မြစ်ဆုံစီမံကိန်းကို မန္တလေးငလျင်ကြီးပြင်းအားထက်ခံနိုင်ရန် ပညာရှင်များဖြင့် တွက်ချက်၍ အကောင်အထည် ဖော်လာနိုင်

 222

သန့်ဇင် (NP News)-ဒီဇင်ဘာ ၂၂
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် (၂၃) မိုင်ခန့် (၃၇ ကီလိုမီတာ) အကွာတွင်ရှိသည့် မြစ်ဆုံ စီမံကိန်းကို မန္တလေးငလျင်ကြီးလှုပ်ခတ်မှု ပမာဏထက်ခံနိုင်ရန် Asia Charter Professional Engineer (ACPE) အဖွဲ့မှပညာရှင်များဖြင့် တွက်ချက်မည်ဖြစ်ကြောင်း ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိ ယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြီးခဲ့သည့် ဒီဇင်ဘာ (၁၆) ရက်၌ မြစ်ကြီးနားမြို့တွင် ပြောကြားခဲ့ကြောင်း သိရသည်။
မြစ်ဆုံစီမံကိန်းကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက်ကစတင်ခဲ့ခြင်းဖြစ်ပြီး (၂၀၁၁) ခုနှစ်၊ သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက်တွင် စတင်အကောင်အထည်ဖော်ရန်ပြင်ဆင်ခဲ့ရာ ကန့် ကွက်ခံခဲ့ရမှုများနှင့် ကြုံတွေခဲ့ရသကဲ့သို့ (၂၀၁၆) ခုနှစ်မှ (၂၀၂၀) ပြည့်နှစ်အတွင်း NLD အစိုးရလက် ထက်အထိ ယင်းစီမံကိန်းကို ပြန်လည်အသက်သွင်း နိုင်ခြင်းမရှိခဲ့ဘဲ လက်ရှိ (၂၀၂၅) ခုနှစ်ကုန်ပိုင်းတွင် ပြန်လည်အသက်ဝင်လာသည့် ယင်းစီမံကိန်းစာချုပ်သည် အပြောင်းအလဲများစွာနှင့် တစ်ကျော့ပြန်ထွက် ပေါ်လာခဲ့ကြောင်း သိရသည်။
အဆိုပါ မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၏ မြစ်ကြီးနား ခရီးစဉ်တွင် မြစ်ဆုံတမံဆောက်ရာတွင် ယခင်ဒီဇိုင်း (၇ ဒသမ ၁) မဂ္ဂနီကျုဖြင့် တွက်ချက်ထားခဲ့ရာမှ ယခုအခါတွင် မန္တလေးငလျင်ကြီး လှုပ်ခတ်မှုပမာဏထက် ပိုမိုခံနိုင်ရည်ရှိသည့် ဒီဇိုင်းကို (ACPE) အဖွဲ့မှ ပညာရှင်များ ဖြင့် အကြံပြုတွက်ချက်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
သို့သော်လည်း တစ်ဖက်တွင် စစ်ကိုင်း ပြတ်ရွေ့အနီးတွင်ရှိနေသည့်အတွက် တမံပြိုကျပါက ဖြစ်ပေါ်လာမည့် အန္တရာယ်များအတွက် မေးခွန်းများလည်းရှိနေပြီး ယင်းမေးခွန်းများသည် နည်းပညာ ဆိုင် ရာအရ မဖြစ်နိုင်သည်မှာမရှိကြောင်း လျှပ်စစ်စွမ်း အားဝန်ကြီးဌာနနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
