ယခုနှစ်(၃၃)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ ရွှေ (၃)ခုသာ ရရှိခဲ့ပြီး (၃၂)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ နှင့်နှိုင်းယှဉ်ပါက ဆုရရှိမှုကျဆင်း

216

စော(NP News)- ဒီဇင်ဘာ ၂၁
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၃၃) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ ရွှေတံဆိပ် (၃)ခု၊ ငွေတံဆိပ် (၂၁) ခု၊ ကြေးတံဆိပ် (၄၉) ခု စုစုပေါင်း ဆုတံဆိပ် (၇၃)ဆု ဆွတ်ခူးရရှိခဲ့သော်လည်း (၃၂)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ နှင့်နှိုင်းယှဉ်ပါက ဆုရရှိမှု ကျဆင်းခဲ့ကြောင်း သိရသည်။
အဆိုပါ (၃၃) ကြိမ်မြောက် ထိုင်းဆီးဂိမ်း ပြိုင်ပွဲကို ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ ဘန်ကောက်မြို့၊ ချောင်ဘူရီမြို့၊ ချင်းမြိုင်မြို့တို့တွင် ကျင်းပခဲ့ပြီး အားကစားနည်း (၅၀)မှ ပြိုင်ပွဲအမျိုးအစား (၅၇၆)မျိုး ထည့်သွင်းခဲ့ရာ မြန်မာအားကစားအဖွဲ့သည် အားကစားနည်း (၃၈) ခုဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံအတွက် မြန်မာအားကစားအဖွဲ့သည် အားကစားနည်း ၁၉ မျိုးတွင် ဆုတံဆိပ်ပေါင်း (၇၃)ခု ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး ရွှေတံဆိပ်ဆုများကို ခြင်းလုံးအသင်း က (၂)ဆု နှင့် ဘိလိယက်နှင့် စနူကာအဖွဲ့က တစ်ဆု ရယူနိုင်ခဲ့၍ နိုင်ငံအလိုက် ဆုရရှိမှု အဆင့် (၇)နေရာတွင် ရပ်တည်ခဲ့ကြောင်းသိရသည်။
မြန်မာအားကစားအဖွဲ့သည် ပြီးခဲ့သည့် ၂၀၂၃ခုနှစ်က ကျင်းပခဲ့သော (၃၂)ကြိမ်မြောက် ကမ္ဘောဒီးယားဆီးဂိမ်းပြိုင်ပွဲတွင် ရွှေတံဆိပ် ( ၂၁ )ခု၊ ငွေတံဆိပ် ( ၂၅ )ခု၊ ကြေးတံဆိပ် ( ၆၈ )ခု၊ စုစုပေါင်း ဆုတံဆိပ်ပေါင်း (၁၁၄) ခုရရှိခဲ့သဖြင့် ယင်းပြိုင်ပွဲနှင့်ယခုပြိုင်ပွဲ ဆုရရှိမှု နှိုင်းယှဉ်ပါက ဆုရရှိမှုကျဆင်းခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် (၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေတံဆိပ် (၉) ခု၊ ငွေတံဆိပ် (၁၈) ခုနှင့် ကြေးတံဆိပ် (၃၅) ခုတို့ကို ဆွတ်ခူးရရှိခဲ့သည်။

