နျူလက်နက် ပိုင်ဆိုင်ခွင့်ရရှိရေးကို မည်သည့်အခါမှ ကြိုးပမ်းမည်မဟုတ်ဟု ဂျပန်အစိုးရပြော

 61

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၂၁

ဂျပန်အစိုးရအနေဖြင့် နျူကလီးယားလက် နက်ပိုင်ဆိုင်ခွင့်ရရှိရေးကို မည်သည့်အခါမှကတိပြု ကြိုးပမ်းမည် မဟုတ်ကြောင်း ဂျပန်အစိုးရအဖွဲ့အတွင်း ရေးမှူး မီနိုရူကီဟာရာက ထုတ်ဖော်ပြောဆိုလိုက် သည်။
ဂျပန်အစိုးရအဖွဲ့ လုံခြုံရေးတာဝန်ရှိသူ တစ်ဦးက ဂျပန်နိုင်ငံသည် ဖြစ်လာနိုင်ဖွယ်ရှိသည့် ကျူးကျော်မှုများ ကိုတားဆီးနိုင်ရန် နျူကလီးယား လက်နက်ပိုင်ဆိုင်ထားသင့်သည်ဟု ပြီးခဲ့သည့်ရက် ပိုင်းတွင် ထုတ်ဖော်ပြောဆိုခဲ့ ပြီးနောက် ဂျပန်အစိုးရ အဖွဲ့အတွင်းရေးမှူးက ယင်းကဲ့သို့တုံ့ပြန်ပြောဆို လိုက်ခြင်းလည်းဖြစ်သည်။
ဂျပန်နိုင်ငံအနေဖြင့် လက်ရှိအချိန်တွင် တရုတ်နိုင်ငံနှင့် တင်းမာမှုများဖြစ်ပွားလျက်ရှိနေရာ ဂျပန်အစိုးရနှင့် နိုင်ငံ ရေးသမားများက လုံခြုံရေးကို ပိုမိုကောင်းမွန်အောင်လုပ်ဆောင်ရမည်ဟု ဝိုင်းဝန်းတိုက်တွန်းမှုများရှိနေသည်။ သို့သော်လည်း ဂျပန်အစိုးရအဖွဲ့အတွင်းရေးမှူးက ‘နျူကလီးယားနဲ့ ပတ်သက်ပြီး ဂျပန်နိုင်ငံရဲ့မူဝါဒက အပြောင်း အလဲလုပ်မှာ မဟုတ်ဘူး’ဟု ပြောသည်။
အမေရိကန်အစိုးရသည် ဂျပန်နိုင်ငံ၏ လုံခြုံရေးနှင့်ပတ်သက်ပြီး အာမခံပေးထားသော်လည်း လက်ရှိအချိန်တွင် ဂျပန်နိုင်ငံရေးသမားများက တရုတ်၊ ရုရှားနှင့် မြောက်ကိုရီးယားနိုင်ငံတို့၏ ခြိမ်းခြောက်မှုများ မြင့်တက် လာသည့် အတွက် အမေရိကန် ၏အာမခံပေးထားချက်ကို သံသယရှိလာခဲ့ကြောင်း သိရသည်။ အာဏာရပါတီဖြစ်သည့် LDP ပါတီအတွင်းမှ ဂျပန်လွှတ်တော်အမတ်များက အမေရိကန် နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံအတွင်းသို့ နျူကလီးယား ရေငုပ် သင်္ဘောများ လာရောက်အခြေချခြင်း၊ သို့မဟုတ် ခြိမ်းခြောက်မှုများအပေါ်တားဆီးနိုင်မည့် အစီအမံများ ပိုမို လုပ်ဆောင်ပေးသင့်သည်ဟု တိုက်တွန်း ပြောဆိုခဲ့သည်။
လက်ရှိအချိန်တွင် ဂျပန်အစိုးရ၏မှတ်ချက် စကားကြောင့်ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံကြား တင်းမာမှုများ ဖြစ်ပွားခဲ့ပြီး အပြန်အလှန် ဝေဖန်ပြစ်တင်မှုများ ပိုမိုဖြစ်လာနေကြောင်းသိရသည်။ တိုကျိုမြို့ရှိ International Christian တက္ကသိုလ်မှ နိုင်ငံရေးနှင့် နိုင်ငံတကာလေ့လာရေးဌာန ပါမောက္ခ တစ်ဦးဖြစ် သည့် စတီဖန်နာဂေးက ‘ဂျပန်နိုင်ငံအနေနဲ့ လာမယ့်နှစ်မှာ ကာကွယ်ရေးမဟာဗျူအသစ် စတင်ချိန်မှာ လုံခြုံရေးမူဝါဒနဲ့ပတ်သက်လို့ အပြောင်း အလဲလုပ်သင့်တယ်’ ဟု ပြောဆိုသည်။

