တစ်ပတ်အတွင်း မြန်မာ့စီးပွားရေး ဈေးကွက်သုံးသပ်ချက် (ဆောင်းပါး)

131

ပြည့်ဖြိုး(NP News)ဒီဇင်ဘာ ၂၁
ယခုတစ်ပတ်အတွင်း ကမ္ဘာ့ရွှေဈေး ဆက်လက်မြင့်တက်နေခဲ့ခြင်းကြောင့် ပြည်တွင်းရွှေဈေးများ လိုက်ပါမြင့် တက်နေပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် သိန်း(၉၀)အထက်သို့ရောက်ရှိလာသည်။ ယခင် တစ်ပတ်က ကမ္ဘာ့ရွှေ ဈေးသည် တစ်အောင်စလျှင် (၄၂၀ဝ)ဝန်းကျင်ပေါက်ဈေးရှိနေရာမှ လက်ရှိတွင် (၄၃၅၀)ဝန်းကျင်အထိ မြင့်တက်နေ ခြင်းဖြစ်သည်။ ပြည်တွင်းရွှေဈေးကွက်သည် ဈေးနှုန်းအမြင့်ဆုံးအခြေအနေသို့ရောက်ရှိနေပြီး လတ်တလောတွင် အခေါက်ရွှေအရောင်းပိုင်းများရပ်နားထားပြီး အဝယ်ပိုင်းကိုသာ ဦးစားပေးလုပ်ကိုင်နေကြောင်း ရွှေဆိုင်များထံ မှသိရ သည်။ အခေါက်ရွှေတစ်ကျပ်သားလျှင် သိန်း(၉၀)အထက်သို့ရောက်ရှိနေရာ အရောင်းအဝယ်များ လည်းအေးနေ ကြောင်းသိရသည်။ နိုင်ငံတကာဈေး ကွက်အခြေအနေများအရ ကမ္ဘာ့ရွှေဈေးများ ဆက်လက်မြင့် တက်နိုင်ဖွယ်ရှိ သောကြောင့် ပြည်တွင်းရွှေ လုပ်ငန်းရှင်များသည် အခေါက်ရွှေအရောင်းပိုင်းထက် အဝယ်ပိုင်းကို ဦးစားပေး လုပ်ကိုင် နေခြင်းဖြစ်သည်။ (၁၅)ပဲရည် ရွှေအထည်ပစ္စည်းများမှာ ပုံမှန်အရောင်း အဝယ်ရှိနေပြီး လတ်တလောတွင် ဈေးကွက် အနည်း ငယ်အေးနေကြောင်းသိရသည်။ ပြည်တွင်းငွေလဲဈေး ကွက်အတွင်း နိုင်ငံခြားငွေလဲဈေးနှုန်းများတည်ငြိမ် နေပြီး အမေရိကန်တစ်ဒေါ်လာလျှင် (၄၀၁၀)ကျပ် ဖြင့် ယခင်တစ်ပတ်ကအတိုင်း အပြောင်းအလဲမရှိရပ် တည်နေသည်။ ထို့သို့ နိုင်ငံခြားငွေလဲဈေးနှုန်းများ တည်ငြိမ်နေခြင်းမှာ ဗဟိုဘဏ်၏ နိုင်ငံခြားငွေများ ဆက်တိုက်ထုတ်ရောင်းနေခြင်းကြောင့် ဖြစ်သည့်အပြင် ကုန်သွယ်ရေးလုပ်ငန်းအတွင်း ပြင်ပငွေလဲနှုန်းကို အသုံးပြုမှုနည်းပါးလာခြင်းကြောင့်ဖြစ်သည်။ ပို့ကုန်/ သွင်းကုန်လုပ်ငန်းများအတွက်လိုအပ်သော နိုင်ငံခြားငွေကို ဈေးကွက်အတွင်း ဝယ်ယူခြင်းနည်းပါးပြီး ဗဟိုဘဏ်၏ အွန်လိုင်း FIX အရောင်းအဝယ်မှ နိုင်ငံခြားငွေများလွှဲပြောင်းရောင်းချနေခြင်းတို့ကြောင့် နိုင်ငံခြားငွေလဲဈေးနှုန်းများ တည်ငြိမ်နေခြင်းဖြစ်သည်။ စက်သုံးဆီနှင့်စားအုန်းဆီဈေးနှုန်းများမှာလည်း ယခင်တစ်ပတ်ကဈေးနှုန်းများဖြင့်သာ အရောင်းအဝယ်ပြုလုပ်နေကြပြီး ဈေးနှုန်းအကျဈေးဖြင့် ဈေးကွက်ပေါက်ဈေးဖွင့်လှစ်ထားကြောင်း သိရသည်။ ထူးခြား ချက်အနေဖြင့် အိမ်ခြံမြေနှင့်ကားဈေးကွက်သည် ဈေးနှုန်းများမြင့်တက်နေသော်လည်း အရောင်းအဝယ်နည်း ပါးကြောင်း အကျိုးဆောင်ပွဲစားများထံမှ သိရသည်။ အိမ်ခြံမြေနှင့်ကားဈေးကွက်မှာ လတ်တလောကျင်းပမည့် ရွေး ကောက်ပွဲကို စောင့်ကြည့်ကာ အခွန်အပြောင်းအလဲနှင့် မူဝါဒအပြောင်းအလဲတို့အ ပေါ်မူတည်ကာ ဈေးကွက်အပြောင်း အလဲရှိနိုင်ကြောင်း သိရသည်။ ရန်ကုန်မြို့တွင်အရောင်းအဝယ်အကောင်း ဆုံးဖြစ်သော ဒဂုံမြို့သစ်လေးမြို့နယ်မှာပင် အရောင်း /အဝယ် သိသိသာသာနည်းပါးနေခြင်းဖြစ်သည်။ ကားဈေးကွက်အတွင်းတွင်လည်း အိမ်စီးကားနှင့်လုပ် ငန်းသုံးကား နှစ်မျိုးစလုံးဈေးများမြင့်တက်နေပြီး သိန်းငါးရာအောက်ကား မရှိသလောက်နည်းပါးနေ ကြောင်း သိရ သည်။ ပြည်တွင်း အခြေခံစားသောက် ကုန်များ၏ဈေးနှုန်းများသည်လည်း ဈေးအမြင့်ပိုင်း ဖြင့်သာ ဈေးကွက်အတွင်း ရောင်းချနေကြပြီး အဓိက အားဖြင့် ပြည်ပမှတင်သွင်းသောကုန်စည်များနှင့် အဖျော်ယမကာများမှာ ဈေးကွက်အတွင်း ဈေးနှုန်းအမြင့်ဆုံးဖြင့်ရပ်တည်နေကြသည်။
