ပိတ်ဆို့မှုများရှိနေသော်လည်း ရေနံတင်ပို့မှုများက ပုံမှန်အတိုင်းလည်ပတ်နေကြောင်း ဗင်နီဇွဲလားအစိုးရပြော

 138

Pika (NP News) - ဒီဇင်ဘာ ၂၁

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ရေနံပိတ်ဆို့မှုကြေညာချက်သည် ဗင်နီဇွဲလားနိုင်ငံ၏ ရေနံ စိမ်းတင်ပို့မှု များအပေါ် သက်ရောက်မှုများမရှိကြောင်း ဗင်နီဇွဲလားနိုင်ငံပိုင်ရေနံကုမ္ပဏီတစ်ခုက ထုတ်ပြန်ပြောကြားခဲ့သည်။ ဗင်နီဇွဲ လားနိုင်ငံပိုင်ရေနံကုမ္ပဏီ Petroleos de Venezuela (PDVSA) က ‘‘ရေနံ စိမ်းနဲ့ထွက်ကုန်တွေ တင်ပို့မှုလုပ်ငန်းတွေက ပုံမှန်အတိုင်း ဆက်လက်လည်ပတ်နေပါတယ်။ PDVSA လုပ်ငန်းတွေနဲ့ဆက်စပ်တဲ့ ရေနံတင်သင်္ဘောတွေဟာ ပုံမှန် အတိုင်း ဆက်လက်သွားလာနေပါတယ်’ဟု ပြောဆိုခဲ့သည်။
ဗင်နီဇွဲလားနိုင်ငံသို့ဝင်ထွက်နေသည့် ပိတ်ဆို့အရေးယူမှုများခံထားရသော ရေနံတင်သင်္ဘော အားလုံးကို လုံးဝ ပိတ်ဆို့မှုများလုပ်ဆောင်သွားမည်ဟု ဒေါ်နယ်ထရမ့်က ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ယခုကဲ့သို့ ပြောဆိုချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။ ထို့ပြင် ဗင်နီဇွဲလားနိုင်ငံကို သမိုင်းတစ်လျှောက် မြင်ဖူးသမျှထဲတွင် အကြီးမားဆုံး အမေရိ ကန်ရေတပ် ကြီးကဝန်းရံထားကြောင်း ဒေါ်နယ်ထရမ့်က သတိပေးပြောဆိုခဲ့သည်။
ဗင်နီဇွဲလားနိုင်ငံ၏ ပျက်စီးယိုယွင်းနေ သောစီးပွားရေးသည် ရေနံတင်ပို့မှုများအပေါ် ကြီး ကြီးမားမားမှီခိုနေရပြီး ဒေါ်နယ်ထရမ့်၏လုပ်ရပ်များက ဗင်နီဇွဲလားကို ဖိအားကြီးကြီးမားမားပေးနိုင်ရန် လုပ်ဆောင်နေခြင်းဖြစ်နိုင်ဖွယ်ရှိ ကြောင်း ကျွမ်းကျင် သူများကပြောကြားထားသည်။ PDVSA က ‘ဒေါ် နယ်ထရမ့်ရဲ့ပိတ်ဆို့မှုတွေက ကျွန်တော်တို့ရဲ့ လုပ် ငန်းလည်ပတ်မှုစွမ်းရည်တွေနဲ့ ရေနံတင်ပို့မှုစွမ်းရည်တွေကို ထိခိုက်စေနိုင်မှာမဟုတ်ပါဘူး’ဟုပြောဆိုခဲ့သည်။

Zawgyi Version:
ပိတ္ဆို႔မႈမ်ားရွိေနေသာ္လည္း ေရနံတင္ပို႔မႈမ်ားက ပုံမွန္အတိုင္းလည္ပတ္ေနေၾကာင္း ဗင္နီဇြဲလားအစိုးရေျပာ
Pika (NP News) - ဒီဇင္ဘာ ၂၁
အေမရိကန္သမၼတေဒၚနယ္ထရမ့္၏ ေရနံပိတ္ဆို႔မႈေၾကညာခ်က္သည္ ဗင္နီဇြဲလားႏိုင္ငံ၏ ေရနံ စိမ္းတင္ပို႔မႈ မ်ားအေပၚ သက္ေရာက္မႈမ်ားမရွိေၾကာင္း ဗင္နီဇြဲလားႏိုင္ငံပိုင္ေရနံကုမၸဏီတစ္ခုက ထုတ္ျပန္ေျပာၾကားခဲ့သည္။ ဗင္နီဇြဲ လားႏိုင္ငံပိုင္ေရနံကုမၸဏီ Petroleos de Venezuela (PDVSA) က ‘‘ေရနံ စိမ္းနဲ႔ထြက္ကုန္ေတြ တင္ပို႔မႈလုပ္ငန္းေတြက ပုံမွန္အတိုင္း ဆက္လက္လည္ပတ္ေနပါတယ္။ PDVSA လုပ္ငန္းေတြနဲ႔ဆက္စပ္တဲ့ ေရနံတင္သေဘၤာေတြဟာ ပုံမွန္ အတိုင္း ဆက္လက္သြားလာေနပါတယ္’ဟု ေျပာဆိုခဲ့သည္။
ဗင္နီဇြဲလားႏိုင္ငံသို႔ဝင္ထြက္ေနသည့္ ပိတ္ဆို႔အေရးယူမႈမ်ားခံထားရေသာ ေရနံတင္သေဘၤာ အားလုံးကို လုံးဝ ပိတ္ဆို႔မႈမ်ားလုပ္ေဆာင္သြားမည္ဟု ေဒၚနယ္ထရမ့္က ထုတ္ျပန္ေၾကညာခဲ့ၿပီးေနာက္ ယခုကဲ့သို႔ ေျပာဆိုခ်က္မ်ား ထြက္ေပၚလာျခင္းျဖစ္သည္။ ထို႔ျပင္ ဗင္နီဇြဲလားႏိုင္ငံကို သမိုင္းတစ္ေလွ်ာက္ ျမင္ဖူးသမွ်ထဲတြင္ အႀကီးမားဆုံး အေမရိ ကန္ေရတပ္ ႀကီးကဝန္းရံထားေၾကာင္း ေဒၚနယ္ထရမ့္က သတိေပးေျပာဆိုခဲ့သည္။
ဗင္နီဇြဲလားႏိုင္ငံ၏ ပ်က္စီးယိုယြင္းေန ေသာစီးပြားေရးသည္ ေရနံတင္ပို႔မႈမ်ားအေပၚ ႀကီး ႀကီးမားမားမွီခိုေနရၿပီး ေဒၚနယ္ထရမ့္၏လုပ္ရပ္မ်ားက ဗင္နီဇြဲလားကို ဖိအားႀကီးႀကီးမားမားေပးႏိုင္ရန္ လုပ္ေဆာင္ေနျခင္းျဖစ္ႏိုင္ဖြယ္ရွိ ေၾကာင္း ကြၽမ္းက်င္ သူမ်ားကေျပာၾကားထားသည္။ PDVSA က ‘ေဒၚ နယ္ထရမ့္ရဲ႕ပိတ္ဆို႔မႈေတြက ကြၽန္ေတာ္တို႔ရဲ႕ လုပ္ ငန္းလည္ပတ္မႈစြမ္းရည္ေတြနဲ႔ ေရနံတင္ပို႔မႈစြမ္းရည္ေတြကို ထိခိုက္ေစႏိုင္မွာမဟုတ္ပါဘူး’ဟုေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.