အရှိန်ပြင်းလာသည့် ထိုင်း-ကမ္ဘောဒီးယား စစ်ပွဲဒေသတွင်း ပဋိပက္ခဖြစ်လာနိုင်သလား မြန်မာတို့ လေ့လာရမည့် သင်ခန်းစာ (အတွေးအမြင် ဆောင်းပါး)

 508

Htay Oung (NP News)
အိမ်နီးချင်း နှစ်နိုင်ငံကြား ပဋိပက္ခကို ရပ်ဆိုင်းဖို့အတွက် ထိုင်းနယ်မြေကိုကျူးကျော်သူအနေနဲ့ ကမ္ဘောဒီးယားက အပစ်အခတ်ရပ်စဲကြောင်း ပထမဆုံးကြေညာပေးရမှာဖြစ်ပြီး နယ်စပ်ဒေသ မြေမြှုပ် မိုင်းရှင်းလင်းရေးကိစ္စမှာ ရိုးသားစွာပူးပေါင်းဆောင်ရွက်ပေးရမယ်လို့ ဘန်ကောက်က တောင်းဆိုကြောင်း “အယ်လ်ဂျားဇီးယား” (16 December 2025) က ရေးပါတယ်။
ယခုနှစ်အတွင်း ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြား ပဋိပက္ခဟာ တင်းမာမှုများမှတစ်ဆင့် ဇူလိုင်လ မှာ ပထမဆုံး ဖြစ်ပွားခဲ့ပြီး ဒီဇင်ဘာမှာ ဒုတိယအကြိမ် ထပ်မံဖြစ်ပွားခဲ့ပါတယ်။ ဇူလိုင် (၂၄) ရက်မှ (၂၇) ရက်အထိ နယ်စပ်တစ်လျှောက် နေရာ (၁၂)နေရာထက်မနည်းမှာ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ ပါတယ်။ ကမ္ဘောဒီးယား စစ်သားတစ်ဦး သေဆုံးခဲ့ရာမှ စတင်ခြင်းဖြစ်ပြီး ထိုင်းဘက်က စစ်သား (၁၄)ဦး ထက်မနည်းနဲ့ အရပ်သား (၁၄)ဦး၊ ကမ္ဘောဒီးယားဘက်က စစ်သား(၅)ဦးနဲ့ အရပ်သား (၈)ဦး သေဆုံး ကြောင်း သတင်းထွက်ပေါ်ခဲ့ပါတယ်။
အဲဒီနောက် (၄၇)ကြိမ်မြောက် ကွာလာလမ်ပူ အာဆီယံထိပ်သီးအစည်းအဝေးပြင်ပမှာ အမေရိ ကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲကြောင်း ဇူလိုင် (၂၈) ရက်မှာ နှစ်ဖက်စလုံးက ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ နှစ်နိုင်ငံနယ်စပ်တစ်လျှောက် ပစ်ခတ်မှုများ ရံဖန်ရံခါ ဖြစ်ပေါ်ခဲ့ပြီး မြေမြှုပ်မိုင်းနဲ့ မှားယွင်းပစ်ခတ်မှုများကြောင့် ထိုင်းစစ်သားအတော်များများ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာ (၇)ရက်မှာ နှစ်ဖက်အတိအလင်း ပစ်ခတ်လာခဲ့ကြပြီး တစ်ကျော့ပြန်တိုက်ခိုက်မှုမှာ ဒီဇင်ဘာ (၁၄)ရက်အထိ ထိုင်းဘက်က စစ်သား (၁၆) ဦး ထက်မနည်းနဲ့ အရပ်သား (၁၄)ဦး၊ ကမ္ဘော ဒီးယား စစ်သား (၆) ဦး အရပ်သား (၂၃) ဦး သေဆုံးတယ်လို့ တရားဝင်သတင်းထုတ်ပြန်ချက်များမှာ ဖော်ပြပါတယ်။ ဒါပေမဲ့ တိုက်ပွဲပြင်းထန်မှုအခြေအနေအရ နှစ်ဖက်သေဆုံးမှုများဟာ အဲ့ဒီထက် အများကြီး ပိုနိုင်ပြီး နှစ်ဖက်စလုံးမှာ အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ အရပ်သားပေါင်း (၁၄၀,ဝဝဝ) ခန့်စီအသီးသီး ရှိခဲ့ပါတယ်။
ထိုင်းတော်ဝင်လေတပ် ဂျက်တိုက်လေယာဉ်များဟာ လေကြောင်းစိုးမိုးမှု လုံးဝမရှိတဲ့ ကမ္ဘောဒီး ယား နယ်စပ်တစ်လျှောက် စိတ်ကြိုက်မင်းမူနိုင်ခဲ့ပြီး (၁၉၈၇ -၁၉၈၈) ထိုင်း-လာအို နယ်စပ်ထိပ်တိုက် တွေ့မှု နောက်ပိုင်း ပထမဆုံးအကြိမ် တိုက်ပွဲဝင်ခြင်းဖြစ်ပါတယ်။ ကမ္ဘောဒီးယားတို့ဘက်က တင့်ကား များ အတွဲလိုက်ဒုံးကျည်များအပြင် စစ်ပွဲအတွေ့အကြုံရှိတဲ့ ခမာစစ်သားများက မြေပြင်မှာ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့ကြောင်း တွေ့ရှိရပါတယ်။ ဒါပေမဲ့ လူ-လက်နက်အင်အားနဲ့ခေတ်မီမှု ထိုင်းဘက်က အဆ ပေါင်းများစွာ သာလွန်ပါတယ်။
အင်ဒိုချိုင်းနားလို့ခေါ်တဲ့ အရှေ့တောင်အာရှမှာ အကျယ်ပြန့်ဆုံး အင်ပါယာထူထောင်နိုင်ခဲ့ကြ သူတွေဟာ မြန်မာတို့ဖြစ်ပါတယ်။ (၁၆) ရာစု (၁၅၅၀- ၁၅၈၁) ဘုရင့်နောင်မင်းတရားကြီးရဲ့ တောင်ငူ အင်ပါယာဟာ ယနေ့ခေတ် မြန်မာတစ်နိုင်ငံလုံး၊ ထိုင်း-လာအို-တရုတ်ယူနန်ပြည်နယ်တောင်ပိုင်း၊ ကမ္ဘောဒီးယားနိုင်ငံ အစိတ်အပိုင်းအချို့နဲ့ မလေးရှားနိုင်ငံ မြောက်ပိုင်း၊ အရှေ့ဘင်္ဂလား (ဘင်္ဂလားဒေ့ရှ်)၊ အိန္ဒိယ အာသံ-မဏိပူရပြည်နယ်များအထိ ကျယ် ဝန်းခဲ့ပါတယ်။ စစ်အင်အားနဲ့ တိုက်ခိုက်သိမ်းယူခြင်း ဖြစ်သည့်တိုင် အုပ်ချုပ်သူဟောင်းတွေကို ဆက်လက်အသိအမှတ်ပြုပြီး အခွန်ပေး-စစ်သားပေးရုံသာ ရှိတဲ့ အတွက် သိမ်းပိုက်ခံနယ်မြေမှာ ရောင်းဝယ်စည်ကားမပျက် ဆက်လက်ရပ်တည်နိုင်ကြတယ်။ ကုန်းမြေ တစ်ဆက်တည်း တည်ရှိနေတဲ့အင်ပါယာအဖြစ် အလွန်ရှားပါးသမိုင်းဝင်ဖြစ်ခဲ့ပေမယ့် အုပ်ချုပ်ရေးစနစ် ခိုင်မာတယ်လို့မပြောနိုင်တဲ့အပြင် နောက်ပိုင်း ဆက်ခံသူ ရှင်ဘုရင်များမှာလည်း ကျယ်ဝန်းလှတဲ့ အင်ပါယာကို ဆက်လက်ထိန်းသိမ်းနိုင်ခြင်း မရှိခဲ့ပါ။
