မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည့် ဧရာဝတီတံတား(ရတနာသိင်္ခ) နေရာတစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများက ပြန်လည်သိမ်းပိုက်ရရှိ

290

သုတကျော် (NP News) - ဒီဇင်ဘာ ၂၃
PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည့် မန္တလေးတိုင်း ဒေသကြီး၊ စဥ့်ကူးမြို့နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကျောက်မြောင်းမြို့သို့ဆက်သွယ်ထားသည့် ဧရာဝတီတံတား (ရတနာသိင်္ခ) နေရာတစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများက ပြန်လည်သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
တပ်မတော်အနေဖြင့် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် မြို့/ရွာအချို့အား ပြန်လည် သိမ်းပိုက်ရရှိရေး အကြမ်းဖက်မှုချေမှုန်းရေးစစ်ဆေင်ရေး (Counter-Terrorism Operation) ရက်တွင်လည်း စစ်ကိုင်းတိုင်းဒေသကြီး၊ စဥ့်ကူးမြို့နှင့် ၎င်းဒေသတစ်ဝိုက်အား ထပ်မံ၍ ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။
PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များအနေဖြင့် အဆိုပါဒေသအား ယာယီစိုးမိုးထားစဉ် မြို့/ရွာများအတွင်း ဘာသာရေးဆိုင်ရာအဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာအဆောက်အအုံများ၊ ဆေးရုံများနှင့် လူနေအိမ်များအတွင်း ဝင်ရောက်နေရာယူ၍ ဘန်ကာများပြုလုပ်ခြင်း၊ ပြည်သူများ၏ အိုးအိမ်များကို ခံစစ်တံတိုင်းအဖြစ် အကာကွယ်ရယူ၍ ပစ်ခတ်တိုက်ခိုက်ခြင်း၊ ပြည်သူများ အဓိကသွားလာအသုံးပြုလျက်ရှိသည့် လမ်း/တံတားများအား မိုင်းထောင်ဖောက်ခွဲခြင်းများ ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာလ ၂၉ ရက်တွင်လည်း မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကူးမြို့နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကျောက်မြောင်းမြို့ကို ဆက်သွယ်ထား၍ ပြည်သူလူထု၏ လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုတို့အတွက် အဓိကအရေးပါသည့် ဧရာဝတီတံတား (ရတနာသိင်္ခ)ကိုလည်း မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် တံတား၏ ရေလည်တိုင်များဖြစ်သည့် တိုင်အမှတ် RP4 နှင့် RP5 တို့အကြားတွင် လည်းကောင်း၊ RP6-A2 ချဉ်းကပ်လမ်းနေရာတို့တွင်လည်း ကောင်းကျိုးကျ ပျက်စီးခဲ့သဖြင့် မော်တော်ယာဉ်များနှင့် ခရီးသွားပြည်သူများဖြတ်သန်းသွားလာနိုင်ခြင်း မရှိတော့ဘဲ ကုန်စည် စီးဆင်းမှုများ ရပ်တန့်ခဲ့ရကြောင်း သိရသည်။
