ဆန္ဒမဲပေးရာတွင် အခိုင်မာဆုံးသောအဖွဲ့အစည်းဖြစ်သည့် တပ်မတော်နှင့် လက်တွဲဆောင်ရွက်နိုင်သည့်သူများဖြစ်ရန်လို

144

သန့်ဇင်(NP News)-ဒီဇင်ဘာ ၂၂
ဆန္ဒမဲပေးရာတွင် နိုင်ငံတော်တည်ရှိနေသရွေ့တည်ရှိနေမည့် အခိုင်မာဆုံးသောအဖွဲ့အစည်းဖြစ်သည့် တပ်မတော်နှင့် လက်တွဲဆောင်ရွက်နို င်သည့်သူများဖြစ်ရန်လိုကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့( ဒီဇင်ဘာ ၂၁ရက်)က ပြည်မြို့၊ သီရိခေတ္တရာရတနာမြို့တော်ခန်းမ၌ ပြည်ခရိုင်အတွင်းရှိရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ အသေးစား၊ အငယ်စားနှင့်အလတ်စား (MSME) စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပြောကြားစဉ် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မကြာမီရက်ပိုင်းအတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ရွေးကောက်ပွဲအောင်မြင်စွာကျင်း ပနိုင်ရေး အားလုံးက ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကဆိုသည်။
လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မိမိတို့အနေဖြင့် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး ဆန္ဒမဲပေးနိုင်ရေးနှင့်မဲမသမာမှုများမဖြစ်ပေါ်စေရေး ဆောင်ရွက်လျက်ရှိကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
မိမိတို့အနေဖြင့် မဲစာရင်းတွင်ပါဝင်သူများ မဲပေးခွင့်မဆုံးရှုံးစေရေး ဆောင်ရွက်ပေးရမည်ဖြစ်ကာ ဆန္ဒမဲပေးခြင်းမပေးခြင်းသည် မဲဆန္ဒရှင်များ၏ ဆန္ဒဖြစ်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပေးရမည်မှာ အစိုးရ၏တာဝန်ပင်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
ဆန္ဒမဲများပေးရာတွင်လည်း နိုင်ငံနှင့်ဒေသအကျိုးကို ဆောင်ရွက်နိုင်သူ၊ ဒို့တာဝန်အရေးသုံးပါးကို လေးစားလိုက်နာဆောင်ရွက်နိုင်သူ၊ ပြည်ထောင်စုစိတ်ဓာတ်ရှိသူ၊ နိုင်ငံရေးအမြင်၊ အုပ်ချုပ်ရေးအမြင်၊ စီးပွားရေးအမြင်၊ လုံခြုံရေးအမြင်ရှိသူ၊ နိုင်ငံတော်တည်ရှိနေသရွေ့ တည်ရှိနေမည့် အခိုင်မာဆုံးသောအဖွဲ့အစည်းဖြစ်သည့် တပ်မတော်နှင့် လက်တွဲဆောင်ရွက်နိုင်သည့်သူများဖြစ်ရန်လိုကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ထို့ကြောင့် ဆန္ဒမဲများပေးရာတွင် လူရွေးချယ်မှုမှန်ကန်ရန်လိုပြီး နိုင်ငံတော်မှလျှောက်လှမ်းနေသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ယုံကြည် ပါက မဲစာရင်းတွင်ပါဝင်သူများအားလုံး ဆန္ဒမဲပေးကြရန်လိုကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