အရှေ့တောင်အာရှမှာ မြန်မာအင်ပါယာလောက် မကျယ်ဝန်းပေမယ့် ခမာတို့လည်း ကျယ်ဝန်းတဲ့ အင်ပါယာကို ထူထောင်နိုင်သူများဖြစ်တယ်။ ယနေ့ ခေတ် ကမ္ဘောဒီးယားတစ်နိုင်ငံလုံး-လာအိုနိုင်ငံ တောင်ပိုင်း - ဗီယက်နမ်နိုင်ငံတောင်ပိုင်းနဲ့ ထိုင်း နိုင်ငံအလယ်ပိုင်းအထိ သိမ်းယူနိုင်ခဲ့တယ်။ အေဒီ (၈၀ဝ - ၁၄၀ဝ) အထိ နှစ်ပေါင်း (၅၀ဝ) ကျော် တည်တံ့ခဲ့ပါတယ်။
တစ်ချိန်က ထိုင်းတို့ရဲ့ မင်းနေပြည်ဖြစ်ခဲ့ဖူးတဲ့ Sukhothai “ဆူခိုထိုင်း” ( မြန်မာတို့အခေါ် “သောက္ကတဲ”) ဟာ ခမာတို့ရဲ့ Angor အန်ကော အင်ပါယာအတွင်း ပါဝင်ခဲ့ဖူးပြီး ထိုင်းတို့က တွန်းလှန် ပုန်ကန်ခြင်း၊ အင်ပါယာအတွက် အဓိကအသက် သွေးကြောဖြစ်တဲ့ တူးမြောင်းစနစ် ပျက်စီးခြင်း မိုး ခေါင်ရေရှားပြီး အစာရေစာ ရှားပါးမှုများကြောင့် အင်ပါယာ ပြိုလဲခဲ့ရပါတယ်။
ယနေ့ခေတ် ကမ္ဘောဒီးယားဟာ ထိုင်းနိုင်ငံထက် ဧရိယာအကျယ်အဝန်း (၃)ဆခန့် ငယ်ရွယ်တဲ့ တိုင်း ပြည်လေးဖြစ်နေပါပြီ၊ ခမာ လူဦးရေ (၁၇)သန်း ကျော်ဆိုတာလည်း ထိုင်းထက် (၄)ဆ ပိုနည်းပါ တယ်။ ထိုင်းက ဂျီဒီပီက ဒေါ်လာ (၅၃၀) ဘီလျံနီးပါးရှိနေ ချိန် ကမ္ဘောဒီးယားတို့က ဒေါ်လာ (၅၀) ဘီလျံခန့်သာ ရှိပြီး နိုင်ငံသား တစ်ဦးချင်းဝင်ငွေမှာလည်း (၃)ဆ နည်းပါတယ်။
စစ်သည်အင်အား (၄၅၀,ဝဝဝ) ကျော်ရှိတဲ့ ထိုင်းနိုင်ငံဟာ ခေတ်မီ ရေတပ်-လေတပ်တို့ကို ပိုင် ဆိုင်ထားပြီး နိုင်ငံတကာ စစ်အင်အားအဆင့် (၂၅) မှာ ရပ်တည်နေပါတယ်။ ကမ္ဘောဒီးယားတို့ကတော့ စစ်သည်အင်အား (၂၀ဝ,ဝဝဝ) နီးပါးရှိပေမယ့် ကြည်း-ရေ-လေတို့မှာ ခေတ်မီစစ်လက်နက် ယန္တရား အလွန်နည်းပါးပြီး နိုင်ငံတကာအဆင့် (၉၅) ဖြစ်ပါတယ်။
အတိတ်ကာလ ခမာအင်ပါယာထူထောင်ပြီး ရွှေထီးဆောင်းခဲ့တဲ့ ကမ္ဘောဒီးယားဟာ ဒီလောက်ထိ ဖွံ့ဖြိုးမှုနိမ့်ကျသွားရခြင်းမှာ မြန်မာနဲ့ကမ္ဘာ့နိုင်ငံအားလုံးအတွက် သတိပြုဆင်ခြင်စရာကောင်းလှပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး ကမ္ဘာ့နိုင်ငံအတော်များများမှာ ပြာပုံထဲက ရုန်းထနေရခိုက် (၁၉၆၀-၁၉၇၅) ခုနှစ် အင်ဒိုချိုင်းနား စစ်ပွဲ (ဗီယက်နမ်စစ်ပွဲ)မှာ ကမ္ဘောဒီးယားဟာ ကြားညပ်နေခဲ့တယ်။ ဒုတိယကမ္ဘာစစ် တစ်လျှောက်လုံး အမေရိကန်ကြဲချခဲ့သမျှ ဗုံးတန်ချိန် စုစုပေါင်းထက် အများကြီးပိုတယ်လို့ သမိုင်းမှတ် တမ်းဝင်ခဲ့ရတဲ့ ဖျက်ဆီးခံရမှုများကြောင့် ကမ္ဘောဒီးယားရဲ့ လယ်ယာစီးပွားရေးဟာ ပြိုကွဲသွားပါတယ်။ အများပြည်သူ အိုးအိမ်ပျက်စီးပြီး အစိုးရမှာ အားနည်း လာပါတယ်။ အဲ့ဒီအချက်ဟာ (Pol Pot) ပို‌ပေါ့ လို ခမာနီ တစ်ဇောက်ကန်းဝါဒီများ ခေါင်းထောင်လာစေဖို့ လမ်းခင်းပေးခဲ့ပါတယ်။
ကမ္ဘောဒီးယားကို အမှန်တကယ်ဖျက်ဆီးသူက ခမာနီ ပိုပေါ့သာလျှင်ဖြစ်တယ်လို့ ပြောရပါလိမ့် မယ်။ ကွန်မြူနစ် ရုပ်ကြမ်းဝါဒကြောင့် ဆရာဝန်-အင်ဂျင် နီယာ ပညာတတ်အများစု ကမ္ဘောဒီးယား ပြည်သူ( ၂)သန်းခန့် အသတ်ခံခဲ့ရပါတယ်။ အဲ့ဒီပမာဏဟာ ကမ္ဘောဒီးယားလူဦးရေရဲ့ (၂၅%)လူ(၄) ယောက်လျှင် (၁)ယောက်နှုန်း ရှိနေပါတယ်။ ပညာတတ်မျိုးဆက် ပျောက်ဆုံးပြီး အုပ်ချုပ်ရေးနဲ့ ယဉ် ကျေးမှု ပြတ်တောက်သွားတယ်။ ကြောက်လန့်မှုကိုအခြေခံတဲ့ နိုင်ငံရေးစနစ် အမြစ်တွယ်သွားစေပြီး အကျင့်ပျက် ခြစားမှုကို တွင်ကျယ်စေပါတယ်။
(၁၉၈၀- ၁၉၉၀) အိမ်နီးချင်း ထိုင်းနဲ့ ဗီယက်နမ်တို့မှာ စီးပွားရေး ပြုပြင်ပြောင်းလဲလို့ ကောင်းနေ ချိန် ကမ္ဘောဒီးယားမှာ သုညအခြေအနေမှ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။ ပြင်ပကလာတဲ့ စစ်ပွဲရဲ့ဒဏ်ဟာ ပြန်လည်ထူထောင်လို့ရနိုင်ပေမယ့် နိုင်ငံသားများကိုယ်တိုင် မိမိတိုင်းပြည်ကို အတွင်းက ဖျက်ဆီးခြင်း က အလွန်အထိနာစေကြောင်း ထင်ရှားပါတယ်။
ပြီးခဲ့တဲ့ရက် ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ဥဘွန်ရတ်ချာသာနီပြည်နယ် ကမ္ဘောဒီးယားနယ်စပ် မဟာဗျူဟာမြောက် တောင်ကုန်းအမှတ် (၆၇၇) နဲ့ အမှတ် (၅၀ဝ) တို့ကို ထိုင်းစစ်တပ်က ပြန်လည်သိမ်း ယူခဲ့ကြောင်း၊ သိမ်းဆည်းရမိတဲ့ ကမ္ဘောဒီးယား စစ်လက်နက်တွေထဲမှာ တရုတ်လုပ် GAM-102LR, Norinco PF-89စတဲ့ တင့်ကားဖျက်ဒုံးကျည်များ ပါဝင်တယ်လို့ ဘန်ကောက်က ဆိုပါတယ်။ အဲဒါတွေ ဟာ ဈေးကြီးလွန်းတဲ့ အတွက် နိုင်ငံအတော်များများမှာ လက်လှမ်းမမီနိုင်တဲ့ ခေတ်မီလက်နက်များ ဖြစ်ပြီး တချို့ဟာ ယခုနှစ်ဆန်းမှ ဈေးကွက်အတွင်း ရောက်ရှိ လာတဲ့ ပစ္စည်းများဖြစ်နေခြင်းဟာ ထူးခြား နေပါတယ်။ ဒါပေမဲ့ ယခုပဋိပက္ခမတိုင်မီ တရုတ်ထံမှရရှိထားခြင်း သို့မဟုတ် မကြာသေးမီက တရုတ်-ကမ္ဘောဒီးယား ပူးတွဲစစ်ရေးလေ့ကျင့်ရာမှာ ကျန်ရစ်ခဲ့တဲ့ ပစ္စည်းများ ဖြစ်နိုင်တယ်လို့ စစ်ရေးအကဲခတ်သူ များက သုံးသပ်ကြပါတယ်။
ဒီလက်နက်တွေကို လောလောဆယ် ထောက်ပံ့ထားခြင်းမဟုတ်ကြောင်း တရုတ်ကငြင်းဆိုနေ ပြီး ဟုတ်-မဟုတ် ထိုင်းဘက်က သက်သေမပြနိုင်ဘဲ စစ်ဆေးနေဆဲလို့ဆိုပါတယ်။ ဒါပေမဲ့ ကမ္ဘောဒီး ယားဘက်ကို လောင်စာဆီနဲ့လက်နက်များဝင်ရောက်မှုမရှိစေရေး ထိုင်းဘက်ကသတ်မှတ်လိုက်တဲ့ ထိုင်း ပင်လယ်ကွေ့ ရေပြင်ဧရိယာဟာ ဗီယက်နမ် နယ်စပ် မှ မလေးရှားနယ်စပ်အထိ ကျယ်ပြန့် နေပါတယ်။
ကမ္ဘောဒီးယား ဆိပ်ကမ်းများဘက် ဦးတည်ခုတ် မောင်းနေတဲ့သင်္ဘောများကို ထိုင်းစစ်သင်္ဘော များက စစ်ဆေးမှုများပြုလုပ်နေပါတယ်။ ဒါ့အပြင် ကမ္ဘောဒီးယားနယ်စပ်ကို ထိုင်း F-16 တိုက် လေ ယာဉ်များ နဲ့ပစ်ခတ်ရာ တရုတ်ရင်းနှီးမြှုပ်နှံတဲ့ ကာစီနိုရုံများ-ဟိုတယ်တိုက်ခန်းတွဲများကို ထိမှန်ကြောင်း သတင်းထွက်ပေါ်နေပါတယ်။ ဒရုန်း သို့မဟုတ် တပ်ဖွဲ့ဌာနအခြေစိုက်ထားပြီး မိမိတို့ဘက်ကို ပစ်ခတ် တဲ့အတွက် လက်တုံ့ပြန်ခြင်းဖြစ်တယ်လို့ ဘန်ကောက်ကပြောပါတယ်။ ဖနွမ်းပင်ကတော့ အဲ့ဒီ အ ဆောက်အအုံတွေဟာ စစ်ရေးမှာအသုံးပြုခြင်းမရှိကြောင်း ငြင်းဆိုပါတယ်။ ကမ္ဘောဒီးယားမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုအတော်များများရှိနေပေမယ့် အခင်း ဖြစ်နေရာမှာ တရုတ်ပိုင်အဖြစ် အထောက်အထား မရှိကြောင်း၊ အူဒါမီအန်ချီပြည်နယ် အိုစမတ် မြို့ငယ်လေးအနီး ကာစီနိုရုံများဟာ “ကျားဖျန့်” လို့ လူသိ များတဲ့ အွန်လိုင်းငွေလိမ်စင်တာများတည်ရှိရာ နေရာဖြစ်ကြောင်း၊ မြန်မာ - ဗီယက်နမ်အပါအဝင် ကမ္ဘာ အရပ်ရပ်မှ လူကုန်ကူးခံရသူများ ထိခိုက်သေဆုံးဖွယ် ရှိကြောင်း သတင်းများထွက်ပေါ်ခဲ့ပါတယ်။ ဒီကိစ္စ ဟာ အရှေ့တောင်အာရှ ငွေလိမ်ဂိုဏ်းစင်တာများကို နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများ တည်နေရာ အဖြစ် သတ်မှတ်ကြောင်း မကြာသေးမီ အမေရိကန်က ကြေညာထားတဲ့အတွက် ရှုပ်ထွေးသွားရပါ တယ်။ ထိုင်း နိုင်ငံဟာ အမေရိကန်ဘက်ကနေပြီး အွန်လိုင်းငွေလိမ် ဂိုဏ်းစင်တာများကို စစ်ရေး ဘောင် ချဲ့လာခြင်း ဟုတ်-မဟုတ် စိုးရိမ်နေကြပါတယ်။
