ဆန်စပါး ကြိတ်ခွဲထုတ်လုပ်မှုလုပ်ငန်းကျွမ်းကျင်သောပညာရှင်များ မွေးထုတ်ရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိ

82

စော(NP News)- ဒီဇင်ဘာ ၂၁
ဆန်စပါး ကြိတ်ခွဲထုတ်လုပ်မှုလုပ်ငန်းကျွမ်းကျင်သောပညာရှင်များ မွေးထုတ်ရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏အချက်လက်များအရ သိရသည်။
မြန်မာ့ဆန်စပါးလုပ်ငန်းတွင် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဓိကလိုအပ်ချက်တစ်ရပ်ဖြစ်သော ကျွမ်းကျင်လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ရန် ရည်ရွယ်ပြီး သိပ္ပံနှင့် နည်းပညာ၀န်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း၍ ဆန်စပါးကြိတ်ခွဲထုတ်လုပ်မှု နည်းပညာသင်တန်းများအားဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းများကို Level 1 (Certificate Level)နှင့် Level 2 (Higher Certificate Level) စသည့် အတန်းများခွဲကာ ရန်ကုန်မြို့ နတ်မောက်လမ်းရှိ စက်မှုနည်းပညာလေ့ကျင့် သင်ကြားရေးသင်တန်းကျောင်း (SITE)တွင် နိုဝင်ဘာ ၁၈ရက်မှ စတင်ဖွင့်လှစ်ခဲ့ရာ သင်တန်းသား (၆၀)ဦး ပါဝင်တက်ရောက်လျက်ရှိကြောင်း သိရသည်။
အသင်းချုပ် အနေဖြင့် ဆန်စပါးလုပ်ငန်း အတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အလို့ငှာ Career Focused, fully funded internship training များကို တက္ကသိုလ်ကောလိပ်ကျောင်းများနှင့် ပုဂ္ဂလိကဏ္ဍ ပူးပေါင်းဆောင်ရွက်သည့် School-Industry Partnership ပုံစံဖြင့် ဆက်လက်တိုးချဲ့ ဖွင့်လှစ်သွားနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုပြင် Certificate Level, Higher Certificate Level သင်တန်းများ အပြင် Diploma level သင်တန်းများ ကိုပါ မကြာမီ ဖွင့်လှစ်ရန် ပြင်ဆင်လျက်ရှိပြီး စာတွေ့သာမက လုပ်ငန်းခွင်လက်တွေ့ အသုံးချ သင်တန်းများဖြစ်၍ ဆန်စပါး ကြိတ်ခွဲထုတ်လုပ်မှု လုပ်ငန်းကျွမ်းကျင်သော professionalများ မွေးထုတ်ရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

Zawgyi Version:
ဆန္စပါး ႀကိတ္ခြဲထုတ္လုပ္မႈလုပ္ငန္းကြၽမ္းက်င္ေသာပညာရွင္မ်ား ေမြးထုတ္ရန္ ရည္႐ြယ္ေဆာင္႐ြက္လ်က္ရွိ
ေစာ(NP News)- ဒီဇင္ဘာ ၂၁
ဆန္စပါး ႀကိတ္ခြဲထုတ္လုပ္မႈလုပ္ငန္းကြၽမ္းက်င္ေသာပညာရွင္မ်ား ေမြးထုတ္ရန္ ရည္႐ြယ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္၏အခ်က္လက္မ်ားအရ သိရသည္။
ျမန္မာ့ဆန္စပါးလုပ္ငန္းတြင္ ကုန္ထုတ္လုပ္မႈ ဖြံ႕ၿဖိဳးတိုးတက္ေစေရးအတြက္ အဓိကလိုအပ္ခ်က္တစ္ရပ္ျဖစ္ေသာ ကြၽမ္းက်င္လူ႔စြမ္းအားအရင္းအျမစ္မ်ား ျပဳစုပ်ိဳးေထာင္ရန္ ရည္႐ြယ္ၿပီး သိပၸံႏွင့္ နည္းပညာ၀န္ႀကီးဌာန၊ နည္းပညာ၊ သက္ေမြးပညာႏွင့္ ေလ့က်င့္ေရးဦးစီးဌာနႏွင့္ ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္တို႔ ပူးေပါင္း၍ ဆန္စပါးႀကိတ္ခြဲထုတ္လုပ္မႈ နည္းပညာသင္တန္းမ်ားအားဖြင့္လွစ္ခဲ့ေၾကာင္း သိရသည္။
အဆိုပါသင္တန္းမ်ားကို Level 1 (Certificate Level)ႏွင့္ Level 2 (Higher Certificate Level) စသည့္ အတန္းမ်ားခြဲကာ ရန္ကုန္ၿမိဳ႕ နတ္ေမာက္လမ္းရွိ စက္မႈနည္းပညာေလ့က်င့္ သင္ၾကားေရးသင္တန္းေက်ာင္း (SITE)တြင္ ႏိုဝင္ဘာ ၁၈ရက္မွ စတင္ဖြင့္လွစ္ခဲ့ရာ သင္တန္းသား (၆၀)ဦး ပါဝင္တက္ေရာက္လ်က္ရွိေၾကာင္း သိရသည္။
အသင္းခ်ဳပ္ အေနျဖင့္ ဆန္စပါးလုပ္ငန္း အတြက္ လူ႔စြမ္းအားအရင္းအျမစ္ ဖြံ႕ၿဖိဳးတိုးတက္ေရး အလို႔ငွာ Career Focused, fully funded internship training မ်ားကို တကၠသိုလ္ေကာလိပ္ေက်ာင္းမ်ားႏွင့္ ပုဂၢလိက႑ ပူးေပါင္းေဆာင္႐ြက္သည့္ School-Industry Partnership ပုံစံျဖင့္ ဆက္လက္တိုးခ်ဲ႕ ဖြင့္လွစ္သြားႏိုင္ေရးေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ထိုျပင္ Certificate Level, Higher Certificate Level သင္တန္းမ်ား အျပင္ Diploma level သင္တန္းမ်ား ကိုပါ မၾကာမီ ဖြင့္လွစ္ရန္ ျပင္ဆင္လ်က္ရွိၿပီး စာေတြ႕သာမက လုပ္ငန္းခြင္လက္ေတြ႕ အသုံးခ် သင္တန္းမ်ားျဖစ္၍ ဆန္စပါး ႀကိတ္ခြဲထုတ္လုပ္မႈ လုပ္ငန္းကြၽမ္းက်င္ေသာ professionalမ်ား ေမြးထုတ္ရန္ ရည္႐ြယ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ထုတ္ျပန္ထားသည္။