ခရမ်းချဉ်သီးဈေး စံချိန်တင်မြင့်တက်ပြီး တစ်ပိဿာ (၁၂၀ဝဝ) အထိရှိခဲ့

 201

ပြည့်ဖြိုး (NP News)-ဒီဇင်ဘာ ၂၂
ပြည်တွင်း ကုန်စိမ်းဈေးကွက်အတွင်း ခရမ်းချဉ်သီးအဝင်နည်းပြီး ဝယ်လိုအားများနေခြင်း ကြောင့် ဈေးနူန်းဆက်တိုက်မြင့်တက်လာပြီး တစ်ပိဿာလျှင် (၁၂၀ဝဝ) ကျပ်အထိရှိခဲ့ကြောင်း ကုန် သည်များနှင့် ပွဲရုံများထံမှသိရသည် ။
ရှမ်းတောင်ဒေသတွင် ခရမ်းချဉ်သီး အထွက်နှုန်းလျော့ကျပြီး လက်ရှိပြည်မအတွင်း ခရမ်းချဉ် စိုက်ခင်းများသည်လည်း ခူးဆွတ်ချိန် မရောက်သေးသည့်အတွက် ရောင်းလိုအားနှင့် ဝယ်လိုအား မမျှခြင်း ကြောင့် ဈေးနူန်းမြင့်တက်လာကြောင်းသိရသည် ။
လက်ရှိ လက်လီဈေးကွက်အတွင်း ကိုင်းသီး (ခေါ်)ကျားခြေရာသီး (ခေါ်) ဗမာသီး တစ်ပိဿာ လျှင် (၁၂၀ဝဝ) ကျပ်အထိ ဈေးမြင့်တက်လာပြီး ပုံမှန်ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၈၀ဝဝ) ကျပ်အထိ ဈေးနှုန်းမြင့်တက်လာကြောင်း သိရသည်။
“ရှေ့လတွေတုန်းက အရင်းမရလို့ အကုန်လွှင့်ပစ်လိုက်ရတဲ့ အဆင့်ရောက်ခဲ့ရတယ်။ အဲဒါပြီးမှ အဝယ်ပြန်လိုက်လာတဲ့အခါကျတော့ ခရမ်းချဉ်ကမရှိတော့ဘူး။ ခရမ်းချဉ်သီးက လိုချင်သူများတော့ လေလံဆွဲသလိုဖြစ်ပြီး လိုချင်သူတွေက ဈေးလိုက်ရင်း တက်သွားတာ။ အဓိက ပစ္စည်းအဝင် နည်းလို့ပါ။ တောင်ပေါ်ဒေသက အထွက်နှုန်းလျော့ကျပြီး နည်းသွားတယ်။ ပြည်မကလည်း မထွက်သေးဘူးဆိုတဲ့ အခါကျတော့ လက်ကျန် ခရမ်းချဉ်ကိုဝိုင်းဆွဲကြတော့ အဲဒီမှာ ဈေးထိုးတက်သွားတာပေါ့။
ကျားခြေရာသီး၊ ကိုင်းသီးလို့လည်း ခေါ်တယ်။ သူက မုံရွာဘက်က ထွက်တာများတယ်။ ရှမ်း တောင်က နည်းတယ်။ အင်းလေးမှာ စိုက်ပေမယ့် ပြည်မထက်တော့ နည်းပါတယ်။ အထွက်နူန်းနည်းပြီး ဝယ်လိုအားများလို့ ဈေးတက်တာပါ”ဟု အောင်ပန်းမြို့ခံ ကုန်စည်အမျိုးမျိုး ရောင်းဝယ်ရေးလုပ်ကိုင်သူ ကိုစနေမောင်မောင်က ပြောသည်။