ထိုင်းရဲ့ ပစ်ခတ်မှုကြောင့် တရုတ်နိုင်ငံသားများ ထိခိုက်မှု ရှိ-မရှိ စိစစ်လျက်ရှိကြောင်း တရုတ် နိုင်ငံသားများအနေနဲ့ပဋိပက္ခဖြစ်ပွားလျက်ရှိတဲ့ နယ်စပ်ဒေသများအနီး ခရီးသွားလာခြင်းမပြုရန် ဖနွမ်း ပင် တရုတ်သံရုံးက သတင်းထုတ်ပြန်ပါတယ်။ ထိုင်း-ကမ္ဘောဒီးယား ပဋိပက္ခဟာ တောင်တရုတ်ပင်လယ် အငြင်းပွားမှုကို စောင့်ကြည့်နေရာမှ အွန်လိုင်းငွေလိမ် ဂိုဏ်းနှိမ်နင်းရေးကိုချဲ့ထွင်လာတဲ့ အမေရိကန်နဲ့ တရုတ်တို့အကြား ပျံ့နှံ့သွားပြီး ဒေသတွင်း စစ်ရေး-နိုင်ငံရေးပဋိပက္ခအဖြစ် ဦးတည်သွားမှာကို စိုးရိမ်မှု များရှိနေပါတယ်။
တခြားအာရှအင်အားကြီးများဖြစ်တဲ့ အိန္ဒိယနဲ့ ဂျပန်ဟာ ထိုင်း-ကမ္ဘောဒီးယားစစ်ပွဲကို ဆန့်ကျင် ပြီး ငြိမ်းချမ်းစွာဖြေရှင်းရေးအတွက် တိုက်တွန်းနေတဲ့ နိုင်ငံများဖြစ်ပါတယ်။ အလားတူ အမေရိကန်က လည်း ငြိမ်းချမ်းရေးအတွက် ကြားဝင်စေ့စပ်နေပါတယ်။ ယခုတစ်ကျော့ပြန် တိုက်ပွဲပြင်းထန်လာခြင်းကို ရပ်စဲကြဖို့ နှစ်နိုင်ငံစလုံးထံမှ ကတိရရှိရန် ကြိုးစားနေပါတယ်။ အွန်လိုင်းငွေလိမ်ဂိုဏ်းများကို ပစ်မှတ် ထားလာသည့်တိုင် ထိုင်း-ကမ္ဘောဒီးယားစစ်ပွဲကို ဒေသတွင်း ပဋိပက္ခအဖြစ် ဆွဲသွင်းလိုတဲ့ အရိပ် အယောင် မတွေ့ရပါဘူး။
တရုတ်အနေနဲ့လည်း အရှေ့တောင်အာရှ အိမ်နီးချင်းနှစ်နိုင်ငံစစ်ပွဲဟာ သူ့ရဲ့အကျိုးစီးပွားကို ထိခိုက် စေကြောင်း (၂၀၂၁) ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံအခြေအနေမှာ ကောင်းကောင်းသိရှိပြီး ဖြစ်ပါ တယ်။ အထူးသဖြင့် မဲခေါင်လန်ချန်းဒေသနိုင်ငံများ တည် ငြိမ်အေးချမ်းရေးဟာ သူ့ရဲ့စီးပွားရေးနဲ့ ပတ်သက်နေတဲ့အတွက် မြန်မာနိုင်ငံမှာ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်များအကြား အပစ် အခတ်ရပ်စဲရေး ဝင်ရောက်စေ့စပ်ခြင်းက သက်သေပြနေပါတယ်။
တရုတ်အနေနဲ့ကမ္ဘောဒီးယားဟာ သူရဲ့အရင်းနှီးဆုံး မိတ်ဖက်ဖြစ်သည့်တိုင် စီးပွားရေးကြီးမားပြီး တရုတ်-အမေရိ ကန် ဩဇာလွှမ်းမိုးမှု ပြိုင်ဆိုင်ရာမှာ မျှတမှုလိုအပ်နေတဲ့ ထိုင်းနိုင်ငံအတွက် ဆက်ဆံရေး မပျက်အောင် ထိန်းသိမ်းချင်နေပါတယ်။ ဖနွမ်းပင်ကို နောက်ကွယ်မှ အကာအကွယ်ပေးခြင်း၊ သံတမန် နည်းလမ်းအရ ကူညီခြင်း၊ နောက်ဆုံးထောက်လှမ်းရေးသတင်းနဲ့ လက်နက်-အစားထိုးစစ်ပစ္စည်း လျှို့ ဝှက်ထောက်ပံ့သည့်တိုင် အာဆီယံနိုင်ငံအချင်းချင်း ပဋိပက္ခမှာ တရုတ်စစ်တပ်များ တိုက်ရိုက်ဝင်လာ ခြင်းဟာ ပေကျင်းရဲ့ ပုံမှန်မဟာဗျူဟာ မဟုတ်ပါ။
အမေရိကန်နဲ့အနောက်အုပ်စုဟာ နိုင်ငံအချင်းချင်းဆက်ဆံရာမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ချိုး ဖောက်မှုကို စံနှုန်းထားလေ့ရှိပါတယ်။ တရုတ်ကတော့ သူရဲ့အကျိုးစီးပွားကိုသာဦးတည်ပြီး အာဏာ ရှိသူနဲ့သာ ညှိနှိုင်းဖို့ အဓိကထားလေ့ရှိပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာကြည့်ရင်လည်း တခြားနိုင်ငံအတွင်း တရုတ်ရဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှု များလေလေ သူ့ရဲ့အကျိုးစီးပွားကိုကာကွယ်ဖို့အတွက် နိုင်ငံရေး ဖိအားပေးမှုများလေလေ ဖြစ်လာနိုင်ပါတယ်။ အဲဒီနိုင်ငံရဲ့ ပြည်တွင်း မတည်ငြိမ်မှုဟာ တရုတ်ရဲ့ ပြည် တွင်းရေး နီးပါးဖြစ်လာနိုင်ပါတယ်။ နယ်စပ်မှာ ပါဝင်ပတ်သက်မှု ပိုမိုလာပြီး မြန်မာပြည်လို မှိုလိုပေါက် နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းများအပေါ် တိုက်ရိုက်/အပေါ်ယံ ဆက်ဆံရုံသာမက လက်နက် ရောင်း ခြင်း၊ အောက်ခြေ ပိုင်းအဆင့် ညှိနှိုင်းခြင်းများပြုလုပ်လာနိုင်ပါတယ်။ တရုတ်က စစ်တပ်များစေလွှတ်ဖို့ ဖြစ်မလာနိုင်သည့် တိုင် တခြားတိုင်းပြည်မှာ လုံခြုံရေးအကြံပေးများနဲ့ ဖိအားပေးခြင်းဖြင့် အဲ့ဒီတိုင်းပြည် ရဲ့ စစ်ရေးဖွဲ့စည်းမှုပုံသဏ္ဌာန်ဟာ ပြောင်းလဲသွားနိုင်ပါတယ်။
