ဗင်နီဇွဲလားကမ်းလွန်မှာရှိတဲ့ နောက်ထပ်ရေနံတင်သင်္ဘောတစ်စီးကို အမေရိကန်ဖမ်းဆီးထိန်းသိမ်း

94
Pika(NP News)-ဒီဇင်ဘာ ၂၂
ဗင်နီဇွဲလားကမ်းလွန်မှာရှိတဲ့ နောက်ထပ်ရေနံတင်သင်္ဘောတစ်စီးကို အမေရိကန်က ထပ်မံဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။အမေရိကန်ရဲ့လုပ်ရပ်ကို ခိုးယူမှုနဲ့ပြန်ပေးဆွဲမှုတစ်ခုအဖြစ် ဗင်နီဇွဲလားအစိုးရက စွပ်စွဲပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။ဗင်နီဇွဲလားကို ဝင်ထွက်နေတဲ့ ရေနံတင်သင်္ဘောကို လုံးဝပိတ်ဆို့မှုတွေ လုပ်ဆောင်သွားမယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ရက်အနည်းငယ်အကြာမှာ ယခုလိုဖြစ်ရပ်တွေ ထပ်မံဖြစ်ပွားလာတာဖြစ်ပါတယ်။အမေရိကန်အစိုးရက”အမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့ဟာ ဗင်နီဇွဲလားမှာ နောက်ဆုံးဆိုက်ကပ်ခဲ့တဲ့ နောက်ထပ်ရေနံတင်သင်္ဘောတစ်စီးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။ဒါ့ပြင် ရဟတ်ယာဉ်တစ်စင်းက ရေနံတင်သင်္ဘောကြီးတစ်စီးအနီးမှာ ပျံသန်းနေတဲ့ ဗီဒီယိုဖိုင်တစ်ခုကိုလည်း အမေရိကန်အစိုးရက ထုတ်ပြန်ပြသခဲ့တယ်လို့ သိရပါတယ်။အဲ့ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေအားလုံးက ၎င်းတို့ရဲ့ရာဇဝတ်မှုဆိုင်ရာ ပြစ်မှုအတွက် တရားမျှတမှုနဲ့ သမိုင်းကို ရင်ဆိုင်ရလိ့မ်မယ်လို့လည်း ဗင်နီဇွဲလားအစိုးရက ပြောကြားခဲ့ပါတယ်။

Zawgyi Version:
ဗင္နီဇြဲလားကမ္းလြန္မွာရွိတဲ့ ေနာက္ထပ္ေရနံတင္သေဘၤာတစ္စီးကို အေမရိကန္ဖမ္းဆီးထိန္းသိမ္း
Pika(NP News)-ဒီဇင္ဘာ ၂၂
ဗင္နီဇြဲလားကမ္းလြန္မွာရွိတဲ့ ေနာက္ထပ္ေရနံတင္သေဘၤာတစ္စီးကို အေမရိကန္က ထပ္မံဖမ္းဆီးထိန္းသိမ္းခဲ့တယ္လို႔ သိရပါတယ္။အေမရိကန္ရဲ႕လုပ္ရပ္ကို ခိုးယူမႈနဲ႔ျပန္ေပးဆြဲမႈတစ္ခုအျဖစ္ ဗင္နီဇြဲလားအစိုးရက စြပ္စြဲေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။ဗင္နီဇြဲလားကို ဝင္ထြက္ေနတဲ့ ေရနံတင္သေဘၤာကို လုံးဝပိတ္ဆို႔မႈေတြ လုပ္ေဆာင္သြားမယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ျပန္ေၾကညာခဲ့ၿပီးေနာက္ ရက္အနည္းငယ္အၾကာမွာ ယခုလိုျဖစ္ရပ္ေတြ ထပ္မံျဖစ္ပြားလာတာျဖစ္ပါတယ္။အေမရိကန္အစိုးရက”အေမရိကန္ကမ္းေျခေစာင့္တပ္ဖြဲ႕ဟာ ဗင္နီဇြဲလားမွာ ေနာက္ဆုံးဆိုက္ကပ္ခဲ့တဲ့ ေနာက္ထပ္ေရနံတင္သေဘၤာတစ္စီးကို ဖမ္းဆီးထိန္းသိမ္းခဲ့ပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။ဒါ့ျပင္ ရဟတ္ယာဥ္တစ္စင္းက ေရနံတင္သေဘၤာႀကီးတစ္စီးအနီးမွာ ပ်ံသန္းေနတဲ့ ဗီဒီယိုဖိုင္တစ္ခုကိုလည္း အေမရိကန္အစိုးရက ထုတ္ျပန္ျပသခဲ့တယ္လို႔ သိရပါတယ္။အဲ့ဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး တာဝန္ရွိသူေတြအားလုံးက ၎တို႔ရဲ႕ရာဇဝတ္မႈဆိုင္ရာ ျပစ္မႈအတြက္ တရားမွ်တမႈနဲ႔ သမိုင္းကို ရင္ဆိုင္ရလိ့မ္မယ္လို႔လည္း ဗင္နီဇြဲလားအစိုးရက ေျပာၾကားခဲ့ပါတယ္။