ကလောမြို့ ၌ ပထမအကြိမ် ပန်းပွဲတော် ပြုလုပ်မည်

 363

ပြည့်ဖြိုး(NP News) ဒီဇင်ဘာ ၂၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ကလောမြို့ မောမြေဦးပန်းခြံ တွင် ပထမအကြိမ်ပန်းပွဲတော်ကို ၁၅ ရက်တိုင်တိုင်ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။
" ကလောမြို့မောမြေဦးပန်းခြံ မှာ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ရည်ရွယ်ပြီး ပထမအကြိမ် ပန်းပွဲတော်ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့ ကနေ ၁၆ ရက်အထိ ဝင်ကြေးအခမဲ့နဲ့ စည်ကားသိုက်မြိုက်စွာကျင်းပသွားမှာဖြစ်ပါတယ် "ဟု မောမြေဦး ပန်းခြံ၏ တာဝန်ရှိသူတစ်ဦး ကပြောသည်။
အဆိုပါပန်းပွဲတော် အတွင်း နိုင်ငံခြားဖြစ်ပန်းမျိုးစိတ် များအပါအဝင်ဒေသ ထွက်ပန်းမျိုးစိတ် များ ပါဝင်ပြီး သစ်ခွဥယျာဉ်နှင့် ပန်းအမျိုးအစား အများအပြား ပြသသွားမည်ဖြစ်သည်။
ထို့အပြင် စာကြည့်တိုက်တွင် စာအုပ်စာစောင် များ အနား ယူဖတ်ရှုလေ့လာ နိုင်ပြီး၊ အလှဓာတ်ပုံ များ ရိုက်ကူးရန် နေရာများစွာပါဝင်သည့်အပြင် ၊ အားကစားလေ့ကျင့်ခန်း ပြုလုပ်ရန် အား ကစားကွင်းနှင့်ကလေးကစားကွင်းများ ဒေသထွက်အစားအစာ များ ပါဝင်သွားမည်ဟုသိရသည်။
အနယ်နယ်အရပ်ရပ် မှ ခရီးသွားပြည်သူများနှင့် ပန်းချစ်သူများ အနေဖြင့် ကလောမြို့ပန်းပွဲတော်ကို ဝင်ကြေးအခမဲ့ လာရောက်လည်ပတ်အပန်းဖြေ‌ လေ့လာနိုင်ကြောင်း ကလောမြို့ မောမြေဦး ပန်းခြံ တာဝန်ရှိသူက ပြောကြားထားသည်။

Zawgyi Version:
ကေလာၿမိဳ႕ ၌ ပထမအႀကိမ္ ပန္းပြဲေတာ္ ျပဳလုပ္မည္
ျပည့္ၿဖိဳး(NP News) ဒီဇင္ဘာ ၂၂
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ကေလာၿမိဳ႕ ေမာေျမဦးပန္းၿခံ တြင္ ပထမအႀကိမ္ပန္းပြဲေတာ္ကို ၁၅ ရက္တိုင္တိုင္က်င္းပျပဳလုပ္သြားမည္ဟု သိရသည္။
" ကေလာၿမိဳ႕ေမာေျမဦးပန္းၿခံ မွာ ခရီးသြားက႑ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ရည္႐ြယ္ၿပီး ပထမအႀကိမ္ ပန္းပြဲေတာ္ကို ၂၀၂၆ ခုႏွစ္၊ ဇန္နဝါရီ ၁ ရက္ေန႔ ကေန ၁၆ ရက္အထိ ဝင္ေၾကးအခမဲ့နဲ႔ စည္ကားသိုက္ၿမိဳက္စြာက်င္းပသြားမွာျဖစ္ပါတယ္ "ဟု ေမာေျမဦး ပန္းၿခံ၏ တာဝန္ရွိသူတစ္ဦး ကေျပာသည္။
အဆိုပါပန္းပြဲေတာ္ အတြင္း ႏိုင္ငံျခားျဖစ္ပန္းမ်ိဳးစိတ္ မ်ားအပါအဝင္ေဒသ ထြက္ပန္းမ်ိဳးစိတ္ မ်ား ပါဝင္ၿပီး သစ္ခြဥယ်ာဥ္ႏွင့္ ပန္းအမ်ိဳးအစား အမ်ားအျပား ျပသသြားမည္ျဖစ္သည္။
ထို႔အျပင္ စာၾကည့္တိုက္တြင္ စာအုပ္စာေစာင္ မ်ား အနား ယူဖတ္ရႈေလ့လာ ႏိုင္ၿပီး၊ အလွဓာတ္ပုံ မ်ား ႐ိုက္ကူးရန္ ေနရာမ်ားစြာပါဝင္သည့္အျပင္ ၊ အားကစားေလ့က်င့္ခန္း ျပဳလုပ္ရန္ အား ကစားကြင္းႏွင့္ကေလးကစားကြင္းမ်ား ေဒသထြက္အစားအစာ မ်ား ပါဝင္သြားမည္ဟုသိရသည္။
အနယ္နယ္အရပ္ရပ္ မွ ခရီးသြားျပည္သူမ်ားႏွင့္ ပန္းခ်စ္သူမ်ား အေနျဖင့္ ကေလာၿမိဳ႕ပန္းပြဲေတာ္ကို ဝင္ေၾကးအခမဲ့ လာေရာက္လည္ပတ္အပန္းေျဖ‌ ေလ့လာႏိုင္ေၾကာင္း ကေလာၿမိဳ႕ ေမာေျမဦး ပန္းၿခံ တာဝန္ရွိသူက ေျပာၾကားထားသည္။

Related news

© 2021. All rights reserved.