အစ္စရေးအတွက် သူလျှိုလုပ်ပေးတယ်လို့ စွပ်စွဲခံထားရတဲ့ အမျိုးသားတစ်ဦးကို အီရန်ကွပ်မျက်

65

Pika (NP News) - ဒီဇင်ဘာ ၂၁
အစ္စရေးအတွက် သူလျှိုလုပ်ပေးမှုနဲ့ အီရန်အတိုက်အခံအဖွဲ့တွေနဲ့ဆက်နွယ်နေတယ်လို့ စွပ်စွဲပြောဆိုခံထားရတဲ့ အမျိုးသားတစ်ဦးကို အီရန်အစိုးရက ကွပ်မျက်ခဲ့တယ်လို့ သိရပါတယ်။
ဆယ်စုနှစ်များစွာကြာအောင် အစ္စရေးနဲ့တင်းမာမှုတွေရှိနေတဲ့ အီရန်နိုင်ငံဟာ အစ္စရေးရဲ့ထောက်လှမ်းရေးအဖွဲ့နဲ့ ဆက်နွယ်မှုရှိကာ အီရန်နိုင်ငံတွင်းကို သူလျှိုလုပ်ဖို့ရောက်ရှိနေတယ်ဆိုပြီး စွပ်စွဲပြောဆိုခံခဲ့ရတဲ့ သံသယရှိသူ အများအပြားကို ကွပ်မျက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။
အသက်(၂၇)နှစ်အရွယ် ဗိသုကာပညာကျောင်းသား Aghil Keshavarz ဟာ အစ္စရေးအတွက် သူလျှိုလုပ်ပေး တယ်ဆိုတဲ့စွပ်စွဲချက်တွေနဲ့အတူ အီရန်အစိုးရရဲ့ကွပ်မျက်မှုကိုခံခဲ့ရတာဖြစ်တယ်လို့ အော်စလိုမြို့အခြေစိုက် အီရန် လူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ဇွန်လမှာ အစ္စရေးနဲ့အီရန်ကြား(၁၂)ရက်ကြာ စစ်ပွဲ ဖြစ်ပွားခဲ့ပြီး အစ္စရေးက အီရန်နိုင်ငံတွင်းက ပစ်မှတ်အများအပြားကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် နှစ်နိုင်ငံကြားတင်းမာမှုတွေ ဆိုးဆိုးရွားရွားမြင့်တက်လာခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် အစ္စရေးရဲ့အီရန်အပေါ်တိုက်ခိုက်မှုတွေမှာ အမေရိကန်ကလည်း ပါဝင်ကူညီပေးခဲ့ပြီးနောက် အီရန် နဲ့ အမေရိကန်ကြား လုပ်ဆောင်လျက်ရှိတဲ့ နျူကလီးယားဆွေးနွေးပွဲတွေ ရပ်ဆိုင်းသွားခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
အစၥေရးအတြက္ သူလွ်ိဳလုပ္ေပးတယ္လို႔ စြပ္စြဲခံထားရတဲ့ အမ်ိဳးသားတစ္ဦးကို အီရန္ကြပ္မ်က္
Pika (NP News) - ဒီဇင္ဘာ ၂၁
အစၥေရးအတြက္ သူလွ်ိဳလုပ္ေပးမႈနဲ႔ အီရန္အတိုက္အခံအဖြဲ႕ေတြနဲ႔ဆက္ႏြယ္ေနတယ္လို႔ စြပ္စြဲေျပာဆိုခံထားရတဲ့ အမ်ိဳးသားတစ္ဦးကို အီရန္အစိုးရက ကြပ္မ်က္ခဲ့တယ္လို႔ သိရပါတယ္။
ဆယ္စုႏွစ္မ်ားစြာၾကာေအာင္ အစၥေရးနဲ႔တင္းမာမႈေတြရွိေနတဲ့ အီရန္ႏိုင္ငံဟာ အစၥေရးရဲ႕ေထာက္လွမ္းေရးအဖြဲ႕နဲ႔ ဆက္ႏြယ္မႈရွိကာ အီရန္ႏိုင္ငံတြင္းကို သူလွ်ိဳလုပ္ဖို႔ေရာက္ရွိေနတယ္ဆိုၿပီး စြပ္စြဲေျပာဆိုခံခဲ့ရတဲ့ သံသယရွိသူ အမ်ားအျပားကို ကြပ္မ်က္မႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။
အသက္(၂၇)ႏွစ္အ႐ြယ္ ဗိသုကာပညာေက်ာင္းသား Aghil Keshavarz ဟာ အစၥေရးအတြက္ သူလွ်ိဳလုပ္ေပး တယ္ဆိုတဲ့စြပ္စြဲခ်က္ေတြနဲ႔အတူ အီရန္အစိုးရရဲ႕ကြပ္မ်က္မႈကိုခံခဲ့ရတာျဖစ္တယ္လို႔ ေအာ္စလိုၿမိဳ႕အေျခစိုက္ အီရန္ လူ႔အခြင့္အေရးအဖြဲ႕က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ဇြန္လမွာ အစၥေရးနဲ႔အီရန္ၾကား(၁၂)ရက္ၾကာ စစ္ပြဲ ျဖစ္ပြားခဲ့ၿပီး အစၥေရးက အီရန္ႏိုင္ငံတြင္းက ပစ္မွတ္အမ်ားအျပားကို ေလေၾကာင္းကေန ဗုံးႀကဲတိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့ၿပီးေနာက္ ႏွစ္ႏိုင္ငံၾကားတင္းမာမႈေတြ ဆိုးဆိုး႐ြား႐ြားျမင့္တက္လာခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ အစၥေရးရဲ႕အီရန္အေပၚတိုက္ခိုက္မႈေတြမွာ အေမရိကန္ကလည္း ပါဝင္ကူညီေပးခဲ့ၿပီးေနာက္ အီရန္ နဲ႔ အေမရိကန္ၾကား လုပ္ေဆာင္လ်က္ရွိတဲ့ န်ဴကလီးယားေဆြးေႏြးပြဲေတြ ရပ္ဆိုင္းသြားခဲ့တယ္လို႔လည္း သိရပါတယ္။