ခွင့်ပြုချက်မတင်မီ ဖြိုချခဲ့သော ရွှေမင်းဝံ ပေါ်တော်မူဘုရား တည်ဆောက်ရေးလုပ်ငန်းများကို ယာယီဆိုင်းငံ့ထား

 412

ဓာတ်ပုံ။ ။ ကလန်ငယ်ထူးသန့်

စော (NP News)-ဒီဇင်ဘာ ၂၁
ငလျင်ဒဏ်ခံရပြီးနောက် ထိခိုက်မှု ရှိခဲ့သော်လည်း ပြန်လည်တည်ဆောက်ရန် ခွင့်ပြုချက်မတင်မီ ဖြိုချခဲ့သော ရှေးလက်ရာ နံရံဆေးရေးပန်းချီများရှိရာ ရွှေမင်းဝံပေါ်တော်မူဘုရားတည် ဆောက်ရေးလုပ်ငန်းများကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ယာယီဆိုင်းငံ့ထားကြောင်း သိရ သည်။ အဆိုပါဘုရားသည် အင်အားပြင်းငလျင် ကြီးဒဏ်ကြောင့် (၆၅)ရာခိုင် နှုန်းခန့်ပျက်စီးသွားခဲ့ရသည့်အပြင် အတွင်း ရှိ ညောင်ရမ်းခေတ်နံရံဆေးရေး ပန်းချီများလည်း ကွာကျ ပျက်စီးသွားခဲ့ရပြီး မျက်နှာကြက်တွင်သာ အနည်းငယ်ကျန်ရှိ တော့ကြောင်း သိရသည်။ “ဒီ Temple ကြီးက ညောင်ရမ်းခေတ်နှောင်းလက်ရာ။ ဘာကြောင့်အဲဒီလိုပြောလဲဆိုရင် အရင်ကရှိခဲ့ဖူးတဲ့ ငလျင်ကြောင့်မပြိုခင်က လေ့လာခဲ့တဲ့ ဆရာတွေရဲ့ နံရံဆေးရေးပန်းချီသုံးသပ်ချက်အရ ညောင်ရမ်း ခေတ်က ညောင်ရမ်းခေတ်နှောင်း ပိုင်းတော့ဖြစ်မှာပေါ့။ အဲဒီလက်ရာဖြစ်နေတဲ့အတွက် သူတို့ပြန်ပြင်တာကတော့ လောလောဆယ်ဆိုင်းငံ့ ထားတယ်။ ပြန်ပြင်ခွင့်မပြုထားဘူး”ဟု ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက် ဦးစီး ဌာနမှ စစ်ကိုင်းဗုဒ္ဓပြတိုက်၊ ယဉ်ကျေးမှုပြတိုက်တာဝန်ခံ ဦးမာန်သစ်ငြိမ်းက ပြောသည်။
အဆိုပါ ဘုရားသည် သမိုင်းဝင်ရှေးဟောင်း ဘုရားတစ်ဆူထဲတွင် ပါဝင်သော်လည်း စစ်ကိုင်းမြို့ ပေါ်ရှိ ရှေးဟောင်းသုတေသန၏ တရားဝင် အဆောက်အအုံဦးရေ (၂၀)ခန့်ထဲတွင် မပါဝင်ကြောင်း သိရသည်။ “ကျွန်တော်တို့ က ဆိုင်းငံ့ထားတယ်ဆိုတာက လောလောဆယ်ပြုပြင်ခွင့် သူတို့က ကျွန်တော်တို့ဆီ ကိုစာတင်တယ်။ စာတင်တဲ့အခါ ရှေးဟောင်းအဆောက်အအုံကို ပြန်လည်ပြုပြင်ခွင့်စာတင်တယ်။ ပေါ့ပေါ့ပြောရရင် သူတို့ကစာသာလာတင်တာ စာမတင်ခင်တည်းက အဲဒီအဆောက်အအုံကဖြိုပြီးသွားပြီ။ (၂၇)ရက်၊ (၁၁)လပိုင်းတည်းက ဖြိုလိုက်တာ။ ကျွန်တော်တို့ ဆီကို စာတင်တာက ဒီဇင်ဘာလ (၂)ရက်မှ ရောက်တာ အဲဒါကြောင့် တားထားလိုက်ရတာက ရှေးဟောင်း အဆောက်အအုံဆောက်လုပ်ခွင့် ပြုမိန့်မကျတဲ့ အတွက်ကြောင့် ဆိုင်းငံ့ထားလိုက်တာ”ဟု ၎င်းကဆက်လက် ပြောသည်။ ထိုသို့ဆိုင်းငံ့ထားခြင်းသည် တည်ဆောက် ခွင့်မပြုခြင်းမဟုတ်ကြောင်းနှင့် ပြည်ထောင်စုဝန်ကြီး တိုင်းဒေသကြီး ဝန်ကြီး ရုံးများမှ ခွင့်ပြုချက်ရပါက ပြန်လည်တည်ဆောက်ခွင့်ပေးသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ “အခုက လုံးဝကို ရာနှုန်းပြည့်ပျက်စီးသွားပြီပေါ့လေ။ ရာနှုန်းပြည့်ပျက်စီးသွားပြီဆိုတော့ ပျက်စီးမှုအနေနဲ့က ဝမ်းနည်းပါ တယ်လို့ပြောရုံမှ တစ်ပါး ဆက်လုပ်လို့ လုပ်လို့မရတော့ဘူးလေ။ အဖတ်ဆယ်လို့ မရတဲ့အနေအထားဖြစ်သွားပါတယ်”ဟု မြန်မာမှု ပညာရှင် ကလန်ငယ်ထူးသန့်က ပြောသည်။