ရွှေ၊ ငွေလဲနှုန်းနှင့် ပြည်ပသွင်းကုန် စက်သုံးဆီ နှင့် စားအုန်းဆီများ
ပြည်တွင်းရွှေဈေးကွက်အတွင်း စံချိန်တင်ရွှေ ပေါက်ဈေးများဖြစ်ပေါ်နေပြီး အခေါက်ရွှေတစ်ကျပ် သားလျှင် ကျပ် သိန်း(၉၀)ကျော်အထိ ပေါက်ဈေးဖြစ် ပေါ်နေသည်။ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA)မှ သတ်မှတ် ရည်ညွှန်းပေါက်ဈေးမှာ ရွှေတစ်ကျပ်သားလျှင် သိန်း(၆၀)ဝန်းကျင်သာရှိကြောင်း သိရသည်။ ယင်းပေါက်ဈေးဖြင့် ဈေးကွက်အတွင်း ရောင်းချနိုင်မှုမရှိဘဲ ပြင်ပပေါက်ဈေး ကျပ် သိန်း(၉၀) ကျော်ဖြင့်သာ ဈေးကွက်ဖွင့် ရောင်းချနေ ကြောင်း ရွှေလုပ်ငန်းရှင်အသိုင်းအဝိုင်းကဆိုသည်။ အခေါက် ရွှေအရောင်းအဝယ်ဈေးကွက်တွင် ရွှေအတုံးလိုက် အပိုင်း လိုက်ရောင်းချသောဆိုင်နည်းပါးပြီး တစ်နိုင်ငံလုံးတွင် အောင်သမာဓိ၊ အကယ်ဒမီနှင့် မြန်မာချမ်း သာ(ကျော်ကြီး) စသည့်ဆိုင်သုံးဆိုင်တွင်သာ အလွယ် တကူဝယ်ယူနိုင်ပြီး ကျန်ရွှေဆိုင်များတွင် အခေါက် ရွှေအရောင်းပိတ်ကာ အဝယ်သာလက်ခံနေကြကြောင်း ဈေးကွက်အတွင်းမှသိရသည်။ အခေါက်ရွှေဝယ်ယူမှု ကိုလည်း ငွေကျပ် သိန်းတစ် ထောင်ဖိုးနှင့်အထက် ဝယ်ယူပါက တရားမဝင် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့သို့အကြောင်းကြားရန် ရွှေဆိုင်များထံ ညွှန်ကြားထားကြောင်းသိရသည်။ လတ်တလော ပြည်တွင်းရွှေဈေးကွက်သည် လေပတ်ကားအရောင်းအ ဝယ်များ နည်းပါးနေပြီဖြစ်သော်လည်း ကမ္ဘာ့ရွှေဈေး ပေါ်မူတည်ကာ ဈေးနှုန်းများမြင့်တက်နေခြင်းဖြစ်သည်။ ဒီဇင်ဘာ လပထမပတ်အတွင်းက ကမ္ဘာ့ရွှေပေါက်ဈေးသည် တစ်အောင်စလျှင်(၄၂၀ဝ)ဒေါ်လာဝန်းကျင်ခန့်သာရှိသော်လည်း လက်ရှိ ဒီဇင်ဘာ (၁၆) ရက်နေ့ဝန်းကျင်တွင် တစ်အောင်စလျှင်(၄၃၂၅)ဒေါ် လာဝန်းကျင်အထိ မြင့်တက်လာ ခြင်းဖြစ် သည်။ ပြည်တွင်းအခေါက်ရွှေဈေးများသည် ကမ္ဘာ့ရွှေဈေးကွက် အပြောင်းအလဲများနှင့်အတူ ယခု ဒီဇင်ဘာလကုန် သည်အထိ ဈေးနှုန်းများ ဆက်လက်မြင့်တက်နေနိုင်ပြီး အရောင်းအဝယ်အေးနေမည်ဖြစ်သည်။ (၁၅)ပဲရည် ရွှေထည် ဈေးကွက်မှာ ပုံမှန်အရောင်းအဝယ်အခြေအနေဖြင့်တည်ငြိမ်နေပြီး ရွှေစုဆောင်းလိုသူများအနေ ဖြင့် ရွှေဈေးအပြောင်း အလဲများကြောင့် ရောင်းမှား ဝယ်မှားမဖြစ်ပေါ်စေရန် သတိထားဆောင်ရွက်သင့်ကြောင်း ဝါရင့်ရွှေကုန်သည်များက ပြောသည်။ ပြည်ပငွေလဲဈေးကွက်အတွင်း နိုင်ငံခြားငွေဈေးများတည် ငြိမ်နေပြီး အထူးသဖြင့် ဒေါ်လာဈေးမှာ ယခင် တစ်ပတ်အတိုင်း တစ်ဒေါ်လာလျှင်(၄၀၁၀)ကျပ်ဖြင့် ဈေးကွက်ပေါက်ဈေးဖြစ်ပေါ်နေသည်။ ကျန်ငွေကြေးများဖြစ်သော တရုတ်တစ်ယွမ်လျှင် (၅၆၉)ကျပ်၊ ထိုင်းတစ်ဘတ်လျှင် (၁၂၇)ကျပ်နှင့် အိန္ဒိယတစ်ရူပီး လျှင် (၄၄)ကျပ်တို့ဖြင့် ဈေးကွက် ဖွင့်ရောင်းချနေကြသည်။ ပြည်တွင်းငွေလဲဈေးနှုန်းနှင့် သွင်းကုန်လိုင် စင်များကန့်သတ်ထားမှုတို့ကြောင့် စက်သုံးဆီ တင် သွင်းရောင်းချသည့်လုပ်ငန်းများသည်လည်း ဈေးကွက်အပြောင်းအလဲနည်းပါးစွာဖြင့်ရပ်တည်နေကြသည်။ စက်သုံး ဆီဈေးများမှာ လွန်ခဲ့သောနှစ်နှစ်ဝန်း