(၅)နှစ်တာကာလအတွင်း (၁)ရက်လျှင် ငွေကျပ် (၃)ဘီလျံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိသကဲ့သို့ဖြစ်ခဲ့

88

သန့်ဇင်(NP News)-ဒီဇင်ဘာ ၂၁
(၅)နှစ်တာကာလအတွင်း (၁)ရက်လျှင် ငွေကျပ် (၃) ဘီလျံကျော်တန်ဖိုးရှိ မူယစ်ဆေးဝါးများ ဖမ်းဆီးရမိသကဲ့ သို့ဖြစ်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲ တပ်ဖွဲ့ရှိ အချက်အလက်များအရ သိရသည်။
(၂၀၂၁) ခုနှစ်မှ (၂၀၂၅) ခုနှစ် နိုဝင်ဘာလအထိ ကာလအတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုပေါင်း (၃၀၄၂၀) မှု တွင် ဖမ်းဆီးရမိသူ များစုစုပေါင်း (၄၂ယ၇၅၉) ဦးအတွင်း အမျိုးသား (၃၆၈၈၅) ဦးနှင့် အမျိုးသမီး (၅၈၇၄) ဦးပါဝင် ကြောင်း သိရသည်။
တရားခံပေါင်း (၄၂,၇၅၉) ဦးကို ဘိန်း (၇ ဒသမ ၂) တန်ကျော်၊ ဘိန်းဖြူ (၉ ဒသမ ၄) တန်ကျော်၊ ဆေးခြောက် (၄) တန်ကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား (၁၁၃၈) သန်းကျော်၊ အိုက်စ် (၁၀၇) တန်ကျော်၊ ကက်တမင်း (၂၂ ဒသမ ၂) တန်ကျော်၊ Happy Water (၈၆၆) ကီလိုကျော်၊ အက်တက်စီ ဆေးပြား (၁၁၆၆၀ဝ၂) ပြား အပါအဝင် အခြား မူးယစ်ဆေးဝါးများ၊ ကဖင်း (၈၉ ဒသမ ၆) တန်ကျော် အပါအဝင် ထိန်းချုပ် ဓာတုပစ္စည်းများနှင့် အခြားဓာတု ပစ္စည်း စုစုပေါင်း တန်ဖိုးငွေကျပ် (၅၅၇၀ ဒသမ ၇) ဘီလျံကျော် ဖမ်းဆီးအရေးယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုများအနက် လက်နက်ခဲယမ်းပါဝင်သော အမှုပေါင်း (၁၇၄) မှုရှိပြီး လက်နက်ခဲယမ်း မျိုးစုံ (၁ယ၁၅၇ယ၆၃၄)နှင့် ဆက်စပ်ပစ္စည်းတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ (၂၀၂၁) ခုနှစ်မှ (၂၀၂၅) ခုနှစ်၊ အောက်တို ဘာလအထိ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု များတွင် လက်နက်ခဲယမ်းပါဝင်သော အမှုပေါင်း (၁၇၄) မှုမှ တရားခံ(ကျား) (၃၇၉) ဦး၊ တရားခံ(မ) (၂၆) ဦး၊ တရားခံပေါင်း (၄၀၅) ဦးကို လက်နက်မျိုး စုံ (၇၀၉) လက်၊ ဗုံးမျိုးစုံ (၃၀၃) လုံး၊ မိုင်းမျိုးစုံ (၆၁) လုံး၊ ကျည်မျိုးစုံ (၁၃၇ယ၅၅၀) တောင့်၊ ကျည်အိမ်မျိုးစုံ (၁ယ၆၄၅) ခု၊ ယမ်းမျိုးစုံ (၁၅၉) ကီလိုကျော်၊ ဒီတိုနေတာမျိုးစုံ (၁ယ၁၅၇ယ၆၃၄) ခုနှင့် ဆက်စပ် ပစ္စည်းတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် (၅) နှစ်အတွင်း စုစုပေါင်းတန်ဖိုး ငွေကျပ် (၅,၃၂၉) ဘီလျံကျော် တန်ဖိုးရှိ မူးယစ် ဆေးဝါးနှင့် ဓာတုပစ္စည်းများ မီးရှို့ဖျက်ဆီးနိုင်ခဲ့ရာ (၂၀၂၂) ခုနှစ်တွင် အများဆုံးဖြစ်ပြီး (၁,၁၈၈ ဒသမ ၈၂၈) ဘီလျံကျော်ရှိခဲ့ပြီး နှစ်အလိုက်ဆိုပါက (၂၀၂၁) ခုနှစ်တွင် (၁၀၆၈ ဒသမ ၆၆) ဘီလျံကျော်၊ ၊ (၂၀၂၃) ခုနှစ်တွင် (၉၃၆ ဒသမ ၇၂၃) ဘီလျံကျော်၊ (၂၀၂၄) ခုနှစ်တွင် (၁,၁၆၃ ဒသမ ၆၄၈) ဘီလျံကျော်နှင့် (၂၀၂၅) ခုနှစ်တွင် (၉၇၁.၇၉) ဘီလျံကျော် ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုမှ နိုင်ငံတော်ဘဏ္ဍာသိမ်းဆည်းမှု (၄,၁၉၇) မှုရှိခဲ့ပြီး မြန်မာငွေကျပ် (၄၈၈) သန်းကျော်၊ ထိုင်းဘတ် (၃,၆၁၂,၁၂၀) ဘတ်၊ တရုတ်ယွမ် (၅၀ဝ) ယွမ်၊ အမေရိကန်ဒေါ်လာ (၂၀ဝဝ)အထိ သိမ်းဆည်းရ မိခဲ့ကြောင်း သိရသည်။
အလားတူ ရွှေ (၂ ဒသမ ၅) ကျပ်သား၊ မော်တော်ယာဉ် (၄၇၇) စီး၊ ဆိုင်ကယ် (၂ယ၄၃၈) စီး၊ ဖုန်း (၅၉၆) လုံး၊ သုံးဘီးယာဉ် (၇) စီး၊ သုံးဘီး ဆိုင် ကယ် (၅) စီး၊ စက်ဘီး (၁၉) စီး၊ ဘက်ထရီဆိုင်ကယ် (၁) စီး၊ ဘေးတွဲဆိုင်ကယ် (၁) စီး၊ စက်လှေ (၃၅) စီး၊ ထော်လာဂျီ (၁) စီး၊ Air Cooler (၂) လုံး၊ ကျောပိုးအိတ် (၁) လုံးတို့ကိုလည်း နိုင်ငံတော်ဘဏ္ဍာ သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် မူးယစ်ဆေးဝါးမှုများနှင့်ဆက်နွှယ်၍ နိုင်ငံတော်ဘဏ္ဍာသိမ်းဆည်းရမိခဲ့သည့် စုစုပေါင်း တန်ဖိုးငွေသည် ကျပ် (၁၃,ဝ၄၄) သန်းကျော်ရှိခဲ့ကြောင်းလည်း သိရသည်။

Zawgyi Version: