ဥယျာဉ်တံတားအဝင်ရေလမ်းပိုင်းတွင် အလျား မီတာ ၃၀၀၀ ၊ သိုက်ချောင်းတံတားရေလမ်းတွင် အလျား မီတာ ၃၂၅၀ ရှိ သောင်တူးဖော်ခြင်းမှာ ၂၈ ရာခိုင်နှုန်းပြီးစီး

 165

Pearl (NP News) - ဒီဇင်ဘာ ၂၂

ဥယျာဉ်တံတားအဝင်ရေလမ်းပိုင်းတွင် အလျား မီတာ ၃၀၀၀ ၊ သိုက်ချောင်းတံတားရေလမ်းတွင် အလျား မီတာ ၃၂၅၀ ရှိ သောင်တူးဖော်ခြင်းမှာ ၂၈ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
ဥယျာဉ်တံတား ရေလမ်းကြောင်းပြုပြင်ရေးစီမံကိန်းသည် နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် ဆင်သေချောင်းအား ဖြတ်သန်းတည်ဆောက်ထားသော တံတားဖြစ်ပြီး ရာဂီမုန်တိုင်းဒဏ်ကြောင့် ကမ်းပြိုကမ်းစားဖြစ်ပေါ်မှုများကြောင့် တံတားပျက်စီးမှုများအပေါ် နိုင်ငံတော်ယာယီသမ္မတ၏ လမ်းညွှန်ချက်အရ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း သိရသည်။
ဆင်သေချောင်းရေစီးရေလာ ကောင်းမွန်ရေးနှင့် ရေကြီးရေလျှံမှုလျော့ပါးရေးအတွက် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ ဥယျာဉ်တံတားအဝင်ရေလမ်းနှင့် သိုက်ချောင်းတံတား ရေလမ်းကောင်းမွန်ရေးအစီအမံများကို ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း လည်း သိရသည်။
ထို့ပြင် ဥယျာဉ်တံတားအဝင်ရေလမ်းပိုင်းတွင် အလျား မီတာ ၃၀၀၀ ၊ သိုက်ချောင်းတံတားရေလမ်းတွင် အလျား မီတာ ၃၂၅၀ ရှိ သောင်တူးဖော်ခြင်းလုပ်ငန်း များကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၂ ရက်တွင် စတင်ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းပြီးစီးမှုမှာ ၂၈ ရာခိုင်နှုန်းရှိပြီဖြစ်ကြောင်းသိရသည်။
အလားတူ အထောက်အကူပြု Steel Basket ရေလွှဲရေကာများ တည်ဆောက်ခြင်း အလျား ပေ ၈၅၀၅ ခု နှင့် Steel Basket မြေထိန်းနံရံအလျား ပေ ၁၅၀၅ ခု တို့ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁ ရက် မှ စတင်ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းပြီးစီးမှုမှာ ၆၇ ရာခိုင်နှုန်းရှိပြီဖြစ်ကြောင်းလည်း သိရသည်။

Zawgyi Version:
ဥယ်ာဥ္တံတားအဝင္ေရလမ္းပိုင္းတြင္ အလ်ား မီတာ ၃၀၀၀ ၊ သိုက္ေခ်ာင္းတံတားေရလမ္းတြင္ အလ်ား မီတာ ၃၂၅၀ ရွိ ေသာင္တူးေဖာ္ျခင္းမွာ ၂၈ ရာခိုင္ႏႈန္းၿပီးစီး
Pearl (NP News) - ဒီဇင္ဘာ ၁၂
ဥယ်ာဥ္တံတားအဝင္ေရလမ္းပိုင္းတြင္ အလ်ား မီတာ ၃၀၀၀ ၊ သိုက္ေခ်ာင္းတံတားေရလမ္းတြင္ အလ်ား မီတာ ၃၂၅၀ ရွိ ေသာင္တူးေဖာ္ျခင္းမွာ ၂၈ ရာခိုင္ႏႈန္းၿပီးစီးၿပီျဖစ္ေၾကာင္း ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။
ဥယ်ာဥ္တံတား ေရလမ္းေၾကာင္းျပဳျပင္ေရးစီမံကိန္းသည္ ေနျပည္ေတာ္ေကာင္စီနယ္ေျမ တပ္ကုန္းၿမိဳ႕နယ္ ဆင္ေသေခ်ာင္းအား ျဖတ္သန္းတည္ေဆာက္ထားေသာ တံတားျဖစ္ၿပီး ရာဂီမုန္တိုင္းဒဏ္ေၾကာင့္ ကမ္းၿပိဳကမ္းစားျဖစ္ေပၚမႈမ်ားေၾကာင့္ တံတားပ်က္စီးမႈမ်ားအေပၚ ႏိုင္ငံေတာ္ယာယီသမၼတ၏ လမ္းၫႊန္ခ်က္အရ ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာနက တာဝန္ယူေဆာင္႐ြက္လ်က္ရွိသည့္ စီမံကိန္းတစ္ခုျဖစ္ေၾကာင္း သိရသည္။
ဆင္ေသေခ်ာင္းေရစီးေရလာ ေကာင္းမြန္ေရးႏွင့္ ေရႀကီးေရလွ်ံမႈေလ်ာ့ပါးေရးအတြက္ ေဆာင္႐ြက္ရမည့္နည္းလမ္းမ်ား၊ ဥယ်ာဥ္တံတားအဝင္ေရလမ္းႏွင့္ သိုက္ေခ်ာင္းတံတား ေရလမ္းေကာင္းမြန္ေရးအစီအမံမ်ားကို ယခု ၂၀၂၅-၂၀၂၆ ဘ႑ာေရးႏွစ္အတြင္း အမ်ိဳးသားသဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈရန္ပုံေငြျဖင့္ ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန ေရအရင္းအျမစ္ႏွင့္ ျမစ္ေခ်ာင္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးဦးစီးဌာနက လုပ္ငန္းမ်ား အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနျခင္း ျဖစ္ေၾကာင္း လည္း သိရသည္။
ထို႔ျပင္ ဥယ်ာဥ္တံတားအဝင္ေရလမ္းပိုင္းတြင္ အလ်ား မီတာ ၃၀၀၀ ၊ သိုက္ေခ်ာင္းတံတားေရလမ္းတြင္ အလ်ား မီတာ ၃၂၅၀ ရွိ ေသာင္တူးေဖာ္ျခင္းလုပ္ငန္း မ်ားကို ၂၀၂၅ ခုႏွစ္ ေအာက္တိုဘာ ၁၂ ရက္တြင္ စတင္ေဆာင္႐ြက္လ်က္ရွိၿပီး လုပ္ငန္းၿပီးစီးမႈမွာ ၂၈ ရာခိုင္ႏႈန္းရွိၿပီျဖစ္ေၾကာင္းသိရသည္။
အလားတူ အေထာက္အကူျပဳ Steel Basket ေရလႊဲေရကာမ်ား တည္ေဆာက္ျခင္း အလ်ား ေပ ၈၅၀၅ ခု ႏွင့္ Steel Basket ေျမထိန္းနံရံအလ်ား ေပ ၁၅၀၅ ခု တို႔ကို ၂၀၂၅ ခုႏွစ္ စက္တင္ဘာ ၁ ရက္ မွ စတင္ေဆာင္႐ြက္ခဲ့ၿပီး လုပ္ငန္းၿပီးစီးမႈမွာ ၆၇ ရာခိုင္ႏႈန္းရွိၿပီျဖစ္ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.