မြဝတီရှိ အွန်လိုင်းငွေလိမ်သူများကို ကားခ သိန်း (၂၀ဝ)အထိ ပြန်လိမ်သည့်အဖွဲ့ ပေါ်ပေါက်နေ

275

သန့်ဇင် (NP News)-ဒီဇင်ဘာ ၂၂
ကရင်ပြည်နယ် မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီမြို့တွင်သောင်တင်နေသောအွန်လိုင်းငွေ လိမ် သူများကို ပြည်မသို့ပြန်ပို့ပေးမည်ဆိုကာ ကားခ သိန်း (၂၀ဝ) အထိ ပြန်လိမ်လည်နေသောအဖွဲ့ပေါ် ပေါက်နေကြောင်းသိရှိသူတစ်ဦးက NP News သို့ပြောသည်။
လက်ရှိတွင် တပ်မတော်နှင့်ပူးပေါင်းအဖွဲ့များက မြန်မာ-ထိုင်းနယ်စပ်ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်း များကို အမြစ်ပြတ်ရှင်းလင်းခြင်းများလုပ်ဆောင်နေရာ ယင်းလုပ်ငန်းအတွင်းဝင်ရောက်နေသူများစွာ သည်လည်း မြဝတီမြို့တွင်သောင်တင်နေကြောင်း သိရသည်။ အဆိုပါ သောင်တင်နေသူများကို နေရပ် ပြန်ပို့ပေးမည်ဟုဆိုကာ ကားခအဖြစ် ငွေကျပ်သိန်း(၂၀)မှ သိန်း (၂၀ဝ)အထိ ပြန်လိမ်လည်နေသောအဖွဲ့ သည်လည်း လူမှုကွန်ရက်တစ်ခုဖြစ်သော TikTok တွင် ပေါ်ပေါက်နေကြောင်း သိရှိသူတစ်ဦးကဆို သည်။
“ TikTok တွေကနေ ပိုက်ဆံလှမ်းတောင်းနေတာပေါ့။ မြဝတီကနေပြန်ဝင်မယ့်လူတွေရဲ့ (၅၀) ရာခိုင်နှုန်းက ပိတ်ဆို့ခံထားရတယ်လေ။ အဲဒီတော့ ဘယ်လမ်းကထွက်လို့ရတယ်၊ ညာလမ်းကထွက်လို့ ရတယ်နဲ့ လမ်းတွေမပေါက်ဘဲနဲ့ ဘယ်လမ်းကမှ မထွက်ဘဲနဲ့ အုပ်စုလိုက် သွားကြလာကြလုပ်ကြတော့ တော်တော်လေးအလိမ်ခံထားရတယ်။ ကောင်မလေးတစ်ယောက်ဆိုရင် သိန်း(၂၀ဝ)လောက်အထိ အ လိမ်ခံထားရတယ်။ ရွယ်တူအချင်းချင်းတွေကို လိမ်နေတာ။ လိမ်နေတာကလည်း (၅)ယောက် (၆) ယောက်လောက်ရှိတယ်။ အဖွဲ့လိုက်လိမ်နေတာပေါ့။ အွန်လိုင်းငွေလိမ်သူတွေပြန်မှာကို သူတို့ကပြန်လိမ် နေသလိုကိုဖြစ်နေတာ”ဟု ၎င်းကပြောသည်။
