သေဆုံးခဲ့တဲ့စစ်သားတွေရဲ့ရုပ်အလောင်းတွေ အပြန်အလှန်လဲလှယ်မှုကို ရုရှားနဲ့ယူကရိန်းတို့ ပြုလုပ်

67

Pika (NP News) - ဒီဇင်ဘာ ၂၁
တိုက်ပွဲတွေအတွင်း သေဆုံးသွားခဲ့တဲ့ စစ်သားတွေရဲ့ရုပ်အလောင်းတွေ အပြန်အလှန်လဲလှယ်မှုကို ရုရှားနဲ့ယူကရိန်း တို့က လုပ်ဆောင်ခဲ့ကြတယ်လို့ နှစ်ဘက်စလုံးရဲ့တာဝန်ရှိသူတွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ရုရှားက ယူကရိန်းစစ်သားတွေရဲ့ရုပ်အလောင်း(၁၀၀၀)လောင်းကို ယူကရိန်းကို ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပြီး အပြန်အလှန်အနေနဲ့ ရုရှားစစ်သား(၂၆)ဦးရဲ့ရုပ်အလောင်းတွေကို ပြန်လည်လက်ခံရရှိခဲ့တယ်လို့ ရုရှားအစိုးရက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
အဲဒီလဲလှယ်မှုကို ယူကရိန်းအရာရှိတွေကလည်း အတည်ပြုခဲ့ပြီး ယူကရိန်းစစ်သား(၁၀၀၃)ဦးရဲ့ရုပ်အလောင်းတွေ ကို ရုရှားဆီကနေ ပြန်လည်လက်ခံရရှိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် သေဆုံးသွားခဲ့တဲ့ ယူကရိန်းစစ်သား တွေက ဘယ်သူ၊ဘယ်ဝါဖြစ်တယ်ဆိုတာကို သိရှိနိုင်ဖို့အတွက် စုံစမ်းစစ်ဆေးသူတွေနဲ့ကျွမ်းကျင်သူတွေက လိုအပ် တဲ့စစ်ဆေးမှုတွေအားလုံးကို လုပ်ဆောင်သွားလိမ့်မယ်လို့လည်း ယူကရိန်းအရာရှိတွေက ပြောကြားခဲ့ပါတယ်။
ဆိုရှယ်မီဒီယာပေါ်မှာ တင်ထားတဲ့ဓါတ်ပုံတွေမှာ ထရပ်ကားတွေထဲက အဖြူရောင်အိတ်တွေထဲမှာရှိတဲ့ ရုပ်အလောင်းတွေကို ယူကရိန်းအရာရှိတွေက စစ်ဆေးမှုတွေ လုပ်ဆောင်နေတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ (၂၀၂၂)ခုနှစ် ဖေဖော်ဝါရီလမှာ ရုရှား-ယူကရိန်းစစ်ပွဲ စတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတည်းက ရုရှားနဲ့ယူကရိန်းတို့ ဟာ အကျဉ်းသားအပြန်အလှန်လဲလှယ်မှုနဲ့သေဆုံးခဲ့တဲ့စစ်သားတွေရဲ့ရုပ်အလောင်းတွေ အပြန်အလှန်ပေးအပ်မှုကို ပုံမှန်လုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ေသဆုံးခဲ့တဲ့စစ္သားေတြရဲ႕႐ုပ္အေလာင္းေတြ အျပန္အလွန္လဲလွယ္မႈကို ႐ုရွားနဲ႔ယူကရိန္းတို႔ ျပဳလုပ္
Pika (NP News) - ဒီဇင္ဘာ ၂၁
တိုက္ပြဲေတြအတြင္း ေသဆုံးသြားခဲ့တဲ့ စစ္သားေတြရဲ႕႐ုပ္အေလာင္းေတြ အျပန္အလွန္လဲလွယ္မႈကို ႐ုရွားနဲ႔ယူကရိန္း တို႔က လုပ္ေဆာင္ခဲ့ၾကတယ္လို႔ ႏွစ္ဘက္စလုံးရဲ႕တာဝန္ရွိသူေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
႐ုရွားက ယူကရိန္းစစ္သားေတြရဲ႕႐ုပ္အေလာင္း(၁၀၀၀)ေလာင္းကို ယူကရိန္းကို ျပန္လည္လႊဲေျပာင္းေပးအပ္ခဲ့ၿပီး အျပန္အလွန္အေနနဲ႔ ႐ုရွားစစ္သား(၂၆)ဦးရဲ႕႐ုပ္အေလာင္းေတြကို ျပန္လည္လက္ခံရရွိခဲ့တယ္လို႔ ႐ုရွားအစိုးရက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
အဲဒီလဲလွယ္မႈကို ယူကရိန္းအရာရွိေတြကလည္း အတည္ျပဳခဲ့ၿပီး ယူကရိန္းစစ္သား(၁၀၀၃)ဦးရဲ႕႐ုပ္အေလာင္းေတြ ကို ႐ုရွားဆီကေန ျပန္လည္လက္ခံရရွိခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ ေသဆုံးသြားခဲ့တဲ့ ယူကရိန္းစစ္သား ေတြက ဘယ္သူ၊ဘယ္ဝါျဖစ္တယ္ဆိုတာကို သိရွိႏိုင္ဖို႔အတြက္ စုံစမ္းစစ္ေဆးသူေတြနဲ႔ကြၽမ္းက်င္သူေတြက လိုအပ္ တဲ့စစ္ေဆးမႈေတြအားလုံးကို လုပ္ေဆာင္သြားလိမ့္မယ္လို႔လည္း ယူကရိန္းအရာရွိေတြက ေျပာၾကားခဲ့ပါတယ္။
ဆိုရွယ္မီဒီယာေပၚမွာ တင္ထားတဲ့ဓါတ္ပုံေတြမွာ ထရပ္ကားေတြထဲက အျဖဴေရာင္အိတ္ေတြထဲမွာရွိတဲ့ ႐ုပ္အေလာင္းေတြကို ယူကရိန္းအရာရွိေတြက စစ္ေဆးမႈေတြ လုပ္ေဆာင္ေနတာကိုလည္း ေတြ႕ျမင္ခဲ့ရပါတယ္။ (၂၀၂၂)ခုႏွစ္ ေဖေဖာ္ဝါရီလမွာ ႐ုရွား-ယူကရိန္းစစ္ပြဲ စတင္ျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္းတည္းက ႐ုရွားနဲ႔ယူကရိန္းတို႔ ဟာ အက်ဥ္းသားအျပန္အလွန္လဲလွယ္မႈနဲ႔ေသဆုံးခဲ့တဲ့စစ္သားေတြရဲ႕႐ုပ္အေလာင္းေတြ အျပန္အလွန္ေပးအပ္မႈကို ပုံမွန္လုပ္ေဆာင္ခဲ့ၾကတာျဖစ္တယ္လို႔လည္း သိရပါတယ္။