ရုရှားက နှစ်သစ်စစ်ပွဲတစ်ခုကို ဆင်နွှဲရန် ပြင်ဆင်နေကြောင်း ယူကရိန်းသမ္မတပြော

121

Pika (NP News) - ဒီဇင်ဘာ ၂၁
(၂၀၂၆)ခုနှစ်တွင် ယူကရိန်းနိုင်ငံအပေါ် နှစ်သစ်စစ်ပွဲတစ်ခုကိုဆင်နွှဲရန် ရုရှားကပြင်ဆင်နေကြောင်း ယူကရိန်း သမ္မတဇယ်လန်စကီးက ထုတ်ဖော် ပြောဆိုခဲ့သည်။ ရုရှားနိုင်ငံက ၎င်း၏ရည်မှန်းချက်များကို သေချာပေါက် အောင်မြင် လိမ့်မည်ဖြစ်ကြောင်း ရုရှားသမ္မတပူတင်က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ဇယ်လန်စကီး၏ပြောဆိုချက်များ ထွက်ပေါ် လာခြင်း ဖြစ်သည်။
ဇယ်လန်စကီးက ‘ရုရှားက လာမယ့် (၂၀၂၆)ခုနှစ်ကို နှစ်သစ်စစ်ပွဲတစ်ခုအဖြစ်သတ် မှတ်ဖို့ပြင်ဆင်နေတယ် ဆိုတာကို ကျွန်တော်တို့ကြား သိခဲ့ရပါတယ်’ဟုပြောဆိုခဲ့သည်။ ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန် နိုင်ငံတကာသံတမန် ရေးဆိုင်ရာလှုပ် ရှားမှုများရှိနေသော်လည်း ယူကရိန်းပိုင်နက်များကို သိမ်းပိုက်ခြင်းအပါအဝင် ယူကရိန်းအပေါ် ထိုးစစ် ဆင်မှုများတွင် ရုရှား၏ရည်မှန်းချက်များက သေချာပေါက် အောင်မြင်လိမ့်မည်ဟုပြောဆိုခဲ့သည့် ပူတင်၏ပြော ဆိုချက် များကိုတုံ့ပြန်သည့်အနေဖြင့် ဇယ်လန်စကီးက ယင်းကဲ့သို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပူတင်က ‘ယူကရိန်းအပေါ်လုပ်ဆောင်နေတဲ့ ကျွန်တော်တို့ရဲ့ စစ်ဘက်ဆိုင်ရာ အထူးစစ်ဆင်ရေး တွေရဲ့ ရည်မှန်းချက်တွေက သေချာပေါက် အောင်မြင် ပါလိမ့်မယ်။ အမှန်တကယ်ကတော့ ဒီပဋိပက္ခကို သံတမန်ရေးနည်း လမ်းတွေကနေတစ်ဆင့်ဖြေရှင်းဖို့ ကျွန်တော်တို့ဘက်က ပိုပြီးနှစ်သက်ပါတယ်။ ယူကရိန်းကသာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာပါဝင်ဖို့ ငြင်းဆန်ခဲ့မယ်ဆိုရင် ယူကရိန်းနယ်မြေတွေအားလုံး ကို စစ်ရေးနည်းလမ်း တွေသုံးပြီးသိမ်းပိုက် သွားမှာပါ’ဟု ပြောဆိုခဲ့သည်။
ထို့ပြင် ရုရှားနှင့်ယူကရိန်းကြားဖြစ်ပွား လျက်ရှိသော နယ်မြေအငြင်းပွားမှုပြဿနာများမှာ လက်ရှိအချိန်အထိ ဖြေရှင်းရခြင်းမျိုးမရှိသေးဘဲ ဖြေရှင်းရန်ခက်ခဲသည့်ပြဿနာတစ်ခုအဖြစ် ရှိနေဆဲဖြစ် ကြောင်းလည်းသိရသည်။

