သန်လျင်နှင့်သာကေတ ဓာတ်အားပေးစက်ရုံစီမံကိန်းများမှ စုစုပေါင်းဓာတ်အား ပမာဏ ၅၀၀ မဂ္ဂါဝပ်အထိ တိုးမြှင့်ထုတ်လုပ်သွားမည်

 148

စိမ့် (NP News) - ဒီဇင်ဘာ ၂၀
သန်လျင်နှင့် သာကေတဓာတ်အားပေးစက်ရုံစီမံကိန်းများမှ စုစုပေါင်းဓာတ်အား ပမာဏ ၅၀၀ မဂ္ဂါဝပ်အထိ တိုးမြှင့်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင် ၏ အချက်အလက်များအရ သိရသည်။
လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌနှင့် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၁)၊ ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းက ယနေ့ ( ဒီဇင်ဘာ ၂၀ရက်) နံနက်ပိုင်းတွင် ပြည်သူလူထုနှင့် စက်မှုဇုန်များ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ပိုမိုထုတ်လုပ်ဖြည့်ဆည်းပေးနိုင်ရန်အတွက် စီမံဆောင်ရွက်နေသော သီလဝါဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် သဘာဝဓာတ်ငွေ့ရည် သိုလှောင်သင်္ဘော (Floating Storage Unit – FSU)၊ သဘာဝဓာတ်ငွေ့ရည်အား ဓာတ်ငွေ့ပြန်လည်ပြုလုပ်သော စက်ရုံ (Regasification Unit) နှင့် သန်လျင် ၂၀၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံမှ ကနဦးဓာတ်အား ပမာဏ ၁၅၀ မဂ္ဂါဝပ်ထုတ်လုပ်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့သွားရောက်စဉ် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌက လုပ်ငန်းလျာထားရက်များအလိုက် ဓာတ်အားပေးစက်ရုံများမှ ဓာတ်အားပမာဏ ၅၀၀ မဂ္ဂါဝပ်အထိ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်ပြောကြားခဲ့ကြောင်းသိရသည်။

