ကနေဒါမှာ စန်တာကလော့ခ်နဲ့ နတ်သမီးဝတ်စုံ ဝတ်ဆင်ထားသူ လူတစ်စုက လိုအပ်နေသူတွေကို ပေးကမ်းဖို့ ကုန်စုံပစ္စည်းတွေ ခိုးယူ

1139

ရောင်နီ (NP News) - ဒီဇင်ဘာ ၂၃
ခရစ္စမတ်မှာ စန်တာကလော့စ်နဲ့ နတ်သမီးတွေဟာ ဆိုးသွမ်းသူနဲ့ ကောင်းတဲ့သူစာရင်း နှစ်ခုလုံးမှာ ပါဝင်နေ နိုင်ပါတယ်။ အခုလည်း ကနေဒါနိုင်ငံမှာ စန်တာကလော့ခ်နဲ့ နတ်သမီးဝတ်စုံတွေ ဝတ်ဆင်ထားတဲ့ လူတစ်စုက လိုအပ်နေသူတွေကို လှူဒါန်းဖို့ စူပါမားကတ်တစ်ခုကနေ ကုန်စုံပစ္စည်းတွေကို ခိုးယူခဲ့ကြပါတယ်။
ဒီဖြစ်ရပ်ဟာ ဒီဇင်ဘာ ၁၅ ရက်ညက ဖြစ်ပျက်ခဲ့တာဖြစ်ပြီး ခိုးမှုကျူးလွန်တဲ့လူတစ်စုကတော့ သူတို့ကိုယ် သူတို့ရော်ဘင်ဟုဒ်လုပ်ရပ် ဖြစ်တယ်လို့ဆိုကာ ဒါဟာ နေထိုင်စရိတ်အကျပ်အတည်းကို မီးမောင်းထိုးပြဖို့ ဖြစ်တယ် လို့ ပြောကြားခဲ့ပါတယ်။ သူတို့ဟာ ကနေဒါနိုင်ငံ၊ မွန်ထရီရယ်က စူပါမားကတ်တစ်ခုကနေ ကနေဒါဒေါ်လာ ၃၀၀၀ (စင်ကာပူဒေါ်လာ ၂၈၁၀) တန်ဖိုးရှိ ပစ္စည်းတွေကို ခိုးယူခဲ့တာဖြစ်ပြီး ၃ ရက် အကြာမှာ သူတို့ကိုယ်သူတို့ ချမ်းသာသူ တွေဆီက ပစ္စည်းခိုးယူပြီး ဆင်းရဲသားတွေကို ပေးကမ်းတဲ့ အင်္ဂလိပ်ရိုးရာပုံပြင်သူရဲကောင်း ရောဘင်ဟု ကို ရည်ညွှန်းပြီး "Robins des ruelles" "Robins of the Alleys" လို့ ဆိုကာ ခိုးယူမှုအတွက် တာဝန်ရှိကြောင်း ဝန်ခံခဲ့ပါ တယ်။ လူထုဟာ အစားအစာဝယ်ယူဖို့ ရုန်းကန်နေရပြီး စူပါမားကတ်တွေက စံချိန်တင်အမြတ်အစွန်းရရှိအောင် လုပ်ဆောင်နေတာဖြစ်တာကြောင့် အခုလို ခိုးယူကာ ဆင်းရဲသူတွေကို ဝေမျှတဲ့ လုပ်ရပ်ဟာ မှန်ကန်တယ်လို့ ဆိုခဲ့ပါတယ်။
“ကော်ပိုရေးရှင်းတွေက ကျွန်တော်တို့ရဲ့အခြေခံလိုအပ်ချက်တွေကို ထိန်းသိမ်းထားကြပြီး လူထုကို ဆက်လက် ဖိနှိပ်နေကြတယ်။ ဒါကြောင့် ကျွန်တော်တို့က ခိုးယူမှု ကျူးလွန်ခဲ့ပေမယ့် တကယ့်ရာဇဝတ်သားစစ်စစ်ကတော့ သူတို့တွေပါပဲ" လို့ အဖွဲ့မှ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောကြားခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version:
ကေနဒါမွာ စန္တာကေလာ့ခ္နဲ႔ နတ္သမီးဝတ္စုံ ဝတ္ဆင္ထားသူ လူတစ္စုက လိုအပ္ေနသူေတြကို ေပးကမ္းဖို႔ ကုန္စုံပစၥည္းေတြ ခိုးယူ
ေရာင္နီ (NP News) - ဒီဇင္ဘာ ၂၃
ခရစၥမတ္မွာ စန္တာကေလာ့စ္နဲ႔ နတ္သမီးေတြဟာ ဆိုးသြမ္းသူနဲ႔ ေကာင္းတဲ့သူစာရင္း ႏွစ္ခုလုံးမွာ ပါဝင္ေန ႏိုင္ပါတယ္။ အခုလည္း ကေနဒါႏိုင္ငံမွာ စန္တာကေလာ့ခ္နဲ႔ နတ္သမီးဝတ္စုံေတြ ဝတ္ဆင္ထားတဲ့ လူတစ္စုက လိုအပ္ေနသူေတြကို လႉဒါန္းဖို႔ စူပါမားကတ္တစ္ခုကေန ကုန္စုံပစၥည္းေတြကို ခိုးယူခဲ့ၾကပါတယ္။
ဒီျဖစ္ရပ္ဟာ ဒီဇင္ဘာ ၁၅ ရက္ညက ျဖစ္ပ်က္ခဲ့တာျဖစ္ၿပီး ခိုးမႈက်ဴးလြန္တဲ့လူတစ္စုကေတာ့ သူတို႔ကိုယ္ သူတို႔ေရာ္ဘင္ဟုဒ္လုပ္ရပ္ ျဖစ္တယ္လို႔ဆိုကာ ဒါဟာ ေနထိုင္စရိတ္အက်ပ္အတည္းကို မီးေမာင္းထိုးျပဖို႔ ျဖစ္တယ္ လို႔ ေျပာၾကားခဲ့ပါတယ္။ သူတို႔ဟာ ကေနဒါႏိုင္ငံ၊ မြန္ထရီရယ္က စူပါမားကတ္တစ္ခုကေန ကေနဒါေဒၚလာ ၃၀၀၀ (စင္ကာပူေဒၚလာ ၂၈၁၀) တန္ဖိုးရွိ ပစၥည္းေတြကို ခိုးယူခဲ့တာျဖစ္ၿပီး ၃ ရက္ အၾကာမွာ သူတို႔ကိုယ္သူတို႔ ခ်မ္းသာသူ ေတြဆီက ပစၥည္းခိုးယူၿပီး ဆင္းရဲသားေတြကို ေပးကမ္းတဲ့ အဂၤလိပ္႐ိုးရာပုံျပင္သူရဲေကာင္း ေရာဘင္ဟု ကို ရည္ၫႊန္းၿပီး "Robins des ruelles" "Robins of the Alleys" လို႔ ဆိုကာ ခိုးယူမႈအတြက္ တာဝန္ရွိေၾကာင္း ဝန္ခံခဲ့ပါ တယ္။ လူထုဟာ အစားအစာဝယ္ယူဖို႔ ႐ုန္းကန္ေနရၿပီး စူပါမားကတ္ေတြက စံခ်ိန္တင္အျမတ္အစြန္းရရွိေအာင္ လုပ္ေဆာင္ေနတာျဖစ္တာေၾကာင့္ အခုလို ခိုးယူကာ ဆင္းရဲသူေတြကို ေဝမွ်တဲ့ လုပ္ရပ္ဟာ မွန္ကန္တယ္လို႔ ဆိုခဲ့ပါတယ္။
“ေကာ္ပိုေရးရွင္းေတြက ကြၽန္ေတာ္တို႔ရဲ႕အေျခခံလိုအပ္ခ်က္ေတြကို ထိန္းသိမ္းထားၾကၿပီး လူထုကို ဆက္လက္ ဖိႏွိပ္ေနၾကတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔က ခိုးယူမႈ က်ဴးလြန္ခဲ့ေပမယ့္ တကယ့္ရာဇဝတ္သားစစ္စစ္ကေတာ့ သူတို႔ေတြပါပဲ" လို႔ အဖြဲ႕မွ တက္ႂကြလႈပ္ရွားသူတစ္ဦးက ေျပာၾကားခဲ့ပါတယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီး ရဲတပ္ဖြဲ႕က စုံစမ္းစစ္ေဆးေနဆဲျဖစ္တယ္လို႔ သိရပါတယ္။