ထို့ပြင် ယင်းလိမ်လည်သည့်အဖွဲ့ထံရောက်ရှိ သွားသူများအနေဖြင့်လည်း တစ်ကျော့ပြန် အွန် လိုင်းငွေလိမ်လုပ်ငန်းများအတွင်း ပြန်လည်ထည့်သွင်းခိုင်းစေခံရနိုင်ကြောင်း ၎င်းကဆိုသည်။ “နောက် တစ်ခု စိုးရိမ်စရာရှိတာက ဒီကလေးတွေကို ပို့ပေးမယ် ပြောပြီးတော့ မပို့ပေးဘဲနဲ့ ကားတစ်စီးနဲ့ စီးလုံး ပြတ်ခေါ်တင်ပြီး တရုတ်ပြည်မှာအလုပ်လုပ်လို့ရတယ်ဆိုပြီးလိမ်ခေါ်မယ်။ ပြီးရင် အွန်လိုင်းငွေလိမ် အလုပ်ထဲကိုထည့်ပစ်မှာကို စိုးရိမ်နေရတယ်။ အခုလိမ်တဲ့ကောင်မလေးက မြဝတီမှာစက်ချုပ်တယ်။ အဲဒီ ကောင်မလေးက မြဝတီကနေ ပို့ပေးမယ်ဘာညာနဲ့ဆိုပြီးခေါ်နေတာ။ အဲဒီကောင်မလေးက လိမ်နေ တာ”ဟု ၎င်းကဆိုသည်။
မြဝတီမှရန်ကုန်သို့ လက်ရှိကာလတွင် ပုံမှန်ပြည်သူများအတွက် တစ်ဦးလျှင် ကားခ ကျပ် (၁၂၀ဝဝဝ) အထိပေါက်ဈေးရှိကြောင်းသိရသည်။ သို့သော် အထက်ပါကဲ့သို့ အွန်လိုင်းငွေလိမ်သူများကို လိမ်လည်နေခြင်းအပြင် မြဝတီတွင်ရှိနေသော ရှမ်းပြည်နယ် မှတ်ပုံတင်(၁၃/)ကိုင်ဆောင်ထားသူများကို လည်း ကျပ်သိန်း (၂၀)မှ သိန်း(၃၀)အထိဈေးခေါ်ကာ အာမခံနှင့် ပြန်လည်ပို့ဆောင်ပေးမည်ဟုလည်း ပြောဆိုလိမ်လည်နေခြင်းရှိနေကြောင်း ၎င်းကဆိုသည်။
“သိန်း(၂၀)တို့ သိန်း(၃၀)တို့ အဲဒီလိုတွေ သူတို့အကောင့်တွေကနေပို့ပေးမယ်ပေါ့။ တချို့ များ သောအားဖြင့် (၁၃/)ကလေးတွေက အဲဒီမှာ အလုပ်သွားလုပ်ကြတာတော့ရှိတယ်။ အဲဒီကလေးတွေက အခုဖြစ်တဲ့ပြဿနာနဲ့ဆိုတော့ ပြန်လို့မရဘူးပေါ့။ လမ်းပိတ်ထားတာရှိတယ်။ အဲဒီလိုမျိုးတွေဖြစ်နေ တော့ သူတို့က ဘယ်လမ်းကသွားလို့ရမယ်ဆိုပြီး တစ်ဖက်လှည့်နဲ့ခေါ်ထုတ်မှာပေါ့။ အဲဒါလည်းလိမ်တာ ပဲ” ဟု အထက်ပါသတင်းရင်းမြစ်ကပြောသည်။
လက်ရှိတွင် ထွက်ပေါ်နေသောသတင်းများအရ ယင်းကဲ့သို့ (၁၃/)မှတ်ပုံတင်ကိုင်ထားသူများ သည် အထက်ပါသတင်းရင်းမြစ်ပြောဆိုသော ကားခဈေးနှုန်းအထိမမြင့်တက်သော်လည်းပဲ မြေပြင်တွင် ကျပ် (၄၅၀ဝဝဝ)မှ ကျပ်(၅၅၀ဝဝဝ) အထိ ပေါက်ဈေးရှိနေကြောင်းသိရသည်။

