ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ပါတီရုံး အနီးတွင် ဗုံးပေါက်ကွဲသော်လည်း လူထိခိုက်မှု မရှိ

 239

သုတကျော် (NP News) – ဒီဇင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပန်းဆိုးတန်းလမ်းရှိ ပြည်သူ့ပါတီ၏ ရန်ကုန်တိုင်းဒေသကြီးရုံး အနီးတွင် ယမန့်နေ့ (ဒီဇင်ဘာလ ၂၁ ရက်) ညပိုင်းက ဗုံးပေါက်ကွဲသော်လည်း လူ ထိခိုက်မှု မရှိကြောင်း ယင်းပါတီ ၏ ရန်ကုန်တိုင်း ဥက္ကဌ ဦးလှဌေး က NP News ကို ပြောသည်။
အဆိုပါ ဖြစ်စဉ်သည် ညပိုင်း (၇) နာရီ ကျော် အချိန်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ပေါက်မှသိတာပေါ့။ (၇) နာရီခွဲ မရောက်ခင် ဗုံးပေါက်တယ် ဆိုတော့ ကျွန်တော်တို့လည်း သွားတာပေါ့။ သက်ဆိုင်ရာ ဌာနအသီးသီးလည်း ရောက်နေပါပြီ။ ကြည့်လိုက်တဲ့ အခါ ကျွန်တော့်တို့ ရုံး အတက်၊ အဆင်း လှေကားထိပ် ဘေးလေးမှာ ပေါက်တာ” ဟု ဦးလှဌေး က ဆိုသည်။
ယင်းဖြစ်စဉ်တွင် လူထိခိုက်မှု မရှိသော်လည်း အနီးရှိ ပါတီ ပိုစတာ မိုင်းစ အနည်းငယ် ထိမှန်ခြင်း နှင့် ပိုစတာရှေ့ကာတွင် ကားမှန် နှင့် ဗုံးစ အချို့ ထိမှန်ခြင်း အပြင် တိုက်တွင် မှန်ကွဲခြင်းများ ရှိခဲ့ကြောင်း ၎င်းက ဆိုသည်။
“ရှစ်လွှာတိုက်မှာ ခြောက်လွှာ အထိ လှေကားအတက်၊ အဆင်း မှန်တွေ အားလုံးကွဲ။ မှန်ကွဲတွေကတော့ အောက်ကို ကျတယ်။ လူမရှိတဲ့ အတွက် ဘာမှမဖြစ်ဘူး။ ပြင်းတာတော့ တော်တော်ပြင်းတယ်” ဟု ၎င်းက ဆိုသည်။

Zawgyi Version:
ရန္ကုန္တိုင္းေဒသႀကီး ျပည္သူ႔ပါတီ ႐ုံး အနီးတြင္ ဗုံးေပါက္ကြဲေသာ္လည္း လူ ထိခိုက္မႈ မရွိ
သုတေက်ာ္ (NP News) – ဒီဇင္ဘာ ၂၂
ရန္ကုန္တိုင္းေဒသႀကီး၊ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္၊ အထက္ပန္းဆိုးတန္းလမ္းရွိ ျပည္သူ႔ပါတီ၏ ရန္ကုန္တိုင္းေဒသႀကီး႐ုံး အနီးတြင္ ယမန႔္ေန႔ (ဒီဇင္ဘာလ ၂၁ ရက္) ညပိုင္းက ဗုံးေပါက္ကြဲေသာ္လည္း လူ ထိခိုက္မႈ မရွိေၾကာင္း ယင္းပါတီ ၏ ရန္ကုန္တိုင္း ဥကၠဌ ဦးလွေဌး က NP News ကို ေျပာသည္။
အဆိုပါ ျဖစ္စဥ္သည္ ညပိုင္း (၇) နာရီ ေက်ာ္ အခ်ိန္တြင္ ျဖစ္ပြားခဲ့ျခင္း ျဖစ္ေၾကာင္း ၎က ဆိုသည္။
“ေပါက္မွသိတာေပါ့။ (၇) နာရီခြဲ မေရာက္ခင္ ဗုံးေပါက္တယ္ ဆိုေတာ့ ကြၽန္ေတာ္တို႔လည္း သြားတာေပါ့။ သက္ဆိုင္ရာ ဌာနအသီးသီးလည္း ေရာက္ေနပါၿပီ။ ၾကည့္လိုက္တဲ့ အခါ ကြၽန္ေတာ့္တို႔ ႐ုံး အတက္၊ အဆင္း ေလွကားထိပ္ ေဘးေလးမွာ ေပါက္တာ” ဟု ဦးလွေဌး က ဆိုသည္။
ယင္းျဖစ္စဥ္တြင္ လူထိခိုက္မႈ မရွိေသာ္လည္း အနီးရွိ ပါတီ ပိုစတာ မိုင္းစ အနည္းငယ္ ထိမွန္ျခင္း ႏွင့္ ပိုစတာေရွ႕ကာတြင္ ကားမွန္ ႏွင့္ ဗုံးစ အခ်ိဳ႕ ထိမွန္ျခင္း အျပင္ တိုက္တြင္ မွန္ကြဲျခင္းမ်ား ရွိခဲ့ေၾကာင္း ၎က ဆိုသည္။
“ရွစ္လႊာတိုက္မွာ ေျခာက္လႊာ အထိ ေလွကားအတက္၊ အဆင္း မွန္ေတြ အားလုံးကြဲ။ မွန္ကြဲေတြကေတာ့ ေအာက္ကို က်တယ္။ လူမရွိတဲ့ အတြက္ ဘာမွမျဖစ္ဘူး။ ျပင္းတာေတာ့ ေတာ္ေတာ္ျပင္းတယ္” ဟု ၎က ဆိုသည္။

Related news

© 2021. All rights reserved.