ပြင်ဆင်၊ ဖြည့်စွက်စိစစ်ပြီး မဲစာရင်းများကို နောက်ဆုံးအကြိမ်အဖြစ် ဒီဇင်ဘာ ၂၃ ရက်မှစ၍ ကပ်ထားမည်

182

သုတကျော် (NP News) - ဒီဇင်ဘာ ၂၃
ပြင်ဆင်၊ ဖြည့်စွက်စိစစ်ပြီး မဲစာရင်းများကို နောက်ဆုံးအကြိမ်အဖြစ် မနက်ဖြန်ကစ၍ ကပ်ထားမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်အသိပေးထားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်တွင် စတင်၍ အပိုင်းလိုက် ကျင်းပ မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများကို (ဒုတိယ)အကြိမ်အဖြစ် (၁၄) ရက် ကပ်ထားကြေညာခဲ့ပြီးဖြစ်သည်။
မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ပြင်ဆင်၊ ဖြည့်စွက် စိစစ်ပြီး မဲစာရင်းများကို နောက်ဆုံးအကြိမ်အဖြစ် ၂၃၊ ၁၂၊ ၂ဝ၂၅ မှစတင်၍ သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများတွင် ကပ်ထားကြေညာ မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရွေးကောက်ပွဲ အပိုင်း(၁)တွင် ပါဝင်သည့် မြို့နယ်များအတွက် ၂၃၊ ၁၂၊ ၂ဝ၂၅ ရက်မှ ၂၅၊ ၁၂၊ ၂ဝ၂၅ ရက်အထိ သက်ဆိုင်ရာ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများတွင်လည်းကောင်း၊ ၂၆၊ ၁၂၊ ၂ဝ၂၅ ရက်မှ ရွေးကောက်ပွဲကျင်းပမည့် ၂၈၊ ၁၂၊ ၂ဝ၂၅ ရက် မဲပေးခြင်းပြီးဆုံးသည့်အချိန်အထိ သက်ဆိုင်ရာမဲရုံများတွင် လည်းကောင်း ကပ်ထားကြေညာမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ရွေးကောက်ပွဲအပိုင်း (၁) တွင်ပါဝင်သည့် မြို့နယ် ၁ဝ၂ မြို့နယ်မှအပ ကျန်မြို့နယ်များ [ရွေးကောက်ပွဲများ ကျင်းပ ခြင်းပြုမည်မဟုတ်ကြောင်း ကြေညာထားသည့် ( ၅၆ ) မြို့နယ်မပါ ] တွင် ၂၃၊ ၁၂၊ ၂ဝ၂၅ ရက်မှ ၅၊ ၁၊ ၂ဝ၂၆ ရက်အထိ ၁၄ ရက်ကြာ ကပ်ထားကြေညာမည်ဖြစ်ကြောင်း ရေးသားထားသည်။
မဲဆန္ဒရှင်များအနေဖြင့် မိမိမဲစာရင်းအမှတ်စဉ်များ သိရှိမှတ်သားထားပါက ရွေးကောက်ပွဲကျင်းပသည့်နေ့ မဲရုံ၌ မဲစာရင်း စိစစ်လက်မှတ်ရေးထိုးချိန်တွင် အချိန်ကြန့်ကြာမှုမရှိဘဲ ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် မဲစာရင်းလာ ရောက်ကြည့်ရှု၍ မိမိတို့၏ မဲစာရင်းအမှတ်စဉ်များကို မှတ်သားထားခြင်းဖြင့် ပူးပေါင်း ကူညီဆောင်ရွက်နိုင်ရန် လည်း အသိပေးထားသည်။

