MAC Cosmetics ကုမ္ပဏီ၏ ကမ္ဘာလုံးဆိုင်ရာသံတမန်အသစ်အဖြစ် ခန့်အပ်ခံခဲ့ရသည့် MEOVV အဖွဲ့ဝင် အယ်လာ

90

Pika (NP News) - ဒီဇင်ဘာ ၂၁
တောင်ကိုရီးယားအမျိုးသမီးအဆိုတော်အဖွဲ့ MEOVV ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ အယ်လာသည် MAC Cosmetics ကုမ္ပဏီ၏ ကမ္ဘာလုံးဆိုင်ရာ သံတမန်အသစ်အဖြစ် ခန့်အပ်ခံခဲ့ရကြောင်းသိရသည်။ အယ်လာကို ၎င်းတို့၏ကမ္ဘာလုံး ဆိုင်ရာအမှတ် တံဆိပ်သံတမန်အဖြစ် ခန့်အပ်မှုကို MAC Cosmetics ကုမ္ပဏီက အင်စတာဂရမ်မှတစ်ဆင့် ထုတ်ပြန် ကြေညာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။အဆိုပါပို့စ်တွင် အယ်လာ၏ MAC နှုတ်ခမ်းနီကို ကိုင်ဆောင်ထားသည့် ဓာတ်ပုံ လည်းပါဝင်ပြီး အယ်လာ၏ လှပသန့်ရှင်းသည့်ရုပ်ရည်၊ စတိုင်ကျသည့် မျက်နှာအနေအထားများကို အနီးကပ်ရိုက်ကာ ပြသထားကြောင်းသိရသည်။
ထို့ပြင် အယ်လာကို MAC Cosmetics ကုမ္ပဏီ၏ ကမ္ဘာလုံးဆိုင်ရာသံတမန်အသစ်အဖြစ် ခန့်အပ်မှုကို ပရိသတ် အများအပြားက ချီးကျူး စကားပြောဆိုခဲ့ပြီး မှတ်ချက်အများအပြား ပေးခဲ့ကြ ကြောင်းလည်းသိရသည်။ ပရိသတ်တစ်ဦး က ‘အယ်လာနဲ့ MAC Cosmetics ကုမ္ပဏီတို့ရဲ့ ပေါင်းစပ်မှုက လုံးဝကိုပြီးပြည့်စုံတဲ့ ပေါင်းစပ်မှုတစ်ခု ပဲဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့လည်း အယ်လာက သူမတူထူးခြားတဲ့စတိုင်ရှိတဲ့မိန်းကလေး ဒါမှမဟုတ် ဖက်ရှင်လောကရဲ့ မော်ဒယ် တစ်ဦးလို့ သတ်မှတ်ခံ ထားရတာပဲဖြစ်ပါတယ်’ဟုရေးသားဖော်ပြခဲ့သည်။
ထို့ပြင် အယ်လာကို MAC Cosmetics ကုမ္ပဏီ၏ မိသားစုဝင်တစ်ဦးအဖြစ် ကြိုဆိုခွင့်ရသည့်အတွက် ဝမ်းသာ မိကြောင်းနှင့် အယ်လာနှင့်အတူ နောက်ထပ်ထုတ်ကုန်အသစ်များကို ကြော်ငြာနိုင်ရန် အတွက် အကောင်းဆုံးကြိုးပမ်း သွားမည်ဖြစ်ကြောင်း MAC Cosmetics ကုမ္ပဏီ၏တာဝန်ရှိသူတစ်ဦးက ထုတ်ပြန်ပြောကြားခဲ့သည်။

Zawgyi Version:
MAC Cosmetics ကုမၸဏီ၏ ကမာၻလုံးဆိုင္ရာသံတမန္အသစ္အျဖစ္ ခန႔္အပ္ခံခဲ့ရသည့္ MEOVV အဖြဲ႕ဝင္ အယ္လာ
Pika (NP News) - ဒီဇင္ဘာ ၂၁
ေတာင္ကိုရီးယားအမ်ိဳးသမီးအဆိုေတာ္အဖြဲ႕ MEOVV ၏ အဖြဲ႕ဝင္တစ္ဦးျဖစ္သူ အယ္လာသည္ MAC Cosmetics ကုမၸဏီ၏ ကမာၻလုံးဆိုင္ရာ သံတမန္အသစ္အျဖစ္ ခန႔္အပ္ခံခဲ့ရေၾကာင္းသိရသည္။ အယ္လာကို ၎တို႔၏ကမာၻလုံး ဆိုင္ရာအမွတ္ တံဆိပ္သံတမန္အျဖစ္ ခန႔္အပ္မႈကို MAC Cosmetics ကုမၸဏီက အင္စတာဂရမ္မွတစ္ဆင့္ ထုတ္ျပန္ ေၾကညာခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။အဆိုပါပို႔စ္တြင္ အယ္လာ၏ MAC ႏႈတ္ခမ္းနီကို ကိုင္ေဆာင္ထားသည့္ ဓာတ္ပုံ လည္းပါဝင္ၿပီး အယ္လာ၏ လွပသန႔္ရွင္းသည့္႐ုပ္ရည္၊ စတိုင္က်သည့္ မ်က္ႏွာအေနအထားမ်ားကို အနီးကပ္႐ိုက္ကာ ျပသထားေၾကာင္းသိရသည္။
ထို႔ျပင္ အယ္လာကို MAC Cosmetics ကုမၸဏီ၏ ကမာၻလုံးဆိုင္ရာသံတမန္အသစ္အျဖစ္ ခန႔္အပ္မႈကို ပရိသတ္ အမ်ားအျပားက ခ်ီးက်ဴး စကားေျပာဆိုခဲ့ၿပီး မွတ္ခ်က္အမ်ားအျပား ေပးခဲ့ၾက ေၾကာင္းလည္းသိရသည္။ ပရိသတ္တစ္ဦး က ‘အယ္လာနဲ႔ MAC Cosmetics ကုမၸဏီတို႔ရဲ႕ ေပါင္းစပ္မႈက လုံးဝကိုၿပီးျပည့္စုံတဲ့ ေပါင္းစပ္မႈတစ္ခု ပဲျဖစ္ပါတယ္။ အဲဒါေၾကာင့္မို႔လို႔လည္း အယ္လာက သူမတူထူးျခားတဲ့စတိုင္ရွိတဲ့မိန္းကေလး ဒါမွမဟုတ္ ဖက္ရွင္ေလာကရဲ႕ ေမာ္ဒယ္ တစ္ဦးလို႔ သတ္မွတ္ခံ ထားရတာပဲျဖစ္ပါတယ္’ဟုေရးသားေဖာ္ျပခဲ့သည္။
ထို႔ျပင္ အယ္လာကို MAC Cosmetics ကုမၸဏီ၏ မိသားစုဝင္တစ္ဦးအျဖစ္ ႀကိဳဆိုခြင့္ရသည့္အတြက္ ဝမ္းသာ မိေၾကာင္းႏွင့္ အယ္လာႏွင့္အတူ ေနာက္ထပ္ထုတ္ကုန္အသစ္မ်ားကို ေၾကာ္ျငာႏိုင္ရန္ အတြက္ အေကာင္းဆုံးႀကိဳးပမ္း သြားမည္ျဖစ္ေၾကာင္း MAC Cosmetics ကုမၸဏီ၏တာဝန္ရွိသူတစ္ဦးက ထုတ္ျပန္ေျပာၾကားခဲ့သည္။