လက်ရှိမှာ ခရမ်းချဉ်စိုက်ခင်း လက်ကျန်ရှိသည့် တောင်သူများမှာ ခရမ်းချဉ်သီးဈေးနူန်း မြင့် တက်လာသောကြေင့် အကျိုးအမြတ်ရရှိနေကြောင်း သိရသည်။ “ခရမ်းချဉ်က ဒီဇင်ဘာကုန်လောက် အထိတော့ တက်နိုင်တယ်။ ဒီအခု ခရမ်းချဉ်သီး လက်ကျန်သမားကတော့ ကိုက်တာပေါ့။ ရှေ့လက ရောင်းကုန်ပြီးသူနဲ့ လွှင့်ပစ်ပြီးခဲ့ရသူတွေကတော့ မျက်ရည်နဲ့ပေါ့ အရှုံးပေါ့လေ”ဟု ၎င်းက ဆက်ပြော သည်။
လွန်ခဲ့သည့် ဩဂုတ်လအတွင်း ခရမ်းချဉ်သီး တစ်ပိဿာလျှင် ရာဂဏန်းအထိဈေးနူန်း ကျဆင်းခဲ့ သောကြောင့် ရှမ်းတောင်ရှိ ခရမ်းချဉ် စိုက်တောင်သူများအနေဖြင့် ခရမ်းချဉ်သီးများ လွှင့်ပစ်ရသည်အထိ အရှုံးနှင့် ကြုံတွေ့ခဲ့ ကြရကြောင်း သိရသည်။
“အခု ရောင်းရတဲ့သူတွေကတော့ ကိုက်တာပေါ့ ။ လက်လီမှာသာ ဈေးက တအားတက်နေတာ။ တောင်သူရောင်းရတဲ့ဈေးက (၄၀ဝဝ) ဝန်းကျင်လောက်ပဲ ရှိမယ်။ အကြီးအသေး ခွဲပြီးမှဆိုရင်တော့ ဈေး တစ်မျိုးပေါ့။ အရင်လို တစ်ပိဿာ (၅၀ဝ) ၊ (၆၀ဝ) ထက်တော့ တော်တော်လေး အဆင်ပြေပါတယ်။ အခု က ခရမ်းချဉ်ရှားနေပြီ”ဟု ရှမ်းတောင် ခရမ်းချဉ်စိုက်တောင်သူတစ်ဦးကပြောသည် ။
လက်ရှိ ရှမ်းပြည်နယ် အောင်ပန်းကုန်စည်ဈေးကွက်အတွင်း ပွဲရုံရောင်းဈေးသည် ခရမ်းချဉ် ဂွတ် သီး တစ်ပိဿာလျှင် (၅၃၀ဝ) ကျပ် ၊ ခရမ်းချဉ်ရှယ်သီး တစ်ပိဿာလျှင် (၄၈၀ဝ) ကျပ်နှင့် ခရမ်းချဉ် အ သေးသီးကို (၄၀ဝဝ) ကျပ် အသီးသီးပေါက်ဈေးရှိကြောင်း သိရသည်။
ကုန်လွန်ခဲ့သော ဒီဇင်ဘာလ၊ (၁) ရက်က ရှမ်းပြည်နယ် အောင်ပန်းကုန်စည် ဈေးကွက်အတွင်း ပွဲရုံရောင်းဈေးသည် ခရမ်းချဉ် ဂွတ်သီး တစ်ပိဿာ(၄၀ဝဝ) ကျပ် ၊ ခရမ်းချဉ် ရှယ်သီး တစ်ပိဿာ (၃၅၀ဝ) ကျပ်နှင့် ခရမ်းချဉ် အသေးသီးမှာ (၃၃၀ဝ) ကျပ် အသီးသီးရှိခဲ့ကြောင်း သိရသည်။

