နယ်မြေမတည်ငြိမ်ကြောင့် အွန်လိုင်းထက် ဝါဒဖြန့်နေကြသော်လည်း ရခိုင်ရိုးမ အဆင်းက ပဒါန်းမြို့ ဘောလုံး ပွဲတွင် အားပေးသူ များပြား

 438

ထိုက်စံ (NP News) – ဒီဇင်ဘာ ၂၂
ရခိုင်ရိုးမ အဆင်းက မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ပဒါန်းမြို့တွင် တစ်လကျော်ကြာမည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဘောလုံးပွဲ ပြုလုပ်နေရာ အားပေးသူ များပြားနေကြောင်း ဒေသခံ တစ်ဦးက NP News သတင်းဌာနကို ပြောသည်။
အဆိုပါ ဘောလုံးပွဲ မှာ တပ်နယ်မှူး ဖလား ရပ်ကွက်၊ ကျေးရွာပေါင်းစုံ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ ဖြစ်ကာ ပဒါန်းတပ်နယ် နှင့် ငဖဲမြို့နယ် စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေး ကော်မတီ တို့ ပူးပေါင်းစီစဉ် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
အွန်လိုင်းထက်တွင် ယင်းဒေသ နှင့် ပတ်သက်၍ မတည်ငြိမ်သယောင် ရေးသားခြင်းများ ရှိနေသော်လည်း မြေပြင်တွင်မူ ဘောလုံးပွဲကိုပင် အားပေးသူ များပြားနေကြောင်း အဆိုပါ ဒေသခံ က ဆိုသည်။
အဆိုပါ ဘောလုံးပွဲကို နိုဝင်ဘာလ ၃၀ ရက် မှ လွတ်လပ်ရေးနေ့ ဖြစ်သည့် ဇန်နဝါရီလ ၄ ရက် အထိ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
“ပရိတ်သတ် အားပေးမှုက တစ်နေ့ကို လူ သုံးထောင်ကျော်မယ်။ ပဒါန်းမှာပဲလုပ်တာ။ ဘောလုံးအားကစား ကွင်းရှိတယ်။ မြို့လယ်ခေါင် မှာငြိမ်လို့ ဘယ်သူမှလည်းမလာဘူး။ ငြိမ်နေတာပဲ” ဟု ၎င်း က ပြောသည်။
လက်ရှိတွင် ရခိုင်ရိုးမ ပေါ်က တိုက်ပွဲ ဖြစ်စဉ်များတွင် တပ်မတော်က အသာစီး ရနေကြောင်းလည်း ၎င်းက ဆိုသည်။

Zawgyi Version:
နယ္ေျမမတည္ၿငိမ္ေၾကာင့္ အြန္လိုင္းထက္ ဝါဒျဖန႔္ေနၾကေသာ္လည္း ရခိုင္႐ိုးမ အဆင္းက ပဒါန္းၿမိဳ႕ ေဘာလုံး ပြဲတြင္ အားေပးသူ မ်ားျပား
ထိုက္စံ (NP News) – ဒီဇင္ဘာ ၂၂
ရခိုင္႐ိုးမ အဆင္းက မေကြးတိုင္းေဒသႀကီး၊ ငဖဲၿမိဳ႕နယ္၊ ပဒါန္းၿမိဳ႕တြင္ တစ္လေက်ာ္ၾကာမည့္ လြတ္လပ္ေရးေန႔ အထိမ္းအမွတ္ ေဘာလုံးပြဲ ျပဳလုပ္ေနရာ အားေပးသူ မ်ားျပားေနေၾကာင္း ေဒသခံ တစ္ဦးက NP News သတင္းဌာနကို ေျပာသည္။
အဆိုပါ ေဘာလုံးပြဲ မွာ တပ္နယ္မႉး ဖလား ရပ္ကြက္၊ ေက်း႐ြာေပါင္းစုံ ခ်စ္ၾကည္ေရး ေဘာလုံးၿပိဳင္ပြဲ ျဖစ္ကာ ပဒါန္းတပ္နယ္ ႏွင့္ ငဖဲၿမိဳ႕နယ္ စီမံခန႔္ခြဲေရး ႏွင့္ အုပ္ခ်ဳပ္ေရး ေကာ္မတီ တို႔ ပူးေပါင္းစီစဥ္ က်င္းပျခင္း ျဖစ္ေၾကာင္း သိရသည္။
အြန္လိုင္းထက္တြင္ ယင္းေဒသ ႏွင့္ ပတ္သက္၍ မတည္ၿငိမ္သေယာင္ ေရးသားျခင္းမ်ား ရွိေနေသာ္လည္း ေျမျပင္တြင္မူ ေဘာလုံးပြဲကိုပင္ အားေပးသူ မ်ားျပားေနေၾကာင္း အဆိုပါ ေဒသခံ က ဆိုသည္။
အဆိုပါ ေဘာလုံးပြဲကို ႏိုဝင္ဘာလ ၃၀ ရက္ မွ လြတ္လပ္ေရးေန႔ ျဖစ္သည့္ ဇန္နဝါရီလ ၄ ရက္ အထိ ျပဳလုပ္မည္ ျဖစ္ေၾကာင္း သိရသည္။
“ပရိတ္သတ္ အားေပးမႈက တစ္ေန႔ကို လူ သုံးေထာင္ေက်ာ္မယ္။ ပဒါန္းမွာပဲလုပ္တာ။ ေဘာလုံးအားကစား ကြင္းရွိတယ္။ ၿမိဳ႕လယ္ေခါင္ မွာၿငိမ္လို႔ ဘယ္သူမွလည္းမလာဘူး။ ၿငိမ္ေနတာပဲ” ဟု ၎ က ေျပာသည္။
လက္ရွိတြင္ ရခိုင္႐ိုးမ ေပၚက တိုက္ပြဲ ျဖစ္စဥ္မ်ားတြင္ တပ္မေတာ္က အသာစီး ရေနေၾကာင္းလည္း ၎က ဆိုသည္။

Related news

© 2021. All rights reserved.