ကမ္ဘောဒီးယားနှင့်စစ်ပွဲကို ကြားဝင်စေ့စပ်မည့်နိုင်ငံက ဘက်မလိုက်ရန် အရေးကြီးကြောင်း ထိုင်းအစိုးရပြော

123

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၂ဝ
ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ကမ္ဘောဒီးယားနိုင်ငံနှင့် ဖြစ်ပွားလျက်ရှိသည့် စစ်ပွဲနှင့်ပတ်သက် ပြီး နိုင်ငံတကာ၏ ကြားဝင်စေ့စပ်မှုများကို လက်ခံမည် မဟုတ်သလို ကြားဝင်စေ့စပ်ပေးမည်ဆိုလျှင် ဘက်မလိုက်ရန် အရေးကြီးကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။ ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် နယ် စပ်ဒေသအငြင်းပွားမှုများကြောင့် ဒီဇင်ဘာ (၇) ရက်တွင် တိုက်ပွဲများ တစ်ကျော့ပြန်ဖြစ်လာခဲ့ပြီး ဒီဇင်ဘာ (၁၉) ရက်အထိ တိုက်ပွဲများဖြစ်ပွားလျက်ရှိနေသည်။ ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံကြား ဖြစ်ပွားနေသည့် စစ်ပွဲကိုအဆုံးသတ်ရန် အမေရိကန်သမ္မတက ကြား ဝင်ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှုမရခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ထိုင်းနိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးရရှိစေရန် အခြားနိုင်ငံမှကြား ဝင်ကူညီဆောင် ရွက်ပေးခြင်းကို ကြိုဆိုကြောင်း၊ သို့သော်လည်း ကြားဝင်စေ့စပ်မည့်နိုင်ငံက ဘက်လိုက်မှု မရှိရန် အရေးကြီးသလို ဘက်တစ်ဖက်တည်းကို အခွင့်အရေးပေးခြင်းမျိုး လက်မခံနိုင်ကြောင်း ပြောသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် ပြီးခဲ့သည့် ရက်ပိုင်းက ဂျပန်နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံ ဆွေးနွေး ချိန်အတွင်း ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ် သည်။ ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံကြား တိုက်ရိုက် တွေ့ဆုံဆွေးနွေးမှုများမှ ပဋိပက္ခများနှင့်ပတ်သက်သည့် တိကျမှန်ကန်သည့်ဆုံးဖြတ်ချက်ကို ရရှိမည်ဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် တိုက်ရိုက် တွေ့ ဆုံဆွေးနွေးမည့်ခြေလှမ်းမျိုး စတင်ရမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
လက်ရှိဖြစ်ပွားနေသော နယ်စပ်ပဋိပက္ခနှင့်ပတ်သက်၍ ထိုင်းနိုင်ငံ၏ရပ်တည်ချက်သည် မငြိမ်မသက်မှုများကို လှုံ့ဆော်ခြင်းမဟုတ်ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် အမှန်တကယ် အပစ်အခတ်ရပ်စဲရေးအပါအဝင် ငြိမ်းချမ်း ရေးအတွက် ၎င်း၏အသင့်ဖြစ်မှုကို ပြသခြင်းဖြင့် စစ်မှန်သော ရည်ရွယ်ချက်ကိုပြသရန် လိုအပ်ကြောင်း ထိုင်း နိုင်ငံခြား ရေးဝန်ကြီးက ပြောသည်။ ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် နယ်စပ်ဒေသအငြင်းပွားမှုများကြောင့် ပြီးခဲ့သည့် ဇူလိုင်လအတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့သော်လည်း ထိုစဉ်အချိန်က အမေရိကန် သမ္မတ၏ ကြားဝင်စေ့စပ်မှုများကြောင့် ယာယီအပစ် ခတ်ရပ်စဲရေးရရှိခဲ့ဖူးသော်လည်း အပစ်ခတ်ရပ်စဲရေး ပါအချက်များကိုချိုးဖောက်သည်ဟု အပြန်အလှန် စွပ်စွဲမှုများရှိခဲ့ပြီးနောက် တင်းမာမှုများဖြစ်ပွားခဲ့ရ ကြောင်းသိရသည်။
ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံကြား လက်ရှိဖြစ်ပွားနေသည့်စစ်ပွဲအတွင်း စစ်သားများ အပါအဝင် လူပေါင်းရာ ချီသေဆုံးကာ လူပေါင်းသိန်းချီ နေရပ် စွန့်ခွာထွက်ပြေးနေရကြောင်း သိရသည်။