ကျင်အတွင်း အနိမ့်ဆုံးပေါက်ဈေးများဖြင့်ရပ်တည်နေကြပြီး ဓာတ်ဆီ တစ်လီတာလျှင်(၂၅၀ဝ)ကျပ် ဝန်းကျင်နှင့် ဒီဇယ်တစ်လီတာလျှင်(၂၆၀ဝ)ကျပ်ဝန်းကျင် ပေါက်ဈေး များဖြစ်ပေါ်နေ သည်။ ယခင်တစ်ပတ် ကထက် စက်သုံးဆီအမျိုးအစားအလိုက် တစ်လီတာ လျှင် (၁၀ဝ)ကျပ်ဝန်းကျင် ဈေးနှုန်း အကျပိုင်းသို့ ရောက်ရှိနေပြီး စက်သုံးဆီပြတ်လပ်မှုမရှိဘဲ အရောင်း /အဝယ်ပြုလုပ်နေကြကြောင်းသိရသည်။ စားအုန်း ဆီဈေးမှာ ရည်ညွှန်းဈေး တစ်ပိဿာလျှင် (၆၁၁၀)ကျပ်ဖြင့် လေးလအတွင်း အနိမ့်ဆုံးဈေးအဖြစ်သတ် မှတ်ထားသည်။ စားအုန်းဆီဈေးကွက်သည် ပြင်ပ မှောင်ခိုဈေးကွက် ဆက်လက်ဖြစ်ပေါ်နေပြီး ပြင်ပဈေး ကွက်တွင် တစ်ပိဿာလျှင် တစ်သောင်းနှစ်ထောင် ဝန်းကျင်ဖြင့်ဝယ်ယူနေရဆဲဖြစ်သည်။
အိမ်ခြံမြေနှင့်ကားဈေးကွက် ဈေးတက်ပြီး အ ရောင်းအဝယ်အေးနေ
ပြည်တွင်း အိမ်ခြံမြေ၊ တိုက်ခန်းနှင့် အိမ်စီးကား၊ လုပ်ငန်းသုံးကားဈေးကွက်များမှာ အရောင်းအဝယ် အေးနေ သော်လည်း ဈေးနှုန်းများ အဆမတန်မြင့် တက်နေကြောင်း ဈေးကွက်အတွင်းမှသိရသည်။ အိမ် ခြံမြေဈေးကွက်အတွင်း ရန်ကုန်မြို့၌ ယခင်က အရောင်းအဝယ်အကောင်းဆုံးဖြစ်ခဲ့သည့် ဒဂုံမြို့သစ် လေးမြို့နယ်မှာ အရောင်းအဝယ်အေး လာပြီး လတ် တလောတွင် ဈေးစုံစမ်းမှုအဆင့်တွင်သာရှိကြောင်းသိရသည်။ သို့သော် မြေဈေးကွက်များမှာ (၂၀ x ၆၀)ပေ မြေကွက်အလွတ်များပင် သိန်းတစ်ထောင်အထက် သို့ရောက်ရှိနေပြီး နေရာအကွက်အကွင်းပေါ်မူတည်ကာ ဈေးနှုန်း များမြင့်တက်နေကြောင်းသိရသည်။ ဒဂုံမြို့သစ်မြောက်ပိုင်း အိမ်ခြံမြေဈေးများမှာ အမြင့်ဆုံးဖြစ်ပြီး ဒဂုံအရှေ့ပိုင်း ရပ်ကွက်အချို့နှင့် ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် အစွန်ရပ်ကွက်များတွင် တန်ဖိုးအ သင့်အတင့်ရှိသည့် မြေကွက်များ ကျန်ရှိနေကြောင်းသိရသည်။ အလားတူ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်း နေရာအကွက်အကွင်းပေါ်မူတည်ကာ ဈေးနှုန်းများ မြင့်မားနေဆဲဖြစ်သည်။ ကျန်ရန်ကုန်မြို့တစ်ခုလုံးတွင်မူ တိုက်ခန်းနှင့်ကွန်ဒိုများသာ အရောင်းအဝယ်ကောင်း မွန်နေပြီး အရစ်ကျတိုက်ခန်း ဝယ်ယူမှုများပြားကြောင်း သိရသည်။ သိန်းတစ်ထောင်မှသိန်းငါးထောင်အတွင်း အိမ်ခြံမြေနှင့် တိုက်ခန်းများကို ဈေးစုံစမ်းမှုများပြား သော်လည်း အပြီးသတ်ဝယ်ယူမှုနည်းပါးနေသည်။ တောင်ဥက္ကလာပမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်နှင့် မရမ်းကုန်း၊ လှိုင်၊ ကြည့်မြင်တိုင်၊ သင်္ဃန်းကျွန်း မြို့နယ်တို့သည်လည်း အရောင်း အဝယ်အတွက် ဈေးစုံစမ်းမှုများရှိနေကြောင်း အကျိုးတော်ဆောင် များထံမှသိရသည်။ ရွေးကောက်ပွဲကာလ ကျော် လွန်မှသာ အရောင်းအဝယ်များ ပြန်လည်ဖြစ်ထွန်းလာနိုင်သည်ဟု အကျိုးဆောင်အများစုက ခန့်မှန်းထားသည်။ ကား ဈေးကွက်သည် သီတင်းကျွတ်ကာလနှင့်နောက်ပိုင်း အရောင်းအဝယ် ခပ်သွက်သွက်ရှိခဲ့သော်လည်း၊ နိုဝင်ဘာလ ကုန်ပြီးကတည်းက အရောင်းအဝယ်အေး သွားခြင်းဖြစ်ကြောင်း၊ အရောင်းအဝယ်အေးသွား သော်လည်း ဈေးတန်း အနေဖြင့်၊ အမြင့်ပိုင်းတွင် ဆက်လက်ရှိနေသေးကြောင်း ရန်ကုန်နှင့်မန္တလေးမြို့ အခြေစိုက် ကားဝယ်ရောင်း အကျိုး ဆောင်များက ဆိုသည်။ လက်ရှိ ဒီဇင်ဘာလအစမှစတင်ကာ အရောင်းအဝယ်အေးကြောင်း၊ သို့သော်လည်း ဂျပန် တစ်ပတ်ရစ်ကားဈေးများမှာ ဈေးမာနေကြောင်း၊ ကားကောင်းပါက ဈေးပိုများကြောင်း၊ လူကြိုက် နည်းသည့် ဥရောပကားတချို့မှာလည်း ဈေးမကျ သေးကြောင်း ဝယ်ရောင်းအကျိုးဆောင်တစ်ဦးက ပြောသည်။ သီတင်းကျွတ် နောက်ပိုင်း ဈေးထပ်တက်ခဲ့သည့် ကျပ်သိန်းခြောက်ရာမှနှစ်ထောင်ကြား အိမ်စီးကားတစ်စီးသည် လက်ရှိတွင်လည်း ထိုဈေး တန်းတွင်သာ ဆက်လက်ရှိနေသေးကြောင်း၊ အရောင်းအဝယ်အေးရခြင်းနှင့်ပတ်သက်၍ လာမည့်နှစ် ကားမူဝါဒ အပြောင်းအလဲနှင့် ရွေးကောက်ပွဲအပြီး နောက်ပိုင်း မျှော်လင့်ချက်များကြောင့်ဖြစ်ကြောင်း သိရသည်။ ဝါရင့် ကားဝယ်ရောင်းအကျိုးဆောင်အသိုင်းအဝိုင်းအတွင်း ကားဈေးကျရန် ထက် ကားတွင် အသုံးပြုရသည့်အပိုပစ္စည်းနှင့် နောက်ဆက်တွဲ ပစ္စည်းများဈေးကျရန်သာ မျှော်လင့်ကြလိုကြောင်း ဝေဖန်သုံးသပ်ပြောဆိုနေကြသည်။
အခြေခံစားသောက်ကုန်နှင့် လက်လီဈေးနှုန်းများ
ရပ်ကွက်ဈေးများတွင် ငါးသလောက် ပေါပေါများများ တွေ့ရသည်။ ငါးသလောက် အကောင်ကြီး တစ်ဆယ်သား (၃၀ဝဝ-၃၅၀ဝ)ကျပ်၊ အကောင်လတ်တစ်ဆယ်သား (၂၀ဝ၀ -၂၅၀ဝ)ကျပ်ဈေးဖြင့် စားသုံးသူများကြသည်။ ငါး စင်ရိုင်းများလည်း တစ်ဆယ်သား(၂၀ဝဝ-၂၅၀ဝ)ကျပ်ဈေးများဖြင့် ပေါပေါများများတွေ့ရသည်။ ငါးခူတစ်ဆယ်သား (၂၀ဝဝ-၂၅၀ဝ)ကျပ်၊ ငါးပြေမတစ်ဆယ်သား (၂၅၀ဝ)ကျပ်၊ ငါးကျည်းတစ်ဆယ်သား (၃၅၀ဝ-၄၀ဝဝ)ကျပ် ဈေးများဖြင့် ယခင်ထက် ဈေးအနည်းငယ်ကျသည်။
ငါးပုတ်သင်တစ်ဆယ်သား (၁၅၀ဝ)ကျပ်၊ တီလား ဗီးယားတစ်ဆယ်သား (၁၅၀ဝ)ကျပ်ဈေးဖြင့် ပေါပေါများများ တွေ့ရသည်။ ငါးမြစ်ချင်း တစ်ဆယ်သား (၁၅၀ဝ-၁၇၀ဝ)ကျပ်ဈေးဖြင့် ပုံမှန်အတိုင်းရှိပြီး အကောင်လိုက် တစ်ကောင် (၆၀ဝဝ-၁၀ဝဝဝ)ကျပ်၊ မွေးမြူရေးငါးတန် တစ်ဆယ်သား (၁၅၀ဝ)ကျပ်ဈေးများဖြင့် ဝယ်ယူသူများသည်။ မြစ်ငါးတန် တစ်ဆယ်သား (၃၀ဝဝ)ကျပ်ဈေးဖြင့် ဈေးမြင့်တက်သည်။ ငါးကြင်းခုတ်သားတစ်ဆယ်သား (၃၀ဝဝ)ကျပ်၊ ရေချိုပုစွန် တုပ်များမှာ တစ်ဆယ်သား (၅၀ဝဝ-၅၅၀ဝ)ကျပ်ဈေးဖြင့် ယခင်ထက် ဈေးအနည်း ငယ်ကျသည်။ ဘော့ချိတ်ပုစွန် တစ်ဆယ်သား (၃၅၀ဝ) ကျပ်၊ ပုစွန်ဖြူတစ်ဆယ်သား (၄၀ဝဝ-၄၅၀ဝ)ကျပ်ဈေးဖြင့် တွေ့ရသည်။ စီပီကြက် သားများကို အပိုင်းလိုက်ဝယ်ယူသူ ပိုများပြီး စီပီ ကြက်ပေါင်တစ်ပိုင်း (၄၀ဝဝ-၅၀ဝဝ)ကျပ်၊ ကြက် ရင်ပုံတစ်ပိုင်း (၇၀ဝဝ)ကျပ် ဈေးများဖြင့် ပုံမှန်အတိုင်း ရှိကြသည်။ ကြက်သည်း ကြက်မြစ်တစ်တွဲ (၁၅၀ဝ-၁၈၀ဝ)ကျပ်ဈေးရှိသည်။ ကြက်နီမဈေး များမှာ တစ်ဆယ်သား (၂၅၀ဝ)ကျပ်၊ ကြက်နီမတစ်ကောင် (၂၅၀ဝဝ)ကျပ်ဈေးဖြင့် ပုံမှန်အတိုင်းရှိသည်။ ဒံပေါက်ကြက် တစ်ဆယ်သား (၂၇၀ဝ)ကျပ်ဈေး ရှိသည်။ ဗမာကြက်များက ဈေးမငြိမ်သော် လည်း တစ်ဆယ်သား (၃၅၀ဝ)ကျပ်နှင့် (၃၈၀ဝ) ကျပ်ဈေး ဝန်းကျင်တွင်သာရှိသည်။ အကောင်လိုက် (၃၀ဝဝဝ-၃၅၀ဝဝ)ကျပ်ဈေးများဖြင့် ဝယ်ယူသူများသည်။ ကျန်သည့် အသားဈေးများကလည်း အမြင့်ဈေး များဖြင့် ပုံမှန်အတိုင်း ရှိသည်။ ပွင့်လင်းရာသီရောက် ရှိလာသဖြင့် အခြေခံ အသားငါး ဈေးကွက်မှာ ဈေးနှုန်းမြင့်မားသော်လည်း ကုန်စည်ပေါ ပေါများများ ဈေးကွက်အတွင်းသို့ ဝင်ရောက် နေသည်။ ထူးခြားချက်အနေဖြင့် ပြည်ပမှတင်သွင်းရောင်းချရသော လူသုံးကုန်ပစ္စည်းများနှင့် အထွေထွေကုန် စည်များမှာ ဈေးနှုန်းမြင့်တက်နေပြီး ဈေးကွက်အတွင်း လက်ကျန်ရှားပါးနေကြောင်းသိရသည်။