Zawgyi Version:
ဆႏၵမဲေပးရာတြင္ အခိုင္မာဆုံးေသာအဖြဲ႕အစည္းျဖစ္သည့္ တပ္မေတာ္ႏွင့္ လက္တြဲေဆာင္႐ြက္ႏိုင္သည့္သူမ်ားျဖစ္ရန္လို
သန႔္ဇင္(NP News)-ဒီဇင္ဘာ ၂၂
ဆႏၵမဲေပးရာတြင္ ႏိုင္ငံေတာ္တည္ရွိေနသေ႐ြ႕တည္ရွိေနမည့္ အခိုင္မာဆုံးေသာအဖြဲ႕အစည္းျဖစ္သည့္ တပ္မေတာ္ႏွင့္ လက္တြဲေဆာင္႐ြက္ႏို င္သည့္သူမ်ားျဖစ္ရန္လိုေၾကာင္း ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ယမန္ေန႔( ဒီဇင္ဘာ ၂၁ရက္)က ျပည္ၿမိဳ႕၊ သီရိေခတၱရာရတနာၿမိဳ႕ေတာ္ခန္းမ၌ ျပည္ခ႐ိုင္အတြင္းရွိရွိ ဌာနဆိုင္ရာတာဝန္ရွိသူမ်ား၊ ရပ္မိရပ္ဖမ်ား၊ အေသးစား၊ အငယ္စားႏွင့္အလတ္စား (MSME) စီးပြားေရးလုပ္ငန္းရွင္မ်ားႏွင့္ေတြ႕ဆုံ၍ ေဒသဖြံ႕ၿဖိဳးတိုးတက္ေရး ေဆြးေႏြးေျပာၾကားစဥ္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
မၾကာမီရက္ပိုင္းအတြင္း ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲကို က်င္းပျပဳလုပ္သြားမည္ျဖစ္ၿပီး ေ႐ြးေကာက္ပြဲေအာင္ျမင္စြာက်င္း ပႏိုင္ေရး အားလုံးက ဝိုင္းဝန္းေဆာင္႐ြက္ေပးၾကေစလိုေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကဆိုသည္။
လြတ္လပ္ၿပီးတရားမွ်တေသာ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲ ေအာင္ျမင္စြာက်င္းပႏိုင္ေရးအတြက္ မိမိတို႔အေနျဖင့္ ႀကိဳတင္ျပင္ဆင္ေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္လ်က္ရွိေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
ဆႏၵမဲေပးပိုင္ခြင့္ရွိသူအားလုံး ဆႏၵမဲေပးႏိုင္ေရးႏွင့္မဲမသမာမႈမ်ားမျဖစ္ေပၚေစေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
မိမိတို႔အေနျဖင့္ မဲစာရင္းတြင္ပါဝင္သူမ်ား မဲေပးခြင့္မဆုံးရႈံးေစေရး ေဆာင္႐ြက္ေပးရမည္ျဖစ္ကာ ဆႏၵမဲေပးျခင္းမေပးျခင္းသည္ မဲဆႏၵရွင္မ်ား၏ ဆႏၵျဖစ္ၿပီး မဲေပးႏိုင္ေအာင္ေဆာင္႐ြက္ေပးရမည္မွာ အစိုးရ၏တာဝန္ပင္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
ဆႏၵမဲမ်ားေပးရာတြင္လည္း ႏိုင္ငံႏွင့္ေဒသအက်ိဳးကို ေဆာင္႐ြက္ႏိုင္သူ၊ ဒို႔တာဝန္အေရးသုံးပါးကို ေလးစားလိုက္နာေဆာင္႐ြက္ႏိုင္သူ၊ ျပည္ေထာင္စုစိတ္ဓာတ္ရွိသူ၊ ႏိုင္ငံေရးအျမင္၊ အုပ္ခ်ဳပ္ေရးအျမင္၊ စီးပြားေရးအျမင္၊ လုံၿခဳံေရးအျမင္ရွိသူ၊ ႏိုင္ငံေတာ္တည္ရွိေနသေ႐ြ႕ တည္ရွိေနမည့္ အခိုင္မာဆုံးေသာအဖြဲ႕အစည္းျဖစ္သည့္ တပ္မေတာ္ႏွင့္ လက္တြဲေဆာင္႐ြက္ႏိုင္သည့္သူမ်ားျဖစ္ရန္လိုေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
ထို႔ေၾကာင့္ ဆႏၵမဲမ်ားေပးရာတြင္ လူေ႐ြးခ်ယ္မႈမွန္ကန္ရန္လိုၿပီး ႏိုင္ငံေတာ္မွေလွ်ာက္လွမ္းေနသည့္ ပါတီစုံဒီမိုကေရစီစနစ္ကို ယုံၾကည္ ပါက မဲစာရင္းတြင္ပါဝင္သူမ်ားအားလုံး ဆႏၵမဲေပးၾကရန္လိုေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။