ထို့ပြင် LNG သည် စျေးနှုန်းကြီးမြင့်သော စွမ်းအင်အရင်းအမြစ်ဖြစ်သည့်အတွက် လေလွင့်မှုနည်းပါးစေရေး၊ ဓာတ်အားပေးစက်များ စဉ်ဆက်မပြတ်မောင်းနှင်နိုင်ရေးနှင့် စက်စွမ်းရည်ကောင်းမွန်စေရေး အလေးထားဆောင်ရွက်ကြရန်နှင့် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အခက်အခဲများ လိုအပ်ချက်များရှိပါက အချိန်မီတင်ပြသွားရန်မှာကြားပြီး သန်လျင် ၂၀၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံမှ ကနဦး ဓာတ်အားပမာဏ ၁၅၀ မဂ္ဂါဝပ် ထုတ်လုပ်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
သာကေတနှင့် သန်လျင် LNG သုံး ဓာတ်အားပေးစက်ရုံများ လည်ပတ်မောင်းနှင်နိုင်ရန်အတွက် LNG သိုလှောင်သင်္ဘော FSU သီလဝါဆိပ်ကမ်းသို့ ရောက်ရှိဆိုက်ကပ်ခြင်း၊ ပြည်ပမှ LNG တင်သွင်းလာသည့် ပထမဆုံး LNG သင်္ဘော FSU ဘေးတွင် ရောက်ရှိဆိုက်ကပ်၍ LNG ဖြည့်တင်းပေးခြင်း၊ သဘာဝဓာတ်ငွေ့အရည်အား ဓာတ်ငွေ့ပြန်လည်ပြုလုပ်သောစက်ရုံ (Regasification Unit) ကို စမ်းသပ်မောင်းနှင်ခြင်းတို့ကို ဆောင်ရွက်ပြီးစီးခဲ့ပြီး ပထမ အဆင့်အနေဖြင့် ၄၀ မဂ္ဂါဝပ် စမ်းသပ်ထုတ်လုပ်ခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ (၁၇) ရက်မှစတင်၍ ဓာတ်အားပမာဏ ၁၅၀ မဂ္ဂါဝပ်အထိ တိုးမြှင့် ထုတ်လုပ်ပေးလျက်ရှိပြီး အဆိုပါစီမံကိန်းများမှ စုစုပေါင်းဓာတ်အား ပမာဏ ၅၀၀ မဂ္ဂါဝပ်အထိ တိုးမြှင့်ထုတ်လုပ်သွားမည်ဖြစ်၍ ပြည်သူလူထုနှင့် စက်မှုဇုန်များ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ပိုမိုထုတ်လုပ်ဖြည့်ဆည်းပေးနိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
သန္လ်င္ႏွင့္သာေကတ ဓာတ္အားေပးစက္႐ုံစီမံကိန္းမ်ားမွ စုစုေပါင္းဓာတ္အား ပမာဏ ၅၀၀ မဂၢါဝပ္အထိ တိုးျမႇင့္ထုတ္လုပ္သြားမည္
စိမ့္ (NP News) - ဒီဇင္ဘာ ၂၀
သန္လ်င္ႏွင့္ သာေကတဓာတ္အားေပးစက္႐ုံစီမံကိန္းမ်ားမွ စုစုေပါင္းဓာတ္အား ပမာဏ ၅၀၀ မဂၢါဝပ္အထိ တိုးျမႇင့္ထုတ္လုပ္သြားမည္ျဖစ္ေၾကာင္း လွ်ပ္စစ္ႏွင့္ စြမ္းအင္ဖြံ႕ၿဖိဳးေရးေကာ္မရွင္ ၏ အခ်က္အလက္မ်ားအရ သိရသည္။
လွ်ပ္စစ္ႏွင့္ စြမ္းအင္ဖြံ႕ၿဖိဳးေရးေကာ္မရွင္ဥကၠ႒ႏွင့္ ႏိုင္ငံေတာ္သမၼတ႐ုံးဝန္ႀကီးဌာန(၁)၊ ျပည္ေထာင္စုဝန္ႀကီး ဦးတင္ေအာင္စန္းက ယေန႔ ( ဒီဇင္ဘာ ၂၀ရက္) နံနက္ပိုင္းတြင္ ျပည္သူလူထုႏွင့္ စက္မႈဇုန္မ်ား၏ လွ်ပ္စစ္ဓာတ္အားလိုအပ္ခ်က္ကို ပိုမိုထုတ္လုပ္ျဖည့္ဆည္းေပးႏိုင္ရန္အတြက္ စီမံေဆာင္႐ြက္ေနေသာ သီလဝါဆိပ္ကမ္းတြင္ ဆိုက္ကပ္ထားသည့္ သဘာဝဓာတ္ေငြ႕ရည္ သိုေလွာင္သေဘၤာ (Floating Storage Unit – FSU)၊ သဘာဝဓာတ္ေငြ႕ရည္အား ဓာတ္ေငြ႕ျပန္လည္ျပဳလုပ္ေသာ စက္႐ုံ (Regasification Unit) ႏွင့္ သန္လ်င္ ၂၀၀ မဂၢါဝပ္ ဓာတ္အားေပးစက္႐ုံမွ ကနဦးဓာတ္အား ပမာဏ ၁၅၀ မဂၢါဝပ္ထုတ္လုပ္ေနမႈ အေျခအေနမ်ားကို သြားေရာက္ၾကည့္ရႈစစ္ေဆးခဲ့ေၾကာင္းသိရသည္။

