တောင်ဥက္ကလာပမြို့နယ် တွင် နေအိမ်အတွင်း ပေါက်ကွဲမှုဖြစ်၍ အမျိုးသား နှစ်ဦး ​သေဆုံး

 657

သုတကျော် (NP News) - ဒီဇင်ဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ် တွင် နေအိမ်အတွင်း ပေါက်ကွဲမှုဖြစ်၍ အမျိုးသား နှစ်ဦး ​သေဆုံးသော ဖြစ်စဥ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယနေ့ (ဒီဇင်ဘာလ ၂၂ ရက်) ညနေ (၄) နာရီ အချိန်ခန့်က (၁၄) ရပ်ကွက် တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းပေါက်ကွဲမှုကြောင့် ရှိ သက်လတ်ပိုင်းအရွယ် အမျိုးသား နှစ်ဦးဖြစ်သည့် ဆိုက်တွဲမောင်းသူ နှင့် ကျပန်းလုပ်သူ တို့ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

"သူတို့ အိမ်မှာရှိနေတုန်း ပေါက်ကွဲမှု ဖြစ်တာပါ။ အကြောင်းအရင်းကို မသိရ​သေးဘူး" ဟု ၄င်းက ပြောသည်။

zawgyi version







Related news

© 2021. All rights reserved.