တရုတ်(တိုင်ပေ)ကျွန်းအတွက် ဒေါ်လာ(၁၁)ဘီလျံကျော်တန် စစ်လက်နက်ပစ္စည်း ပက်ကေ့ချ်အသစ်ကို အမေရိကန် အတည်ပြု

81

Pika (NP News) - ဒီဇင်ဘာ ၂၁
တရုတ်(တိုင်ပေ)ကျွန်းသို့ အမေရိကန်ဒေါ်လာ(၁၁ ဒသမ ၁)ဘီလျံတန်ဖိုးရှိ စစ်လက်နက်ပစ္စည်း ရောင်းချမှုများ ကို အမေရိကန်က အတည်ပြုပေးခဲ့ ကြောင်းသိရသည်။ တရုတ်(တိုင်ပေ)ကျွန်းအပေါ် တရုတ်၏ စစ်ရေးအရဖိအားပေး မှုများ တိုးမြင့်လာနေသည့်အချိန်တွင် အဆိုပါအတည်ပြုချက်များထွက် ပေါ်လာခြင်းဖြစ်ပြီး ယင်းရောင်းချမှုသည် တရုတ် (တိုင်ပေ)ကျွန်းအတွက် အမေရိကန်၏ အကြီးမားဆုံး စစ်လက်နက်ပစ္စည်းရောင်းချမှုတစ်ခု ဖြစ်လာမည်ဖြစ် ကြောင်းလည်းသိရသည်။
တရုတ်(တိုင်ပေ)ကျွန်းအတွက် စစ်လက် နက်ပစ္စည်းရောင်းချပေးမည့် အမေရိကန်၏အစီအ စဉ်သည် အမေရိ ကန်သမ္မတဒေါ်နယ်ထရမ့်၏လက် ရှိအစိုးရက တရုတ်(တိုင်ပေ)ကျွန်းအတွက် ဒုတိယအကြိမ် မြောက်ထုတ်ပြန်ကြေညာ ခဲ့သည့် စစ်လက်နက်ပစ္စည်းရောင်းချမှုတစ်ခုဖြစ်ကြောင်းလည်းသိရသည်။ အဆိုပြုထားသော စစ်လက်နက်ပစ္စည်း ရောင်း ချမှုတွင် HIMARS ရော့ကတ်စနစ်များ၊ ဟောင်ဝစ် ဇာအမြောက်များ၊ Javelin တင့်ကားဖျက်ဒုံးကျည်များ၊ စစ်လက်နက်ပစ္စည်းများတပ်ဆင်ထားသည့် ဒရုန်းများနှင့် အခြားစစ်လက်နက်ပစ္စည်းကိရိယာများအတွက် အစိတ် အပိုင်းများအပါအဝင် ပစ္စည်း(၈)မျိုး ပါဝင်ကြောင်း တရုတ်(တိုင်ပေ) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြော ကြားခဲ့ သည်။
တရုတ်(တိုင်ပေ)ကာကွယ်ရေးဝန်ကြီးဌာ နက ‘လုံလောက်တဲ့ကိုယ်ပိုင်ကာကွယ်ရေးစွမ်းရည် တွေထိန်းသိမ်း နိုင်ဖို့၊ အားကောင်းတဲ့ ဟန့်တားနိုင်စွမ်းကို အလျင်အမြန်တည်ဆောက်နိုင်ဖို့နဲ့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကို ထိန်းသိမ်းနိုင်ဖို့အ တွက် စစ်ပွဲအားသာချက်တွေကိုအသုံးချရာမှာ တရုတ်(တိုင်ပေ)ကျွန်းကို အမေရိကန်က ဆက်လက်ကူ ညီပေးလျက်ရှိပါတယ်’ဟုပြောဆိုခဲ့သည်။
အဆိုပါအစီအစဉ်သည် လက်ရှိအချိန်တွင် လွှတ်တော်သို့ရောက်ရှိနေပြီဖြစ်ပြီး ပါတီပေါင်းစုံ ထောက်ခံမှုကို ကျယ်ကျယ်ပြန့်ပြန့်ရရှိထားသော်လည်း လွှတ်တော်က ရောင်းချမှုကိုပိတ်ဆို့ရန် သို့မဟုတ် ပြောင်းလဲရန် အခွင့်အရေး များရှိကြောင်း တရုတ်(တိုင်ပေ)ကာကွယ်ရေးဝန်ကြီးဌာနက ပြော ကြားခဲ့သည်။