Zawgyi Version:
ခရမ္းခ်ဥ္သီးေဈး စံခ်ိန္တင္ျမင့္တက္ၿပီး တစ္ပိႆာ (၁၂၀ဝဝ) အထိရွိ
ျပည့္ၿဖိဳး (NP News)-ဒီဇင္ဘာ ၂၂
ျပည္တြင္း ကုန္စိမ္းေဈးကြက္အတြင္း ခရမ္းခ်ဥ္သီးအဝင္နည္းၿပီး ဝယ္လိုအားမ်ားေနျခင္း ေၾကာင့္ ေဈးႏူန္းဆက္တိုက္ျမင့္တက္လာၿပီး တစ္ပိႆာလွ်င္ (၁၂၀ဝဝ) က်ပ္အထိရွိလာေၾကာင္း ကုန္ သည္မ်ားႏွင့္ ပြဲ႐ုံမ်ားထံမွသိရသည္ ။
ရွမ္းေတာင္ေဒသတြင္ ခရမ္းခ်ဥ္သီး အထြက္ႏႈန္းေလ်ာ့က်ၿပီး လက္ရွိျပည္မအတြင္း ခရမ္းခ်ဥ္ စိုက္ခင္းမ်ားသည္လည္း ခူးဆြတ္ခ်ိန္ မေရာက္ေသးသည့္အတြက္ ေရာင္းလိုအားႏွင့္ ဝယ္လိုအား မမွ်ျခင္း ေၾကာင့္ ေဈးႏူန္းျမင့္တက္လာေၾကာင္းသိရသည္ ။
လက္ရွိ လက္လီေဈးကြက္အတြင္း ကိုင္းသီး (ေခၚ)က်ားေျခရာသီး (ေခၚ) ဗမာသီး တစ္ပိႆာ လွ်င္ (၁၂၀ဝဝ) က်ပ္အထိ ေဈးျမင့္တက္လာၿပီး ပုံမွန္ခရမ္းခ်ဥ္သီး တစ္ပိႆာလွ်င္ (၈၀ဝဝ) က်ပ္အထိ ေဈးႏႈန္းျမင့္တက္လာေၾကာင္း သိရသည္။
“ေရွ႕လေတြတုန္းက အရင္းမရလို႔ အကုန္လႊင့္ပစ္လိုက္ရတဲ့ အဆင့္ေရာက္ခဲ့ရတယ္။ အဲဒါၿပီးမွ အဝယ္ျပန္လိုက္လာတဲ့အခါက်ေတာ့ ခရမ္းခ်ဥ္ကမရွိေတာ့ဘူး။ ခရမ္းခ်ဥ္သီးက လိုခ်င္သူမ်ားေတာ့ ေလလံဆြဲသလိုျဖစ္ၿပီး လိုခ်င္သူေတြက ေဈးလိုက္ရင္း တက္သြားတာ။ အဓိက ပစၥည္းအဝင္ နည္းလို႔ပါ။ ေတာင္ေပၚေဒသက အထြက္ႏႈန္းေလ်ာ့က်ၿပီး နည္းသြားတယ္။ ျပည္မကလည္း မထြက္ေသးဘူးဆိုတဲ့ အခါက်ေတာ့ လက္က်န္ ခရမ္းခ်ဥ္ကိုဝိုင္းဆြဲၾကေတာ့ အဲဒီမွာ ေဈးထိုးတက္သြားတာေပါ့။
က်ားေျခရာသီး၊ ကိုင္းသီးလို႔လည္း ေခၚတယ္။ သူက မုံ႐ြာဘက္က ထြက္တာမ်ားတယ္။ ရွမ္း ေတာင္က နည္းတယ္။ အင္းေလးမွာ စိုက္ေပမယ့္ ျပည္မထက္ေတာ့ နည္းပါတယ္။ အထြက္ႏူန္းနည္းၿပီး ဝယ္လိုအားမ်ားလို႔ ေဈးတက္တာပါ”ဟု ေအာင္ပန္းၿမိဳ႕ခံ ကုန္စည္အမ်ိဳးမ်ိဳး ေရာင္းဝယ္ေရးလုပ္ကိုင္သူ ကိုစေနေမာင္ေမာင္က ေျပာသည္။