Zawgyi Version:
႐ုရွားက ႏွစ္သစ္စစ္ပြဲတစ္ခုကို ဆင္ႏႊဲရန္ ျပင္ဆင္ေနေၾကာင္း ယူကရိန္းသမၼတေျပာ
Pika (NP News) - ဒီဇင္ဘာ ၂၁
(၂၀၂၆)ခုႏွစ္တြင္ ယူကရိန္းႏိုင္ငံအေပၚ ႏွစ္သစ္စစ္ပြဲတစ္ခုကိုဆင္ႏႊဲရန္ ႐ုရွားကျပင္ဆင္ေနေၾကာင္း ယူကရိန္း သမၼတဇယ္လန္စကီးက ထုတ္ေဖာ္ ေျပာဆိုခဲ့သည္။ ႐ုရွားႏိုင္ငံက ၎၏ရည္မွန္းခ်က္မ်ားကို ေသခ်ာေပါက္ ေအာင္ျမင္ လိမ့္မည္ျဖစ္ေၾကာင္း ႐ုရွားသမၼတပူတင္က ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ ဇယ္လန္စကီး၏ေျပာဆိုခ်က္မ်ား ထြက္ေပၚ လာျခင္း ျဖစ္သည္။
ဇယ္လန္စကီးက ‘႐ုရွားက လာမယ့္ (၂၀၂၆)ခုႏွစ္ကို ႏွစ္သစ္စစ္ပြဲတစ္ခုအျဖစ္သတ္ မွတ္ဖို႔ျပင္ဆင္ေနတယ္ ဆိုတာကို ကြၽန္ေတာ္တို႔ၾကား သိခဲ့ရပါတယ္’ဟုေျပာဆိုခဲ့သည္။ ယူကရိန္းစစ္ပြဲကို အဆုံးသတ္ရန္ ႏိုင္ငံတကာသံတမန္ ေရးဆိုင္ရာလႈပ္ ရွားမႈမ်ားရွိေနေသာ္လည္း ယူကရိန္းပိုင္နက္မ်ားကို သိမ္းပိုက္ျခင္းအပါအဝင္ ယူကရိန္းအေပၚ ထိုးစစ္ ဆင္မႈမ်ားတြင္ ႐ုရွား၏ရည္မွန္းခ်က္မ်ားက ေသခ်ာေပါက္ ေအာင္ျမင္လိမ့္မည္ဟုေျပာဆိုခဲ့သည့္ ပူတင္၏ေျပာ ဆိုခ်က္ မ်ားကိုတုံ႔ျပန္သည့္အေနျဖင့္ ဇယ္လန္စကီးက ယင္းကဲ့သို႔ ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
ပူတင္က ‘ယူကရိန္းအေပၚလုပ္ေဆာင္ေနတဲ့ ကြၽန္ေတာ္တို႔ရဲ႕ စစ္ဘက္ဆိုင္ရာ အထူးစစ္ဆင္ေရး ေတြရဲ႕ ရည္မွန္းခ်က္ေတြက ေသခ်ာေပါက္ ေအာင္ျမင္ ပါလိမ့္မယ္။ အမွန္တကယ္ကေတာ့ ဒီပဋိပကၡကို သံတမန္ေရးနည္း လမ္းေတြကေနတစ္ဆင့္ေျဖရွင္းဖို႔ ကြၽန္ေတာ္တို႔ဘက္က ပိုၿပီးႏွစ္သက္ပါတယ္။ ယူကရိန္းကသာ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲေတြမွာပါဝင္ဖို႔ ျငင္းဆန္ခဲ့မယ္ဆိုရင္ ယူကရိန္းနယ္ေျမေတြအားလုံး ကို စစ္ေရးနည္းလမ္း ေတြသုံးၿပီးသိမ္းပိုက္ သြားမွာပါ’ဟု ေျပာဆိုခဲ့သည္။
ထို႔ျပင္ ႐ုရွားႏွင့္ယူကရိန္းၾကားျဖစ္ပြား လ်က္ရွိေသာ နယ္ေျမအျငင္းပြားမႈျပႆနာမ်ားမွာ လက္ရွိအခ်ိန္အထိ ေျဖရွင္းရျခင္းမ်ိဳးမရွိေသးဘဲ ေျဖရွင္းရန္ခက္ခဲသည့္ျပႆနာတစ္ခုအျဖစ္ ရွိေနဆဲျဖစ္ ေၾကာင္းလည္းသိရသည္။