ရေဘဝဲတစ်ကောင်ကို စန္ဒရားတီးနည်းသင်ပေးခဲ့သည့် ဆွီဒင်ဂီတပညာရှင်

394

Pika (NP News)-ဒီဇင်ဘာ ၂၂
ဆွီဒင်ဂီတပညာရှင်တစ်ဦးသည် ရေဘဝဲ တစ်ကောင်ကို အချိန် (၆)လခန့်ကြာအောင် စန္ဒရား တီးနည်းသင်ပေးခဲ့ပြီး ၎င်းလုပ်ဖူးသမျှအရာအားလုံးထဲတွင် အဆိုးဆုံးနှင့် အမိုက်ဆုံးအရာတစ်ခုကို လုပ် ဆောင်နိုင်ခဲ့ကြောင်းသိရသည်။
မက်တစ်ခရမ့်ဆိုသည့် ဂီတပညာရှင့်သက You Tuber တစ်ဦးသည် တာကိုယာကီဟု အမည်ရ သည့် ရေဘဝဲတစ်ကောင်ကို စန္ဒရားတီးနည်းသင်ပေးနေသည့် ဗီဒီယိုဖိုင်ကို YouTube ပလက်ဖောင်းတွင် တင်ခဲ့ပြီးနောက် လူအများအပြား၏ စိတ်ဝင်စားမှုကို ရရှိခဲ့ကြောင်းသိရသည်။ လွန်ခဲ့သည့် လအနည်း ငယ်က ပေါ်တူဂီငါးဖမ်းလုပ်ငန်းတစ်ခုဆီမှ တာကိုယာကီကို ဝယ်ယူခဲ့ကြောင်းနှင့် နောက်ပိုင်းတွင် စန္ဒရားတီးနည်းအားသင်ပေးရန် အကြံရခဲ့ခြင်းဖြစ်ကြောင်း မက်တစ်ခရမ့်ကပြောကြားခဲ့သည်။
မက်တစ်ခရမ့်က ၎င်းသည် တာကိုယာကီ၏ ယုံကြည်မှုကိုရရှိရန် အချိန်ယူခဲ့ရပြီး စန္ဒရားကို တီးခတ်နည်း လေ့ကျင့်သင်ကြားပေးရန်အတွက် အချိန်အတော်ကြာအောင်လုပ်ဆောင်ခဲ့ရကြောင်း ပြောကြားခဲ့သည်။ နောက်ဆုံးတွင် တာကိုယာကီ အကြိုက်ဆုံးဖြစ်သည့် ကဏန်းများကို အသုံးပြုကာ စန္ဒယားတီးနည်းကို အောင်မြင်စွာသင်ကြားနိုင်ခဲ့ကြောင်း မက်တစ်ခရမ့်က ထုတ်ဖော်ပြောဆိုခဲ့သည်။
အဆိုပါ နည်းလမ်းမှာ တာကိုယာကီက သံစဉ်တစ်ခုကိုတီးလိုက်သည့်အချိန်တိုင်း ကဏန်း ထည့်ထားသည့်ဘူးထဲမှ ကဏန်းတစ်ကောင်က ထွက် ကျလာပြီး သံစဉ်တစ်ခုကိုတီးခတ်တိုင်း ကြိုက်နှစ် သက်သည့်အစားအစာကို တစ်ကြိမ်စားသောက်ရ မည်ဆိုသည့် နည်းလမ်းဖြစ်ကြောင်း မက်တစ်ခရမ့် ကပြောကြားခဲ့သည်။ မက်တစ်ခရမ့်က “ဒါက ကျွန်တော်လုပ်ခဲ့ဖူးသမျှအရာတွေအားလုံးထဲမှာ အဆိုးဆုံး အရာတစ်ခုလည်းဖြစ်နိုင်သလို အမိုက်ဆုံးအရာတစ်ခု လည်း ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုး အတိုင်းအတာ အထိ လုပ်နိုင်အောင် ကျွန်တော့်ကိုယ် ကျွန်တော်တစ်ခါမှ ဖိအားမပေးခဲ့ဖူးပါဘူး”ဟု ပြောဆိုခဲ့သည်။