Zawgyi Version:
ျမဝတီရွိ အြန္လိုင္းေငြလိမ္သူမ်ားကို ကားခ သိန္း (၂၀ဝ)အထိ ျပန္လိမ္သည့္အဖြဲ႕ ေပၚေပါက္ေန
သန႔္ဇင္ (NP News)-ဒီဇင္ဘာ ၂၂
ကရင္ျပည္နယ္ ျမန္မာ-ထိုင္းနယ္စပ္ရွိ ျမဝတီၿမိဳ႕တြင္ေသာင္တင္ေနေသာအြန္လိုင္းေငြ လိမ္ သူမ်ားကို ျပည္မသို႔ျပန္ပို႔ေပးမည္ဆိုကာ ကားခ သိန္း (၂၀ဝ) အထိ ျပန္လိမ္လည္ေနေသာအဖြဲ႕ေပၚ ေပါက္ေနေၾကာင္းသိရွိသူတစ္ဦးက NP News သို႔ေျပာသည္။
လက္ရွိတြင္ တပ္မေတာ္ႏွင့္ပူးေပါင္းအဖြဲ႕မ်ားက ျမန္မာ-ထိုင္းနယ္စပ္ရွိ အြန္လိုင္းေငြလိမ္လုပ္ငန္း မ်ားကို အျမစ္ျပတ္ရွင္းလင္းျခင္းမ်ားလုပ္ေဆာင္ေနရာ ယင္းလုပ္ငန္းအတြင္းဝင္ေရာက္ေနသူမ်ားစြာ သည္လည္း ျမဝတီၿမိဳ႕တြင္ေသာင္တင္ေနေၾကာင္း သိရသည္။ အဆိုပါ ေသာင္တင္ေနသူမ်ားကို ေနရပ္ ျပန္ပို႔ေပးမည္ဟုဆိုကာ ကားခအျဖစ္ ေငြက်ပ္သိန္း(၂၀)မွ သိန္း (၂၀ဝ)အထိ ျပန္လိမ္လည္ေနေသာအဖြဲ႕ သည္လည္း လူမႈကြန္ရက္တစ္ခုျဖစ္ေသာ TikTok တြင္ ေပၚေပါက္ေနေၾကာင္း သိရွိသူတစ္ဦးကဆို သည္။
“ TikTok ေတြကေန ပိုက္ဆံလွမ္းေတာင္းေနတာေပါ့။ ျမဝတီကေနျပန္ဝင္မယ့္လူေတြရဲ႕ (၅၀) ရာခိုင္ႏႈန္းက ပိတ္ဆို႔ခံထားရတယ္ေလ။ အဲဒီေတာ့ ဘယ္လမ္းကထြက္လို႔ရတယ္၊ ညာလမ္းကထြက္လို႔ ရတယ္နဲ႔ လမ္းေတြမေပါက္ဘဲနဲ႔ ဘယ္လမ္းကမွ မထြက္ဘဲနဲ႔ အုပ္စုလိုက္ သြားၾကလာၾကလုပ္ၾကေတာ့ ေတာ္ေတာ္ေလးအလိမ္ခံထားရတယ္။ ေကာင္မေလးတစ္ေယာက္ဆိုရင္ သိန္း(၂၀ဝ)ေလာက္အထိ အ လိမ္ခံထားရတယ္။ ႐ြယ္တူအခ်င္းခ်င္းေတြကို လိမ္ေနတာ။ လိမ္ေနတာကလည္း (၅)ေယာက္ (၆) ေယာက္ေလာက္ရွိတယ္။ အဖြဲ႕လိုက္လိမ္ေနတာေပါ့။ အြန္လိုင္းေငြလိမ္သူေတြျပန္မွာကို သူတို႔ကျပန္လိမ္ ေနသလိုကိုျဖစ္ေနတာ”ဟု ၎ကေျပာသည္။
