ဗင်နီဇွဲလားကို ဝင်ရောက်တိုက်ခိုက်ရန် လွှတ်တော်၏ခွင့်ပြုချက် မလိုအပ်ဟု အမေရိကန်သမ္မတပြော

 108

Pika (NP News) - ဒီဇင်ဘာ ၂၁
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗင်နီဇွဲလားနိုင်ငံ၏ ကုန်းမြေပိုင်းကို ဝင်ရောက်တိုက်ခိုက်ရန် လွှတ်တော် ၏ ခွင့်ပြုချက် ယူရန်မလိုအပ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။ အမေရိကန်အစိုးရက ဗင်နီဇွဲလားသမ္မတနှင့် အစိုးရအဖွဲ့ကို မူးယစ်ဆေးဝါးမှောင်ခို လုပ်ငန်းများ လုပ်ကိုင်နေသည်ဟု စွပ်စွဲပြောဆိုပြီး ကာရေဗီယံပင် လယ် အတွင်းတွင် ဗင်နီဇွဲလားနိုင်ငံ၏ မူးယစ်ဆေးဝါးလုပ်ငန်းနှင့်ဆက်နွှယ်သည်ဟု သံသယရှိသည့်သင်္ဘောများကို တိုက် ခိုက်ခြင်းများရှိနေကြောင်းသိရသည်။
အမေရိကန်သမ္မတက ‘ကျွန်တော့်အနေနဲ့ အဲဒီလွှတ်တော်ကိုယ်စားလှယ်တွေကို ပြောမယ်ဆိုရင် အဆင်ပြေ မှာမဟုတ်ဘူး။ အဲဒီအတွက်သူတို့ကိုပြောမှာမဟုတ်ဘူး’ ဟု ပြောသည်။ အမေရိကန် စစ်သင်္ဘောများသည် ပြီးခဲ့သည့် စက်တင်ဘာလ နောက်ပိုင်းတည်းက စတင်ပြီး ကာရေဘီယံ ပင်လယ်နှင် ပစိဖိတ်သမုဒ္ဒရာအတွင်းတွင် ဗင်နီဇွဲလား နိုင်ငံနှင့် မူးယစ်ဆေးဝါးလုပ်ငန်းနှင့် ဆက်နွှယ်သည်ဟု သံသယရှိသည့် သင်္ဘောများကိုတိုက်ခိုက်ခဲ့ရာ လက်ရှိအချိန်တွင် လူပေါင်း (၉၉) ဦးသေဆုံးထား ကြောင်းသိသည်။
ဗင်နီဇွဲလားနိုင်ငံ သမ္မတ မာဒူရိုက အမေရိကန်နိုင်ငံ၏ လုပ်ရပ်သည် မူးယစ်ဆေးဝါးများကို ရပ်တန့်ရန်ထက် ဗင်နီဇွဲလားအစိုးရအဖွဲ့ အပြောင်း အလဲ ဖြစ်စေရန် ရည်ရွယ်နေကြောင်း စွပ်စွဲထားသည်။
အမေရိကန်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင် သမ္မတသည် ကာကွယ်ရေးဦးစီးချုပ်ဖြစ်သည်ဟု ဖော်ပြ ထားပြီး စစ်ပွဲကြေညာမှုနှင့်ပတ်သက်ပြီး လွှတ်တော်အတွင်းရှိ အတိုက်အခံပါတီဖြစ်သည့် ဒီမို ကရက် တစ်ပါတီ အမတ်များက ကန့်ကွက်နိုင်သော်လည်း လွှတ်တော်အတွင်းရှိ အာဏာရပါတီဖြစ်သည့် ရီပတ်ဘလီ ကန်ပါတီ အမတ်များက ထောက်ခံဖွယ်ရှိ သည်ဟု သုံးသပ်မှုများရှိနေသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် လွှတ်တော်၏ ခွင့်ပြုချက်မရှိဘဲ ဗင်နီဇွဲလားနိုင်ငံကို တိုက်ခိုက် မည်ဆိုလျှင်အကန့်အသတ်ဖြင့်သာ တိုက်ခိုက်ဖွယ်ရှိနေသလို ယာယီသဘောမျိုး တိုက်ခိုက်ဖွယ် ရှိသည်ဟု သုံးသပ်မှု များရှိနေသည်။ အမေရိကန်စစ် သင်္ဘောများက ဗင်နီဇွဲလားမူးယစ်ဆေးဝါးလုပ်ငန်းများနှင့် ဆက်နွှယ်သည်ဟု သံသယ ရှိသည့် သင်္ဘောများကိုတိုက်ခိုက်ခဲ့ခြင်းနှင့်ပတ်သက်ပြီး လက်ရှိအချိန်တွင် လွှတ်တော်အတွင်း ဝေဖန်မှုများရှိ နေ ကြောင်း သိရသည်။
အမေရိကန်နိုင်ငံတွင် ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာခဲ့ပြီးနောက်ပိုင်း ဗင်နီဇွဲလားနိုင်ငံနှင့် တင်းမာမှုအရှိန် ပိုမိုမြင့်တက်လာခဲ့ကြောင်း သိရသည်။

Related news

© 2021. All rights reserved.