Zawgyi Version:
ခြင့္ျပဳခ်က္မတင္မီ ၿဖိဳခ်ခဲ့ေသာ ေ႐ႊမင္းဝံ ေပၚေတာ္မူဘုရား တည္ေဆာက္ေရးလုပ္ငန္းမ်ားကို ယာယီဆိုင္းငံ့ထား
ေစာ (NP News)-ဒီဇင္ဘာ ၂၁
ငလ်င္ဒဏ္ခံရၿပီးေနာက္ ထိခိုက္မႈ ရွိခဲ့ေသာ္လည္း ျပန္လည္တည္ေဆာက္ရန္ ခြင့္ျပဳခ်က္မတင္မီ ၿဖိဳခ်ခဲ့ေသာ ေရွးလက္ရာ နံရံေဆးေရးပန္းခ်ီမ်ားရွိရာ ေ႐ႊမင္းဝံေပၚေတာ္မူဘုရားတည္ ေဆာက္ေရးလုပ္ငန္းမ်ားကို သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာန၊ ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာနက ယာယီဆိုင္းငံ့ထားေၾကာင္း သိရ သည္။ အဆိုပါဘုရားသည္ အင္အားျပင္းငလ်င္ ႀကီးဒဏ္ေၾကာင့္ (၆၅)ရာခိုင္ ႏႈန္းခန႔္ပ်က္စီးသြားခဲ့ရသည့္အျပင္ အတြင္း ရွိ ေညာင္ရမ္းေခတ္နံရံေဆးေရး ပန္းခ်ီမ်ားလည္း ကြာက် ပ်က္စီးသြားခဲ့ရၿပီး မ်က္ႏွာၾကက္တြင္သာ အနည္းငယ္က်န္ရွိ ေတာ့ေၾကာင္း သိရသည္။ “ဒီ Temple ႀကီးက ေညာင္ရမ္းေခတ္ေႏွာင္းလက္ရာ။ ဘာေၾကာင့္အဲဒီလိုေျပာလဲဆိုရင္ အရင္ကရွိခဲ့ဖူးတဲ့ ငလ်င္ေၾကာင့္မၿပိဳခင္က ေလ့လာခဲ့တဲ့ ဆရာေတြရဲ႕ နံရံေဆးေရးပန္းခ်ီသုံးသပ္ခ်က္အရ ေညာင္ရမ္း ေခတ္က ေညာင္ရမ္းေခတ္ေႏွာင္း ပိုင္းေတာ့ျဖစ္မွာေပါ့။ အဲဒီလက္ရာျဖစ္ေနတဲ့အတြက္ သူတို႔ျပန္ျပင္တာကေတာ့ ေလာေလာဆယ္ဆိုင္းငံ့ ထားတယ္။ ျပန္ျပင္ခြင့္မျပဳထားဘူး”ဟု ေရွးေဟာင္းသုေတသနႏွင့္အမ်ိဳးသားျပတိုက္ ဦးစီး ဌာနမွ စစ္ကိုင္းဗုဒၶျပတိုက္၊ ယဥ္ေက်းမႈျပတိုက္တာဝန္ခံ ဦးမာန္သစ္ၿငိမ္းက ေျပာသည္။