Zawgyi Version:
ယခုႏွစ္(၃၃)ႀကိမ္ေျမာက္ ဆီးဂိမ္းၿပိဳင္ပြဲတြင္ ျမန္မာအားကစားအဖြဲ႕ ေ႐ႊ (၃)ခုသာ ရရွိခဲ့ၿပီး (၃၂)ႀကိမ္ေျမာက္ ဆီးဂိမ္းၿပိဳင္ပြဲ ႏွင့္ႏႈိင္းယွဥ္ပါက ဆုရရွိမႈက်ဆင္း
ေစာ(NP News)- ဒီဇင္ဘာ ၂၁
ထိုင္းႏိုင္ငံက အိမ္ရွင္အျဖစ္ လက္ခံက်င္းပသည့္ (၃၃) ႀကိမ္ေျမာက္ ဆီးဂိမ္းၿပိဳင္ပြဲတြင္ ျမန္မာအားကစားအဖြဲ႕ ေ႐ႊတံဆိပ္ (၃)ခု၊ ေငြတံဆိပ္ (၂၁) ခု၊ ေၾကးတံဆိပ္ (၄၉) ခု စုစုေပါင္း ဆုတံဆိပ္ (၇၃)ဆု ဆြတ္ခူးရရွိခဲ့ေသာ္လည္း (၃၂)ႀကိမ္ေျမာက္ ဆီးဂိမ္းၿပိဳင္ပြဲ ႏွင့္ႏႈိင္းယွဥ္ပါက ဆုရရွိမႈ က်ဆင္းခဲ့ေၾကာင္း သိရသည္။
အဆိုပါ (၃၃) ႀကိမ္ေျမာက္ ထိုင္းဆီးဂိမ္း ၿပိဳင္ပြဲကို ဒီဇင္ဘာ ၉ ရက္မွ ၂၀ ရက္အထိ ဘန္ေကာက္ၿမိဳ႕၊ ေခ်ာင္ဘူရီၿမိဳ႕၊ ခ်င္းၿမိဳင္ၿမိဳ႕တို႔တြင္ က်င္းပခဲ့ၿပီး အားကစားနည္း (၅၀)မွ ၿပိဳင္ပြဲအမ်ိဳးအစား (၅၇၆)မ်ိဳး ထည့္သြင္းခဲ့ရာ ျမန္မာအားကစားအဖြဲ႕သည္ အားကစားနည္း (၃၈) ခုျဖင့္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံအတြက္ ျမန္မာအားကစားအဖြဲ႕သည္ အားကစားနည္း ၁၉ မ်ိဳးတြင္ ဆုတံဆိပ္ေပါင္း (၇၃)ခု ရယူႏိုင္ခဲ့ျခင္းျဖစ္ၿပီး ေ႐ႊတံဆိပ္ဆုမ်ားကို ျခင္းလုံးအသင္း က (၂)ဆု ႏွင့္ ဘိလိယက္ႏွင့္ စႏူကာအဖြဲ႕က တစ္ဆု ရယူႏိုင္ခဲ့၍ ႏိုင္ငံအလိုက္ ဆုရရွိမႈ အဆင့္ (၇)ေနရာတြင္ ရပ္တည္ခဲ့ေၾကာင္းသိရသည္။
ျမန္မာအားကစားအဖြဲ႕သည္ ၿပီးခဲ့သည့္ ၂၀၂၃ခုႏွစ္က က်င္းပခဲ့ေသာ (၃၂)ႀကိမ္ေျမာက္ ကေမာၻဒီးယားဆီးဂိမ္းၿပိဳင္ပြဲတြင္ ေ႐ႊတံဆိပ္ ( ၂၁ )ခု၊ ေငြတံဆိပ္ ( ၂၅ )ခု၊ ေၾကးတံဆိပ္ ( ၆၈ )ခု၊ စုစုေပါင္း ဆုတံဆိပ္ေပါင္း (၁၁၄) ခုရရွိခဲ့သျဖင့္ ယင္းၿပိဳင္ပြဲႏွင့္ယခုၿပိဳင္ပြဲ ဆုရရွိမႈ ႏႈိင္းယွဥ္ပါက ဆုရရွိမႈက်ဆင္းခဲ့ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ (၃၁) ႀကိမ္ေျမာက္ ဆီးဂိမ္းၿပိဳင္ပြဲတြင္ ေ႐ႊတံဆိပ္ (၉) ခု၊ ေငြတံဆိပ္ (၁၈) ခုႏွင့္ ေၾကးတံဆိပ္ (၃၅) ခုတို႔ကို ဆြတ္ခူးရရွိခဲ့သည္။