ထိုင်း-ကမ္ဘောဒီးယားစစ်ပွဲဟာ မြန်မာတို့အတွက် သင်ခန်းစာတွေ အများကြီးပေးနေပါတယ်။ အ ချုပ်အခြာ အာဏာပိုင်မှုကို ထိန်းသိမ်းရာမှာ စနစ်ကျခိုင်မာတဲ့အုပ်ချုပ်ရေးပုံစံလိုအပ်ကြောင်း။ နိုင်ငံ တစ်နိုင်ငံကို ပြည်ပကဖျက်ဆီးတာထက် မိမိနိုင်ငံသားများကိုယ်တိုင်အတွင်းကဖျက်ဆီးခြင်းမှာ ပိုပြီး အထိနာတတ်ပြီး နောက်ဆက်တွဲ လူသား-သယံဇာတ ရင်းမြစ်ဆုံးရှုံးခြင်း-အကျင့်ပျက်ခြစားခြင်းများနဲ့ နာလန်မထူနိုင်အောင် ဖြစ်တတ်ကြောင်း သင်ခန်းစာယူနိုင်ပါတယ်။

Zawgyi Version:
အရွိန္ျပင္းလာသည့္ ထိုင္း-ကေမာၻဒီးယား စစ္ပြဲေဒသတြင္း ပဋိပကၡျဖစ္လာႏိုင္သလား ျမန္မာတို႔ ေလ့လာရမည့္ သင္ခန္းစာ
(အေတြးအျမင္ ေဆာင္းပါး)
Htay Oung (NP News)
အိမ္နီးခ်င္း ႏွစ္ႏိုင္ငံၾကား ပဋိပကၡကို ရပ္ဆိုင္းဖို႔အတြက္ ထိုင္းနယ္ေျမကိုက်ဴးေက်ာ္သူအေနနဲ႔ ကေမာၻဒီးယားက အပစ္အခတ္ရပ္စဲေၾကာင္း ပထမဆုံးေၾကညာေပးရမွာျဖစ္ၿပီး နယ္စပ္ေဒသ ေျမျမႇဳပ္ မိုင္းရွင္းလင္းေရးကိစၥမွာ ႐ိုးသားစြာပူးေပါင္းေဆာင္႐ြက္ေပးရမယ္လို႔ ဘန္ေကာက္က ေတာင္းဆိုေၾကာင္း “အယ္လ္ဂ်ားဇီးယား” (16 December 2025) က ေရးပါတယ္။
ယခုႏွစ္အတြင္း ထိုင္းနဲ႔ ကေမာၻဒီးယားတို႔ၾကား ပဋိပကၡဟာ တင္းမာမႈမ်ားမွတစ္ဆင့္ ဇူလိုင္လ မွာ ပထမဆုံး ျဖစ္ပြားခဲ့ၿပီး ဒီဇင္ဘာမွာ ဒုတိယအႀကိမ္ ထပ္မံျဖစ္ပြားခဲ့ပါတယ္။ ဇူလိုင္ (၂၄) ရက္မွ (၂၇) ရက္အထိ နယ္စပ္တစ္ေလွ်ာက္ ေနရာ (၁၂)ေနရာထက္မနည္းမွာ အျပန္အလွန္ ပစ္ခတ္မႈမ်ား ျဖစ္ပြားခဲ့ ပါတယ္။ ကေမာၻဒီးယား စစ္သားတစ္ဦး ေသဆုံးခဲ့ရာမွ စတင္ျခင္းျဖစ္ၿပီး ထိုင္းဘက္က စစ္သား (၁၄)ဦး ထက္မနည္းနဲ႔ အရပ္သား (၁၄)ဦး၊ ကေမာၻဒီးယားဘက္က စစ္သား(၅)ဦးနဲ႔ အရပ္သား (၈)ဦး ေသဆုံး ေၾကာင္း သတင္းထြက္ေပၚခဲ့ပါတယ္။
အဲဒီေနာက္ (၄၇)ႀကိမ္ေျမာက္ ကြာလာလမ္ပူ အာဆီယံထိပ္သီးအစည္းအေဝးျပင္ပမွာ အေမရိ ကန္ သမၼတ ေဒၚနယ္ထရမ့္ရဲ႕ ၾကားဝင္ေစ့စပ္ေပးမႈနဲ႔ ႁခြင္းခ်က္မရွိ အပစ္အခတ္ရပ္စဲေၾကာင္း ဇူလိုင္ (၂၈) ရက္မွာ ႏွစ္ဖက္စလုံးက ေၾကညာခဲ့ပါတယ္။ ဒါေပမဲ့ ႏွစ္ႏိုင္ငံနယ္စပ္တစ္ေလွ်ာက္ ပစ္ခတ္မႈမ်ား ရံဖန္ရံခါ ျဖစ္ေပၚခဲ့ၿပီး ေျမျမႇဳပ္မိုင္းနဲ႔ မွားယြင္းပစ္ခတ္မႈမ်ားေၾကာင့္ ထိုင္းစစ္သားအေတာ္မ်ားမ်ား ေသဆုံးခဲ့တယ္လို႔ ဆိုပါတယ္။
ဒီဇင္ဘာ (၇)ရက္မွာ ႏွစ္ဖက္အတိအလင္း ပစ္ခတ္လာခဲ့ၾကၿပီး တစ္ေက်ာ့ျပန္တိုက္ခိုက္မႈမွာ ဒီဇင္ဘာ (၁၄)ရက္အထိ ထိုင္းဘက္က စစ္သား (၁၆) ဦး ထက္မနည္းနဲ႔ အရပ္သား (၁၄)ဦး၊ ကေမာၻ ဒီးယား စစ္သား (၆) ဦး အရပ္သား (၂၃) ဦး ေသဆုံးတယ္လို႔ တရားဝင္သတင္းထုတ္ျပန္ခ်က္မ်ားမွာ ေဖာ္ျပပါတယ္။ ဒါေပမဲ့ တိုက္ပြဲျပင္းထန္မႈအေျခအေနအရ ႏွစ္ဖက္ေသဆုံးမႈမ်ားဟာ အဲ့ဒီထက္ အမ်ားႀကီး ပိုႏိုင္ၿပီး ႏွစ္ဖက္စလုံးမွာ အိုးအိမ္စြန႔္ခြာထြက္ေျပးရတဲ့ အရပ္သားေပါင္း (၁၄၀,ဝဝဝ) ခန႔္စီအသီးသီး ရွိခဲ့ပါတယ္။
ထိုင္းေတာ္ဝင္ေလတပ္ ဂ်က္တိုက္ေလယာဥ္မ်ားဟာ ေလေၾကာင္းစိုးမိုးမႈ လုံးဝမရွိတဲ့ ကေမာၻဒီး ယား နယ္စပ္တစ္ေလွ်ာက္ စိတ္ႀကိဳက္မင္းမူႏိုင္ခဲ့ၿပီး (၁၉၈၇ -၁၉၈၈) ထိုင္း-လာအို နယ္စပ္ထိပ္တိုက္ ေတြ႕မႈ ေနာက္ပိုင္း ပထမဆုံးအႀကိမ္ တိုက္ပြဲဝင္ျခင္းျဖစ္ပါတယ္။ ကေမာၻဒီးယားတို႔ဘက္က တင့္ကား မ်ား အတြဲလိုက္ဒုံးက်ည္မ်ားအျပင္ စစ္ပြဲအေတြ႕အႀကဳံရွိတဲ့ ခမာစစ္သားမ်ားက ေျမျပင္မွာ ႐ြပ္႐ြပ္ခြၽံခြၽံ တိုက္ခိုက္ခဲ့ေၾကာင္း ေတြ႕ရွိရပါတယ္။ ဒါေပမဲ့ လူ-လက္နက္အင္အားနဲ႔ေခတ္မီမႈ ထိုင္းဘက္က အဆ ေပါင္းမ်ားစြာ သာလြန္ပါတယ္။
