ဘိလပ်မြေတင်တွဲကားတစ်စီး ဘရိတ်ပေါက်ကာ ချောက်ထဲထိုးကျတိမ်းမှောက်မှုမှ ပိတ်မိနေသူအမျိုးသမီးကိုကယ်တင်နိုင်ခဲ့

 244

သန့်ဇင်(NP News)-ဒီဇင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ဘိလပ်မြေတင်တွဲကားတစ်စီး ဘရိတ်ပေါက်ကာ ချောက်ထဲထိုးကျတိမ်းမှောက်မှုမှ ပိတ်မိနေသူအမျိုးသမီးကိုကယ်တင်နိုင်ခဲ့ကြောင်း သာစည်မြို့နယ်မီးသတ်တပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဒီဇင်ဘာ ၂၀ရက်)၊ မွန်းလွဲ ၁၂ နာရီခွဲအချိန်ခန့်က သာစည်မြို့နယ်၊ ယင်းမာပင်ကျေးရွာအုပ်စု၊ ယင်းမာပင်ကျေးရွာအနီး ၊ မိတ္ထီလာ-တောင်ကြီးကားလမ်း၊ (သံဇကာကွေ့) မိုင်တိုင်အမှတ်(၃၃/၀)တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်ညောင် ကျေးရွာ၊ ရွှေတောင်ဘိလပ်မြေစက်ရုံမှ ဘိလပ်မြေများ တင်ဆောင်လာပြီး ပဲခူးတိုင်းဒေသကြီး၊ အင်းတကော်မြို့သို့ မောင်းနှင်လာသော တွဲကားသည် ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ရှိချောက်ထဲသို့ ထိုးကျသွားခဲ့ခြင်းဖြစ်ကြေင်း သိရသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ကားခေါင်းခန်းအတွင်းလိုက်ပါလာသည့် အသက် (၃၉) နှစ်အရွယ် ဒေါ်ယဉ်ယဉ်ကြည် ကားခေါင်းခန်း အတွင်း ပိတ်မိနေ ကယ်ဆယ်ရေးလုပ် ငန်းများ ပူးပေါင်းဆောင်ရွက်ခဲ့ရာ ၂ နာရီ ၅၀ မိနစ်တွင် အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် အသက် (၄၀) နှစ်အရွယ် ယာဉ်မောင်း ဦးဖြိုးဝေတွင် ယာဘက်လက်၊ ယာဘက်ဒူး၊ ကျောကုန်း ပွန်းပဲ့ဒဏ် ရာရရှိခဲ့ပြီး ယာဉ်နောက်လိုက် ပိတ်မိနေသူ ဒေါ်ယဉ်ယဉ်ကြည်မှာ ယာဘက်ခြေသလုံး ပွန်းပဲ့ဒဏ်ရာရရှိခဲ့သဖြင့် ယင်းမာပင်ကျေးရွာမှ ဂရုဏာရှင်လူမှုကူညီရေးအသင်းကားဖြင့် ယင်းမာပင် တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Zawgyi Version:
ဘိလပ္ေျမတင္တြဲကားတစ္စီး ဘရိတ္ေပါက္ကာ ေခ်ာက္ထဲထိုးက်တိမ္းေမွာက္မႈမွ ပိတ္မိေနသူအမ်ိဳးသမီးကိုကယ္တင္ႏိုင္ခဲ့
သန႔္ဇင္(NP News)-ဒီဇင္ဘာ ၂၁
မႏၲေလးတိုင္းေဒသႀကီး၊ သာစည္ၿမိဳ႕နယ္တြင္ ဘိလပ္ေျမတင္တြဲကားတစ္စီး ဘရိတ္ေပါက္ကာ ေခ်ာက္ထဲထိုးက်တိမ္းေမွာက္မႈမွ ပိတ္မိေနသူအမ်ိဳးသမီးကိုကယ္တင္ႏိုင္ခဲ့ေၾကာင္း သာစည္ၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕ႏွင့္နီးစပ္သူမ်ားထံမွ သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(ဒီဇင္ဘာ ၂၀ရက္)၊ မြန္းလြဲ ၁၂ နာရီခြဲအခ်ိန္ခန႔္က သာစည္ၿမိဳ႕နယ္၊ ယင္းမာပင္ေက်း႐ြာအုပ္စု၊ ယင္းမာပင္ေက်း႐ြာအနီး ၊ မိတၳီလာ-ေတာင္ႀကီးကားလမ္း၊ (သံဇကာေကြ႕) မိုင္တိုင္အမွတ္(၃၃/၀)တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ျပည္ေညာင္ ေက်း႐ြာ၊ ေ႐ႊေတာင္ဘိလပ္ေျမစက္႐ုံမွ ဘိလပ္ေျမမ်ား တင္ေဆာင္လာၿပီး ပဲခူးတိုင္းေဒသႀကီး၊ အင္းတေကာ္ၿမိဳ႕သို႔ ေမာင္းႏွင္လာေသာ တြဲကားသည္ ဘရိတ္ေပါက္၍ အရွိန္မထိန္းႏိုင္ဘဲ လမ္းယာဘက္ရွိေခ်ာက္ထဲသို႔ ထိုးက်သြားခဲ့ျခင္းျဖစ္ေၾကင္း သိရသည္။
အဆိုပါ ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ကားေခါင္းခန္းအတြင္းလိုက္ပါလာသည့္ အသက္ (၃၉) ႏွစ္အ႐ြယ္ ေဒၚယဥ္ယဥ္ၾကည္ ကားေခါင္းခန္း အတြင္း ပိတ္မိေန ကယ္ဆယ္ေရးလုပ္ ငန္းမ်ား ပူးေပါင္းေဆာင္႐ြက္ခဲ့ရာ ၂ နာရီ ၅၀ မိနစ္တြင္ အသက္ရွင္လ်က္ ကယ္ထုတ္ႏိုင္ခဲ့ေၾကာင္း သိရသည္။
ယာဥ္တိမ္းေမွာက္မႈေၾကာင့္ အသက္ (၄၀) ႏွစ္အ႐ြယ္ ယာဥ္ေမာင္း ဦးၿဖိဳးေဝတြင္ ယာဘက္လက္၊ ယာဘက္ဒူး၊ ေက်ာကုန္း ပြန္းပဲ့ဒဏ္ ရာရရွိခဲ့ၿပီး ယာဥ္ေနာက္လိုက္ ပိတ္မိေနသူ ေဒၚယဥ္ယဥ္ၾကည္မွာ ယာဘက္ေျခသလုံး ပြန္းပဲ့ဒဏ္ရာရရွိခဲ့သျဖင့္ ယင္းမာပင္ေက်း႐ြာမွ ဂ႐ုဏာရွင္လူမႈကူညီေရးအသင္းကားျဖင့္ ယင္းမာပင္ တိုက္နယ္ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.