Zawgyi Version:
တစ္ပတ္အတြင္း ျမန္မာ့စီးပြားေရး ေဈးကြက္သုံးသပ္ခ်က္
(ေဆာင္းပါး)
ျပည့္ၿဖိဳး(NP News)ဒီဇင္ဘာ ၂၁
ယခုတစ္ပတ္အတြင္း ကမာၻ႔ေ႐ႊေဈး ဆက္လက္ျမင့္တက္ေနခဲ့ျခင္းေၾကာင့္ ျပည္တြင္းေ႐ႊေဈးမ်ား လိုက္ပါျမင့္ တက္ေနၿပီး အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ သိန္း(၉၀)အထက္သို႔ေရာက္ရွိလာသည္။ ယခင္ တစ္ပတ္က ကမာၻ႔ေ႐ႊ ေဈးသည္ တစ္ေအာင္စလွ်င္ (၄၂၀ဝ)ဝန္းက်င္ေပါက္ေဈးရွိေနရာမွ လက္ရွိတြင္ (၄၃၅၀)ဝန္းက်င္အထိ ျမင့္တက္ေန ျခင္းျဖစ္သည္။ ျပည္တြင္းေ႐ႊေဈးကြက္သည္ ေဈးႏႈန္းအျမင့္ဆုံးအေျခအေနသို႔ေရာက္ရွိေနၿပီး လတ္တေလာတြင္ အေခါက္ေ႐ႊအေရာင္းပိုင္းမ်ားရပ္နားထားၿပီး အဝယ္ပိုင္းကိုသာ ဦးစားေပးလုပ္ကိုင္ေနေၾကာင္း ေ႐ႊဆိုင္မ်ားထံ မွသိရ သည္။ အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ သိန္း(၉၀)အထက္သို႔ေရာက္ရွိေနရာ အေရာင္းအဝယ္မ်ား လည္းေအးေန ေၾကာင္းသိရသည္။ ႏိုင္ငံတကာေဈး ကြက္အေျခအေနမ်ားအရ ကမာၻ႔ေ႐ႊေဈးမ်ား ဆက္လက္ျမင့္ တက္ႏိုင္ဖြယ္ရွိ ေသာေၾကာင့္ ျပည္တြင္းေ႐ႊ လုပ္ငန္းရွင္မ်ားသည္ အေခါက္ေ႐ႊအေရာင္းပိုင္းထက္ အဝယ္ပိုင္းကို ဦးစားေပး လုပ္ကိုင္ ေနျခင္းျဖစ္သည္။ (၁၅)ပဲရည္ ေ႐ႊအထည္ပစၥည္းမ်ားမွာ ပုံမွန္အေရာင္း အဝယ္ရွိေနၿပီး လတ္တေလာတြင္ ေဈးကြက္ အနည္း ငယ္ေအးေနေၾကာင္းသိရသည္။ ျပည္တြင္းေငြလဲေဈး ကြက္အတြင္း ႏိုင္ငံျခားေငြလဲေဈးႏႈန္းမ်ားတည္ၿငိမ္ ေနၿပီး အေမရိကန္တစ္ေဒၚလာလွ်င္ (၄၀၁၀)က်ပ္ ျဖင့္ ယခင္တစ္ပတ္ကအတိုင္း အေျပာင္းအလဲမရွိရပ္ တည္ေနသည္။ ထို႔သို႔ ႏိုင္ငံျခားေငြလဲေဈးႏႈန္းမ်ား တည္ၿငိမ္ေနျခင္းမွာ ဗဟိုဘဏ္၏ ႏိုင္ငံျခားေငြမ်ား ဆက္တိုက္ထုတ္ေရာင္းေနျခင္းေၾကာင့္ ျဖစ္သည့္အျပင္ ကုန္သြယ္ေရးလုပ္ငန္းအတြင္း ျပင္ပေငြလဲႏႈန္းကို အသုံးျပဳမႈနည္းပါးလာျခင္းေၾကာင့္ျဖစ္သည္။ ပို႔ကုန္/ သြင္းကုန္လုပ္ငန္းမ်ားအတြက္လိုအပ္ေသာ ႏိုင္ငံျခားေငြကို ေဈးကြက္အတြင္း ဝယ္ယူျခင္းနည္းပါးၿပီး ဗဟိုဘဏ္၏ အြန္လိုင္း FIX အေရာင္းအဝယ္မွ ႏိုင္ငံျခားေငြမ်ားလႊဲေျပာင္းေရာင္းခ်ေနျခင္းတို႔ေၾကာင့္ ႏိုင္ငံျခားေငြလဲေဈးႏႈန္းမ်ား တည္ၿငိမ္ေနျခင္းျဖစ္သည္။ စက္သုံးဆီႏွင့္စားအုန္းဆီေဈးႏႈန္းမ်ားမွာလည္း ယခင္တစ္ပတ္ကေဈးႏႈန္းမ်ားျဖင့္သာ အေရာင္းအဝယ္ျပဳလုပ္ေနၾကၿပီး ေဈးႏႈန္းအက်ေဈးျဖင့္ ေဈးကြက္ေပါက္ေဈးဖြင့္လွစ္ထားေၾကာင္း သိရသည္။ ထူးျခား ခ်က္အေနျဖင့္ အိမ္ၿခံေျမႏွင့္ကားေဈးကြက္သည္ ေဈးႏႈန္းမ်ားျမင့္တက္ေနေသာ္လည္း အေရာင္းအဝယ္နည္း ပါးေၾကာင္း အက်ိဳးေဆာင္ပြဲစားမ်ားထံမွ သိရသည္။ အိမ္ၿခံေျမႏွင့္ကားေဈးကြက္မွာ လတ္တေလာက်င္းပမည့္ ေ႐ြး ေကာက္ပြဲကို ေစာင့္ၾကည့္ကာ အခြန္အေျပာင္းအလဲႏွင့္ မူဝါဒအေျပာင္းအလဲတို႔အ ေပၚမူတည္ကာ ေဈးကြက္အေျပာင္း အလဲရွိႏိုင္ေၾကာင္း သိရသည္။ ရန္ကုန္ၿမိဳ႕တြင္အေရာင္းအဝယ္အေကာင္း ဆုံးျဖစ္ေသာ ဒဂုံၿမိဳ႕သစ္ေလးၿမိဳ႕နယ္မွာပင္ အေရာင္း /အဝယ္ သိသိသာသာနည္းပါးေနျခင္းျဖစ္သည္။ ကားေဈးကြက္အတြင္းတြင္လည္း အိမ္စီးကားႏွင့္လုပ္ ငန္းသုံးကား ႏွစ္မ်ိဳးစလုံးေဈးမ်ားျမင့္တက္ေနၿပီး သိန္းငါးရာေအာက္ကား မရွိသေလာက္နည္းပါးေန ေၾကာင္း သိရ သည္။ ျပည္တြင္း အေျခခံစားေသာက္ ကုန္မ်ား၏ေဈးႏႈန္းမ်ားသည္လည္း ေဈးအျမင့္ပိုင္း ျဖင့္သာ ေဈးကြက္အတြင္း ေရာင္းခ်ေနၾကၿပီး အဓိက အားျဖင့္ ျပည္ပမွတင္သြင္းေသာကုန္စည္မ်ားႏွင့္ အေဖ်ာ္ယမကာမ်ားမွာ ေဈးကြက္အတြင္း ေဈးႏႈန္းအျမင့္ဆုံးျဖင့္ရပ္တည္ေနၾကသည္။
ေ႐ႊ၊ ေငြလဲႏႈန္းႏွင့္ ျပည္ပသြင္းကုန္ စက္သုံးဆီ ႏွင့္ စားအုန္းဆီမ်ား
ျပည္တြင္းေ႐ႊေဈးကြက္အတြင္း စံခ်ိန္တင္ေ႐ႊ ေပါက္ေဈးမ်ားျဖစ္ေပၚေနၿပီး အေခါက္ေ႐ႊတစ္က်ပ္ သားလွ်င္ က်ပ္ သိန္း(၉၀)ေက်ာ္အထိ ေပါက္ေဈးျဖစ္ ေပၚေနသည္။ ရန္ကုန္တိုင္းေ႐ႊလုပ္ငန္းရွင္မ်ားအသင္း (YGEA)မွ သတ္မွတ္ ရည္ၫႊန္းေပါက္ေဈးမွာ ေ႐ႊတစ္က်ပ္သားလွ်င္ သိန္း(၆၀)ဝန္းက်င္သာရွိေၾကာင္း သိရသည္။ ယင္းေပါက္ေဈးျဖင့္ ေဈးကြက္အတြင္း ေရာင္းခ်ႏိုင္မႈမရွိဘဲ ျပင္ပေပါက္ေဈး က်ပ္ သိန္း(၉၀) ေက်ာ္ျဖင့္သာ ေဈးကြက္ဖြင့္ ေရာင္းခ်ေန ေၾကာင္း ေ႐ႊလုပ္ငန္းရွင္အသိုင္းအဝိုင္းကဆိုသည္။ အေခါက္ ေ႐ႊအေရာင္းအဝယ္ေဈးကြက္တြင္ ေ႐ႊအတုံးလိုက္ အပိုင္း လိုက္ေရာင္းခ်ေသာဆိုင္နည္းပါးၿပီး တစ္ႏိုင္ငံလုံးတြင္ ေအာင္သမာဓိ၊ အကယ္ဒမီႏွင့္ ျမန္မာခ်မ္း သာ(ေက်ာ္ႀကီး) စသည့္ဆိုင္သုံးဆိုင္တြင္သာ အလြယ္ တကူဝယ္ယူႏိုင္ၿပီး က်န္ေ႐ႊဆိုင္မ်ားတြင္ အေခါက္ ေ႐ႊအေရာင္းပိတ္ကာ အဝယ္သာလက္ခံေနၾကေၾကာင္း ေဈးကြက္အတြင္းမွသိရသည္။ အေခါက္ေ႐ႊဝယ္ယူမႈ ကိုလည္း ေငြက်ပ္ သိန္းတစ္ ေထာင္ဖိုးႏွင့္အထက္ ဝယ္ယူပါက တရားမဝင္ ေငြေၾကးခဝါခ်မႈတိုက္ဖ်က္ေရးအဖြဲ႕သို႔အေၾကာင္းၾကားရန္ ေ႐ႊဆိုင္မ်ားထံ ၫႊန္ၾကားထားေၾကာင္းသိရသည္။ လတ္တေလာ ျပည္တြင္းေ႐ႊေဈးကြက္သည္ ေလပတ္ကားအေရာင္းအ ဝယ္မ်ား နည္းပါးေနၿပီျဖစ္ေသာ္လည္း ကမာၻ႔ေ႐ႊေဈး ေပၚမူတည္ကာ ေဈးႏႈန္းမ်ားျမင့္တက္ေနျခင္းျဖစ္သည္။ ဒီဇင္ဘာ လပထမပတ္အတြင္းက ကမာၻ႔ေ႐ႊေပါက္ေဈးသည္ တစ္ေအာင္စလွ်င္(၄၂၀ဝ)ေဒၚလာဝန္းက်င္ခန႔္သာရွိေသာ္လည္း လက္ရွိ ဒီဇင္ဘာ (၁၆) ရက္ေန႔ဝန္းက်င္တြင္ တစ္ေအာင္စလွ်င္(၄၃၂၅)ေဒၚ လာဝန္းက်င္အထိ ျမင့္တက္လာ ျခင္းျဖစ္ သည္။ ျပည္တြင္းအေခါက္ေ႐ႊေဈးမ်ားသည္ ကမာၻ႔ေ႐ႊေဈးကြက္ အေျပာင္းအလဲမ်ားႏွင့္အတူ ယခု ဒီဇင္ဘာလကုန္ သည္အထိ ေဈးႏႈန္းမ်ား ဆက္လက္ျမင့္တက္ေနႏိုင္ၿပီး အေရာင္းအဝယ္ေအးေနမည္ျဖစ္သည္။ (၁၅)ပဲရည္ ေ႐ႊထည္ ေဈးကြက္မွာ ပုံမွန္အေရာင္းအဝယ္အေျခအေနျဖင့္တည္ၿငိမ္ေနၿပီး ေ႐ႊစုေဆာင္းလိုသူမ်ားအေန ျဖင့္ ေ႐ႊေဈးအေျပာင္း အလဲမ်ားေၾကာင့္ ေရာင္းမွား ဝယ္မွားမျဖစ္ေပၚေစရန္ သတိထားေဆာင္႐ြက္သင့္ေၾကာင္း ဝါရင့္ေ႐ႊကုန္သည္မ်ားက ေျပာသည္။ ျပည္ပေငြလဲေဈးကြက္အတြင္း ႏိုင္ငံျခားေငြေဈးမ်ားတည္ ၿငိမ္ေနၿပီး အထူးသျဖင့္ ေဒၚလာေဈးမွာ ယခင္ တစ္ပတ္အတိုင္း တစ္ေဒၚလာလွ်င္(၄၀၁၀)က်ပ္ျဖင့္ ေဈးကြက္ေပါက္ေဈးျဖစ္ေပၚေနသည္။ က်န္ေငြေၾကးမ်ားျဖစ္ေသာ တ႐ုတ္တစ္ယြမ္လွ်င္ (၅၆၉)က်ပ္၊ ထိုင္းတစ္ဘတ္လွ်င္ (၁၂၇)က်ပ္ႏွင့္ အိႏၵိယတစ္႐ူပီး လွ်င္ (၄၄)က်ပ္တို႔ျဖင့္ ေဈးကြက္ ဖြင့္ေရာင္းခ်ေနၾကသည္။ ျပည္တြင္းေငြလဲေဈးႏႈန္းႏွင့္ သြင္းကုန္လိုင္ စင္မ်ားကန႔္သတ္ထားမႈတို႔ေၾကာင့္ စက္သုံးဆီ တင္ သြင္းေရာင္းခ်သည့္လုပ္ငန္းမ်ားသည္လည္း ေဈးကြက္အေျပာင္းအလဲနည္းပါးစြာျဖင့္ရပ္တည္ေနၾကသည္။ စက္သုံး ဆီေဈးမ်ားမွာ လြန္ခဲ့ေသာႏွစ္ႏွစ္ဝန္း