အင္ဒိုခ်ိဳင္းနားလို႔ေခၚတဲ့ အေရွ႕ေတာင္အာရွမွာ အက်ယ္ျပန႔္ဆုံး အင္ပါယာထူေထာင္ႏိုင္ခဲ့ၾက သူေတြဟာ ျမန္မာတို႔ျဖစ္ပါတယ္။ (၁၆) ရာစု (၁၅၅၀- ၁၅၈၁) ဘုရင့္ေနာင္မင္းတရားႀကီးရဲ႕ ေတာင္ငူ အင္ပါယာဟာ ယေန႔ေခတ္ ျမန္မာတစ္ႏိုင္ငံလုံး၊ ထိုင္း-လာအို-တ႐ုတ္ယူနန္ျပည္နယ္ေတာင္ပိုင္း၊ ကေမာၻဒီးယားႏိုင္ငံ အစိတ္အပိုင္းအခ်ိဳ႕နဲ႔ မေလးရွားႏိုင္ငံ ေျမာက္ပိုင္း၊ အေရွ႕ဘဂၤလား (ဘဂၤလားေဒ့ရွ္)၊ အိႏၵိယ အာသံ-မဏိပူရျပည္နယ္မ်ားအထိ က်ယ္ ဝန္းခဲ့ပါတယ္။ စစ္အင္အားနဲ႔ တိုက္ခိုက္သိမ္းယူျခင္း ျဖစ္သည့္တိုင္ အုပ္ခ်ဳပ္သူေဟာင္းေတြကို ဆက္လက္အသိအမွတ္ျပဳၿပီး အခြန္ေပး-စစ္သားေပး႐ုံသာ ရွိတဲ့ အတြက္ သိမ္းပိုက္ခံနယ္ေျမမွာ ေရာင္းဝယ္စည္ကားမပ်က္ ဆက္လက္ရပ္တည္ႏိုင္ၾကတယ္။ ကုန္းေျမ တစ္ဆက္တည္း တည္ရွိေနတဲ့အင္ပါယာအျဖစ္ အလြန္ရွားပါးသမိုင္းဝင္ျဖစ္ခဲ့ေပမယ့္ အုပ္ခ်ဳပ္ေရးစနစ္ ခိုင္မာတယ္လို႔မေျပာႏိုင္တဲ့အျပင္ ေနာက္ပိုင္း ဆက္ခံသူ ရွင္ဘုရင္မ်ားမွာလည္း က်ယ္ဝန္းလွတဲ့ အင္ပါယာကို ဆက္လက္ထိန္းသိမ္းႏိုင္ျခင္း မရွိခဲ့ပါ။
အေရွ႕ေတာင္အာရွမွာ ျမန္မာအင္ပါယာေလာက္ မက်ယ္ဝန္းေပမယ့္ ခမာတို႔လည္း က်ယ္ဝန္းတဲ့ အင္ပါယာကို ထူေထာင္ႏိုင္သူမ်ားျဖစ္တယ္။ ယေန႔ ေခတ္ ကေမာၻဒီးယားတစ္ႏိုင္ငံလုံး-လာအိုႏိုင္ငံ ေတာင္ပိုင္း - ဗီယက္နမ္ႏိုင္ငံေတာင္ပိုင္းနဲ႔ ထိုင္း ႏိုင္ငံအလယ္ပိုင္းအထိ သိမ္းယူႏိုင္ခဲ့တယ္။ ေအဒီ (၈၀ဝ - ၁၄၀ဝ) အထိ ႏွစ္ေပါင္း (၅၀ဝ) ေက်ာ္ တည္တံ့ခဲ့ပါတယ္။
တစ္ခ်ိန္က ထိုင္းတို႔ရဲ႕ မင္းေနျပည္ျဖစ္ခဲ့ဖူးတဲ့ Sukhothai “ဆူခိုထိုင္း” ( ျမန္မာတို႔အေခၚ “ေသာကၠတဲ”) ဟာ ခမာတို႔ရဲ႕ Angor အန္ေကာ အင္ပါယာအတြင္း ပါဝင္ခဲ့ဖူးၿပီး ထိုင္းတို႔က တြန္းလွန္ ပုန္ကန္ျခင္း၊ အင္ပါယာအတြက္ အဓိကအသက္ ေသြးေၾကာျဖစ္တဲ့ တူးေျမာင္းစနစ္ ပ်က္စီးျခင္း မိုး ေခါင္ေရရွားၿပီး အစာေရစာ ရွားပါးမႈမ်ားေၾကာင့္ အင္ပါယာ ၿပိဳလဲခဲ့ရပါတယ္။
ယေန႔ေခတ္ ကေမာၻဒီးယားဟာ ထိုင္းႏိုင္ငံထက္ ဧရိယာအက်ယ္အဝန္း (၃)ဆခန႔္ ငယ္႐ြယ္တဲ့ တိုင္း ျပည္ေလးျဖစ္ေနပါၿပီ၊ ခမာ လူဦးေရ (၁၇)သန္း ေက်ာ္ဆိုတာလည္း ထိုင္းထက္ (၄)ဆ ပိုနည္းပါ တယ္။ ထိုင္းက ဂ်ီဒီပီက ေဒၚလာ (၅၃၀) ဘီလ်ံနီးပါးရွိေန ခ်ိန္ ကေမာၻဒီးယားတို႔က ေဒၚလာ (၅၀) ဘီလ်ံခန႔္သာ ရွိၿပီး ႏိုင္ငံသား တစ္ဦးခ်င္းဝင္ေငြမွာလည္း (၃)ဆ နည္းပါတယ္။
စစ္သည္အင္အား (၄၅၀,ဝဝဝ) ေက်ာ္ရွိတဲ့ ထိုင္းႏိုင္ငံဟာ ေခတ္မီ ေရတပ္-ေလတပ္တို႔ကို ပိုင္ ဆိုင္ထားၿပီး ႏိုင္ငံတကာ စစ္အင္အားအဆင့္ (၂၅) မွာ ရပ္တည္ေနပါတယ္။ ကေမာၻဒီးယားတို႔ကေတာ့ စစ္သည္အင္အား (၂၀ဝ,ဝဝဝ) နီးပါးရွိေပမယ့္ ၾကည္း-ေရ-ေလတို႔မွာ ေခတ္မီစစ္လက္နက္ ယႏၲရား အလြန္နည္းပါးၿပီး ႏိုင္ငံတကာအဆင့္ (၉၅) ျဖစ္ပါတယ္။
အတိတ္ကာလ ခမာအင္ပါယာထူေထာင္ၿပီး ေ႐ႊထီးေဆာင္းခဲ့တဲ့ ကေမာၻဒီးယားဟာ ဒီေလာက္ထိ ဖြံ႕ၿဖိဳးမႈနိမ့္က်သြားရျခင္းမွာ ျမန္မာနဲ႔ကမာၻ႔ႏိုင္ငံအားလုံးအတြက္ သတိျပဳဆင္ျခင္စရာေကာင္းလွပါတယ္။ ဒုတိယကမာၻစစ္အၿပီး ကမာၻ႔ႏိုင္ငံအေတာ္မ်ားမ်ားမွာ ျပာပုံထဲက ႐ုန္းထေနရခိုက္ (၁၉၆၀-၁၉၇၅) ခုႏွစ္ အင္ဒိုခ်ိဳင္းနား စစ္ပြဲ (ဗီယက္နမ္စစ္ပြဲ)မွာ ကေမာၻဒီးယားဟာ ၾကားညပ္ေနခဲ့တယ္။ ဒုတိယကမာၻစစ္ တစ္ေလွ်ာက္လုံး အေမရိကန္ႀကဲခ်ခဲ့သမွ် ဗုံးတန္ခ်ိန္ စုစုေပါင္းထက္ အမ်ားႀကီးပိုတယ္လို႔ သမိုင္းမွတ္ တမ္းဝင္ခဲ့ရတဲ့ ဖ်က္ဆီးခံရမႈမ်ားေၾကာင့္ ကေမာၻဒီးယားရဲ႕ လယ္ယာစီးပြားေရးဟာ ၿပိဳကြဲသြားပါတယ္။ အမ်ားျပည္သူ အိုးအိမ္ပ်က္စီးၿပီး အစိုးရမွာ အားနည္း လာပါတယ္။ အဲ့ဒီအခ်က္ဟာ (Pol Pot) ပို‌ေပါ့ လို ခမာနီ တစ္ေဇာက္ကန္းဝါဒီမ်ား ေခါင္းေထာင္လာေစဖို႔ လမ္းခင္းေပးခဲ့ပါတယ္။
ကေမာၻဒီးယားကို အမွန္တကယ္ဖ်က္ဆီးသူက ခမာနီ ပိုေပါ့သာလွ်င္ျဖစ္တယ္လို႔ ေျပာရပါလိမ့္ မယ္။ ကြန္ျမဴနစ္ ႐ုပ္ၾကမ္းဝါဒေၾကာင့္ ဆရာဝန္-အင္ဂ်င္ နီယာ ပညာတတ္အမ်ားစု ကေမာၻဒီးယား ျပည္သူ( ၂)သန္းခန႔္ အသတ္ခံခဲ့ရပါတယ္။ အဲ့ဒီပမာဏဟာ ကေမာၻဒီးယားလူဦးေရရဲ႕ (၂၅%)လူ(၄) ေယာက္လွ်င္ (၁)ေယာက္ႏႈန္း ရွိေနပါတယ္။ ပညာတတ္မ်ိဳးဆက္ ေပ်ာက္ဆုံးၿပီး အုပ္ခ်ဳပ္ေရးနဲ႔ ယဥ္ ေက်းမႈ ျပတ္ေတာက္သြားတယ္။ ေၾကာက္လန႔္မႈကိုအေျခခံတဲ့ ႏိုင္ငံေရးစနစ္ အျမစ္တြယ္သြားေစၿပီး အက်င့္ပ်က္ ျခစားမႈကို တြင္က်ယ္ေစပါတယ္။