“နည်းပညာဆိုင်ရာအရ မဖြစ်နိုင်တာ မရှိပါဘူး။ လုပ်မယ် မလုပ်ဘူးပဲ ဆုံးဖြတ်ရမှာ။ ငလျင်နဲ့ ပတ်သက်လို့ကတော့ ငလျင်က (၇) လာလာ (၈) လာလာ လုပ်လို့ရတယ်။ ဒီဇိုင်းက မဟုတ်ဘူး။ အပြင် ကပြောနေတဲ့ဟာတွေက ငလျင်က ဂျပန်မှာလှုပ်တာလောက်ရှိဦးမလားဗျာ။ ဂျပန်ကဆည်တွေ ကျိုး တာမှမရှိတာ။ ဆည်နဲ့ပတ်သက်တဲ့နည်းပညာကတော့ ဂျပန်မှကျွန်တော်တို့မြန်မာနိုင်ငံမှ တရုတ်မှ မဟုတ်ဘူး။ အကုန်လုပ်နိုင်တယ်”ဟု ၎င်းကပြောသည်။
ထို့ပြင် စစ်ကိုင်းပြတ်ရွေ့ကြောမှ (၂၅ ဒသ မ ၄) ကီလိုမီတာအကွာတွင် တည်ရှိသည့် အဆိုပါ စီမံကိန်းကို ဦးတည်ပြောဆိုနေသူများသည် ပြတ် ရွေ့ကြော၏သမိုင်းအကြောင်းကို မသိဘဲပြောဆိုနေ သူများသာဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် အရေးဆောင်ရွက်နေသူတစ်ဦးကဆိုသည်။
“ပြတ်ရွေ့ကိုကြောက်ပြီးတော့ ရှောင်မယ်ဆိုရင် ပြတ်ရွေ့ကနေပြီးတော့မြစ်တွေဖြစ်လာတာ။ ဒီနေ့ကမ္ဘာပေါ်မှာဖြစ်တဲ့ မြစ်တွေအားလုံးက ငလျင် ကြောင့်ဖြစ်တဲ့ ပြတ်ရွေ့တစ်လျှောက်ကို ရေစီးရင်းနဲ့ မြစ်တွေဖြစ်လာတာဖြစ်တယ်။ မြစ်ကြောင်းကို လိမ်မာအောင်၊ ယဉ်ကျေးအောင် မြစ်ကြောင်းထိန်းသိမ်း ရေးကို ပြည်သူလူထုက အသိဉာဏ်မရှိဘဲနဲ့ မထိန်းသိမ်းဘဲနဲ့ လုပ်နေသရွေ့ကတော့ အဲဒီပြတ်ရွေ့ထက် ပိုဆိုးတဲ့ ငလျင်တွေထပ်လှုပ်ဦးမှာပဲ။ အဲဒီတော့ ပြတ်ရွေ့ကိုကြောက်ပြီး ရှောင်ရင်တော့ ကမ္ဘာပေါ်မှာ ဘယ်ဆည်မှ ဆောက်လို့မရဘူး။ ဘာလို့ဆိုရင် ပြတ်ရွေ့ကနေ မြစ်ကြောင်းဖြစ်တာလေ။ အဲဒီသမိုင်း ကြောင်းကိုမသိဘဲနဲ့ လျှောက်ပြောနေရင်တော့ ဘာမှမထူးဘူး”ဟု ၎င်းကပြောသည်။
ထို့ပြင် မြန်မာနိုင်ငံရှိမြစ်များ၏ မြစ် ကြောင်းပြောင်းလဲမှုများသည် တစ်နှစ်လျှင် ကျပ် (၁၅) ဘီလျံတန်ဖိုးခန့် ကျောက်စရစ်နှင့် သဲများကို မြစ်များအတွင်းမှ ထုတ်ယူသုံးစွဲနေခြင်းများကြောင့်သာဖြစ် ကြောင်း ၎င်းကဆိုသည်။ “ကျောက်စရစ်ကိုသုံးနေတာ တစ်နှစ်ကို (၁၅) ဘီလျံဖိုးလောက် ထုတ်လုပ်နေ တဲ့လုပ်ငန်းဖြစ်တယ်။ သဲနဲ့ကျောက်စရစ်။ ဘယ်ကယူလဲမေးရင် အဲဒီမြစ်ထဲကပဲယူတာ။ မြို့ ရွာဒေသများ အမြန်ဖွံ့ဖြိုးရမည်ဆိုတဲ့ ဆောင်ပုဒ်နဲ့ ပြောမယ်ဆိုရင် အဲဒီမြစ်ထဲကပဲ သဲနဲ့ ကျောက်ကိုယူပြီးတော့ မြို့ တွေတိုက်တွေဆောက်လို့ ဧရာဝတီ မြစ်ကြီးထဲက တူးယူလို့။ ရိုးရိုးမတူးဘူး ရွှေကျင်တဲ့အလုပ်တွေပါ လုပ်လာလို့ မြစ်ကြောင်းတွေပျက်စီးတာလေ” ဟု ၎င်းကပြောသည်။
ထို့ပြင် အဆိုပါစီမံကိန်းတွင် ယခင်က မေခ၊ မလိခမြစ်တစ်လျှောက် စီမံကိန်း (၆) ခု အနက် မြစ်ဆုံ (၆၀ဝ၀ မဂ္ဂါဝပ်) အပါအဝင်စုစုပေါင်း (၁၉၀၉၉ မဂ္ဂါဝပ်) စီမံကိန်းရေးဆွဲပြီး ချီဖွေငယ်မှစ၍ မြစ် ဆုံကို စတင်ခဲ့ကြောင်းသိရသည်။ စစ်ဆေးမှုများလုပ်ဆောင်ခဲ့ပြီးနောက် တမံအမျိုးအစားကို Concrete Face Rock Fill Dam(CFRD) ကွန်ကရစ်မျက်နှာ ကျောက်ဖြည့်တမံ အမျိုးအစားဖြစ်ပြောင်းလဲ၍ စက် တပ်ဆင်အင်အား (၅၆၀ဝ) မဂ္ဂါဝပ်သို့ လျှော့ချ အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
မြစ်ဆုံစီမံကိန်းတွင် ရေအောက်ကြမ်းပြင် ထိန်းညှိပေးမည့်လုပ်ငန်းများပါ ထည့်သွင်းထားသည့် အတွက် နှစ်စဉ် မြစ်ကြီးနားမြို့တွင် ရေကြီးရေလျှံမှုသည်လည်း ကင်းရှင်းစေမည်ဖြစ်ကြောင်း ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားခဲ့သည်။ ထို့နောက် မြစ်ဆုံစီမံကိန်းပြီးပါက ဧရာဝတီမြစ်ရေသည် (၃)ရာသီလုံး ဧရာဝတီမြစ်တစ်လျှောက် မြစ်ဝကျွန်း ပေါ် ပင်လယ်ဝအထိ ရေအနက် (၁၀) မီတာ အမြဲရှိ နိုင်ပြီး ဧရာဝတီမှ မြစ်ကြီးနားအထိ မြစ်တွင်းသွား သင်္ဘောကြီး၊ သင်္ဘောငယ်များ (၁) နှစ်ပတ်လုံး သယ် ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။
ယင်းစီမံကိန်းနှင့်ပတ်သက်၍ စတင်အကောင်အထည်ဖော်ရန်နီးစပ်လာပြီဖြစ်ပြီး (၂၀၂၄) ခုနှစ် ဧပြီ (၂၄) ရက်ကလည်း ဧရာဝတီမြစ်ဆုံ-မြစ် ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီးဌာန ဝန် ကြီးတို့ ဦးဆောင်ကာ ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
