အီရန်နဲ့ ဗြိတိန်တို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေကြား ရှားရှားပါးပါး ဖုန်းခေါ်ဆိုမှုတစ်ခုပြုလုပ်

102

Pika(NP News)-ဒီဇင်ဘာ ၂၂
အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ်အာဂရာချီနဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ယူဗ်တီကော့ပါးတို့ဟာ အီရန်ရဲ့နျူကလီးယားအရေးနဲ့ပတ်သက်ပြီး ရှားရှားပါးပါး ဖုန်းခေါ်ဆိုမှုတစ်ခုကို လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ဒါ့ပြင် နှစ်နိုင်ငံကြား အပြန်အလှန်နားလည်မှုကို ခိုင်မာစေဖို့နဲ့ အပြန်အလှန်အကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်တွေကို ဆက်လက်လိုက်စားဖို့အတွက် အဆင့်အမျိုးမျိုးမှာ တိုင်ပင်ဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ အာဘတ်စ်အာဂရာချီနဲ့ယူဗ်တီကော့ပါးတို့က သဘောတူညီခဲ့ကြတယ်လို့လည်း သိရပါတယ်။အီရန်ရဲ့ နျူကလီးယားအစီအစဉ်နဲ့ပတ်သက်ပြီး သံတမန်ရေးအရ ဖြေရှင်းချက်တစ်ခုလိုအပ်တယ်ဆိုတာကို ယူဗ်တီကော့ပါးက အလေးပေးပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။ဒါ့ပြင် သူလျှိုလုပ်မှု စွပ်စွဲချက်တွေနဲ့ အီရန်မှာ အချိန်တစ်နှစ်နီးပါးကြာအောင် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဗြိတိန်စုံတွဲ Lindsayနဲ့ Craig Foremanတို့ရဲ့ အမှုကိုလည်း ယူဗ်တီကော့ပါးက ထုတ်ဖော်ပြောကြားခဲ့တယ်လို့ သိရပါတယ်။ဒါပေမယ့်လည်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာတော့ ဗြိတိန်စုံတွဲရဲ့အမှုကို ဖော်ပြတာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။ဒါ့ပြင် အီရန်ရဲ့ နျူကလီးယားပြဿနာတွေနဲ့ပတ်သက်ပြီး ပိတ်ဆို့အရေးယူမှုတွေ ပြန်လည်ချမှတ်ခဲ့တဲ့ ဗြိတိန်၊ပြင်သစ်နဲ့ဂျာမနီတို့ရဲ့ လုပ်ရပ်တွေကို အာဘတ်စ်အာဂရာချီက ပြစ်တင်ဝေဖန်ခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
အီရန္နဲ႔ ၿဗိတိန္တို႔ရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီးေတြၾကား ရွားရွားပါးပါး ဖုန္းေခၚဆိုမႈတစ္ခုျပဳလုပ္
Pika(NP News)-ဒီဇင္ဘာ ၂၂
အီရန္ႏိုင္ငံျခားေရးဝန္ႀကီး အာဘတ္စ္အာဂရာခ်ီနဲ႔ ၿဗိတိန္ႏိုင္ငံျခားေရးဝန္ႀကီး ယူဗ္တီေကာ့ပါးတို႔ဟာ အီရန္ရဲ႕န်ဴကလီးယားအေရးနဲ႔ပတ္သက္ၿပီး ရွားရွားပါးပါး ဖုန္းေခၚဆိုမႈတစ္ခုကို လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။ဒါ့ျပင္ ႏွစ္ႏိုင္ငံၾကား အျပန္အလွန္နားလည္မႈကို ခိုင္မာေစဖို႔နဲ႔ အျပန္အလွန္အက်ိဳးစီးပြားဆိုင္ရာ ကိစၥရပ္ေတြကို ဆက္လက္လိုက္စားဖို႔အတြက္ အဆင့္အမ်ိဳးမ်ိဳးမွာ တိုင္ပင္ေဆြးေႏြးမႈေတြလုပ္ေဆာင္ဖို႔ အာဘတ္စ္အာဂရာခ်ီနဲ႔ယူဗ္တီေကာ့ပါးတို႔က သေဘာတူညီခဲ့ၾကတယ္လို႔လည္း သိရပါတယ္။အီရန္ရဲ႕ န်ဴကလီးယားအစီအစဥ္နဲ႔ပတ္သက္ၿပီး သံတမန္ေရးအရ ေျဖရွင္းခ်က္တစ္ခုလိုအပ္တယ္ဆိုတာကို ယူဗ္တီေကာ့ပါးက အေလးေပးေျပာၾကားခဲ့တယ္လို႔လည္း သိရပါတယ္။ဒါ့ျပင္ သူလွ်ိဳလုပ္မႈ စြပ္စြဲခ်က္ေတြနဲ႔ အီရန္မွာ အခ်ိန္တစ္ႏွစ္နီးပါးၾကာေအာင္ ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ ၿဗိတိန္စုံတြဲ Lindsayနဲ႔ Craig Foremanတို႔ရဲ႕ အမႈကိုလည္း ယူဗ္တီေကာ့ပါးက ထုတ္ေဖာ္ေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။ဒါေပမယ့္လည္း အီရန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ ေၾကညာခ်က္မွာေတာ့ ၿဗိတိန္စုံတြဲရဲ႕အမႈကို ေဖာ္ျပတာမ်ိဳး မရွိခဲ့ဘူးလို႔ သိရပါတယ္။ဒါ့ျပင္ အီရန္ရဲ႕ န်ဴကလီးယားျပႆနာေတြနဲ႔ပတ္သက္ၿပီး ပိတ္ဆို႔အေရးယူမႈေတြ ျပန္လည္ခ်မွတ္ခဲ့တဲ့ ၿဗိတိန္၊ျပင္သစ္နဲ႔ဂ်ာမနီတို႔ရဲ႕ လုပ္ရပ္ေတြကို အာဘတ္စ္အာဂရာခ်ီက ျပစ္တင္ေဝဖန္ခဲ့တယ္လို႔လည္း သိရပါတယ္။