(၁၉၈၀- ၁၉၉၀) အိမ္နီးခ်င္း ထိုင္းနဲ႔ ဗီယက္နမ္တို႔မွာ စီးပြားေရး ျပဳျပင္ေျပာင္းလဲလို႔ ေကာင္းေန ခ်ိန္ ကေမာၻဒီးယားမွာ သုညအေျခအေနမွ ႐ုန္းကန္ေနရဆဲ ျဖစ္ပါတယ္။ ျပင္ပကလာတဲ့ စစ္ပြဲရဲ႕ဒဏ္ဟာ ျပန္လည္ထူေထာင္လို႔ရႏိုင္ေပမယ့္ ႏိုင္ငံသားမ်ားကိုယ္တိုင္ မိမိတိုင္းျပည္ကို အတြင္းက ဖ်က္ဆီးျခင္း က အလြန္အထိနာေစေၾကာင္း ထင္ရွားပါတယ္။
ၿပီးခဲ့တဲ့ရက္ ထိုင္းႏိုင္ငံ အေရွ႕ေျမာက္ပိုင္း ဥဘြန္ရတ္ခ်ာသာနီျပည္နယ္ ကေမာၻဒီးယားနယ္စပ္ မဟာဗ်ဴဟာေျမာက္ ေတာင္ကုန္းအမွတ္ (၆၇၇) နဲ႔ အမွတ္ (၅၀ဝ) တို႔ကို ထိုင္းစစ္တပ္က ျပန္လည္သိမ္း ယူခဲ့ေၾကာင္း၊ သိမ္းဆည္းရမိတဲ့ ကေမာၻဒီးယား စစ္လက္နက္ေတြထဲမွာ တ႐ုတ္လုပ္ GAM-102LR, Norinco PF-89စတဲ့ တင့္ကားဖ်က္ဒုံးက်ည္မ်ား ပါဝင္တယ္လို႔ ဘန္ေကာက္က ဆိုပါတယ္။ အဲဒါေတြ ဟာ ေဈးႀကီးလြန္းတဲ့ အတြက္ ႏိုင္ငံအေတာ္မ်ားမ်ားမွာ လက္လွမ္းမမီႏိုင္တဲ့ ေခတ္မီလက္နက္မ်ား ျဖစ္ၿပီး တခ်ိဳ႕ဟာ ယခုႏွစ္ဆန္းမွ ေဈးကြက္အတြင္း ေရာက္ရွိ လာတဲ့ ပစၥည္းမ်ားျဖစ္ေနျခင္းဟာ ထူးျခား ေနပါတယ္။ ဒါေပမဲ့ ယခုပဋိပကၡမတိုင္မီ တ႐ုတ္ထံမွရရွိထားျခင္း သို႔မဟုတ္ မၾကာေသးမီက တ႐ုတ္-ကေမာၻဒီးယား ပူးတြဲစစ္ေရးေလ့က်င့္ရာမွာ က်န္ရစ္ခဲ့တဲ့ ပစၥည္းမ်ား ျဖစ္ႏိုင္တယ္လို႔ စစ္ေရးအကဲခတ္သူ မ်ားက သုံးသပ္ၾကပါတယ္။
ဒီလက္နက္ေတြကို ေလာေလာဆယ္ ေထာက္ပံ့ထားျခင္းမဟုတ္ေၾကာင္း တ႐ုတ္ကျငင္းဆိုေန ၿပီး ဟုတ္-မဟုတ္ ထိုင္းဘက္က သက္ေသမျပႏိုင္ဘဲ စစ္ေဆးေနဆဲလို႔ဆိုပါတယ္။ ဒါေပမဲ့ ကေမာၻဒီး ယားဘက္ကို ေလာင္စာဆီနဲ႔လက္နက္မ်ားဝင္ေရာက္မႈမရွိေစေရး ထိုင္းဘက္ကသတ္မွတ္လိုက္တဲ့ ထိုင္း ပင္လယ္ေကြ႕ ေရျပင္ဧရိယာဟာ ဗီယက္နမ္ နယ္စပ္ မွ မေလးရွားနယ္စပ္အထိ က်ယ္ျပန႔္ ေနပါတယ္။
ကေမာၻဒီးယား ဆိပ္ကမ္းမ်ားဘက္ ဦးတည္ခုတ္ ေမာင္းေနတဲ့သေဘၤာမ်ားကို ထိုင္းစစ္သေဘၤာ မ်ားက စစ္ေဆးမႈမ်ားျပဳလုပ္ေနပါတယ္။ ဒါ့အျပင္ ကေမာၻဒီးယားနယ္စပ္ကို ထိုင္း F-16 တိုက္ ေလ ယာဥ္မ်ား နဲ႔ပစ္ခတ္ရာ တ႐ုတ္ရင္းႏွီးျမႇဳပ္ႏွံတဲ့ ကာစီႏို႐ုံမ်ား-ဟိုတယ္တိုက္ခန္းတြဲမ်ားကို ထိမွန္ေၾကာင္း သတင္းထြက္ေပၚေနပါတယ္။ ဒ႐ုန္း သို႔မဟုတ္ တပ္ဖြဲ႕ဌာနအေျခစိုက္ထားၿပီး မိမိတို႔ဘက္ကို ပစ္ခတ္ တဲ့အတြက္ လက္တုံ႔ျပန္ျခင္းျဖစ္တယ္လို႔ ဘန္ေကာက္ကေျပာပါတယ္။ ဖႏြမ္းပင္ကေတာ့ အဲ့ဒီ အ ေဆာက္အအုံေတြဟာ စစ္ေရးမွာအသုံးျပဳျခင္းမရွိေၾကာင္း ျငင္းဆိုပါတယ္။ ကေမာၻဒီးယားမွာ တ႐ုတ္ရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈအေတာ္မ်ားမ်ားရွိေနေပမယ့္ အခင္း ျဖစ္ေနရာမွာ တ႐ုတ္ပိုင္အျဖစ္ အေထာက္အထား မရွိေၾကာင္း၊ အူဒါမီအန္ခ်ီျပည္နယ္ အိုစမတ္ ၿမိဳ႕ငယ္ေလးအနီး ကာစီႏို႐ုံမ်ားဟာ “က်ားဖ်န႔္” လို႔ လူသိ မ်ားတဲ့ အြန္လိုင္းေငြလိမ္စင္တာမ်ားတည္ရွိရာ ေနရာျဖစ္ေၾကာင္း၊ ျမန္မာ - ဗီယက္နမ္အပါအဝင္ ကမာၻ အရပ္ရပ္မွ လူကုန္ကူးခံရသူမ်ား ထိခိုက္ေသဆုံးဖြယ္ ရွိေၾကာင္း သတင္းမ်ားထြက္ေပၚခဲ့ပါတယ္။ ဒီကိစၥ ဟာ အေရွ႕ေတာင္အာရွ ေငြလိမ္ဂိုဏ္းစင္တာမ်ားကို ႏိုင္ငံျဖတ္ေက်ာ္ ရာဇဝတ္ဂိုဏ္းမ်ား တည္ေနရာ အျဖစ္ သတ္မွတ္ေၾကာင္း မၾကာေသးမီ အေမရိကန္က ေၾကညာထားတဲ့အတြက္ ရႈပ္ေထြးသြားရပါ တယ္။ ထိုင္း ႏိုင္ငံဟာ အေမရိကန္ဘက္ကေနၿပီး အြန္လိုင္းေငြလိမ္ ဂိုဏ္းစင္တာမ်ားကို စစ္ေရး ေဘာင္ ခ်ဲ႕လာျခင္း ဟုတ္-မဟုတ္ စိုးရိမ္ေနၾကပါတယ္။
ထိုင္းရဲ႕ ပစ္ခတ္မႈေၾကာင့္ တ႐ုတ္ႏိုင္ငံသားမ်ား ထိခိုက္မႈ ရွိ-မရွိ စိစစ္လ်က္ရွိေၾကာင္း တ႐ုတ္ ႏိုင္ငံသားမ်ားအေနနဲ႔ပဋိပကၡျဖစ္ပြားလ်က္ရွိတဲ့ နယ္စပ္ေဒသမ်ားအနီး ခရီးသြားလာျခင္းမျပဳရန္ ဖႏြမ္း ပင္ တ႐ုတ္သံ႐ုံးက သတင္းထုတ္ျပန္ပါတယ္။ ထိုင္း-ကေမာၻဒီးယား ပဋိပကၡဟာ ေတာင္တ႐ုတ္ပင္လယ္ အျငင္းပြားမႈကို ေစာင့္ၾကည့္ေနရာမွ အြန္လိုင္းေငြလိမ္ ဂိုဏ္းႏွိမ္နင္းေရးကိုခ်ဲ႕ထြင္လာတဲ့ အေမရိကန္နဲ႔ တ႐ုတ္တို႔အၾကား ပ်ံ႕ႏွံ႔သြားၿပီး ေဒသတြင္း စစ္ေရး-ႏိုင္ငံေရးပဋိပကၡအျဖစ္ ဦးတည္သြားမွာကို စိုးရိမ္မႈ မ်ားရွိေနပါတယ္။