Zawgyi Version:
ကေမာၻဒီးယားႏွင့္စစ္ပြဲကို ၾကားဝင္ေစ့စပ္မည့္ႏိုင္ငံက ဘက္မလိုက္ရန္ အေရးႀကီးေၾကာင္း ထိုင္းအစိုးရေျပာ
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၂ဝ
ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးက ကေမာၻဒီးယားႏိုင္ငံႏွင့္ ျဖစ္ပြားလ်က္ရွိသည့္ စစ္ပြဲႏွင့္ပတ္သက္ ၿပီး ႏိုင္ငံတကာ၏ ၾကားဝင္ေစ့စပ္မႈမ်ားကို လက္ခံမည္ မဟုတ္သလို ၾကားဝင္ေစ့စပ္ေပးမည္ဆိုလွ်င္ ဘက္မလိုက္ရန္ အေရးႀကီးေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္သည္။ ထိုင္းႏွင့္ ကေမာၻဒီးယားႏိုင္ငံတို႔သည္ နယ္ စပ္ေဒသအျငင္းပြားမႈမ်ားေၾကာင့္ ဒီဇင္ဘာ (၇) ရက္တြင္ တိုက္ပြဲမ်ား တစ္ေက်ာ့ျပန္ျဖစ္လာခဲ့ၿပီး ဒီဇင္ဘာ (၁၉) ရက္အထိ တိုက္ပြဲမ်ားျဖစ္ပြားလ်က္ရွိေနသည္။ ထိုင္းႏွင့္ ကေမာၻဒီးယားႏိုင္ငံၾကား ျဖစ္ပြားေနသည့္ စစ္ပြဲကိုအဆုံးသတ္ရန္ အေမရိကန္သမၼတက ၾကား ဝင္ႀကိဳးပမ္းခဲ့ေသာ္လည္း ေအာင္ျမင္မႈမရခဲ့ေၾကာင္း သိရသည္။
ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးက ထိုင္းႏိုင္ငံအေနျဖင့္ ၿငိမ္းခ်မ္းေရးရရွိေစရန္ အျခားႏိုင္ငံမွၾကား ဝင္ကူညီေဆာင္ ႐ြက္ေပးျခင္းကို ႀကိဳဆိုေၾကာင္း၊ သို႔ေသာ္လည္း ၾကားဝင္ေစ့စပ္မည့္ႏိုင္ငံက ဘက္လိုက္မႈ မရွိရန္ အေရးႀကီးသလို ဘက္တစ္ဖက္တည္းကို အခြင့္အေရးေပးျခင္းမ်ိဳး လက္မခံႏိုင္ေၾကာင္း ေျပာသည္။
ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးသည္ ၿပီးခဲ့သည့္ ရက္ပိုင္းက ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီးႏွင့္ ေတြ႕ဆုံ ေဆြးေႏြး ခ်ိန္အတြင္း ယင္းကဲ့သို႔ ေျပာဆိုခဲ့ျခင္းျဖစ္ သည္။ ထိုင္းႏွင့္ ကေမာၻဒီးယားႏိုင္ငံၾကား တိုက္႐ိုက္ ေတြ႕ဆုံေဆြးေႏြးမႈမ်ားမွ ပဋိပကၡမ်ားႏွင့္ပတ္သက္သည့္ တိက်မွန္ကန္သည့္ဆုံးျဖတ္ခ်က္ကို ရရွိမည္ျဖစ္ၿပီး ကေမာၻဒီးယားႏိုင္ငံအေနျဖင့္ တိုက္႐ိုက္ ေတြ႕ ဆုံေဆြးေႏြးမည့္ေျခလွမ္းမ်ိဳး စတင္ရမည္ျဖစ္ေၾကာင္း ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးက ေျပာသည္။
လက္ရွိျဖစ္ပြားေနေသာ နယ္စပ္ပဋိပကၡႏွင့္ပတ္သက္၍ ထိုင္းႏိုင္ငံ၏ရပ္တည္ခ်က္သည္ မၿငိမ္မသက္မႈမ်ားကို လႈံ႕ေဆာ္ျခင္းမဟုတ္ေၾကာင္း၊ ကေမာၻဒီးယားႏိုင္ငံအေနျဖင့္ အမွန္တကယ္ အပစ္အခတ္ရပ္စဲေရးအပါအဝင္ ၿငိမ္းခ်မ္း ေရးအတြက္ ၎၏အသင့္ျဖစ္မႈကို ျပသျခင္းျဖင့္ စစ္မွန္ေသာ ရည္႐ြယ္ခ်က္ကိုျပသရန္ လိုအပ္ေၾကာင္း ထိုင္း ႏိုင္ငံျခား ေရးဝန္ႀကီးက ေျပာသည္။ ထိုင္းႏွင့္ ကေမာၻဒီးယားႏိုင္ငံတို႔သည္ နယ္စပ္ေဒသအျငင္းပြားမႈမ်ားေၾကာင့္ ၿပီးခဲ့သည့္ ဇူလိုင္လအတြင္း တိုက္ပြဲမ်ား ျဖစ္ပြားခဲ့ေသာ္လည္း ထိုစဥ္အခ်ိန္က အေမရိကန္ သမၼတ၏ ၾကားဝင္ေစ့စပ္မႈမ်ားေၾကာင့္ ယာယီအပစ္ ခတ္ရပ္စဲေရးရရွိခဲ့ဖူးေသာ္လည္း အပစ္ခတ္ရပ္စဲေရး ပါအခ်က္မ်ားကိုခ်ိဳးေဖာက္သည္ဟု အျပန္အလွန္ စြပ္စြဲမႈမ်ားရွိခဲ့ၿပီးေနာက္ တင္းမာမႈမ်ားျဖစ္ပြားခဲ့ရ ေၾကာင္းသိရသည္။
ထိုင္းႏွင့္ ကေမာၻဒီးယားႏိုင္ငံၾကား လက္ရွိျဖစ္ပြားေနသည့္စစ္ပြဲအတြင္း စစ္သားမ်ား အပါအဝင္ လူေပါင္းရာ ခ်ီေသဆုံးကာ လူေပါင္းသိန္းခ်ီ ေနရပ္စြန႔္ခြာထြက္ေျပးေနရေၾကာင္း သိရသည္။