အဆိုပါ စီမံကိန်းနှင့်ပတ်သက်၍လည်း ရှယ်ယာနှင့်အကျိုးအမြတ်ရရှိမှုစာရင်းများသည် ပြီးခဲ့ သည့် (၂၀၂၀) ပြည့်နှစ် အောက်တိုဘာလက ထွက်ပေါ်လာခဲ့ပြီး မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာ ရေး အင်စတီကျု၊ တရုတ်ရေးရာဌာန (ISP) Myanmar - China Desk ၏ ဖော်ပြချက်များအရ တရုတ် နိုင်ငံပိုင် လျှပ်စစ်ဓာတ်အားရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း(CPI) က (၈၀)ရာခိုင်နှုန်း၊ မြန်မာအစိုးရက (၁၅) ရာခိုင်နှုန်းနှင့် ပြည်တွင်းကုမ္ပဏီဖြစ်သည့် အေးရှား ဝေါ ကုမ္ပဏီက (၅) ရာခိုင်နှုန်းပိုင်ဆိုင်ကြောင်း သိရ သည်။
စီမံကိန်းမှရရှိမည့်အကျိုးအမြတ်များကိုလည်း ယခင်က တရုတ်နိုင်ငံပိုင် လျှပ်စစ်ဓာတ်အား ရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း (CPI) က (၉၀) ရာခိုင်နှုန်းနှင့် မြန်မာက (၁၀) ရာခိုင်နှုန်းဖြင့် ချုပ်ဆိုခဲ့ ကြောင်း သိရပြီး အဆိုပါ စီမံကိန်း၏ရင်းနှီးမြုပ်နှံမှု ကုန်ကျစရိတ်သည် အမေရိကန်ဒေါ်လာ (၃ ဒသမ ၆) ဘီလျံရှိကြောင်း သိရသည်။

Zawgyi Version:
ျမစ္ဆုံစီမံကိန္းကို မႏၲေလးငလ်င္ႀကီးျပင္းအားထက္ခံႏိုင္ရန္ ပညာရွင္မ်ားျဖင့္ တြက္ခ်က္၍ အေကာင္အထည္ ေဖာ္လာႏိုင္
သန႔္ဇင္ (NP News)-ဒီဇင္ဘာ ၂၂
ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕ႏွင့္ (၂၃) မိုင္ခန႔္ (၃၇ ကီလိုမီတာ) အကြာတြင္ရွိသည့္ ျမစ္ဆုံ စီမံကိန္းကို မႏၲေလးငလ်င္ႀကီးလႈပ္ခတ္မႈ ပမာဏထက္ခံႏိုင္ရန္ Asia Charter Professional Engineer (ACPE) အဖြဲ႕မွပညာရွင္မ်ားျဖင့္ တြက္ခ်က္မည္ျဖစ္ေၾကာင္း ဒုတိယတပ္မေတာ္ကာကြယ္ ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း) ဒုတိ ယ ဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းက ၿပီးခဲ့သည့္ ဒီဇင္ဘာ (၁၆) ရက္၌ ျမစ္ႀကီးနားၿမိဳ႕တြင္ ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ျမစ္ဆုံစီမံကိန္းကို ဗိုလ္ခ်ဳပ္မႉးႀကီး သန္းေ႐ႊလက္ထက္ကစတင္ခဲ့ျခင္းျဖစ္ၿပီး (၂၀၁၁) ခုႏွစ္၊ သမၼတေဟာင္း ဦးသိန္းစိန္အစိုးရလက္ထက္တြင္ စတင္အေကာင္အထည္ေဖာ္ရန္ျပင္ဆင္ခဲ့ရာ ကန႔္ ကြက္ခံခဲ့ရမႈမ်ားႏွင့္ ႀကဳံေတြခဲ့ရသကဲ့သို႔ (၂၀၁၆) ခုႏွစ္မွ (၂၀၂၀) ျပည့္ႏွစ္အတြင္း NLD အစိုးရလက္ ထက္အထိ ယင္းစီမံကိန္းကို ျပန္လည္အသက္သြင္း ႏိုင္ျခင္းမရွိခဲ့ဘဲ လက္ရွိ (၂၀၂၅) ခုႏွစ္ကုန္ပိုင္းတြင္ ျပန္လည္အသက္ဝင္လာသည့္ ယင္းစီမံကိန္းစာခ်ဳပ္သည္ အေျပာင္းအလဲမ်ားစြာႏွင့္ တစ္ေက်ာ့ျပန္ထြက္ ေပၚလာခဲ့ေၾကာင္း သိရသည္။
အဆိုပါ ျမစ္ဆုံစီမံကိန္းႏွင့္ပတ္သက္၍ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္း၏ ျမစ္ႀကီးနား ခရီးစဥ္တြင္ ျမစ္ဆုံတမံေဆာက္ရာတြင္ ယခင္ဒီဇိုင္း (၇ ဒသမ ၁) မဂၢနီက်ဳျဖင့္ တြက္ခ်က္ထားခဲ့ရာမွ ယခုအခါတြင္ မႏၲေလးငလ်င္ႀကီး လႈပ္ခတ္မႈပမာဏထက္ ပိုမိုခံႏိုင္ရည္ရွိသည့္ ဒီဇိုင္းကို (ACPE) အဖြဲ႕မွ ပညာရွင္မ်ား ျဖင့္ အႀကံျပဳတြက္ခ်က္သြားမည္ျဖစ္ေၾကာင္းေျပာၾကားခဲ့သည္။
သို႔ေသာ္လည္း တစ္ဖက္တြင္ စစ္ကိုင္း ျပတ္ေ႐ြ႕အနီးတြင္ရွိေနသည့္အတြက္ တမံၿပိဳက်ပါက ျဖစ္ေပၚလာမည့္ အႏၲရာယ္မ်ားအတြက္ ေမးခြန္းမ်ားလည္းရွိေနၿပီး ယင္းေမးခြန္းမ်ားသည္ နည္းပညာ ဆိုင္ ရာအရ မျဖစ္ႏိုင္သည္မွာမရွိေၾကာင္း လွ်ပ္စစ္စြမ္း အားဝန္ႀကီးဌာနႏွင့္ နီးစပ္သူတစ္ဦးက ဆိုသည္။
“နည္းပညာဆိုင္ရာအရ မျဖစ္ႏိုင္တာ မရွိပါဘူး။ လုပ္မယ္ မလုပ္ဘူးပဲ ဆုံးျဖတ္ရမွာ။ ငလ်င္နဲ႔ ပတ္သက္လို႔ကေတာ့ ငလ်င္က (၇) လာလာ (၈) လာလာ လုပ္လို႔ရတယ္။ ဒီဇိုင္းက မဟုတ္ဘူး။ အျပင္ ကေျပာေနတဲ့ဟာေတြက ငလ်င္က ဂ်ပန္မွာလႈပ္တာေလာက္ရွိဦးမလားဗ်ာ။ ဂ်ပန္ကဆည္ေတြ က်ိဳး တာမွမရွိတာ။ ဆည္နဲ႔ပတ္သက္တဲ့နည္းပညာကေတာ့ ဂ်ပန္မွကြၽန္ေတာ္တို႔ျမန္မာႏိုင္ငံမွ တ႐ုတ္မွ မဟုတ္ဘူး။ အကုန္လုပ္ႏိုင္တယ္”ဟု ၎ကေျပာသည္။
ထို႔ျပင္ စစ္ကိုင္းျပတ္ေ႐ြ႕ေၾကာမွ (၂၅ ဒသ မ ၄) ကီလိုမီတာအကြာတြင္ တည္ရွိသည့္ အဆိုပါ စီမံကိန္းကို ဦးတည္ေျပာဆိုေနသူမ်ားသည္ ျပတ္ ေ႐ြ႕ေၾကာ၏သမိုင္းအေၾကာင္းကို မသိဘဲေျပာဆိုေန သူမ်ားသာျဖစ္ေၾကာင္း သဘာဝပတ္ဝန္းက်င္ အေရးေဆာင္႐ြက္ေနသူတစ္ဦးကဆိုသည္။