တျခားအာရွအင္အားႀကီးမ်ားျဖစ္တဲ့ အိႏၵိယနဲ႔ ဂ်ပန္ဟာ ထိုင္း-ကေမာၻဒီးယားစစ္ပြဲကို ဆန႔္က်င္ ၿပီး ၿငိမ္းခ်မ္းစြာေျဖရွင္းေရးအတြက္ တိုက္တြန္းေနတဲ့ ႏိုင္ငံမ်ားျဖစ္ပါတယ္။ အလားတူ အေမရိကန္က လည္း ၿငိမ္းခ်မ္းေရးအတြက္ ၾကားဝင္ေစ့စပ္ေနပါတယ္။ ယခုတစ္ေက်ာ့ျပန္ တိုက္ပြဲျပင္းထန္လာျခင္းကို ရပ္စဲၾကဖို႔ ႏွစ္ႏိုင္ငံစလုံးထံမွ ကတိရရွိရန္ ႀကိဳးစားေနပါတယ္။ အြန္လိုင္းေငြလိမ္ဂိုဏ္းမ်ားကို ပစ္မွတ္ ထားလာသည့္တိုင္ ထိုင္း-ကေမာၻဒီးယားစစ္ပြဲကို ေဒသတြင္း ပဋိပကၡအျဖစ္ ဆြဲသြင္းလိုတဲ့ အရိပ္ အေယာင္ မေတြ႕ရပါဘူး။
တ႐ုတ္အေနနဲ႔လည္း အေရွ႕ေတာင္အာရွ အိမ္နီးခ်င္းႏွစ္ႏိုင္ငံစစ္ပြဲဟာ သူ႔ရဲ႕အက်ိဳးစီးပြားကို ထိခိုက္ ေစေၾကာင္း (၂၀၂၁) ခုႏွစ္ေနာက္ပိုင္း ျမန္မာႏိုင္ငံအေျခအေနမွာ ေကာင္းေကာင္းသိရွိၿပီး ျဖစ္ပါ တယ္။ အထူးသျဖင့္ မဲေခါင္လန္ခ်န္းေဒသႏိုင္ငံမ်ား တည္ ၿငိမ္ေအးခ်မ္းေရးဟာ သူ႔ရဲ႕စီးပြားေရးနဲ႔ ပတ္သက္ေနတဲ့အတြက္ ျမန္မာႏိုင္ငံမွာ တပ္မေတာ္နဲ႔ တိုင္းရင္းသားလက္နက္ကိုင္မ်ားအၾကား အပစ္ အခတ္ရပ္စဲေရး ဝင္ေရာက္ေစ့စပ္ျခင္းက သက္ေသျပေနပါတယ္။
တ႐ုတ္အေနနဲ႔ကေမာၻဒီးယားဟာ သူရဲ႕အရင္းႏွီးဆုံး မိတ္ဖက္ျဖစ္သည့္တိုင္ စီးပြားေရးႀကီးမားၿပီး တ႐ုတ္-အေမရိ ကန္ ဩဇာလႊမ္းမိုးမႈ ၿပိဳင္ဆိုင္ရာမွာ မွ်တမႈလိုအပ္ေနတဲ့ ထိုင္းႏိုင္ငံအတြက္ ဆက္ဆံေရး မပ်က္ေအာင္ ထိန္းသိမ္းခ်င္ေနပါတယ္။ ဖႏြမ္းပင္ကို ေနာက္ကြယ္မွ အကာအကြယ္ေပးျခင္း၊ သံတမန္ နည္းလမ္းအရ ကူညီျခင္း၊ ေနာက္ဆုံးေထာက္လွမ္းေရးသတင္းနဲ႔ လက္နက္-အစားထိုးစစ္ပစၥည္း လွ်ိဳ႕ ဝွက္ေထာက္ပံ့သည့္တိုင္ အာဆီယံႏိုင္ငံအခ်င္းခ်င္း ပဋိပကၡမွာ တ႐ုတ္စစ္တပ္မ်ား တိုက္႐ိုက္ဝင္လာ ျခင္းဟာ ေပက်င္းရဲ႕ ပုံမွန္မဟာဗ်ဴဟာ မဟုတ္ပါ။
အေမရိကန္နဲ႔အေနာက္အုပ္စုဟာ ႏိုင္ငံအခ်င္းခ်င္းဆက္ဆံရာမွာ ဒီမိုကေရစီနဲ႔ လူ႔အခြင့္အေရး ခ်ိဳး ေဖာက္မႈကို စံႏႈန္းထားေလ့ရွိပါတယ္။ တ႐ုတ္ကေတာ့ သူရဲ႕အက်ိဳးစီးပြားကိုသာဦးတည္ၿပီး အာဏာ ရွိသူနဲ႔သာ ညႇိႏႈိင္းဖို႔ အဓိကထားေလ့ရွိပါတယ္။ ဒါေပမဲ့ တစ္ဖက္မွာၾကည့္ရင္လည္း တျခားႏိုင္ငံအတြင္း တ႐ုတ္ရဲ႕ စီးပြားေရးရင္းႏွီးျမႇဳပ္ႏွံမႈ မ်ားေလေလ သူ႔ရဲ႕အက်ိဳးစီးပြားကိုကာကြယ္ဖို႔အတြက္ ႏိုင္ငံေရး ဖိအားေပးမႈမ်ားေလေလ ျဖစ္လာႏိုင္ပါတယ္။ အဲဒီႏိုင္ငံရဲ႕ ျပည္တြင္း မတည္ၿငိမ္မႈဟာ တ႐ုတ္ရဲ႕ ျပည္ တြင္းေရး နီးပါးျဖစ္လာႏိုင္ပါတယ္။ နယ္စပ္မွာ ပါဝင္ပတ္သက္မႈ ပိုမိုလာၿပီး ျမန္မာျပည္လို မႈိလိုေပါက္ ေနတဲ့ လက္နက္ကိုင္အဖြဲ႕အစည္းမ်ားအေပၚ တိုက္႐ိုက္/အေပၚယံ ဆက္ဆံ႐ုံသာမက လက္နက္ ေရာင္း ျခင္း၊ ေအာက္ေျခ ပိုင္းအဆင့္ ညႇိႏႈိင္းျခင္းမ်ားျပဳလုပ္လာႏိုင္ပါတယ္။ တ႐ုတ္က စစ္တပ္မ်ားေစလႊတ္ဖို႔ ျဖစ္မလာႏိုင္သည့္ တိုင္ တျခားတိုင္းျပည္မွာ လုံၿခဳံေရးအႀကံေပးမ်ားနဲ႔ ဖိအားေပးျခင္းျဖင့္ အဲ့ဒီတိုင္းျပည္ ရဲ႕ စစ္ေရးဖြဲ႕စည္းမႈပုံသဏၭာန္ဟာ ေျပာင္းလဲသြားႏိုင္ပါတယ္။
ထိုင္း-ကေမာၻဒီးယားစစ္ပြဲဟာ ျမန္မာတို႔အတြက္ သင္ခန္းစာေတြ အမ်ားႀကီးေပးေနပါတယ္။ အ ခ်ဳပ္အျခာ အာဏာပိုင္မႈကို ထိန္းသိမ္းရာမွာ စနစ္က်ခိုင္မာတဲ့အုပ္ခ်ဳပ္ေရးပုံစံလိုအပ္ေၾကာင္း။ ႏိုင္ငံ တစ္ႏိုင္ငံကို ျပည္ပကဖ်က္ဆီးတာထက္ မိမိႏိုင္ငံသားမ်ားကိုယ္တိုင္အတြင္းကဖ်က္ဆီးျခင္းမွာ ပိုၿပီး အထိနာတတ္ၿပီး ေနာက္ဆက္တြဲ လူသား-သယံဇာတ ရင္းျမစ္ဆုံးရႈံးျခင္း-အက်င့္ပ်က္ျခစားျခင္းမ်ားနဲ႔ နာလန္မထူႏိုင္ေအာင္ ျဖစ္တတ္ေၾကာင္း သင္ခန္းစာယူႏိုင္ပါတယ္။

Related news

© 2021. All rights reserved.