Zawgyi Version:
ေရဘဝဲတစ္ေကာင္ကို စႏၵရားတီးနည္းသင္ေပးခဲ့သည့္ ဆြီဒင္ဂီတပညာရွင္
Pika (NP News)-ဒီဇင္ဘာ ၂၂
ဆြီဒင္ဂီတပညာရွင္တစ္ဦးသည္ ေရဘဝဲ တစ္ေကာင္ကို အခ်ိန္ (၆)လခန႔္ၾကာေအာင္ စႏၵရား တီးနည္းသင္ေပးခဲ့ၿပီး ၎လုပ္ဖူးသမွ်အရာအားလုံးထဲတြင္ အဆိုးဆုံးႏွင့္ အမိုက္ဆုံးအရာတစ္ခုကို လုပ္ ေဆာင္ႏိုင္ခဲ့ေၾကာင္းသိရသည္။
မက္တစ္ခရမ့္ဆိုသည့္ ဂီတပညာရွင့္သက You Tuber တစ္ဦးသည္ တာကိုယာကီဟု အမည္ရ သည့္ ေရဘဝဲတစ္ေကာင္ကို စႏၵရားတီးနည္းသင္ေပးေနသည့္ ဗီဒီယိုဖိုင္ကို YouTube ပလက္ေဖာင္းတြင္ တင္ခဲ့ၿပီးေနာက္ လူအမ်ားအျပား၏ စိတ္ဝင္စားမႈကို ရရွိခဲ့ေၾကာင္းသိရသည္။ လြန္ခဲ့သည့္ လအနည္း ငယ္က ေပၚတူဂီငါးဖမ္းလုပ္ငန္းတစ္ခုဆီမွ တာကိုယာကီကို ဝယ္ယူခဲ့ေၾကာင္းႏွင့္ ေနာက္ပိုင္းတြင္ စႏၵရားတီးနည္းအားသင္ေပးရန္ အႀကံရခဲ့ျခင္းျဖစ္ေၾကာင္း မက္တစ္ခရမ့္ကေျပာၾကားခဲ့သည္။
မက္တစ္ခရမ့္က ၎သည္ တာကိုယာကီ၏ ယုံၾကည္မႈကိုရရွိရန္ အခ်ိန္ယူခဲ့ရၿပီး စႏၵရားကို တီးခတ္နည္း ေလ့က်င့္သင္ၾကားေပးရန္အတြက္ အခ်ိန္အေတာ္ၾကာေအာင္လုပ္ေဆာင္ခဲ့ရေၾကာင္း ေျပာၾကားခဲ့သည္။ ေနာက္ဆုံးတြင္ တာကိုယာကီ အႀကိဳက္ဆုံးျဖစ္သည့္ ကဏန္းမ်ားကို အသုံးျပဳကာ စႏၵယားတီးနည္းကို ေအာင္ျမင္စြာသင္ၾကားႏိုင္ခဲ့ေၾကာင္း မက္တစ္ခရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။
အဆိုပါ နည္းလမ္းမွာ တာကိုယာကီက သံစဥ္တစ္ခုကိုတီးလိုက္သည့္အခ်ိန္တိုင္း ကဏန္း ထည့္ထားသည့္ဘူးထဲမွ ကဏန္းတစ္ေကာင္က ထြက္ က်လာၿပီး သံစဥ္တစ္ခုကိုတီးခတ္တိုင္း ႀကိဳက္ႏွစ္ သက္သည့္အစားအစာကို တစ္ႀကိမ္စားေသာက္ရ မည္ဆိုသည့္ နည္းလမ္းျဖစ္ေၾကာင္း မက္တစ္ခရမ့္ ကေျပာၾကားခဲ့သည္။ မက္တစ္ခရမ့္က “ဒါက ကြၽန္ေတာ္လုပ္ခဲ့ဖူးသမွ်အရာေတြအားလုံးထဲမွာ အဆိုးဆုံး အရာတစ္ခုလည္းျဖစ္ႏိုင္သလို အမိုက္ဆုံးအရာတစ္ခု လည္း ျဖစ္ႏိုင္ပါတယ္။ ဒီလိုမ်ိဳး အတိုင္းအတာ အထိ လုပ္ႏိုင္ေအာင္ ကြၽန္ေတာ့္ကိုယ္ ကြၽန္ေတာ္တစ္ခါမွ ဖိအားမေပးခဲ့ဖူးပါဘူး”ဟု ေျပာဆိုခဲ့သည္။