ထို႔ျပင္ ယင္းလိမ္လည္သည့္အဖြဲ႕ထံေရာက္ရွိ သြားသူမ်ားအေနျဖင့္လည္း တစ္ေက်ာ့ျပန္ အြန္ လိုင္းေငြလိမ္လုပ္ငန္းမ်ားအတြင္း ျပန္လည္ထည့္သြင္းခိုင္းေစခံရႏိုင္ေၾကာင္း ၎ကဆိုသည္။ “ေနာက္ တစ္ခု စိုးရိမ္စရာရွိတာက ဒီကေလးေတြကို ပို႔ေပးမယ္ ေျပာၿပီးေတာ့ မပို႔ေပးဘဲနဲ႔ ကားတစ္စီးနဲ႔ စီးလုံး ျပတ္ေခၚတင္ၿပီး တ႐ုတ္ျပည္မွာအလုပ္လုပ္လို႔ရတယ္ဆိုၿပီးလိမ္ေခၚမယ္။ ၿပီးရင္ အြန္လိုင္းေငြလိမ္ အလုပ္ထဲကိုထည့္ပစ္မွာကို စိုးရိမ္ေနရတယ္။ အခုလိမ္တဲ့ေကာင္မေလးက ျမဝတီမွာစက္ခ်ဳပ္တယ္။ အဲဒီ ေကာင္မေလးက ျမဝတီကေန ပို႔ေပးမယ္ဘာညာနဲ႔ဆိုၿပီးေခၚေနတာ။ အဲဒီေကာင္မေလးက လိမ္ေန တာ”ဟု ၎ကဆိုသည္။
ျမဝတီမွရန္ကုန္သို႔ လက္ရွိကာလတြင္ ပုံမွန္ျပည္သူမ်ားအတြက္ တစ္ဦးလွ်င္ ကားခ က်ပ္ (၁၂၀ဝဝဝ) အထိေပါက္ေဈးရွိေၾကာင္းသိရသည္။ သို႔ေသာ္ အထက္ပါကဲ့သို႔ အြန္လိုင္းေငြလိမ္သူမ်ားကို လိမ္လည္ေနျခင္းအျပင္ ျမဝတီတြင္ရွိေနေသာ ရွမ္းျပည္နယ္ မွတ္ပုံတင္(၁၃/)ကိုင္ေဆာင္ထားသူမ်ားကို လည္း က်ပ္သိန္း (၂၀)မွ သိန္း(၃၀)အထိေဈးေခၚကာ အာမခံႏွင့္ ျပန္လည္ပို႔ေဆာင္ေပးမည္ဟုလည္း ေျပာဆိုလိမ္လည္ေနျခင္းရွိေနေၾကာင္း ၎ကဆိုသည္။
“သိန္း(၂၀)တို႔ သိန္း(၃၀)တို႔ အဲဒီလိုေတြ သူတို႔အေကာင့္ေတြကေနပို႔ေပးမယ္ေပါ့။ တခ်ိဳ႕ မ်ား ေသာအားျဖင့္ (၁၃/)ကေလးေတြက အဲဒီမွာ အလုပ္သြားလုပ္ၾကတာေတာ့ရွိတယ္။ အဲဒီကေလးေတြက အခုျဖစ္တဲ့ျပႆနာနဲ႔ဆိုေတာ့ ျပန္လို႔မရဘူးေပါ့။ လမ္းပိတ္ထားတာရွိတယ္။ အဲဒီလိုမ်ိဳးေတြျဖစ္ေန ေတာ့ သူတို႔က ဘယ္လမ္းကသြားလို႔ရမယ္ဆိုၿပီး တစ္ဖက္လွည့္နဲ႔ေခၚထုတ္မွာေပါ့။ အဲဒါလည္းလိမ္တာ ပဲ” ဟု အထက္ပါသတင္းရင္းျမစ္ကေျပာသည္။
လက္ရွိတြင္ ထြက္ေပၚေနေသာသတင္းမ်ားအရ ယင္းကဲ့သို႔ (၁၃/)မွတ္ပုံတင္ကိုင္ထားသူမ်ား သည္ အထက္ပါသတင္းရင္းျမစ္ေျပာဆိုေသာ ကားခေဈးႏႈန္းအထိမျမင့္တက္ေသာ္လည္းပဲ ေျမျပင္တြင္ က်ပ္ (၄၅၀ဝဝဝ)မွ က်ပ္(၅၅၀ဝဝဝ) အထိ ေပါက္ေဈးရွိေနေၾကာင္းသိရသည္။