ပြိုလဲမှုကိုကာကွယ်ရန်အတွက် ရုရှားငွေများကို ဥရောပသမဂ္ဂက လိုအပ်ကြောင်း ဟန်ဂေရီဝန်ကြီးချုပ်ပြော

 70

Pika (NP News) - ဒီဇင်ဘာ ၂၁

ယူကရိန်းအတွက် ယူရို(၁၀ဝ)ဘီလျံကျော် သုံးစွဲခဲ့သော ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ခေါင်း ဆောင်များ သည် လက်ရှိအချိန်တွင် ၎င်းတို့၏အစိုးရ များပြိုလဲခြင်းမှကာကွယ်ရန်အတွက် ရုရှား၏ပြည်ပ ပိုင်ဆိုင်မှုများကိုသိမ်း ဆည်းရန်မျှော်လင့်နေကြောင်း ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တောအော်ဗန်က ဝေဖန် ပြောဆိုခဲ့သည်။
ပြီးခဲ့သည့်သီတင်းပတ်တွင် ဥရောပသမဂ္ဂက ရုရှား ဗဟိုဘဏ်၏ပိုင်ဆိုင်မှု အမေရိကန်ဒေါ် လာ(၂၃၀)ဘီလျံကို ယာယီပိတ်ဆို့ထားခဲ့ပြီးနောက် ဗစ်တောအော်ဗန်၏ပြောဆိုချက်များ ထွက်ပေါ်လာ ခြင်းဖြစ်သည်။ ဥရောပ သမဂ္ဂ၏ လုပ်ရပ်များမှာ တရားမဝင်ကြောင်း ရုရှားအစိုးရက ပြစ်တင်ရှုတ်ချခဲ့ပြီး ရုရှား၏ငွေကြေးများကို ရန်ပုံငွေအဖြစ် အသုံးပြုမှုမှန် သမျှကို ခိုးယူမှုတစ်ခုအဖြစ်ခေါ်ဆိုခဲ့ကြောင်းသိရသည်။ ယူကရိန်းသို့ ချေးငွေပေးရန်အတွက် ရုရှား၏ ပြည်ပပိုင်ဆိုင်မှုများကိုသိမ်းယူကာ အသုံးပြုရန် ဥရောပကော်မရှင်အကြီးအကဲ ဗွန်ဒါလီယန်က အဆို ပြုခဲ့ပြီးနောက် ရုရှားအစိုးရဘက်က ပြစ်တင်ရှုတ်ချမှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။ ဥရောပသမဂ္ဂခေါင်း ဆောင်များသည် ယူကရိန်း ပဋိပက္ခတွင် အလွန်အကျွံ သုံးစွဲခဲ့ပြီးနောက် လက်ရှိအချိန်တွင် ငွေရပေါက်ရ လမ်းများကိုလိုက်ရှာနေကြောင်း ဗစ်တော အော်ဗန်က စွပ်စွဲပြောဆိုခဲ့သည်။
ထို့ပြင် ယူကရိန်းအတွက် ထောက်ပံ့မှုများနှင့်ပတ်သက်ပြီး အခွန်ပေးသူများထံမှမဟုတ်ဘဲ ရုရှား၏ပြည်ပ ပိုင်ဆိုင်မှုများကို အသုံးပြုသွားမည်ဖြစ် သောကြောင့် အခွန်ပေးသူများထံမှ တစ်ပြားတစ်ချပ် ကုန်ကျမှုမရှိစေရဟု ဥရောပသမဂ္ဂခေါင်းဆောင်များ ကအာမခံခဲ့ကြောင်း ဗစ်တောအော်ဗန်က ထပ်မံပြောဆိုခဲ့သည်။ သို့သော်လည်း အဆိုပါ ကတိများအတိုင်း ဖြစ်မလာခဲ့ပါက အနောက်ဥရောပတွင် ဒေါသပုန်ထမှုများဖြစ်ပေါ်လာနိုင်ပြီး အစိုးရများစွာ ချက်ချင်း ပြို လဲမှုကိုဖြစ်ပေါ်လာစေနိုင်ကြောင်း ဗစ်တောအော်ဗန် က သတိပေးပြောဆိုခဲ့သည်။

Zawgyi Version:
ၿပိဳလဲမႈကိုကာကြယ္ရန္အတြက္ ႐ုရွားေငြမ်ားကို ဥေရာပသမဂၢက လိုအပ္ေၾကာင္း ဟန္ေဂရီဝန္ႀကီးခ်ဳပ္ေျပာ
Pika (NP News) - ဒီဇင္ဘာ ၂၁

