ပါကစ္စတန်အနောက်မြောက်ပိုင်းက စစ်စခန်းတစ်ခုကို အသေခံကားဗုံးခွဲသမားတစ်ဦးနဲ့ သေနတ်သမား(၃)ဦး လာရောက်တိုက်ခိုက်

103

Pika (NP News) - ဒီဇင်ဘာ ၂၁
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းမှာရှိတဲ့ ရွာတစ်ရွာအနီးက စစ်စခန်းတစ်ခုကို အသေခံကားဗုံးခွဲသမားတစ်ဦး နဲ့ သေနတ်သမား(၃)ဦးတို့က တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ရာ စစ်သား(၄)ဦးသေဆုံးပြီး အရပ်သား အနည်းဆုံး (၁၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်သွေးကြွအဖွဲ့နဲ့ ပါကစ္စတန်စစ်တပ်တို့ကြား အပြန်အလှန်ပစ်ခတ်မှုဟာ အချိန်(၁)နာရီခန့်ကြာမြင့်ခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိခဲ့သူတွေထဲမှာ အမျိုးသမီးတွေနဲ့ကလေးတွေလည်း ပါဝင်ခဲ့တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန် ပြောကြားခဲ့ပါတယ်။ တိုက်ခိုက်မှုဟာ အာဖဂန်နစ္စတန်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ Khyber Pakhtunkhwa ပြည်နယ်မှာရှိတဲ့ ပါကစ္စတန်တာလီဘန်အဖွဲ့နဲ့အခြားစစ်သွေးကြွအဖွဲ့တွေရဲ့ယခင်နယ်မြေဟောင်းတစ်ခုဖြစ်တဲ့ North Waziristan ခရိုင်မှာ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဒေသတွင်းရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ဒါ့ပြင် အသေခံ ကားဗုံးခွဲမှုကြောင့် အနီးအနားမှာရှိတဲ့ နေအိမ်တွေလည်း ပြိုကျခဲ့ပြီး အရပ်သားတွေလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့ကပြောကြားခဲ့ပါတယ်။
ဒါပေမယ့်လည်း စစ်သွေးကြွအဖွဲ့နဲ့ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း ပါကစ္စတန်စစ်သားတွေက စစ်သွေးကြွတွေ အားလုံး ကို သတ်ပစ်နိုင်ခဲ့တယ်လို့လည်း ၎င်းတို့ရဲ့ထုတ်ပြန်ကြေညာချက်မှာ ရေးသားဖော်ပြထားပါတယ်။

Zawgyi Version:
ပါကစၥတန္အေနာက္ေျမာက္ပိုင္းက စစ္စခန္းတစ္ခုကို အေသခံကားဗုံးခြဲသမားတစ္ဦးနဲ႔ ေသနတ္သမား(၃)ဦး လာေရာက္တိုက္ခိုက္
Pika (NP News) - ဒီဇင္ဘာ ၂၁
ပါကစၥတန္ႏိုင္ငံ အေနာက္ေျမာက္ပိုင္းမွာရွိတဲ့ ႐ြာတစ္႐ြာအနီးက စစ္စခန္းတစ္ခုကို အေသခံကားဗုံးခြဲသမားတစ္ဦး နဲ႔ ေသနတ္သမား(၃)ဦးတို႔က တိုက္ခိုက္မႈေတြလုပ္ေဆာင္ခဲ့ရာ စစ္သား(၄)ဦးေသဆုံးၿပီး အရပ္သား အနည္းဆုံး (၁၅)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ သိရပါတယ္။
စစ္ေသြးႂကြအဖြဲ႕နဲ႔ ပါကစၥတန္စစ္တပ္တို႔ၾကား အျပန္အလွန္ပစ္ခတ္မႈဟာ အခ်ိန္(၁)နာရီခန႔္ၾကာျမင့္ခဲ့ၿပီး ထိခိုက္ ဒဏ္ရာရရွိခဲ့သူေတြထဲမွာ အမ်ိဳးသမီးေတြနဲ႔ကေလးေတြလည္း ပါဝင္ခဲ့တယ္လို႔ အာဏာပိုင္ေတြက ထုတ္ျပန္ ေျပာၾကားခဲ့ပါတယ္။ တိုက္ခိုက္မႈဟာ အာဖဂန္နစၥတန္နဲ႔ နယ္နိမိတ္ခ်င္းထိစပ္ေနတဲ့ Khyber Pakhtunkhwa ျပည္နယ္မွာရွိတဲ့ ပါကစၥတန္တာလီဘန္အဖြဲ႕နဲ႔အျခားစစ္ေသြးႂကြအဖြဲ႕ေတြရဲ႕ယခင္နယ္ေျမေဟာင္းတစ္ခုျဖစ္တဲ့ North Waziristan ခ႐ိုင္မွာ ျဖစ္ပြားခဲ့တာျဖစ္တယ္လို႔ ေဒသတြင္းရဲတပ္ဖြဲ႕က ေျပာၾကားခဲ့ပါတယ္။ဒါ့ျပင္ အေသခံ ကားဗုံးခြဲမႈေၾကာင့္ အနီးအနားမွာရွိတဲ့ ေနအိမ္ေတြလည္း ၿပိဳက်ခဲ့ၿပီး အရပ္သားေတြလည္း ထိခိုက္ဒဏ္ရာ ရရွိခဲ့တယ္လို႔ ရဲတပ္ဖြဲ႕ကေျပာၾကားခဲ့ပါတယ္။
ဒါေပမယ့္လည္း စစ္ေသြးႂကြအဖြဲ႕နဲ႔ျဖစ္ပြားခဲ့တဲ့တိုက္ပြဲအတြင္း ပါကစၥတန္စစ္သားေတြက စစ္ေသြးႂကြေတြ အားလုံး ကို သတ္ပစ္ႏိုင္ခဲ့တယ္လို႔လည္း ၎တို႔ရဲ႕ထုတ္ျပန္ေၾကညာခ်က္မွာ ေရးသားေဖာ္ျပထားပါတယ္။