က်င္အတြင္း အနိမ့္ဆုံးေပါက္ေဈးမ်ားျဖင့္ရပ္တည္ေနၾကၿပီး ဓာတ္ဆီ တစ္လီတာလွ်င္(၂၅၀ဝ)က်ပ္ ဝန္းက်င္ႏွင့္ ဒီဇယ္တစ္လီတာလွ်င္(၂၆၀ဝ)က်ပ္ဝန္းက်င္ ေပါက္ေဈး မ်ားျဖစ္ေပၚေန သည္။ ယခင္တစ္ပတ္ ကထက္ စက္သုံးဆီအမ်ိဳးအစားအလိုက္ တစ္လီတာ လွ်င္ (၁၀ဝ)က်ပ္ဝန္းက်င္ ေဈးႏႈန္း အက်ပိုင္းသို႔ ေရာက္ရွိေနၿပီး စက္သုံးဆီျပတ္လပ္မႈမရွိဘဲ အေရာင္း /အဝယ္ျပဳလုပ္ေနၾကေၾကာင္းသိရသည္။ စားအုန္း ဆီေဈးမွာ ရည္ၫႊန္းေဈး တစ္ပိႆာလွ်င္ (၆၁၁၀)က်ပ္ျဖင့္ ေလးလအတြင္း အနိမ့္ဆုံးေဈးအျဖစ္သတ္ မွတ္ထားသည္။ စားအုန္းဆီေဈးကြက္သည္ ျပင္ပ ေမွာင္ခိုေဈးကြက္ ဆက္လက္ျဖစ္ေပၚေနၿပီး ျပင္ပေဈး ကြက္တြင္ တစ္ပိႆာလွ်င္ တစ္ေသာင္းႏွစ္ေထာင္ ဝန္းက်င္ျဖင့္ဝယ္ယူေနရဆဲျဖစ္သည္။
အိမ္ၿခံေျမႏွင့္ကားေဈးကြက္ ေဈးတက္ၿပီး အ ေရာင္းအဝယ္ေအးေန
ျပည္တြင္း အိမ္ၿခံေျမ၊ တိုက္ခန္းႏွင့္ အိမ္စီးကား၊ လုပ္ငန္းသုံးကားေဈးကြက္မ်ားမွာ အေရာင္းအဝယ္ ေအးေန ေသာ္လည္း ေဈးႏႈန္းမ်ား အဆမတန္ျမင့္ တက္ေနေၾကာင္း ေဈးကြက္အတြင္းမွသိရသည္။ အိမ္ ၿခံေျမေဈးကြက္အတြင္း ရန္ကုန္ၿမိဳ႕၌ ယခင္က အေရာင္းအဝယ္အေကာင္းဆုံးျဖစ္ခဲ့သည့္ ဒဂုံၿမိဳ႕သစ္ ေလးၿမိဳ႕နယ္မွာ အေရာင္းအဝယ္ေအး လာၿပီး လတ္ တေလာတြင္ ေဈးစုံစမ္းမႈအဆင့္တြင္သာရွိေၾကာင္းသိရသည္။ သို႔ေသာ္ ေျမေဈးကြက္မ်ားမွာ (၂၀ x ၆၀)ေပ ေျမကြက္အလြတ္မ်ားပင္ သိန္းတစ္ေထာင္အထက္ သို႔ေရာက္ရွိေနၿပီး ေနရာအကြက္အကြင္းေပၚမူတည္ကာ ေဈးႏႈန္း မ်ားျမင့္တက္ေနေၾကာင္းသိရသည္။ ဒဂုံၿမိဳ႕သစ္ေျမာက္ပိုင္း အိမ္ၿခံေျမေဈးမ်ားမွာ အျမင့္ဆုံးျဖစ္ၿပီး ဒဂုံအေရွ႕ပိုင္း ရပ္ကြက္အခ်ိဳ႕ႏွင့္ ဒဂုံၿမိဳ႕သစ္ ေတာင္ပိုင္းၿမိဳ႕နယ္ အစြန္ရပ္ကြက္မ်ားတြင္ တန္ဖိုးအ သင့္အတင့္ရွိသည့္ ေျမကြက္မ်ား က်န္ရွိေနေၾကာင္းသိရသည္။ အလားတူ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္အတြင္း ေနရာအကြက္အကြင္းေပၚမူတည္ကာ ေဈးႏႈန္းမ်ား ျမင့္မားေနဆဲျဖစ္သည္။ က်န္ရန္ကုန္ၿမိဳ႕တစ္ခုလုံးတြင္မူ တိုက္ခန္းႏွင့္ကြန္ဒိုမ်ားသာ အေရာင္းအဝယ္ေကာင္း မြန္ေနၿပီး အရစ္က်တိုက္ခန္း ဝယ္ယူမႈမ်ားျပားေၾကာင္း သိရသည္။ သိန္းတစ္ေထာင္မွသိန္းငါးေထာင္အတြင္း အိမ္ၿခံေျမႏွင့္ တိုက္ခန္းမ်ားကို ေဈးစုံစမ္းမႈမ်ားျပား ေသာ္လည္း အၿပီးသတ္ဝယ္ယူမႈနည္းပါးေနသည္။ ေတာင္ဥကၠလာပၿမိဳ႕နယ္၊ ေျမာက္ဥကၠလာပၿမိဳ႕နယ္ႏွင့္ မရမ္းကုန္း၊ လႈိင္၊ ၾကည့္ျမင္တိုင္၊ သဃၤန္းကြၽန္း ၿမိဳ႕နယ္တို႔သည္လည္း အေရာင္း အဝယ္အတြက္ ေဈးစုံစမ္းမႈမ်ားရွိေနေၾကာင္း အက်ိဳးေတာ္ေဆာင္ မ်ားထံမွသိရသည္။ ေ႐ြးေကာက္ပြဲကာလ ေက်ာ္ လြန္မွသာ အေရာင္းအဝယ္မ်ား ျပန္လည္ျဖစ္ထြန္းလာႏိုင္သည္ဟု အက်ိဳးေဆာင္အမ်ားစုက ခန႔္မွန္းထားသည္။ ကား ေဈးကြက္သည္ သီတင္းကြၽတ္ကာလႏွင့္ေနာက္ပိုင္း အေရာင္းအဝယ္ ခပ္သြက္သြက္ရွိခဲ့ေသာ္လည္း၊ ႏိုဝင္ဘာလ ကုန္ၿပီးကတည္းက အေရာင္းအဝယ္ေအး သြားျခင္းျဖစ္ေၾကာင္း၊ အေရာင္းအဝယ္ေအးသြား ေသာ္လည္း ေဈးတန္း အေနျဖင့္၊ အျမင့္ပိုင္းတြင္ ဆက္လက္ရွိေနေသးေၾကာင္း ရန္ကုန္ႏွင့္မႏၲေလးၿမိဳ႕ အေျခစိုက္ ကားဝယ္ေရာင္း အက်ိဳး ေဆာင္မ်ားက ဆိုသည္။ လက္ရွိ ဒီဇင္ဘာလအစမွစတင္ကာ အေရာင္းအဝယ္ေအးေၾကာင္း၊ သို႔ေသာ္လည္း ဂ်ပန္ တစ္ပတ္ရစ္ကားေဈးမ်ားမွာ ေဈးမာေနေၾကာင္း၊ ကားေကာင္းပါက ေဈးပိုမ်ားေၾကာင္း၊ လူႀကိဳက္ နည္းသည့္ ဥေရာပကားတခ်ိဳ႕မွာလည္း ေဈးမက် ေသးေၾကာင္း ဝယ္ေရာင္းအက်ိဳးေဆာင္တစ္ဦးက ေျပာသည္။ သီတင္းကြၽတ္ ေနာက္ပိုင္း ေဈးထပ္တက္ခဲ့သည့္ က်ပ္သိန္းေျခာက္ရာမွႏွစ္ေထာင္ၾကား အိမ္စီးကားတစ္စီးသည္ လက္ရွိတြင္လည္း ထိုေဈး တန္းတြင္သာ ဆက္လက္ရွိေနေသးေၾကာင္း၊ အေရာင္းအဝယ္ေအးရျခင္းႏွင့္ပတ္သက္၍ လာမည့္ႏွစ္ ကားမူဝါဒ အေျပာင္းအလဲႏွင့္ ေ႐ြးေကာက္ပြဲအၿပီး ေနာက္ပိုင္း ေမွ်ာ္လင့္ခ်က္မ်ားေၾကာင့္ျဖစ္ေၾကာင္း သိရသည္။ ဝါရင့္ ကားဝယ္ေရာင္းအက်ိဳးေဆာင္အသိုင္းအဝိုင္းအတြင္း ကားေဈးက်ရန္ ထက္ ကားတြင္ အသုံးျပဳရသည့္အပိုပစၥည္းႏွင့္ ေနာက္ဆက္တြဲ ပစၥည္းမ်ားေဈးက်ရန္သာ ေမွ်ာ္လင့္ၾကလိုေၾကာင္း ေဝဖန္သုံးသပ္ေျပာဆိုေနၾကသည္။
အေျခခံစားေသာက္ကုန္ႏွင့္ လက္လီေဈးႏႈန္းမ်ား
ရပ္ကြက္ေဈးမ်ားတြင္ ငါးသေလာက္ ေပါေပါမ်ားမ်ား ေတြ႕ရသည္။ ငါးသေလာက္ အေကာင္ႀကီး တစ္ဆယ္သား (၃၀ဝဝ-၃၅၀ဝ)က်ပ္၊ အေကာင္လတ္တစ္ဆယ္သား (၂၀ဝ၀ -၂၅၀ဝ)က်ပ္ေဈးျဖင့္ စားသုံးသူမ်ားၾကသည္။ ငါး စင္႐ိုင္းမ်ားလည္း တစ္ဆယ္သား(၂၀ဝဝ-၂၅၀ဝ)က်ပ္ေဈးမ်ားျဖင့္ ေပါေပါမ်ားမ်ားေတြ႕ရသည္။ ငါးခူတစ္ဆယ္သား (၂၀ဝဝ-၂၅၀ဝ)က်ပ္၊ ငါးေျပမတစ္ဆယ္သား (၂၅၀ဝ)က်ပ္၊ ငါးက်ည္းတစ္ဆယ္သား (၃၅၀ဝ-၄၀ဝဝ)က်ပ္ ေဈးမ်ားျဖင့္ ယခင္ထက္ ေဈးအနည္းငယ္က်သည္။
ငါးပုတ္သင္တစ္ဆယ္သား (၁၅၀ဝ)က်ပ္၊ တီလား ဗီးယားတစ္ဆယ္သား (၁၅၀ဝ)က်ပ္ေဈးျဖင့္ ေပါေပါမ်ားမ်ား ေတြ႕ရသည္။ ငါးျမစ္ခ်င္း တစ္ဆယ္သား (၁၅၀ဝ-၁၇၀ဝ)က်ပ္ေဈးျဖင့္ ပုံမွန္အတိုင္းရွိၿပီး အေကာင္လိုက္ တစ္ေကာင္ (၆၀ဝဝ-၁၀ဝဝဝ)က်ပ္၊ ေမြးျမဴေရးငါးတန္ တစ္ဆယ္သား (၁၅၀ဝ)က်ပ္ေဈးမ်ားျဖင့္ ဝယ္ယူသူမ်ားသည္။ ျမစ္ငါးတန္ တစ္ဆယ္သား (၃၀ဝဝ)က်ပ္ေဈးျဖင့္ ေဈးျမင့္တက္သည္။ ငါးၾကင္းခုတ္သားတစ္ဆယ္သား (၃၀ဝဝ)က်ပ္၊ ေရခ်ိဳပုစြန္ တုပ္မ်ားမွာ တစ္ဆယ္သား (၅၀ဝဝ-၅၅၀ဝ)က်ပ္ေဈးျဖင့္ ယခင္ထက္ ေဈးအနည္း ငယ္က်သည္။ ေဘာ့ခ်ိတ္ပုစြန္ တစ္ဆယ္သား (၃၅၀ဝ) က်ပ္၊ ပုစြန္ျဖဴတစ္ဆယ္သား (၄၀ဝဝ-၄၅၀ဝ)က်ပ္ေဈးျဖင့္ ေတြ႕ရသည္။ စီပီၾကက္ သားမ်ားကို အပိုင္းလိုက္ဝယ္ယူသူ ပိုမ်ားၿပီး စီပီ ၾကက္ေပါင္တစ္ပိုင္း (၄၀ဝဝ-၅၀ဝဝ)က်ပ္၊ ၾကက္ ရင္ပုံတစ္ပိုင္း (၇၀ဝဝ)က်ပ္ ေဈးမ်ားျဖင့္ ပုံမွန္အတိုင္း ရွိၾကသည္။ ၾကက္သည္း ၾကက္ျမစ္တစ္တြဲ (၁၅၀ဝ-၁၈၀ဝ)က်ပ္ေဈးရွိသည္။ ၾကက္နီမေဈး မ်ားမွာ တစ္ဆယ္သား (၂၅၀ဝ)က်ပ္၊ ၾကက္နီမတစ္ေကာင္ (၂၅၀ဝဝ)က်ပ္ေဈးျဖင့္ ပုံမွန္အတိုင္းရွိသည္။ ဒံေပါက္ၾကက္ တစ္ဆယ္သား (၂၇၀ဝ)က်ပ္ေဈး ရွိသည္။ ဗမာၾကက္မ်ားက ေဈးမၿငိမ္ေသာ္ လည္း တစ္ဆယ္သား (၃၅၀ဝ)က်ပ္ႏွင့္ (၃၈၀ဝ) က်ပ္ေဈး ဝန္းက်င္တြင္သာရွိသည္။ အေကာင္လိုက္ (၃၀ဝဝဝ-၃၅၀ဝဝ)က်ပ္ေဈးမ်ားျဖင့္ ဝယ္ယူသူမ်ားသည္။ က်န္သည့္ အသားေဈးမ်ားကလည္း အျမင့္ေဈး မ်ားျဖင့္ ပုံမွန္အတိုင္း ရွိသည္။ ပြင့္လင္းရာသီေရာက္ ရွိလာသျဖင့္ အေျခခံ အသားငါး ေဈးကြက္မွာ ေဈးႏႈန္းျမင့္မားေသာ္လည္း ကုန္စည္ေပါ ေပါမ်ားမ်ား ေဈးကြက္အတြင္းသို႔ ဝင္ေရာက္ ေနသည္။ ထူးျခားခ်က္အေနျဖင့္ ျပည္ပမွတင္သြင္းေရာင္းခ်ရေသာ လူသုံးကုန္ပစၥည္းမ်ားႏွင့္ အေထြေထြကုန္ စည္မ်ားမွာ ေဈးႏႈန္းျမင့္တက္ေနၿပီး ေဈးကြက္အတြင္း လက္က်န္ရွားပါးေနေၾကာင္းသိရသည္။