ထို့ကြောင့် ခရီးသွားပြည်သူများ ပြန်လည်သွားလာနိုင်ရေး၊ ဒေသတွင်း ကုန်စည်စီးဆင်းမှုပြန်လည် လည်ပတ်နိုင် ရေး တံတားပြုပြင်ခြင်းလုပ်ငန်းများကို အမြန်ဆုံး ဆောင်ရွက်နိုင်ရေးတို့အတွက် အဆိုပါတံတားနေရာတစ်ဝိုက် အား တပ်မတော်စစ်ကြောင်းများက လိုအပ်သည့် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ရာ ယနေ့ တွင် အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ခေတ္တစိုးမိုးထားသည့် အဆိုပါ ဧရာဝတီတံတား (ရတနာသိင်္ခ) နှင့် ၎င်းနေရာတစ်ဝိုက်အား ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ တပ်မတော်စစ်ကြောင်းများက အဆိုပါနေရာတစ်ဝိုက်အား ပြန်လည်သိမ်းပိုက်ရရှိခဲ့သည့်အတွက် ဧရာဝတီ တံတား(ရတနာသိင်္ခ) အား ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပူးပေါင်း၍ အမြန်ဆုံး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး တံတားပြန်လည်ပြုပြင်ပြီးစီးပါက ဒေသအတွင်း ကုန်စည် ကူးသန်းရေးနှင့်လမ်းပန်းဆက်သွယ်ရေးများ ပြန်လည်ကောင်းမွန်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြန်လည် လုပ်ဆောင်နိုင်မည်ဖြစ်သည့်အတွက် ပြည်သူများက ဝမ်းမြောက်လျက်ရှိကြောင်း သိရှိရပြီး တပ်မတော်စစ်ကြောင်းများက လိုအပ်သည့် နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီးခံခဲ့ရသည့္ ဧရာဝတီတံတား(ရတနာသိခၤ) ေနရာတစ္ဝိုက္အား တပ္မေတာ္စစ္ေၾကာင္းမ်ားက ျပန္လည္သိမ္းပိုက္ရရွိ
သုတေက်ာ္ (NP News) - ဒီဇင္ဘာ ၂၃
PDF အမည္ခံအၾကမ္းဖက္ေသာင္းက်န္းသူပူးေပါင္းအဖြဲ႕မ်ား မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီးခဲ့သည့္ မႏၲေလးတိုင္း ေဒသႀကီး၊ စဥ့္ကူးၿမိဳ႕ႏွင့္ စစ္ကိုင္းတိုင္းေဒသႀကီး၊ ေက်ာက္ေျမာင္းၿမိဳ႕သို႔ဆက္သြယ္ထားသည့္ ဧရာဝတီတံတား (ရတနာသိခၤ) ေနရာတစ္ဝိုက္အား တပ္မေတာ္စစ္ေၾကာင္းမ်ားက ျပန္လည္သိမ္းပိုက္ရရွိခဲ့ေၾကာင္း သိရသည္။
တပ္မေတာ္အေနျဖင့္ အၾကမ္းဖက္ေသာင္းက်န္းသူမ်ား ယာယီစိုးမိုးထားသည့္ ၿမိဳ႕/႐ြာအခ်ိဳ႕အား ျပန္လည္ သိမ္းပိုက္ရရွိေရး အၾကမ္းဖက္မႈေခ်မႈန္းေရးစစ္ေဆင္ေရး (Counter-Terrorism Operation) ရက္တြင္လည္း စစ္ကိုင္းတိုင္းေဒသႀကီး၊ စဥ့္ကူးၿမိဳ႕ႏွင့္ ၎ေဒသတစ္ဝိုက္အား ထပ္မံ၍ ျပန္လည္သိမ္းပိုက္ႏိုင္ခဲ့သည္။
