ကလေးမြို့တွင် ငွေကျပ်သိန်း (၃၀၀၀) ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 119

စိမ့် (NP News) - ဒီဇင်ဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ တာဟန်းရပ်ကွက်တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၇) ရက်က ငွေကျပ်သိန်း (၃၀၀၀)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်းမြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှသိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှသတင်းများအရ တာဟန်းရပ်ကွက်ရှိ ဗန်လားရိုထန်းငါ(ခ)ထန်းသဲ နှင့် မမန်းဟောက်ကိမ်တို့၏နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ ရှာဖွေရာ ၎င်းတို့၏နေအိမ်အတွင်းမှ ငွေကျပ်သိန်း(၂,၁၉၁) တန်ဖိုးရှိ Tramadol ဆေးတောင့် (၃၁၃,၀၀၀) ပြား၊ ငွေကျပ်သိန်း(၁,၀၇၃.၂၅)တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Alprazolam ဆေးပြား (၇၁၅,၅၀၀) ပြားနှင့် လက်ကိုင်ဖုန်း(၂) လုံးတို့ကို သက်သေများနှင့်အတူ သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

လက်ရှိတွင် ဗန်လားရိုထန်းငါ(ခ)ထန်းသဲ(၂၈)နှစ် နှင့် မမန်းဟောက်ကိမ်(၃၁)နှစ်တို့ကို ကလေးမြို့မရဲစခန်း၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း CCDAC ၏ထုတ်ပြန်ချက်အရသိရသည်။

Zawgyi Version:
ကေလးၿမိဳ႕တြင္ ေငြက်ပ္သိန္း (၃၀၀၀) ေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိ
စိမ့္ (NP News) - ဒီဇင္ဘာ ၂၂

စစ္ကိုင္းတိုင္းေဒသႀကီး၊ ကေလးၿမိဳ႕၊ တာဟန္းရပ္ကြက္တြင္ ၿပီးခဲ့သည့္ ဒီဇင္ဘာလ (၁၇) ရက္က ေငြက်ပ္သိန္း (၃၀၀၀)ေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္းျမန္မာႏိုင္ငံ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕ထံမွသိရသည္။

ျဖစ္စဥ္မွာ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွသတင္းမ်ားအရ တာဟန္းရပ္ကြက္ရွိ ဗန္လား႐ိုထန္းငါ(ခ)ထန္းသဲ ႏွင့္ မမန္းေဟာက္ကိမ္တို႔၏ေနအိမ္ကို ဝင္ေရာက္ရွာေဖြခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ရွာေဖြရာ ၎တို႔၏ေနအိမ္အတြင္းမွ ေငြက်ပ္သိန္း(၂,၁၉၁) တန္ဖိုးရွိ Tramadol ေဆးေတာင့္ (၃၁၃,၀၀၀) ျပား၊ ေငြက်ပ္သိန္း(၁,၀၇၃.၂၅)တန္ဖိုးရွိ စိတ္ေျပာင္းေဆးဝါး Alprazolam ေဆးျပား (၇၁၅,၅၀၀) ျပားႏွင့္ လက္ကိုင္ဖုန္း(၂) လုံးတို႔ကို သက္ေသမ်ားႏွင့္အတူ သိမ္းဆည္းရမိခဲ့ေၾကာင္းသိရသည္။

လက္ရွိတြင္ ဗန္လား႐ိုထန္းငါ(ခ)ထန္းသဲ(၂၈)ႏွစ္ ႏွင့္ မမန္းေဟာက္ကိမ္(၃၁)ႏွစ္တို႔ကို ကေလးၿမိဳ႕မရဲစခန္း၌ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အမႈဖြင့္ အေရးယူထားၿပီး ကြင္းဆက္မ်ား ေဖာ္ထုတ္လ်က္ရွိေၾကာင္း CCDAC ၏ထုတ္ျပန္ခ်က္အရသိရသည္။

Related news

© 2021. All rights reserved.