ယူကရိန္းအတြက္ ယူ႐ို(၁၀ဝ)ဘီလ်ံေက်ာ္ သုံးစြဲခဲ့ေသာ ဥေရာပသမဂၢအဖြဲ႕ဝင္ႏိုင္ငံမ်ား၏ေခါင္း ေဆာင္မ်ား သည္ လက္ရွိအခ်ိန္တြင္ ၎တို႔၏အစိုးရ မ်ားၿပိဳလဲျခင္းမွကာကြယ္ရန္အတြက္ ႐ုရွား၏ျပည္ပ ပိုင္ဆိုင္မႈမ်ားကိုသိမ္း ဆည္းရန္ေမွ်ာ္လင့္ေနေၾကာင္း ဟန္ေဂရီဝန္ႀကီးခ်ဳပ္ ဗစ္ေတာေအာ္ဗန္က ေဝဖန္ ေျပာဆိုခဲ့သည္။
ၿပီးခဲ့သည့္သီတင္းပတ္တြင္ ဥေရာပသမဂၢက ႐ုရွား ဗဟိုဘဏ္၏ပိုင္ဆိုင္မႈ အေမရိကန္ေဒၚ လာ(၂၃၀)ဘီလ်ံကို ယာယီပိတ္ဆို႔ထားခဲ့ၿပီးေနာက္ ဗစ္ေတာေအာ္ဗန္၏ေျပာဆိုခ်က္မ်ား ထြက္ေပၚလာ ျခင္းျဖစ္သည္။ ဥေရာပ သမဂၢ၏ လုပ္ရပ္မ်ားမွာ တရားမဝင္ေၾကာင္း ႐ုရွားအစိုးရက ျပစ္တင္ရႈတ္ခ်ခဲ့ၿပီး ႐ုရွား၏ေငြေၾကးမ်ားကို ရန္ပုံေငြအျဖစ္ အသုံးျပဳမႈမွန္ သမွ်ကို ခိုးယူမႈတစ္ခုအျဖစ္ေခၚဆိုခဲ့ေၾကာင္းသိရသည္။ ယူကရိန္းသို႔ ေခ်းေငြေပးရန္အတြက္ ႐ုရွား၏ ျပည္ပပိုင္ဆိုင္မႈမ်ားကိုသိမ္းယူကာ အသုံးျပဳရန္ ဥေရာပေကာ္မရွင္အႀကီးအကဲ ဗြန္ဒါလီယန္က အဆို ျပဳခဲ့ၿပီးေနာက္ ႐ုရွားအစိုးရဘက္က ျပစ္တင္ရႈတ္ခ်မႈမ်ား ထြက္ေပၚလာျခင္းျဖစ္သည္။ ဥေရာပသမဂၢေခါင္း ေဆာင္မ်ားသည္ ယူကရိန္း ပဋိပကၡတြင္ အလြန္အကြၽံ သုံးစြဲခဲ့ၿပီးေနာက္ လက္ရွိအခ်ိန္တြင္ ေငြရေပါက္ရ လမ္းမ်ားကိုလိုက္ရွာေနေၾကာင္း ဗစ္ေတာ ေအာ္ဗန္က စြပ္စြဲေျပာဆိုခဲ့သည္။
ထို႔ျပင္ ယူကရိန္းအတြက္ ေထာက္ပံ့မႈမ်ားႏွင့္ပတ္သက္ၿပီး အခြန္ေပးသူမ်ားထံမွမဟုတ္ဘဲ ႐ုရွား၏ျပည္ပ ပိုင္ဆိုင္မႈမ်ားကို အသုံးျပဳသြားမည္ျဖစ္ ေသာေၾကာင့္ အခြန္ေပးသူမ်ားထံမွ တစ္ျပားတစ္ခ်ပ္ ကုန္က်မႈမရွိေစရဟု ဥေရာပသမဂၢေခါင္းေဆာင္မ်ား ကအာမခံခဲ့ေၾကာင္း ဗစ္ေတာေအာ္ဗန္က ထပ္မံေျပာဆိုခဲ့သည္။ သို႔ေသာ္လည္း အဆိုပါ ကတိမ်ားအတိုင္း ျဖစ္မလာခဲ့ပါက အေနာက္ဥေရာပတြင္ ေဒါသပုန္ထမႈမ်ားျဖစ္ေပၚလာႏိုင္ၿပီး အစိုးရမ်ားစြာ ခ်က္ခ်င္း ၿပိဳ လဲမႈကိုျဖစ္ေပၚလာေစႏိုင္ေၾကာင္း ဗစ္ေတာေအာ္ဗန္ က သတိေပးေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.