လက္ရွိမွာ ခရမ္းခ်ဥ္စိုက္ခင္း လက္က်န္ရွိသည့္ ေတာင္သူမ်ားမွာ ခရမ္းခ်ဥ္သီးေဈးႏူန္း ျမင့္ တက္လာေသာေၾကင့္ အက်ိဳးအျမတ္ရရွိေနေၾကာင္း သိရသည္။ “ခရမ္းခ်ဥ္က ဒီဇင္ဘာကုန္ေလာက္ အထိေတာ့ တက္ႏိုင္တယ္။ ဒီအခု ခရမ္းခ်ဥ္သီး လက္က်န္သမားကေတာ့ ကိုက္တာေပါ့။ ေရွ႕လက ေရာင္းကုန္ၿပီးသူနဲ႔ လႊင့္ပစ္ၿပီးခဲ့ရသူေတြကေတာ့ မ်က္ရည္နဲ႔ေပါ့ အရႈံးေပါ့ေလ”ဟု ၎က ဆက္ေျပာ သည္။
လြန္ခဲ့သည့္ ဩဂုတ္လအတြင္း ခရမ္းခ်ဥ္သီး တစ္ပိႆာလွ်င္ ရာဂဏန္းအထိေဈးႏူန္း က်ဆင္းခဲ့ ေသာေၾကာင့္ ရွမ္းေတာင္ရွိ ခရမ္းခ်ဥ္ စိုက္ေတာင္သူမ်ားအေနျဖင့္ ခရမ္းခ်ဥ္သီးမ်ား လႊင့္ပစ္ရသည္အထိ အရႈံးႏွင့္ ႀကဳံေတြ႕ခဲ့ ၾကရေၾကာင္း သိရသည္။
“အခု ေရာင္းရတဲ့သူေတြကေတာ့ ကိုက္တာေပါ့ ။ လက္လီမွာသာ ေဈးက တအားတက္ေနတာ။ ေတာင္သူေရာင္းရတဲ့ေဈးက (၄၀ဝဝ) ဝန္းက်င္ေလာက္ပဲ ရွိမယ္။ အႀကီးအေသး ခြဲၿပီးမွဆိုရင္ေတာ့ ေဈး တစ္မ်ိဳးေပါ့။ အရင္လို တစ္ပိႆာ (၅၀ဝ) ၊ (၆၀ဝ) ထက္ေတာ့ ေတာ္ေတာ္ေလး အဆင္ေျပပါတယ္။ အခု က ခရမ္းခ်ဥ္ရွားေနၿပီ”ဟု ရွမ္းေတာင္ ခရမ္းခ်ဥ္စိုက္ေတာင္သူတစ္ဦးကေျပာသည္ ။
လက္ရွိ ရွမ္းျပည္နယ္ ေအာင္ပန္းကုန္စည္ေဈးကြက္အတြင္း ပြဲ႐ုံေရာင္းေဈးသည္ ခရမ္းခ်ဥ္ ဂြတ္ သီး တစ္ပိႆာလွ်င္ (၅၃၀ဝ) က်ပ္ ၊ ခရမ္းခ်ဥ္ရွယ္သီး တစ္ပိႆာလွ်င္ (၄၈၀ဝ) က်ပ္ႏွင့္ ခရမ္းခ်ဥ္ အ ေသးသီးကို (၄၀ဝဝ) က်ပ္ အသီးသီးေပါက္ေဈးရွိေၾကာင္း သိရသည္။
ကုန္လြန္ခဲ့ေသာ ဒီဇင္ဘာလ၊ (၁) ရက္က ရွမ္းျပည္နယ္ ေအာင္ပန္းကုန္စည္ ေဈးကြက္အတြင္း ပြဲ႐ုံေရာင္းေဈးသည္ ခရမ္းခ်ဥ္ ဂြတ္သီး တစ္ပိႆာ(၄၀ဝဝ) က်ပ္ ၊ ခရမ္းခ်ဥ္ ရွယ္သီး တစ္ပိႆာ (၃၅၀ဝ) က်ပ္ႏွင့္ ခရမ္းခ်ဥ္ အေသးသီးမွာ (၃၃၀ဝ) က်ပ္ အသီးသီးရွိခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.