မင်းဘူးခရိုင်တစ်ခုတည်းတွင် စိုက်ပျိုးသီးနှံများ ပန်းတိုင်ရည်မှန်းချက်မပြည့်ခြင်းကြောင့် ဘီလျံ(၅၀၀)ကျော် ဝင်ငွေလျော့နည်း

156

သန့်ဇင် (NP News) - ဒီဇင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်တစ်ခုတည်းအနေဖြင့် စိုက်ပျိုးသီးနှံများ ပန်းတိုင်ရည်မှန်းချက်မပြည့်မီခြင်းကြောင့် ဝင်ငွေလျော့ နည်းမှု (၅၀၀) ဘီလျံကျော်ခန့်ရှိကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်က ပြောကြားခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန့်နေ့(ဒီဇင်ဘာ ၂၀ ရက်) နံနက်ပိုင်းက မင်းဘူးမြို့ သာသနာ့ဗိမာန်တော်ရှိ မင်းဘူးဦး ဩဘာသခန်းမ၌ မင်းဘူးမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပြောကြားစဉ် အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မင်းဘူးဒေသတွင် ပဲနှင့် ဝါကို အဓိကထားစိုက်ပျိုးကြသည်ကို တွေ့ရှိရပြီး ဆန်ဖူလုံမှုရှိသည့် ဒေသလည်းဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင် စိုက်ပျိုးဆောင်ရွက်နိုင်မည်ဆိုပါက ယခုထက်ပိုမိုအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
မင်းဘူးခရိုင်တစ်ခုတည်းအနေဖြင့် စိုက်ပျိုးသီးနှံများ ပန်းတိုင်ရည်မှန်းချက်မပြည့်မီခြင်းကြောင့် ဝင်ငွေလျော့နည်းမှုမှာ (၅၀၀) ဘီလျံ ကျော်ခန့်ရှိကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ထို့ကြောင့် ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင်ဆောင်ရွက်ခြင်းဖြင့် ဒေသ၏ စီးပွားရေးကို များစွာပြောင်းလဲသွားစေနိုင်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
အဓိကအားဖြင့် ယခုဒေသတွင် စိုက်ပျိုးဖြစ်ထွန်းသည့် ဝါများစိုက်ပျိုးရာတွင် တစ်ဧကပန်းတိုင်ရည်မှန်းချက်ပြည့်မီရေး ဆောင်ရွက်သွားရန်လိုကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းခဲ့သည်။
မိမိတို့နိုင်ငံတွင် ဝါစိုက်ပျိုးမှုဧက (၅) သိန်းခန့်ရှိပြီး ဝါအထွက်နှုန်းကောင်းမွန်အောင် စိုက်ပျိုးထုတ်လုပ်နိုင်မည်ဆိုပါက ပြည်တွင်းချည်ချောထုတ်လုပ်မှုများကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

Zawgyi Version:
မင္းဘူးခ႐ိုင္တစ္ခုတည္းတြင္ စိုက္ပ်ိဳးသီးႏွံမ်ား ပန္းတိုင္ရည္မွန္းခ်က္မျပည့္ျခင္းေၾကာင့္ ဘီလ်ံ(၅၀၀)ေက်ာ္ ဝင္ေငြေလ်ာ့နည္း
သန႔္ဇင္ (NP News) - ဒီဇင္ဘာ ၂၁
မေကြးတိုင္းေဒသႀကီး၊ မင္းဘူးခ႐ိုင္တစ္ခုတည္းအေနျဖင့္ စိုက္ပ်ိဳးသီးႏွံမ်ား ပန္းတိုင္ရည္မွန္းခ်က္မျပည့္မီျခင္းေၾကာင့္ ဝင္ေငြေလ်ာ့ နည္းမႈ (၅၀၀) ဘီလ်ံေက်ာ္ခန႔္ရွိေၾကာင္း ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္း ေအာင္လႈိင္က ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ယမန႔္ေန႔(ဒီဇင္ဘာ ၂၀ ရက္) နံနက္ပိုင္းက မင္းဘူးၿမိဳ႕ သာသနာ့ဗိမာန္ေတာ္ရွိ မင္းဘူးဦး ဩဘာသခန္းမ၌ မင္းဘူးၿမိဳ႕ရွိ ဌာနဆိုင္ရာတာဝန္ရွိသူမ်ား၊ ရပ္မိရပ္ဖမ်ား၊ အေသးစား၊ အငယ္စားႏွင့္ အလတ္စား (MSME) စီးပြားေရးလုပ္ငန္းရွင္မ်ားႏွင့္ေတြ႕ဆုံ၍ ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးေဆြးေႏြးေျပာၾကားစဥ္ အထက္ပါကဲ့သို႔ေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
မင္းဘူးေဒသတြင္ ပဲႏွင့္ ဝါကို အဓိကထားစိုက္ပ်ိဳးၾကသည္ကို ေတြ႕ရွိရၿပီး ဆန္ဖူလုံမႈရွိသည့္ ေဒသလည္းျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
ပန္းတိုင္ရည္မွန္းခ်က္အတိုင္း ထြက္ရွိေအာင္ စိုက္ပ်ိဳးေဆာင္႐ြက္ႏိုင္မည္ဆိုပါက ယခုထက္ပိုမိုအက်ိဳးျဖစ္ထြန္းေစမည္ျဖစ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
မင္းဘူးခ႐ိုင္တစ္ခုတည္းအေနျဖင့္ စိုက္ပ်ိဳးသီးႏွံမ်ား ပန္းတိုင္ရည္မွန္းခ်က္မျပည့္မီျခင္းေၾကာင့္ ဝင္ေငြေလ်ာ့နည္းမႈမွာ (၅၀၀) ဘီလ်ံ ေက်ာ္ခန႔္ရွိေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
ထို႔ေၾကာင့္ ပန္းတိုင္ရည္မွန္းခ်က္ျပည့္မီေအာင္ေဆာင္႐ြက္ျခင္းျဖင့္ ေဒသ၏ စီးပြားေရးကို မ်ားစြာေျပာင္းလဲသြားေစႏိုင္မည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဆိုသည္။
အဓိကအားျဖင့္ ယခုေဒသတြင္ စိုက္ပ်ိဳးျဖစ္ထြန္းသည့္ ဝါမ်ားစိုက္ပ်ိဳးရာတြင္ တစ္ဧကပန္းတိုင္ရည္မွန္းခ်က္ျပည့္မီေရး ေဆာင္႐ြက္သြားရန္လိုေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က တိုက္တြန္းခဲ့သည္။
မိမိတို႔ႏိုင္ငံတြင္ ဝါစိုက္ပ်ိဳးမႈဧက (၅) သိန္းခန႔္ရွိၿပီး ဝါအထြက္ႏႈန္းေကာင္းမြန္ေအာင္ စိုက္ပ်ိဳးထုတ္လုပ္ႏိုင္မည္ဆိုပါက ျပည္တြင္းခ်ည္ေခ်ာထုတ္လုပ္မႈမ်ားကို ပိုမိုတိုးျမႇင့္ေဆာင္႐ြက္သြားႏိုင္မည္ျဖစ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။