“ျပတ္ေ႐ြ႕ကိုေၾကာက္ၿပီးေတာ့ ေရွာင္မယ္ဆိုရင္ ျပတ္ေ႐ြ႕ကေနၿပီးေတာ့ျမစ္ေတြျဖစ္လာတာ။ ဒီေန႔ကမာၻေပၚမွာျဖစ္တဲ့ ျမစ္ေတြအားလုံးက ငလ်င္ ေၾကာင့္ျဖစ္တဲ့ ျပတ္ေ႐ြ႕တစ္ေလွ်ာက္ကို ေရစီးရင္းနဲ႔ ျမစ္ေတြျဖစ္လာတာျဖစ္တယ္။ ျမစ္ေၾကာင္းကို လိမ္မာေအာင္၊ ယဥ္ေက်းေအာင္ ျမစ္ေၾကာင္းထိန္းသိမ္း ေရးကို ျပည္သူလူထုက အသိဉာဏ္မရွိဘဲနဲ႔ မထိန္းသိမ္းဘဲနဲ႔ လုပ္ေနသေ႐ြ႕ကေတာ့ အဲဒီျပတ္ေ႐ြ႕ထက္ ပိုဆိုးတဲ့ ငလ်င္ေတြထပ္လႈပ္ဦးမွာပဲ။ အဲဒီေတာ့ ျပတ္ေ႐ြ႕ကိုေၾကာက္ၿပီး ေရွာင္ရင္ေတာ့ ကမာၻေပၚမွာ ဘယ္ဆည္မွ ေဆာက္လို႔မရဘူး။ ဘာလို႔ဆိုရင္ ျပတ္ေ႐ြ႕ကေန ျမစ္ေၾကာင္းျဖစ္တာေလ။ အဲဒီသမိုင္း ေၾကာင္းကိုမသိဘဲနဲ႔ ေလွ်ာက္ေျပာေနရင္ေတာ့ ဘာမွမထူးဘူး”ဟု ၎ကေျပာသည္။
ထို႔ျပင္ ျမန္မာႏိုင္ငံရွိျမစ္မ်ား၏ ျမစ္ ေၾကာင္းေျပာင္းလဲမႈမ်ားသည္ တစ္ႏွစ္လွ်င္ က်ပ္ (၁၅) ဘီလ်ံတန္ဖိုးခန႔္ ေက်ာက္စရစ္ႏွင့္ သဲမ်ားကို ျမစ္မ်ားအတြင္းမွ ထုတ္ယူသုံးစြဲေနျခင္းမ်ားေၾကာင့္သာျဖစ္ ေၾကာင္း ၎ကဆိုသည္။ “ေက်ာက္စရစ္ကိုသုံးေနတာ တစ္ႏွစ္ကို (၁၅) ဘီလ်ံဖိုးေလာက္ ထုတ္လုပ္ေန တဲ့လုပ္ငန္းျဖစ္တယ္။ သဲနဲ႔ေက်ာက္စရစ္။ ဘယ္ကယူလဲေမးရင္ အဲဒီျမစ္ထဲကပဲယူတာ။ ၿမိဳ႕ ႐ြာေဒသမ်ား အျမန္ဖြံ႕ၿဖိဳးရမည္ဆိုတဲ့ ေဆာင္ပုဒ္နဲ႔ ေျပာမယ္ဆိုရင္ အဲဒီျမစ္ထဲကပဲ သဲနဲ႔ ေက်ာက္ကိုယူၿပီးေတာ့ ၿမိဳ႕ ေတြတိုက္ေတြေဆာက္လို႔ ဧရာဝတီ ျမစ္ႀကီးထဲက တူးယူလို႔။ ႐ိုး႐ိုးမတူးဘူး ေ႐ႊက်င္တဲ့အလုပ္ေတြပါ လုပ္လာလို႔ ျမစ္ေၾကာင္းေတြပ်က္စီးတာေလ” ဟု ၎ကေျပာသည္။
ထို႔ျပင္ အဆိုပါစီမံကိန္းတြင္ ယခင္က ေမခ၊ မလိချမစ္တစ္ေလွ်ာက္ စီမံကိန္း (၆) ခု အနက္ ျမစ္ဆုံ (၆၀ဝ၀ မဂၢါဝပ္) အပါအဝင္စုစုေပါင္း (၁၉၀၉၉ မဂၢါဝပ္) စီမံကိန္းေရးဆြဲၿပီး ခ်ီေဖြငယ္မွစ၍ ျမစ္ ဆုံကို စတင္ခဲ့ေၾကာင္းသိရသည္။ စစ္ေဆးမႈမ်ားလုပ္ေဆာင္ခဲ့ၿပီးေနာက္ တမံအမ်ိဳးအစားကို Concrete Face Rock Fill Dam(CFRD) ကြန္ကရစ္မ်က္ႏွာ ေက်ာက္ျဖည့္တမံ အမ်ိဳးအစားျဖစ္ေျပာင္းလဲ၍ စက္ တပ္ဆင္အင္အား (၅၆၀ဝ) မဂၢါဝပ္သို႔ ေလွ်ာ့ခ် အသုံးျပဳသြားမည္ျဖစ္ေၾကာင္း သိရသည္။