Zawgyi Version:
န်ဴလက္နက္ ပိုင္ဆိုင္ခြင့္ရရွိေရးကို မည္သည့္အခါမွ ႀကိဳးပမ္းမည္မဟုတ္ဟု ဂ်ပန္အစိုးရေျပာ
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၂၁
ဂ်ပန္အစိုးရအေနျဖင့္ န်ဴကလီးယားလက္ နက္ပိုင္ဆိုင္ခြင့္ရရွိေရးကို မည္သည့္အခါမွကတိျပဳ ႀကိဳးပမ္းမည္ မဟုတ္ေၾကာင္း ဂ်ပန္အစိုးရအဖြဲ႕အတြင္း ေရးမႉး မီႏို႐ူကီဟာရာက ထုတ္ေဖာ္ေျပာဆိုလိုက္ သည္။
ဂ်ပန္အစိုးရအဖြဲ႕ လုံၿခဳံေရးတာဝန္ရွိသူ တစ္ဦးက ဂ်ပန္ႏိုင္ငံသည္ ျဖစ္လာႏိုင္ဖြယ္ရွိသည့္ က်ဴးေက်ာ္မႈမ်ား ကိုတားဆီးႏိုင္ရန္ န်ဴကလီးယား လက္နက္ပိုင္ဆိုင္ထားသင့္သည္ဟု ၿပီးခဲ့သည့္ရက္ ပိုင္းတြင္ ထုတ္ေဖာ္ေျပာဆိုခဲ့ ၿပီးေနာက္ ဂ်ပန္အစိုးရ အဖြဲ႕အတြင္းေရးမႉးက ယင္းကဲ့သို႔တုံ႔ျပန္ေျပာဆို လိုက္ျခင္းလည္းျဖစ္သည္။
ဂ်ပန္ႏိုင္ငံအေနျဖင့္ လက္ရွိအခ်ိန္တြင္ တ႐ုတ္ႏိုင္ငံႏွင့္ တင္းမာမႈမ်ားျဖစ္ပြားလ်က္ရွိေနရာ ဂ်ပန္အစိုးရႏွင့္ ႏိုင္ငံ ေရးသမားမ်ားက လုံၿခဳံေရးကို ပိုမိုေကာင္းမြန္ေအာင္လုပ္ေဆာင္ရမည္ဟု ဝိုင္းဝန္းတိုက္တြန္းမႈမ်ားရွိေနသည္။ သို႔ေသာ္လည္း ဂ်ပန္အစိုးရအဖြဲ႕အတြင္းေရးမႉးက ‘န်ဴကလီးယားနဲ႔ ပတ္သက္ၿပီး ဂ်ပန္ႏိုင္ငံရဲ႕မူဝါဒက အေျပာင္း အလဲလုပ္မွာ မဟုတ္ဘူး’ဟု ေျပာသည္။
အေမရိကန္အစိုးရသည္ ဂ်ပန္ႏိုင္ငံ၏ လုံၿခဳံေရးႏွင့္ပတ္သက္ၿပီး အာမခံေပးထားေသာ္လည္း လက္ရွိအခ်ိန္တြင္ ဂ်ပန္ႏိုင္ငံေရးသမားမ်ားက တ႐ုတ္၊ ႐ုရွားႏွင့္ ေျမာက္ကိုရီးယားႏိုင္ငံတို႔၏ ၿခိမ္းေျခာက္မႈမ်ား ျမင့္တက္ လာသည့္ အတြက္ အေမရိကန္ ၏အာမခံေပးထားခ်က္ကို သံသယရွိလာခဲ့ေၾကာင္း သိရသည္။ အာဏာရပါတီျဖစ္သည့္ LDP ပါတီအတြင္းမွ ဂ်ပန္လႊတ္ေတာ္အမတ္မ်ားက အေမရိကန္ ႏိုင္ငံအေနျဖင့္ ဂ်ပန္ႏိုင္ငံအတြင္းသို႔ န်ဴကလီးယား ေရငုပ္ သေဘၤာမ်ား လာေရာက္အေျခခ်ျခင္း၊ သို႔မဟုတ္ ၿခိမ္းေျခာက္မႈမ်ားအေပၚတားဆီးႏိုင္မည့္ အစီအမံမ်ား ပိုမို လုပ္ေဆာင္ေပးသင့္သည္ဟု တိုက္တြန္း ေျပာဆိုခဲ့သည္။
လက္ရွိအခ်ိန္တြင္ ဂ်ပန္အစိုးရ၏မွတ္ခ်က္ စကားေၾကာင့္ဂ်ပန္ႏိုင္ငံႏွင့္ တ႐ုတ္ႏိုင္ငံၾကား တင္းမာမႈမ်ား ျဖစ္ပြားခဲ့ၿပီး အျပန္အလွန္ ေဝဖန္ျပစ္တင္မႈမ်ား ပိုမိုျဖစ္လာေနေၾကာင္းသိရသည္။ တိုက်ိဳၿမိဳ႕ရွိ International Christian တကၠသိုလ္မွ ႏိုင္ငံေရးႏွင့္ ႏိုင္ငံတကာေလ့လာေရးဌာန ပါေမာကၡ တစ္ဦးျဖစ္ သည့္ စတီဖန္နာေဂးက ‘ဂ်ပန္ႏိုင္ငံအေနနဲ႔ လာမယ့္ႏွစ္မွာ ကာကြယ္ေရးမဟာဗ်ဴအသစ္ စတင္ခ်ိန္မွာ လုံၿခဳံေရးမူဝါဒနဲ႔ပတ္သက္လို႔ အေျပာင္း အလဲလုပ္သင့္တယ္’ ဟု ေျပာဆိုသည္။

Related news

© 2021. All rights reserved.