Zawgyi Version:
ျပင္ဆင္၊ ျဖည့္စြက္စိစစ္ၿပီး မဲစာရင္းမ်ားကို ေနာက္ဆုံးအႀကိမ္အျဖစ္ ဒီဇင္ဘာ ၂၃ ရက္မွစ၍ ကပ္ထားမည္
သုတေက်ာ္ (NP News) - ဒီဇင္ဘာ ၂၃
ျပင္ဆင္၊ ျဖည့္စြက္စိစစ္ၿပီး မဲစာရင္းမ်ားကို ေနာက္ဆုံးအႀကိမ္အျဖစ္ မနက္ျဖန္ကစ၍ ကပ္ထားမည္ျဖစ္ေၾကာင္း ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္က ထုတ္ျပန္အသိေပးထားသည္။
ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္သည္ ၂၀၂၅ ခုႏွစ္၊ ဒီဇင္ဘာလ (၂၈) ရက္တြင္ စတင္၍ အပိုင္းလိုက္ က်င္းပ မည့္ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲအတြက္ မဲစာရင္းမ်ားကို (ဒုတိယ)အႀကိမ္အျဖစ္ (၁၄) ရက္ ကပ္ထားေၾကညာခဲ့ၿပီးျဖစ္သည္။
မဲစာရင္းမ်ား ျပည့္စုံမွန္ကန္ေစေရးအတြက္ ျပင္ဆင္၊ ျဖည့္စြက္ စိစစ္ၿပီး မဲစာရင္းမ်ားကို ေနာက္ဆုံးအႀကိမ္အျဖစ္ ၂၃၊ ၁၂၊ ၂ဝ၂၅ မွစတင္၍ သက္ဆိုင္ရာရပ္ကြက္ႏွင့္ ေက်း႐ြာအုပ္စုေကာ္မရွင္အဖြဲ႕ခြဲမ်ားတြင္ ကပ္ထားေၾကညာ မည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ေ႐ြးေကာက္ပြဲ အပိုင္း(၁)တြင္ ပါဝင္သည့္ ၿမိဳ႕နယ္မ်ားအတြက္ ၂၃၊ ၁၂၊ ၂ဝ၂၅ ရက္မွ ၂၅၊ ၁၂၊ ၂ဝ၂၅ ရက္အထိ သက္ဆိုင္ရာ ရပ္ကြက္ႏွင့္ေက်း႐ြာအုပ္စု ေကာ္မရွင္အဖြဲ႕ခြဲမ်ားတြင္လည္းေကာင္း၊ ၂၆၊ ၁၂၊ ၂ဝ၂၅ ရက္မွ ေ႐ြးေကာက္ပြဲက်င္းပမည့္ ၂၈၊ ၁၂၊ ၂ဝ၂၅ ရက္ မဲေပးျခင္းၿပီးဆုံးသည့္အခ်ိန္အထိ သက္ဆိုင္ရာမဲ႐ုံမ်ားတြင္ လည္းေကာင္း ကပ္ထားေၾကညာမည္ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။
ေ႐ြးေကာက္ပြဲအပိုင္း (၁) တြင္ပါဝင္သည့္ ၿမိဳ႕နယ္ ၁ဝ၂ ၿမိဳ႕နယ္မွအပ က်န္ၿမိဳ႕နယ္မ်ား [ေ႐ြးေကာက္ပြဲမ်ား က်င္းပ ျခင္းျပဳမည္မဟုတ္ေၾကာင္း ေၾကညာထားသည့္ ( ၅၆ ) ၿမိဳ႕နယ္မပါ ] တြင္ ၂၃၊ ၁၂၊ ၂ဝ၂၅ ရက္မွ ၅၊ ၁၊ ၂ဝ၂၆ ရက္အထိ ၁၄ ရက္ၾကာ ကပ္ထားေၾကညာမည္ျဖစ္ေၾကာင္း ေရးသားထားသည္။
မဲဆႏၵရွင္မ်ားအေနျဖင့္ မိမိမဲစာရင္းအမွတ္စဥ္မ်ား သိရွိမွတ္သားထားပါက ေ႐ြးေကာက္ပြဲက်င္းပသည့္ေန႔ မဲ႐ုံ၌ မဲစာရင္း စိစစ္လက္မွတ္ေရးထိုးခ်ိန္တြင္ အခ်ိန္ၾကန႔္ၾကာမႈမရွိဘဲ ေဆာင္႐ြက္ႏိုင္မည္ျဖစ္သျဖင့္ မဲစာရင္းလာ ေရာက္ၾကည့္ရႈ၍ မိမိတို႔၏ မဲစာရင္းအမွတ္စဥ္မ်ားကို မွတ္သားထားျခင္းျဖင့္ ပူးေပါင္း ကူညီေဆာင္႐ြက္ႏိုင္ရန္ လည္း အသိေပးထားသည္။