ျမစ္ဆုံစီမံကိန္းတြင္ ေရေအာက္ၾကမ္းျပင္ ထိန္းညႇိေပးမည့္လုပ္ငန္းမ်ားပါ ထည့္သြင္းထားသည့္ အတြက္ ႏွစ္စဥ္ ျမစ္ႀကီးနားၿမိဳ႕တြင္ ေရႀကီးေရလွ်ံမႈသည္လည္း ကင္းရွင္းေစမည္ျဖစ္ေၾကာင္း ဒုတိယ ဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းက ေျပာၾကားခဲ့သည္။ ထို႔ေနာက္ ျမစ္ဆုံစီမံကိန္းၿပီးပါက ဧရာဝတီျမစ္ေရသည္ (၃)ရာသီလုံး ဧရာဝတီျမစ္တစ္ေလွ်ာက္ ျမစ္ဝကြၽန္း ေပၚ ပင္လယ္ဝအထိ ေရအနက္ (၁၀) မီတာ အၿမဲရွိ ႏိုင္ၿပီး ဧရာဝတီမွ ျမစ္ႀကီးနားအထိ ျမစ္တြင္းသြား သေဘၤာႀကီး၊ သေဘၤာငယ္မ်ား (၁) ႏွစ္ပတ္လုံး သယ္ ယူပို႔ေဆာင္ႏိုင္မည္ျဖစ္ေၾကာင္းလည္း သိရသည္။
ယင္းစီမံကိန္းႏွင့္ပတ္သက္၍ စတင္အေကာင္အထည္ေဖာ္ရန္နီးစပ္လာၿပီျဖစ္ၿပီး (၂၀၂၄) ခုႏွစ္ ဧၿပီ (၂၄) ရက္ကလည္း ဧရာဝတီျမစ္ဆုံ-ျမစ္ ညာ ျမစ္ဝွမ္း ေရအားလွ်ပ္စစ္စီမံကိန္း ဦးေဆာင္အဖြဲ႕ကို လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာန ဒုတိယဝန္ႀကီးႏွင့္ ကခ်င္ျပည္နယ္ သယံဇာတေရးရာဝန္ႀကီးဌာန ဝန္ ႀကီးတို႔ ဦးေဆာင္ကာ ဖြဲ႕စည္းခဲ့ေၾကာင္း သိရသည္။
အဆိုပါ စီမံကိန္းႏွင့္ပတ္သက္၍လည္း ရွယ္ယာႏွင့္အက်ိဳးအျမတ္ရရွိမႈစာရင္းမ်ားသည္ ၿပီးခဲ့ သည့္ (၂၀၂၀) ျပည့္ႏွစ္ ေအာက္တိုဘာလက ထြက္ေပၚလာခဲ့ၿပီး ျမန္မာ့မဟာဗ်ဴဟာႏွင့္ မူဝါဒေလ့လာ ေရး အင္စတီက်ဳ၊ တ႐ုတ္ေရးရာဌာန (ISP) Myanmar - China Desk ၏ ေဖာ္ျပခ်က္မ်ားအရ တ႐ုတ္ ႏိုင္ငံပိုင္ လွ်ပ္စစ္ဓာတ္အားရင္းႏွီးျမႇဳပ္ႏွံမႈေကာ္ပိုေရးရွင္း(CPI) က (၈၀)ရာခိုင္ႏႈန္း၊ ျမန္မာအစိုးရက (၁၅) ရာခိုင္ႏႈန္းႏွင့္ ျပည္တြင္းကုမၸဏီျဖစ္သည့္ ေအးရွား ေဝါ ကုမၸဏီက (၅) ရာခိုင္ႏႈန္းပိုင္ဆိုင္ေၾကာင္း သိရ သည္။
စီမံကိန္းမွရရွိမည့္အက်ိဳးအျမတ္မ်ားကိုလည္း ယခင္က တ႐ုတ္ႏိုင္ငံပိုင္ လွ်ပ္စစ္ဓာတ္အား ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္ပိုေရးရွင္း (CPI) က (၉၀) ရာခိုင္ႏႈန္းႏွင့္ ျမန္မာက (၁၀) ရာခိုင္ႏႈန္းျဖင့္ ခ်ဳပ္ဆိုခဲ့ ေၾကာင္း သိရၿပီး အဆိုပါ စီမံကိန္း၏ရင္းႏွီးျမဳပ္ႏွံမႈ ကုန္က်စရိတ္သည္ အေမရိကန္ေဒၚလာ (၃ ဒသမ ၆) ဘီလ်ံရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.