ထိုသို႔သြားေရာက္စဥ္ လွ်ပ္စစ္ႏွင့္စြမ္းအင္ဖြံ႕ၿဖိဳးေရးေကာ္မရွင္ဥကၠ႒က လုပ္ငန္းလ်ာထားရက္မ်ားအလိုက္ ဓာတ္အားေပးစက္႐ုံမ်ားမွ ဓာတ္အားပမာဏ ၅၀၀ မဂၢါဝပ္အထိ ထုတ္လုပ္ႏိုင္ေရး ႀကိဳးပမ္းေဆာင္႐ြက္ရန္ေျပာၾကားခဲ့ေၾကာင္းသိရသည္။

ထို႔ျပင္ LNG သည္ ေစ်းႏႈန္းႀကီးျမင့္ေသာ စြမ္းအင္အရင္းအျမစ္ျဖစ္သည့္အတြက္ ေလလြင့္မႈနည္းပါးေစေရး၊ ဓာတ္အားေပးစက္မ်ား စဥ္ဆက္မျပတ္ေမာင္းႏွင္ႏိုင္ေရးႏွင့္ စက္စြမ္းရည္ေကာင္းမြန္ေစေရး အေလးထားေဆာင္႐ြက္ၾကရန္ႏွင့္ စီမံကိန္းအေကာင္အထည္ေဖာ္ေဆာင္႐ြက္ရာတြင္ အခက္အခဲမ်ား လိုအပ္ခ်က္မ်ားရွိပါက အခ်ိန္မီတင္ျပသြားရန္မွာၾကားၿပီး သန္လ်င္ ၂၀၀ မဂၢါဝပ္ ဓာတ္အားေပးစက္႐ုံမွ ကနဦး ဓာတ္အားပမာဏ ၁၅၀ မဂၢါဝပ္ ထုတ္လုပ္ေနမႈအေျခအေနကို ၾကည့္ရႈစစ္ေဆးခဲ့ေၾကာင္းသိရသည္။
သာေကတႏွင့္ သန္လ်င္ LNG သုံး ဓာတ္အားေပးစက္႐ုံမ်ား လည္ပတ္ေမာင္းႏွင္ႏိုင္ရန္အတြက္ LNG သိုေလွာင္သေဘၤာ FSU သီလဝါဆိပ္ကမ္းသို႔ ေရာက္ရွိဆိုက္ကပ္ျခင္း၊ ျပည္ပမွ LNG တင္သြင္းလာသည့္ ပထမဆုံး LNG သေဘၤာ FSU ေဘးတြင္ ေရာက္ရွိဆိုက္ကပ္၍ LNG ျဖည့္တင္းေပးျခင္း၊ သဘာဝဓာတ္ေငြ႕အရည္အား ဓာတ္ေငြ႕ျပန္လည္ျပဳလုပ္ေသာစက္႐ုံ (Regasification Unit) ကို စမ္းသပ္ေမာင္းႏွင္ျခင္းတို႔ကို ေဆာင္႐ြက္ၿပီးစီးခဲ့ၿပီး ပထမ အဆင့္အေနျဖင့္ ၄၀ မဂၢါဝပ္ စမ္းသပ္ထုတ္လုပ္ခဲ့ေၾကာင္းသိရသည္။

ၿပီးခဲ့သည့္ ဒီဇင္ဘာ (၁၇) ရက္မွစတင္၍ ဓာတ္အားပမာဏ ၁၅၀ မဂၢါဝပ္အထိ တိုးျမႇင့္ ထုတ္လုပ္ေပးလ်က္ရွိၿပီး အဆိုပါစီမံကိန္းမ်ားမွ စုစုေပါင္းဓာတ္အား ပမာဏ ၅၀၀ မဂၢါဝပ္အထိ တိုးျမႇင့္ထုတ္လုပ္သြားမည္ျဖစ္၍ ျပည္သူလူထုႏွင့္ စက္မႈဇုန္မ်ား၏ လွ်ပ္စစ္ဓာတ္အားလိုအပ္ခ်က္ကို ပိုမိုထုတ္လုပ္ျဖည့္ဆည္းေပးႏိုင္ေရး အေလးထားေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.