PDF အမည္ခံအၾကမ္းဖက္ေသာင္းက်န္းသူပူးေပါင္းအဖြဲ႕မ်ားအေနျဖင့္ အဆိုပါေဒသအား ယာယီစိုးမိုးထားစဥ္ ၿမိဳ႕/႐ြာမ်ားအတြင္း ဘာသာေရးဆိုင္ရာအေဆာက္အအုံမ်ား၊ စာသင္ေက်ာင္းမ်ား၊ ဌာနဆိုင္ရာအေဆာက္အအုံမ်ား၊ ေဆး႐ုံမ်ားႏွင့္ လူေနအိမ္မ်ားအတြင္း ဝင္ေရာက္ေနရာယူ၍ ဘန္ကာမ်ားျပဳလုပ္ျခင္း၊ ျပည္သူမ်ား၏ အိုးအိမ္မ်ားကို ခံစစ္တံတိုင္းအျဖစ္ အကာကြယ္ရယူ၍ ပစ္ခတ္တိုက္ခိုက္ျခင္း၊ ျပည္သူမ်ား အဓိကသြားလာအသုံးျပဳလ်က္ရွိသည့္ လမ္း/တံတားမ်ားအား မိုင္းေထာင္ေဖာက္ခြဲျခင္းမ်ား ေဆာင္႐ြက္လ်က္ရွိရာ ေအာက္တိုဘာလ ၂၉ ရက္တြင္လည္း မႏၲေလးတိုင္းေဒသႀကီး၊ စဥ့္ကူးၿမိဳ႕ႏွင့္ စစ္ကိုင္းတိုင္းေဒသႀကီး၊ ေက်ာက္ေျမာင္းၿမိဳ႕ကို ဆက္သြယ္ထား၍ ျပည္သူလူထု၏ လမ္းပန္းဆက္သြယ္ေရးႏွင့္ ကုန္စည္စီးဆင္းမႈတို႔အတြက္ အဓိကအေရးပါသည့္ ဧရာဝတီတံတား (ရတနာသိခၤ)ကိုလည္း မိုင္းေထာင္ ေဖာက္ခြဲဖ်က္ဆီးခဲ့သျဖင့္ တံတား၏ ေရလည္တိုင္မ်ားျဖစ္သည့္ တိုင္အမွတ္ RP4 ႏွင့္ RP5 တို႔အၾကားတြင္ လည္းေကာင္း၊ RP6-A2 ခ်ဥ္းကပ္လမ္းေနရာတို႔တြင္လည္း ေကာင္းက်ိဳးက် ပ်က္စီးခဲ့သျဖင့္ ေမာ္ေတာ္ယာဥ္မ်ားႏွင့္ ခရီးသြားျပည္သူမ်ားျဖတ္သန္းသြားလာႏိုင္ျခင္း မရွိေတာ့ဘဲ ကုန္စည္ စီးဆင္းမႈမ်ား ရပ္တန႔္ခဲ့ရေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ခရီးသြားျပည္သူမ်ား ျပန္လည္သြားလာႏိုင္ေရး၊ ေဒသတြင္း ကုန္စည္စီးဆင္းမႈျပန္လည္ လည္ပတ္ႏိုင္ ေရး တံတားျပဳျပင္ျခင္းလုပ္ငန္းမ်ားကို အျမန္ဆုံး ေဆာင္႐ြက္ႏိုင္ေရးတို႔အတြက္ အဆိုပါတံတားေနရာတစ္ဝိုက္ အား တပ္မေတာ္စစ္ေၾကာင္းမ်ားက လိုအပ္သည့္ နယ္ေျမစိုးမိုးေရးလုပ္ငန္းမ်ား ဆက္လက္ေဆာင္႐ြက္ခဲ့ရာ ယေန႔ တြင္ အၾကမ္းဖက္ေသာင္းက်န္းသူပူးေပါင္းအဖြဲ႕မ်ား ေခတၱစိုးမိုးထားသည့္ အဆိုပါ ဧရာဝတီတံတား (ရတနာသိခၤ) ႏွင့္ ၎ေနရာတစ္ဝိုက္အား ျပန္လည္သိမ္းပိုက္ထိန္းခ်ဳပ္ႏိုင္ခဲ့ေၾကာင္း သိရွိရသည္။
ထိုသို႔ တပ္မေတာ္စစ္ေၾကာင္းမ်ားက အဆိုပါေနရာတစ္ဝိုက္အား ျပန္လည္သိမ္းပိုက္ရရွိခဲ့သည့္အတြက္ ဧရာဝတီ တံတား(ရတနာသိခၤ) အား ျပန္လည္ျပဳျပင္ျခင္း လုပ္ငန္းမ်ားကို သက္ဆိုင္ရာတာဝန္ရွိသူမ်ားႏွင့္ပူးေပါင္း၍ အျမန္ဆုံး ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး တံတားျပန္လည္ျပဳျပင္ၿပီးစီးပါက ေဒသအတြင္း ကုန္စည္ ကူးသန္းေရးႏွင့္လမ္းပန္းဆက္သြယ္ေရးမ်ား ျပန္လည္ေကာင္းမြန္၍ ေဒသဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားကို ျပန္လည္ လုပ္ေဆာင္ႏိုင္မည္ျဖစ္သည့္အတြက္ ျပည္သူမ်ားက ဝမ္းေျမာက္လ်က္ရွိေၾကာင္း သိရွိရၿပီး တပ္မေတာ္စစ္ေၾကာင္းမ်ားက လိုအပ္သည့္ နယ္ေျမလုံၿခဳံေရးႏွင့္ နယ္ေျမစိုးမိုးေရးလုပ္ငန္းမ်ား ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။