အဆိုပါ ဘုရားသည္ သမိုင္းဝင္ေရွးေဟာင္း ဘုရားတစ္ဆူထဲတြင္ ပါဝင္ေသာ္လည္း စစ္ကိုင္းၿမိဳ႕ ေပၚရွိ ေရွးေဟာင္းသုေတသန၏ တရားဝင္ အေဆာက္အအုံဦးေရ (၂၀)ခန႔္ထဲတြင္ မပါဝင္ေၾကာင္း သိရသည္။ “ကြၽန္ေတာ္တို႔ က ဆိုင္းငံ့ထားတယ္ဆိုတာက ေလာေလာဆယ္ျပဳျပင္ခြင့္ သူတို႔က ကြၽန္ေတာ္တို႔ဆီ ကိုစာတင္တယ္။ စာတင္တဲ့အခါ ေရွးေဟာင္းအေဆာက္အအုံကို ျပန္လည္ျပဳျပင္ခြင့္စာတင္တယ္။ ေပါ့ေပါ့ေျပာရရင္ သူတို႔ကစာသာလာတင္တာ စာမတင္ခင္တည္းက အဲဒီအေဆာက္အအုံကၿဖိဳၿပီးသြားၿပီ။ (၂၇)ရက္၊ (၁၁)လပိုင္းတည္းက ၿဖိဳလိုက္တာ။ ကြၽန္ေတာ္တို႔ ဆီကို စာတင္တာက ဒီဇင္ဘာလ (၂)ရက္မွ ေရာက္တာ အဲဒါေၾကာင့္ တားထားလိုက္ရတာက ေရွးေဟာင္း အေဆာက္အအုံေဆာက္လုပ္ခြင့္ ျပဳမိန႔္မက်တဲ့ အတြက္ေၾကာင့္ ဆိုင္းငံ့ထားလိုက္တာ”ဟု ၎ကဆက္လက္ ေျပာသည္။ ထိုသို႔ဆိုင္းငံ့ထားျခင္းသည္ တည္ေဆာက္ ခြင့္မျပဳျခင္းမဟုတ္ေၾကာင္းႏွင့္ ျပည္ေထာင္စုဝန္ႀကီး တိုင္းေဒသႀကီး ဝန္ႀကီး ႐ုံးမ်ားမွ ခြင့္ျပဳခ်က္ရပါက ျပန္လည္တည္ေဆာက္ခြင့္ေပးသြားမည္ျဖစ္ေၾကာင္း ၎ကဆိုသည္။ “အခုက လုံးဝကို ရာႏႈန္းျပည့္ပ်က္စီးသြားၿပီေပါ့ေလ။ ရာႏႈန္းျပည့္ပ်က္စီးသြားၿပီဆိုေတာ့ ပ်က္စီးမႈအေနနဲ႔က ဝမ္းနည္းပါ တယ္လို႔ေျပာ႐ုံမွ တစ္ပါး ဆက္လုပ္လို႔ လုပ္လို႔မရေတာ့ဘူးေလ။ အဖတ္ဆယ္လို႔ မရတဲ့အေနအထားျဖစ္သြားပါတယ္”ဟု ျမန္မာမႈ ပညာရွင္ ကလန္ငယ္ထူးသန႔္က ေျပာသည္။

Related news

© 2021. All rights reserved.