Zawgyi Version:
တ႐ုတ္(တိုင္ေပ)ကြၽန္းအတြက္ ေဒၚလာ(၁၁)ဘီလ်ံေက်ာ္တန္ စစ္လက္နက္ပစၥည္း ပက္ေက့ခ်္အသစ္ကို အေမရိကန္ အတည္ျပဳ
Pika (NP News) - ဒီဇင္ဘာ ၂၁
တ႐ုတ္(တိုင္ေပ)ကြၽန္းသို႔ အေမရိကန္ေဒၚလာ(၁၁ ဒသမ ၁)ဘီလ်ံတန္ဖိုးရွိ စစ္လက္နက္ပစၥည္း ေရာင္းခ်မႈမ်ား ကို အေမရိကန္က အတည္ျပဳေပးခဲ့ ေၾကာင္းသိရသည္။ တ႐ုတ္(တိုင္ေပ)ကြၽန္းအေပၚ တ႐ုတ္၏ စစ္ေရးအရဖိအားေပး မႈမ်ား တိုးျမင့္လာေနသည့္အခ်ိန္တြင္ အဆိုပါအတည္ျပဳခ်က္မ်ားထြက္ ေပၚလာျခင္းျဖစ္ၿပီး ယင္းေရာင္းခ်မႈသည္ တ႐ုတ္ (တိုင္ေပ)ကြၽန္းအတြက္ အေမရိကန္၏ အႀကီးမားဆုံး စစ္လက္နက္ပစၥည္းေရာင္းခ်မႈတစ္ခု ျဖစ္လာမည္ျဖစ္ ေၾကာင္းလည္းသိရသည္။
တ႐ုတ္(တိုင္ေပ)ကြၽန္းအတြက္ စစ္လက္ နက္ပစၥည္းေရာင္းခ်ေပးမည့္ အေမရိကန္၏အစီအ စဥ္သည္ အေမရိ ကန္သမၼတေဒၚနယ္ထရမ့္၏လက္ ရွိအစိုးရက တ႐ုတ္(တိုင္ေပ)ကြၽန္းအတြက္ ဒုတိယအႀကိမ္ ေျမာက္ထုတ္ျပန္ေၾကညာ ခဲ့သည့္ စစ္လက္နက္ပစၥည္းေရာင္းခ်မႈတစ္ခုျဖစ္ေၾကာင္းလည္းသိရသည္။ အဆိုျပဳထားေသာ စစ္လက္နက္ပစၥည္း ေရာင္း ခ်မႈတြင္ HIMARS ေရာ့ကတ္စနစ္မ်ား၊ ေဟာင္ဝစ္ ဇာအေျမာက္မ်ား၊ Javelin တင့္ကားဖ်က္ဒုံးက်ည္မ်ား၊ စစ္လက္နက္ပစၥည္းမ်ားတပ္ဆင္ထားသည့္ ဒ႐ုန္းမ်ားႏွင့္ အျခားစစ္လက္နက္ပစၥည္းကိရိယာမ်ားအတြက္ အစိတ္ အပိုင္းမ်ားအပါအဝင္ ပစၥည္း(၈)မ်ိဳး ပါဝင္ေၾကာင္း တ႐ုတ္(တိုင္ေပ) ကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာ ၾကားခဲ့ သည္။
တ႐ုတ္(တိုင္ေပ)ကာကြယ္ေရးဝန္ႀကီးဌာ နက ‘လုံေလာက္တဲ့ကိုယ္ပိုင္ကာကြယ္ေရးစြမ္းရည္ ေတြထိန္းသိမ္း ႏိုင္ဖို႔၊ အားေကာင္းတဲ့ ဟန႔္တားႏိုင္စြမ္းကို အလ်င္အျမန္တည္ေဆာက္ႏိုင္ဖို႔နဲ႔ ေဒသတြင္း ၿငိမ္းခ်မ္းေရးနဲ႔တည္ၿငိမ္ေရးကို ထိန္းသိမ္းႏိုင္ဖို႔အ တြက္ စစ္ပြဲအားသာခ်က္ေတြကိုအသုံးခ်ရာမွာ တ႐ုတ္(တိုင္ေပ)ကြၽန္းကို အေမရိကန္က ဆက္လက္ကူ ညီေပးလ်က္ရွိပါတယ္’ဟုေျပာဆိုခဲ့သည္။
အဆိုပါအစီအစဥ္သည္ လက္ရွိအခ်ိန္တြင္ လႊတ္ေတာ္သို႔ေရာက္ရွိေနၿပီျဖစ္ၿပီး ပါတီေပါင္းစုံ ေထာက္ခံမႈကို က်ယ္က်ယ္ျပန႔္ျပန႔္ရရွိထားေသာ္လည္း လႊတ္ေတာ္က ေရာင္းခ်မႈကိုပိတ္ဆို႔ရန္ သို႔မဟုတ္ ေျပာင္းလဲရန္ အခြင့္အေရး မ်ားရွိေၾကာင္း တ႐ုတ္(တိုင္ေပ)ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာ ၾကားခဲ့သည္။