာင္ျပဳ၍ ပထမဆုံးကေလးကို အသက္အလယ္ကိန္း (၂၄ ဒႆမ ၇) ႏွစ္တြင္ ေမြးဖြားၿပီး ေက်းလက္ရွိ အမ်ိဳးသမီးမ်ားသည္ အသက္အလယ္ကိန္း (၂ဝ ဒႆမ ၈) တြင္ ပထမဆုံးအိမ္ေထာင္ စတင္ျပဳကာ အသက္အလယ္ကိန္း (၂၃ဒသမ၂)ႏွစ္တြင္ ပထမဆုံး ကေလးေမြးဖြားေၾကာင္း သိရသည္။
ၿမိဳ႕ျပႏွင့္ေက်းလက္ႏႈိင္းယွဥ္ရာတြင္ ၿမိဳ႕ျပရွိ အမ်ိဳးသမီးမ်ားသည္ ေက်းလက္ရွိ အမ်ိဳးသမီးမ်ားထက္ အိမ္ေထာင္ျပဳ ေနာက္က်သည့္အျပင္ ကေလးေမြးဖြားရာတြင္လည္း ေနာက္က်သည္ကို ေတြ႕ရွိရသည့္အတြက္ ၿမိဳ႕ျပတြင္ ပညာေရး၊ အလုပ္အကိုင္ ႏွင့္ က်န္းမာေရးေစာင့္ေရွာက္မႈမ်ား ပိုမိုေကာင္းမြန္စြာရရွိျခင္း စသည့္အခ်က္မ်ားကို ထင္ဟပ္ေစေၾကာင္း သိရသည္။
ထို႔ျပင္ ရန္ကုန္တိုင္းေဒသႀကီးတြင္ ပထမဆုံး အိမ္ေထာင္ျပဳသည့္ အသက္အလယ္ကိန္းသည္ (၂၂ ဒႆမ ၂) ႏွစ္ ႏွင့္ ကေလးေမြးသည့္အသက္ အလယ္ကိန္းသည္ (၂၄ ဒႆမ ၆) ႏွစ္ျဖစ္ၿပီး ေနျပည္ေတာ္၊ မႏၲေလးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီးႏွင့္ ကခ်င္ျပည္နယ္တို႔တြင္လည္း အိမ္ေထာင္ျပဳသည့္အ႐ြယ္သည္ (၂၁ ႏွစ္မွ ၂၂) ႏွစ္ၾကား ျဖစ္၍ ကေလးေမြးဖြားသည့္အ႐ြယ္သည္ (၂၃ ဒႆမ ၆) ႏွစ္မွ (၂၄ ဒႆမ ၁) ႏွစ္ၾကားျဖစ္သည့္အတြက္ ေနာက္က် သည္ကိုေတြ႕ရွိရ၍ ၿမိဳ႕ျပထြန္းကားမႈ၊ စီးပြားေရးအခြင့္အလမ္းမ်ားႏွင့္ လူမႈေရးဝန္ေဆာင္မႈမ်ားအား လက္လွမ္းမီမႈ မ်ားေၾကာင့္ ျဖစ္ႏိုင္ေၾကာင္း သိရသည္။
ထို႔ျပင္ ရခိုင္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္တြင္ ပထမဆုံးအိမ္ေထာင္ျပဳသည့္အသက္သည္ (၂၁)ႏွစ္ဝန္းက်င္ျဖစ္ၿပီး ကေလးေမြးဖြားသည့္အသက္ သည္ (၂၁ ႏွစ္မွ ၂၂ ႏွစ္) ၾကားျဖစ္ရာ အဆိုပါေဒသမ်ားရွိ ယဥ္ေက်းမႈစံႏႈန္းမ်ား (သို႔) လူမႈစီးပြားဆိုင္ရာဖိအားမ်ားက ေစာစီးစြာအိမ္ေထာင္ျပဳမႈကို ျဖစ္ေပၚေစႏိုင္သည္ကို ၫႊန္ျပေနေၾကာင္း သိရသည္။
သန္းေခါင္စာရင္း၏အခ်က္အလက္မ်ားအရ အမ်ိဳးသမီးမ်ားသည္ ၿမိဳ႕ျပထြန္းကား၍ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္သည့္ ေဒသမ်ားတြင္ အိမ္ေထာင္ျပဳျခင္းႏွင့္ ကေလးေမြးဖြားျခင္းတို႔ကို ေနာက္က်မွျပဳလုပ္ေလ့ရွိေသာ္လည္း ေက်းလက္ ႏွင့္ဖြံ႕ၿဖိဳးမႈနည္းေသာေဒသမ်ားတြင္ ပထမဆုံးအိမ္ေထာင္ျပဳသည့္အ႐ြယ္ႏွင့္ ပထမဆုံးကေလးေမြးဖြားသည့္အ႐ြယ္ သည္ ငယ္႐ြယ္ေလ့ရွိေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံ၏ စုစုေပါင္းကေလးေမြးႏႈန္းသည္ Replacement Level ေအာက္သို႔က်ေရာက္ေနၿပီး တစ္ႏိုင္ငံလုံး အတိုင္းအတာျဖင့္ ေမြးႏႈန္းက်ဆင္းေနသည္ကို ေတြ႕ရေသာ္လည္း အခ်ိဳ႕ျပည္နယ္မ်ားတြင္ ေမြးႏႈန္းျမင့္မားေနဆဲ ျဖစ္ၿပီး ၿမိဳ႕ျပႏွင့္ေက်းလက္ ကြာဟမႈမ်ားလည္း ရွိေနေၾကာင္း သိရသည္။